Chapter 105
Viewers 21k

🎶 Chapter 105


ရုပ်ရှင်ကားအတွက် ဒုတိယအကြိမ် လူထု​​​ကြော်ငြာခြင်း(ပရိုမိုးရှင်း)က ရှန့်ဟိုင်းတွင် လုပ်မည်ဖြစ်သည်။

ယဲ့ဇယ်ရှစ်နှင့် ​ကောင်းရှူ မြို့​တော်မှ ထွက်ခွာလာပြီး အချိန်စာရင်းထက်​ ဆောလျင်စွာ ရှန့်ဟိုင်းကို​ရောက်လာခဲ့သည်။

ဟယ့်ကျင်းယွင်က အင်္ဂလန်မှ ရှန့်ဟိုင်းသို့ ​လေယာဥ်နှင့် မနားတမ်း လာခဲ့ကာ ယဲ့ဇယ်ရှစ်ထက် အနည်းငယ်သာလျှင်​ နောက်ကျပြီး​ ရောက်လာခဲ့သည်။

ဟိုတယ်သို့ ရောက်ပြီး​နောက် ယဲ့ဇယ်ရှစ်တွင် ဘာမှလုပ်စရာမရှိ​ပေ။ မကြာမီ ဟယ့်ကျင်းယွင်ကို ​တွေ့ရ​​တော့မည်ကို ​တွေးလိုက်ချိန် တစ်ချိန်တည်းမှာပင် ကြောက်လန့်မှုနှင့် စိတ်ဖိစီးမှုကို ခံစားလိုက်ရ၏။

လေဆိပ်သို့သွားပြီး ဟယ့်ကျင်းယွင်​အား ခေါ်ချင်လားဆိုသည်ကိုပင် စတင်တွန့်ဆုတ်လာ​လေသည်။

သို့သော် သူ 'ကျိန်း​သေမသွားဘူး'ဟု သူ့ကိုယ်သူ​ ပြောကာ ဤအ​တွေးကို အလျင်အမြန်ပင် ရပ်တန့်လိုက်သည်။

သူနှင့်ဟယ့်ကျင်းယွင်က ယခုထိတိုင် သူတို့၏ဆက်ဆံ​ရေးကို အတည်မပြုရ​သေး​ပေ။

အဲ့လိုဆိုရင် ငါကဘာလို့ အဲ့လူကို သွားကြိုရဦးမှာလဲ...

တအားတက်ကြွ​နေပုံ​​ ပေါ်​နေမှာ​ပေါ့...

​နောက်ပိုင်းအရာရာတိုင်းကို အတည်ပြုပြီးသွားသည်အထိ ​စောင့်ရန်လို​သေး​ပေသည်။ ထိုမှသာ သူ့အတွက် ထိုအမျိုးသားကို သွား​ခေါ်သည်က ပိုယုတ္တိတန်​ပေလိမ့်မည်ပင်။

ထိုအ​တွေးနှင့် ယဲ့ဇယ်ရှစ် တဖြည်းဖြည်း စိတ်​အေးသွားကာ တက်ဘလက်ကို ထုတ်ပြီး anime ကို ကြည့်​နေလိုက်​သေး၏။

ယဲ့ဇယ်ရှစ် "Fairy Tail" ဟု​ခေါ်သည့် shounen anime တစ်ခုကို ယခုလတ်တ​လော သူရှာ​တွေ့ခဲ့သည်။ ဇာတ်အိမ်က အလွန် စိတ်ဝင်စားစရာကောင်းလှကာ ပြီးဆုံးပြီးသား anime တစ်ခုပင်။ ထို့ကြောင့်
သူ တစ်ထိုင်တည်းနှင့်ပင် အားရပါးရ ကြည့်နိုင်သွား​သည်။ ထို့​ကြောင့် ယဲ့ဇယ်ရှစ် anime ကြည့်ခြင်းဖြင့်သာ ဤတစ်ချိန်လုံးကို ကုန်ဆုံးလိုက်သည်။

ည​မှောင်လာပြီး အခန်းထဲက အလင်း​ရောင် မှိန်လာချိန်မှသာ ​နောက်ကျ​နေပြီဆိုသည်ကို ယဲ့ဇယ်ရှစ် သ​ဘော​ပေါက်လိုက်သည်။

ထိုအခိုက် သူ့ဖုန်းက လင်းသွားပြီး ၎င်းက ကောင်းရှူထံမှ Wechat မက်​ဆေ့ချ်တ​စ်​စောင် ဖြစ်သည်။
"သခင်​လေး...ကျွန်​​​တော် သခင်​လေးရဲ့ညစာကိုယူလာပြီး သခင်​လေးအခန်းကို နှစ်မိနစ်အတွင်း ​ရောက်လာပါ့မယ်..."

ယဲ့ဇယ်ရှစ် ဖုန်းကိုယူကာ စာပြန်လိုက်သည်။
"​သိပါပြီ..."

မက်​​ဆေ့ချ်ပို့ပြီးပြီးချင်း စက္ကန့်အနည်းငယ်အတွင်းမှာပင် အခန်းတံခါးဘဲလ်သံ မည်လာလိမ့်မည်ဟု သူ မ​မျှော်လင့်ထားခဲ့​ချေ။

ယဲ့ဇယ်ရှစ် အံ့သြသွားပြီး​ မေးလိုက်သည်။
"​ရောက်​တောင် ​ရောက်​နေပြီလား..."

Animeကိုရပ်လိုက်ပြီး​နောက် သူ​ဖြည်း​ဖြည်းချင်း ထရပ်ကာ အခန်းထဲရှိ မီးကိုဖွင့်ပြီး တံခါးအား ဖွင့်လိုက်သည်။
"မြန်လှချည်လား...အတွင်းရေးမှူး..."

သူကြည့်ပြီး တံခါး​ပေါက်မှ လူကိုမြင်လိုက်'လိုက်ချင်းပင် ယဲ့ဇယ်ရှစ်၏ ကျန်စကားလုံးများအားလုံးက သူ့လည်​​ချောင်းထဲ တစ်သွား​​လေသည်။

တံခါး​ပေါက်က အမျိုးသားက ​နေကာမျက်မှန်နှင့် မက်စ်ကို တပ်ထား​သော်လည်း ယဲ့ဇယ်ရှစ်က တစ်ချက်ကြည့်ရုံနှင့်ပင် မှတ်မိ​လေသည်။

ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်၏မျက်နှာ​ပေါ်က အကြည့်ကိုမြင်ပြီး အပြုံး​ဖျော့ဖျော့​လေးက သူ့နှုတ်ခမ်း​ထောင့်တွင် ​ပေါ်လာခဲ့သည်။ သူ၏​နေကာမျက်မှန်နှင့်မက်စ်ကိုချွတ်ကာ လက်ဆန့်ပြီး ယဲ့ဇယ်ရှစ်မျက်နှာ​ရှေ့ လက်​ဝှေ့ယမ်းလိုက်သည်။
"ဘာဖြစ်လို့လဲ...ကိုယ်ဖြစ်​နေမယ်လို့ မင်း မ​​မျှော်လင့်ထားဘူးလား..."

ရင်းနှီး​နေသည့် ​အော်ဒီကလုန်း​ရေ​မွှေးနံ့က သူ့အာရုံထဲကို ဝင်​ရောက်လာကာ ယဲ့ဇယ်ရှစ်၏နှလုံးသားက
ရူးသွပ်ကြမ်းတမ်းစွာ စခုန်လာ​တော့သည်။ ထိုအခိုက်မှသာ သူ့အာရုံများကို ရုတ်ချည်း ပြန်ရလိုက်သည်။
"ဒီ​လောက်အ​စောကြီး ဘယ်လို​ရောက်လာတာလဲ..."

တစ်ခဏရပ်သွားပြီး​နောက် ယဲ့ဇယ်ရှစ် ရှင်းပြလိုက်သည်။
"အတွင်း​ရေးမှူး​ကောင်းက ညစာယူလာမယ်ဆိုပြီးကျွန်​တော့ကို​ ပြောခဲ့တာ...အဲ့ဒါကြောင့် သူလို့ထင်လိုက်တာ..."

ဟယ့်ကျင်းယွင် အပြုံး​လေးတစ်ခုနှင့် ရှင်းပြလိုက်သည်။
"​လေယာဥ်ချိန်က ​နောက်ကျမယ်လို့ ကိုယ်ထင်လိုက်တာ..အဲ့ကြောင့် မင်းကိုတစ်နာရီ​လောက် ကြာမယ်လို့ကိုယ်​ပြောခဲ့တာ...ဒါ​ပေမဲ့ ကိုယ်မှားသွားတယ် လေယာဥ်ချိန်က အချိန်မှန်ပဲ..."

"အိုး..."
ယဲ့ဇယ်ရှစ် နှုတ်ခမ်းများကို တင်းတင်းဖိထားလိုက်ပြီး အနည်းငယ် ပျော်ရွှင်သွားသည်။ သူ့နှုတ်ခမ်း​ထောင့်များကို ​ကွေးလိုက်ချင်​သော်ငြား အလွန်သိသာသွားမည်ကိုလည်း ​ကြောက်​နေပြန်သည်။ သူ့နှုတ်ခမ်း​ထောင့်ကို ​အောက်နိမ့်လိုက်ရာ တစ်ဝက်​ကွေးညွှတ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက ဘာပြောရမှန်း မသိ​​တော့ပေ။ လက်ချောင်းများပင် ကျဉ်းကျပ်စွာ ကွေးသွားလျက် စိတ်ဖိစီးစွာဖြင့် အဝတ်ထောင့်များကို ဆုပ်ညစ်ထားလိုက်သည်။

ဟယ့်ကျင်းယွင်က ဤမြင်ကွင်းကို မြင်သွားပြီး သူ့နှုတ်ခမ်း​​ထောင့်မှအပြုံးက ချက်ချင်း နက်ရှိုင်းသွား​၏။
"ကိုယ်တို့ တံခါး​ပေါက်မှာ ဒီလိုမျိုးပဲ ရပ်​နေကြ​တော့မှာလား..."

ထိုအချိန်မှသာ ယဲ့ဇယ်ရှစ် သူတို့နှစ်ယောက်က ​ဝရံတာထွက်​​ပေါက်တွင် ရပ်​နေကြသည်ကို သ​ဘော​ပေါက်လိုက်သည်။ သူ အလျင်အမြန် ​ဘေးကို​ရွေ့ကာ ​ပြောလိုက်သည်။
"ဒါဆို ခင်ဗျား အထဲကိုဝင်လာချင်လား..."

ဟယ့်ကျင်းယွင် ​ခေါင်းညိတ်လိုက်ရာ ယဲ့ဇယ်ရှစ် အထဲကို အရင်ဝင်လိုက်သည်။ ဟယ့်ကျင်းယွင် အထဲကို ဝင်လာသည်ကို သူ​စောင့်ကြည့်နေလိုက်ပြီး တံခါး​ပေါက်မှာ အနည်းငယ် လမ်း​ပျောက်စွာ မတ်တပ်​ရပ်​နေလိုက်ဆဲပင်။ ထိုအခိုက် လက်​မောင်းတစ်ဖက်က သူ့​နောက်မှ ထွက်လာကာ သူ့လက်​​မောင်းအား ဆုပ်ကိုင်ပြီး အထဲသို့ ဆွဲသွင်းလိုက်သည်။

အမျိုးသားက အားများများဖြင့် ဆွဲခေါ်လိုက်ရာ ယဲ့ဇယ်ရှစ် တုံ့ပြန်ရန်ပင် အချိန်မရလိုက်​ပေ။ တံခါးက သူ့နားရွက်​နောက်တွင် ပိတ်သွားခဲ့ပြီး သူကမူ အလွန်နွေးထွေးပြီး မရင်းနှီးလှသည့် ​ပွေ့ဖက်မှုထဲသို့ ကျ​ရောက်သွားခဲ့သည်။

ရုတ်တရက်ဆိုသလို သူတို့က အလွန်နီးကပ်သွားခဲ့ကာ ရင်ဘတ်ချင်းပင် ထိစပ်နေခဲ့သည်။ ရင်းနှီးလှသည့် ​အော်ဒီကလုန်း​ရေ​မွှေးနံ့က ပို၍ပင် သိပ်သည်းပြင်းထန်လာခဲ့ပြီး သူ့နှလုံးခုန်သံကိုပင် ယဲ့ဇယ်ရှစ် ရှင်းလင်းပြတ်သားစွာ ကြား​နိုင်​ပေသည်။

"ဟယ့်​လောင်ရှီး..."
ယဲ့ဇယ်ရှစ် မသိစိတ်၏​စေ့​ဆော်မှုအရ အော်ဟစ်လိုက်မိသည်။

"ကိုယ့် မင်းကို​ ဒီလိုမျိုးပွေ့ဖက်ခွင့်​လေး​ ပေးပါဦး..."
ဟယ့်ကျင်းယွင် နူးညံ့​ပျော့ပျောင်းစွာ တီးတိုး​ရေရွတ်လိုက်သည်။
"ခဏ​လေးပါပဲကွာ..."

ယဲ့ဇယ်ရှစ် အမျိုးသားကို တွန်းထုတ်ရန် လက်ကို​မြှောက်လိုက်ချင်​သော်ငြား ထိုအခိုက် သူ့လက်များကို ဖြည်းညှင်းစွာ ပြန်ချလိုက်​​လေ၏။

လူနှစ်​​ယောက်ကြားက အကွာအ​ဝေးက အလွန်နီးကပ်လွန်းနေပြီး နီးလွန်းသဖြင့် အကယ်၍ ယဲ့ဇယ်ရှစ်သာ သူ့မျက်နှာကို ​ဘေးသို့ အနည်းငယ် လှည့်လိုက်ပါက အမျိုးသား၏ ​မေးကိုပင် နမ်းမိသွားလိမ့်မည်ပင်။

ဤအခိုက် ဟယ့်ကျင်းယွင်သာ သူ့မျက်နှာကို အနည်းငယ် လှည့်လိုက်ပါက သူတို့နစ်​ယောက် အတွင်းကျကျ နမ်းမိသွားနိုင်​ပေ၏။

ထိုအ​တွေးနှင့်အတူ ယဲ့ဇယ်ရှစ်၏နှလုံးသားက အရူးအမူး ပြင်းထန်စွာ ခုန်​ပေါက်လာ​တော့သည်။

အသက်​ဖျော့​ဖျော့ တစ်ချက်ရှုပြီး​​နောက် ယဲ့ဇယ်ရှစ် သူ ဤကဲ့သို့ ဆက်မသွားနိုင်​​တော့ဟု ခံစားလိုက်ရသည်။ ဤအမျိုးသားကိုသာ ဤကဲ့သို့ ဆက်ထားခွင့် ပြုလိုက်ပါက သူ ...

သို့​သော် ယဲ့ဇယ်ရှစ် အမျိုးသားကို တွန်းဖယ်ရန် သတ္တိကို မစုစည်းနိုင်မီမှာပင် ဟယ့်ကျင်းယွင်က ဖက်ထား​သော လက်​​မောင်းကို လွှတ်လိုက်ကာ ​​နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။

"​တောင်းပန်ပါတယ်..."
ဟယ့်ကျင်းယွင် တည်ကြည်​လေးနက်စွာ ​ပြောလိုက်သည်။
"အဲ့ဒါက နည်းနည်း ရုတ်တရက် ဆန်သွားတယ်..."

ယဲ့ဇယ်ရှစ်မျက်နှာ​ပေါ်က အပူချိန်က မြင့်တက်သွားပြီး ဟယ့်ကျင်းယွင်ကို လျင်မြန်စွာ တစ်ချက်ကြည့်ကာ အကြည့်လွှဲလိုက်သည်။

"အင်း အဆင်​ပြေပါတယ်..."
သူ ၎င်းကို ရုတ်တရက်ဆန်သည်ဟု မခံစားရချေ။ ၎င်းက ဖြစ်နိုင်သည်မှာ သူ ဟယ့်ကျင်းယွင်၏​ပွေ့ဖက်မှုကို မစက်ဆုပ်၊မရွံရှာ၍ ဖြစ်​နိုင်​ပေသည်။

ဟယ့်ကျင်းယွင် ​ပေါ့ပါးစွာ တိုးတိုး​လေး ရယ်​မောလိုက်သည်။
"​တော်​သေးတာ​ပေါ့..."

ယဲ့ဇယ်ရှစ်၏နားရွက်က ထိုရယ်သံတိုးတိုး​လေး​ကြောင့် ထုံကျင်သွားပြီး သူ မနေနိုင်စွာ လက်ဆန့်၍ နားရွက်အား ပွတ်သပ်လိုက်သည်။ ယဲ့ဇယ်ရှစ် ရုတ်တရက် တစ်စုံတစ်ခုကို ​တွေးမိလိုက်သည်။
"စကားမစပ်...ခင်ဗျား စားပြီးပြီလား..."

ဟယ့်ကျင်းယွင် ​ခေါင်းခါလိုက်သည်။
"မစားရ​သေးဘူး..."

"ဒါဆို ကျွန်​​တော် အတွင်း​ရေးမှူး​ကောင်းကို ဖုန်းဆက်ပြီး နှစ်ယောက်စာယူခဲ့ဖို့ ပြောလိုက်မယ်..."
ယဲ့ဇယ်ရှစ် ဖုန်းကိုထုတ်ရန် ပြင်လိုက်သည်။

သူ မဆက်မီမှာပင် ဟယ့်ကျင်းယွင် တားလိုက်သည်။

"မလိုပါဘူးကွာ...ကိုယ်ခဏနေ သွားတော့မှာ..."
ဟယ့်ကျင်းယွင်​ ပြောလိုက်သည်။

ယဲ့ဇယ်ရှစ် တန့်သွားသည်။
"ဟမ်..."

"ကိုယ်ဝန်ထမ်း​တွေနဲ့စကား​ပြောဖို့ ​​​ဆွေးနွေးပွဲမှာ စီစဥ်စရာ​တွေ ရှိ​သေးတယ်...ယွိရယ်က ကားပါကင်မှာ ကိုယ့်ကို​ စောင့်နေတာ..."

ဤသည်ကိုကြားပြီး ယဲ့ဇယ်ရှစ် အနည်းငယ် စိတ်ရှုပ်သွားသည်။
"ဒါဆို ခင်ဗျားက ဒီကို..."

"ကိုယ်မင်းကို မမြင်ရတာ​တောင် ကြာ​​နေပြီ...အဲ့​ကြောင့် ​လေယာဥ်ဆင်းတာနဲ့ မင်းကို လာ​တွေ့ချင်ခဲ့တာ..."
ဟယ့်ကျင်းယွင်က အပြုံး​လေးတစ်ခုနှင့် ​ပြောလိုက်သည်။

ဒါ...

သွေးများက သူ့မျက်နှာ​ထက် တဟုန်ထိုးတက်လာသည်ကိုသာ ယဲ့ဇယ်ရှစ် ခံစားလိုက်ရသည်။

သူ့​ခေါင်းကို​မော့လိုက်ရာ ဟယ့်ကျင်းယွင်၏ပြုံး​ယောင်သန်းနေသာ မျက်ဝန်းများနှင့် ဆုံသွား​လေ၏။

ယဲ့ဇယ်ရှစ် သွားများကို တင်းတင်းစိလိုက်သည်။

ဒါနဲ့ပတ်သက်ပြီး ဘာမှတွန်ဆုတ်​နေစရာ မလိုဘူး... ငါတို့နှစ်​ယောက် အခုအတူတူရှိ​​နေကြတာပဲ​လေ...

ငါတို့ အတူတူရှိ​နေပြီဆိုမှ​တော့ နမ်းပြီးဖက်ထားလို့ရတယ် ဟုတ်တယ်မလား...

သို့သော် မကြာမီမှာပင် သူ့အကျိုး​ကြောင်းပြချက်များက ပြန်​ရောက်လာပြီး သူ့နှလုံးသားထဲက ​စေ့​ဆော်မှုများကို ဦး​အောင် ဖိနှိပ်လိုက်ရသည်။

မဟုတ်ဘူး မဟုတ်​သေးဘူး...အရင်ဆုံး အ​ခြေအ​နေနဲ့ ပတ်သက်ပြီး အနည်းဆုံး​​​​တော့ ဟယ့်ကျင်းယွင်ကို ​ငါ ပြောရဦးမယ်...အဲလို မလုပ်ရ​သေးခင် အတူတူရှိဖို့ဆိုတာကို မဆင်မခြင် မလုပ်သင့်ဘူး...မဟုတ်ရင် ငါတို့နှစ်​ယောက်လုံးအတွက် မမျှတဘူး ဖြစ်သွားမှာ​ပေါ့...

အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး​နောက် ယဲ့ဇယ်ရှစ် ကိုးရို့ကားရားဖြင့် ​ပြောလိုက်သည်။
"ကျွန်​​တော် ခင်ဗျားကို ဓာတ်ပုံ​တွေ ​နေ့တိုင်းမပြလို့လား..."

ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်နှင့် ဗီဒီယို​ကောလ်​​ ပြောစဥ်အချိန်အတွင်းတွင် အဆုံးထိ သူ့မျက်နှာအား မပြခဲ့​ဆဲပင်။ သူ့မျက်နှာက အမြဲတမ်းလိုလို နီရဲ​နေခဲ့​လေ၏။

ယဲ့ဇယ်ရှစ် ​ဖြေရှင်းချက်အချို့ ရှာ​တွေ့ခဲ့​သော်လည်း အသုံးမဝင်ချေ။ ဟယ့်ကျင်းယွင်ထံမှ မြင်ခံရမည်ကို​ ကြောက်​နေခဲ့၍ ညတိုင်း​ပြောခဲ့သည့် ပုံ​သေဗီဒီယို​ကောလ်က ဟယ့်ကျင်းယွင်က တစ်ဖက်သတ်ကင်မရာ ဖွင့်ထားခဲ့သည့် ဗီဒီယို​ကောလ်အဖြစ်ကို ပြောင်းလဲသွားခဲ့သည်။ ​ယဲ့ဇယ်ရှစ်က ဆယ်လ်ဖီပုံ ပိုရိုက်ပြီး ထိုပုံများကို ဟယ့်ကျင်းယွင်ထံ နေ့တိုင်းဗီဒီယ်ိုကောလ် အဆုံးတွင် ပို့​ပေးရန်သာ လိုအပ်​​ပေ၏။

ဤသည်ကို ဟယ့်ကျင်းယွင်က ရယ်​မောလိုက်သည်။
"ဓာတ်ပုံ​တွေက လူအစစ်ကို ယှဥ်လို့ရပါ့မလားကွာ..."

ယဲ့ဇယ်ရှစ် ၎င်းကို တွေးလိုက်ပြီး သူ့အ​တွေးကလည်း အတူတူပင်။ ထို့​ကြောင့် ​ပြော​နေသည်ကို ရပ်လိုက်​လေ၏။

"ဒါဆို ကိုယ်အရင်သွား​တော့မယ်..."
ဟယ့်ကျင်းယွင် နူးညံ့ညင်သာစွာ ​ပြောလိုက်သည်။

"ဘယ်အချိန်ပြန်လာမှာလဲ..."
ယဲ့ဇယ်ရှစ် ထပ်​မေးလိုက်သည်။
"ခင်ဗျား အခု​လေးတင်မှ ​လေယာဥ်​ပေါ်က ဆင်းလာတာကို အလုပ်​တွေက တန်းစီ​နေပြီလား..."

ဟယ့်ကျင်းယွင် တစ်ခဏမျှ ​တွေးကြည့်လိုက်သည်။
"နှစ်နာရီ သုံးနာရီ​လောက်ပါပဲ...ဒါပေမဲ့ အဲ့အချိန်ကျ အရမ်း​နောက်ကျသွားလိမ့်မယ်...မင်း​စော​စောအနားယူသင့်တယ်..."

ရုတ်တရက် သူက ယဲ့ဇယ်ရှစ်အား မျက်လုံးပင့်ကြည့်လိုက်ပြီး အဓိပ္ပါယ်ပြည့်နေသည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။
"ကိုယ်တို့နှစ်​ယောက်ကြား စကား​ပြောဖို့အတွက်က​တော့...မနက်ဖြန် ​ဆွေး​နွေးပွဲပြီးမှ​ ပြောကြမလား..."

ယဲ့ဇယ်ရှစ် ရုတ်ချည်း ဆတ်ခနဲဆိုသလို အကြည့်လွှဲလိုက်ကာ ​အနည်းငယ် ချောင်းဟန့်ပြီး ဖုံးလိုက်​၏။
"​​ကောင်းပါပြီ အဆင်​ပြေပါတယ်...ဘာ​နေ​နေ ကျွန်​တော် စောင့်နိုင်ပါတယ်...အလျင်မလိုပါဘူး..."

ဟယ့်ကျင်းယွင်၏အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။
"​ကောင်းတယ်...ကိုယ် အရင်သွားပြီ​နော်..."

အမျိုးသား ထွက်သွားသည့်အချိန်မှသာ ယဲ့ဇယ်ရှစ်၏ တင်းကျပ်​နေသည့် အာရုံ​ကြောများက တဖြည်းဖြည်း ​ပြေ​လျော့သွားသည်။

တစ်ခဏကြာပြီး​​နောက် တံခါးဘဲလ်က ထပ်မြည်လာခဲ့ပြီး ဤအခိုက် ယဲ့ဇယ်ရှစ်က မေးရန်သတိရလိုက်သည်။
"ဘယ်သူလဲ..."

​ကောင်းရှူအသံက တံခါးအပြင်ဘက်မှ ထွက်လာခဲ့သည်။
"သခင်​လေး...ကျွန်​​တော်ပါ...".

ယဲ့ဇယ်ရှစ် မတ်တတ်ရပ်ကာ တံခါးဖွင့်လိုက်သည်။

​ကောင်းရှူအပြင်မှ အထဲဝင်လာခဲ့ပြီး လမ်း​လျှောက်ရင်းပင် ယဲ့ဇယ်ရှစ်အား ရှင်းပြလိုက်သည်။
"​တောင်းပန်ပါတယ် သခင်​လေး...ကျွန်​​တော် အာရုံစိုက်ဖို့လိုတဲ့ ကိစ္စတစ်ခု​ ပေါ်လာလို့​ နောက်ကျသွားတာ...ကျွန်​​​တော် သခင်​လေးအတွက် သစ်သီးတစ်ဘူးနဲ့ ဒိန်ချဥ်လည်း ယူလာခဲ့တယ်...သခင်​လေး ထမင်းစားပြီးရင် အချိုတည်းလို့ရ...ဟမ်..."

​ကောင်းရှူ လက်ထဲမှ ​နေ့လည်စာဘူးကို ချလိုက်ပြီး ယဲ့ဇယ်ရှစ်၏မျက်နှာအား မ​နေနိုင်ဘဲ နှစ်စက္ကန့်မျှ စိုက်ကြည့်လိုက်မိသည်။

ယဲ့ဇယ်ရှစ် သူ့​ကြောင့် အနည်းငယ် ​ခေါင်း​ခြောက်သွားသည်။
"ဘာဖြစ်လို့လဲ..."

ကောင်းရှူ အံ့သြသွားခဲ့သည်။
"သခင်​လေး...မျက်နှာက ဘာလို့အဲ့​လောက် နီရဲ​နေတာလဲ...ပူလို့လား....အခန်းထဲက အပူချိန်ကို ကျွန်​​တော် နှိမ့်​​ပေးရမလား..."

"မလိုဘူး..."
ယဲ့ဇယ်ရှစ် သူ့အား ဖြတ်​ပြောလိုက်သည်။
"ကျွန်​တော် အခန်းထဲမှာ ​လေ့ကျင့်ခန်း နည်းနည်းလုပ်ထားလို့ပါ...​လေ့ကျင့်ခန်းမလုပ်တာ ကြာ​နေပြီ​လေ..."

​ကောင်းရှူ ​ခေါင်းညိတ်လိုက်သည်။
"အိုး ကျွန်​​တော်သိပြီ...ဒါဆို သခင်​လေး တစ်ခုခုမြန်မြန်စားလိုက်ဦး...ကျွန်​တော် အရင်သွားနှင့်မယ်...တစ်ခုခုလိုရင် ကျွန်​​တော့်ကို မက်​ဆေ့ချ်သာ ပို့လိုက်​နော်..."

"​ကောင်းပါပြီ..."
ယဲ့ဇယ်ရှစ် ပြန်​ဖြေလိုက်သည်။

​​ကောင်းရှူ ထွက်သွားသည်နှင့် သူ​ရေချိုးခန်းထဲသို့ မြန်မြန်ဝင်သွားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် မှန်ထဲမှ သူ့မျက်နှာက သူ့နားရွက်မှ လည်ပင်းထိတိုင် နီရဲ​နေ၏။

ယဲ့ဇယ်ရှစ် သူ့မျက်နှာအား ကူကယ်ရာမဲ့စွာ ဖုံးလိုက်သည်။

ငါ့မျက်နှာက ဘယ်လိုလုပ်အဲ့​လောက်လွယ်လွယ်​လေးနဲ့ နီရဲ​​နေနိုင်ရတာတုန်း...

ယခင်ကဆိုလျှင် သူ့မျက်နှာက ထိုမျှ လွယ်ကူစွာ တစ်ခါမှမနီရဲသည်ကို သူသတိရပေသည်။

အ​ခေါက်တိုင်း နီရဲ​နေတာပဲ...အရမ်းကို လွန်လွန်းတယ်...

နှစ်စက္ကန့်မျှ ​တွေးကြည့်ပြီး​နောက် မနက်ဖြန် ပရိုမိုးရှင်းဆင်းပွဲ၌ သူ့မျက်နှာကို ​ဖောင်​ဒေးရှင်းထူထူ လိမ်း​ပေးရန်အတွက် ​မိတ်ကပ်ဆရာအား တောင်းဆိုရန် သူ ဆုံးဖြတ်လိုက်သည်။

အနည်းဆုံးတော့ ငါ ရှက်​​နေတဲ့အချိန်ကျ ဘယ်သူမှ မမြင်နိုင်​တော့ဘူ​လေ...

ပြီး​ရင်တော့....

မနက်ဖြန် ပရိုမိုးရှင်းဆင်းပြီး​နောက် သူ ဟယ့်ကျင်းယွင်နှင့် စကား​ပြောရ​​တော့မည် ဖြစ်သည်။

ဤသည်ကို ​တွေးပြီး ယဲ့ဇယ်ရှစ်၏နှလုံးသားက သူ့ရင်ဘက်ထဲ၌ အရူးအမူး စခုန်လာ​​တော့​လေ၏။

အောင်မြင်သွားလို့က​တော့ ငါ့ရဲ့FA ဘဝကို ဘိုင့်လို့ နှုတ်ဆက်နိုင်ပြီပဲ...

သူ၏စင်ဂယ်လ်ဘဝ​လေးအား ထားရစ်နိုင်​ခဲ့တော့မည်ကို​ တွေးပြီး ယဲ့ဇယ်ရှစ် ထိုညတစ်ညလုံး အိပ်ရာထဲ လူးလှိမ့်​နေခဲ့သည်။ သူ အလွန်အမင်း စိတ်လှုပ်ရှားလွန်း​နေ၍ အိပ်ပင်မ​ပျော်နိုင်ခဲ့​ချေ။

​​နောက်တစ်​နေ့မနက် သူ ​မ​ပြောနိုင်မီမှာပင် မိတ်ကပ်ဆရာက concealerအား ထုတ်လိုက်သည်။

၎င်းကိုမြင်ပြီး ယဲ့ဇယ်ရှစ် အံအားသင့်သွားသည်။
"​ဟေး ကျွန်​တော် မိတ်ကပ်ထူထူ​လေး လိမ်း​ပေးဖို့​ပြောချင်တာကို ခင်ဗျား ဘယ်လိုသိတာလဲ..."

မိတ်ကပ်ဆရာ : "ငါက မင်းမျက်လုံး​အောက်က အမည်း​ရောင်ကွင်းကြီး​တွေကို ဖုံးပေးချင်ရုံ​လေးတင်...မင်းညက ​ကောင်းကောင်း​ရော အိပ်ခဲ့ရဲ့လား..."

ယဲ့ဇယ်ရှစ် အနည်းငယ် ရှက်ရွံ့သွားပြီး ​ချောင်းဖွဖွ​လေး ဆိုးလိုက်သည်။
"​သေချာ​ပေါက် အိပ်ခဲ့တာ​ပေါ့..."

"ဟီး..."
မိတ်ကပ်ဆရာက ယဲ့ဇယ်ရှစ်အဖွဲ့၏ အဖွဲ့ဝင်တစ်​ယောက်ဖြစ်ပြီး သူကလည်း ယဲ့ဇယ်ရှစ်နှင့် ရင်းနှီး​​ပေသည်။
"မင်း တစ်ညလုံး anime ကြည့်ဖို့ ထပ်ပြီးကြိုးစား​ခဲ့ပြန်ပြီမလား..."

ယဲ့ဇယ်ရှစ် သူ့နှလုံးသားထဲမှ ​ပြောလိုက်သည်။
အဲ့လိုမဟုတ်ပါဘူး...

ကျွန်​​​​တော်က မကြာခင် ​ကောင်​လေးရပြီးရင် ဘယ်လိုမျိုး နှိမ့်နှိမ့်ချချပုံစံနဲ့ လူတွေကို ကြွားရမလဲလို့ စဥ်းစား​နေရုံပါ...

​ပြောရပါက သူတို့အတူတူ ဖြစ်သွားပြီး​နောက်တွင်​ပင် လူသိရှင်ကြား ချက်ချင်းချပြ၍ မရ​ချေ။

ဒါ​ပေမဲ့ ငါ မကြွားဘဲ မ​နေနိုင်ဘူးလို့... ငါ့ ပရိသတ်​တွေကို အရင်သိခွင့်ပေးသင့်တယ်​လေ ဟုတ်တယ်မလား...

ဒါ​ပေမဲ့လည်း နှိမ့်နှိမ့်ချချပုံစံနဲ့ ကြွားဖို့ဆိုတာကလည်း အခက်သား...

ယဲ့ဇယ်ရှစ် တစ်ညလုံး ၎င်းကိစ္စအား​တွေးခဲ့သည်။ သို့သော်ငြား နည်းလမ်း​ကောင်းတစ်ခုပင် မ​တွေးနိုင်ခဲ့​ချေ။

​အဆုံးတွင် ပရိသတ်တစ်​​ယောက် သို့မဟုတ် နှစ်​ယောက်က ကျွမ်းကျင် စူးစမ်းရှာ​​ဖွေနိုင်သူများ ဖြစ်ကြသည်။ ယခင်က သူမှတ်စုစာရွက်​လေးအား ပို့စ်တင်ခဲ့ပြီး ဟယ့်ကျင်းယွင်၏လက်​ရေးမှန်း မှတ်မိသွားခဲ့ကြ​သည်။

​အကယ်၍ နောက်ပိုင်းတွင် သူနှိမ့်ချတတ်သည့် အမူအရာနှင့် ကြွားဝါပြရန် ဟယ့်ကျင်းယွင်၏​နောက်​ကျောကို ဓါတ်ပုံရိုက်ပြီး Weibo ​ပေါ်ပို့စ်တင်လိုက်ပါက ပရိသတ်များက ဤသည်က တရားဝင်​ကြော်ငြာခြင်းဟု ​ပြောကြလိမ့်မည်ပင်။

ဤအ​ကြောင်းကို​တွေးပြီး ယဲ့ဇယ်ရှစ် မျက်​မှောင်ထပ်ကြုတ်လိုက်သည်။

လုံးဝကို စိတ်ပူစရာပါပဲလား​နော်...

​​သေချာပေါက်ပင် လူကြိုက်များ ​ကျော်ကြားခြင်းကလည်း မ​ကောင်းသည့်အရာ တစ်ခု​ပေ။

သူနှင့်ဟယ့်ကျင်းယွင်တို့ နှစ်​ယောက်လုံးက ကျော်ကြား​နေကြ​​၍ ပိုဆိုးသွား​ပေ၏။

အဘယ့်​ကြောင့်ဆို​သော် သူတို့ နှိမ့်နှိမ့်ချချနည်းလမ်းဖြင့် ရ်ိုးရိုးရှင်းရှင်း ချစ်ပြ၍မရ​တော့​ပေ။

အလွန်ဝမ်းနည်းစရာ​ကောင်းလှ​ပေ၏။

ထို့​ကြောင့် သူနှင့်ဟယ့်ကျင်းယွင်က ယခုထိ အတူတူမရှိ​နေကြ​သေးသည်ကို ယဲ့ဇယ်ရှစ် ​​မေ့သွား​​လေ၏။


🎶🎶🎶