Chapter 104
Viewers 21k

🎶 Chapter 104


ယဲ့ဇယ်ရှစ်ကို ထပ်ကြည့်လိုက်လျှင် သဲလွန်စရှာရန် ရှန်ဇယ်ယ်ွီ​နောက် လိုက်​နေပုံ​ပေါ်​သော်လည်း ​​သေ​သေချာချာ အနီးကပ်တစ်ချက် ကြည့်လိုက်ပါက ယဲ့ဇယ်ရှစ်က တစ်ချိန်လုံး​ ​တွေ​ဝေ​ငေးငိုင်နေသည်ကို သူ​​တွေ့ရလိမ့်မည်ပင်။

အတိအကျပင်။

​တွေ​ဝေ​နေသည်ဆိုသည့် လက်​တွေ့​ဖော်ပြချက်က မမှန်​ကန်ချေ။ ​တွေ​​ဝေ​​ငေးငိုင်နေသည်ဟူသည့် အဓိပ္ပါယ်က မတ်တတ်ရပ်​နေဆဲ သို့မဟုတ် တစ်စုံတစ်ရာကို ဗလာသက်သက်ကြည့်နေသည်ကို ဆိုလိုသည်ပင်။

သို့သော် ယဲ့ဇယ်ရှစ်ကမူ ထိုကဲ့သို့ မဟုတ်​​ပေ။ သူ့ကြည့်ရသည်မှာ ရှိုးရိုက်ကူး​ရေးတွင် အဖြစ်အပျက်တစ်လျှောက်လုံးကို အလွန်စိတ်အားထက်သန်စွာ ပါဝင်​နေသည်ဟု ထင်ရ​​ပေသည်။ သို့​သော် သူကစိတ်ခံစားချက်မပါဘဲ အလိုအ​လျောက် လှုပ်ရှား​နေသည့် စက်အ​ခြေအ​နေတွင်သာ ရှိ​နေ​ပေသည်။

ယခင်ရိုက်ကူး​ရေးသုံးခုတွင် ယဲ့ဇယ်ရှစ်၏အခြေအနေမှာမူ ရှိုးရိုက်ကူး​နေရုံမျှသာဟု ဖော်ပြ၍မရ​ပေ။
(T/N - အရင်ရိုက်ကူး​ရေး​တွေတုန်းက သူက ရိုက်ကူး​ရေးလုပ်ရုံ သဘောထားတာမဟုတ်ဘဲ တက်တက်ကြွကြွနဲ့ လုပ်ပြီး အခုကျ အမိန့်​ပေးထားတဲ့စက်တစ်လုံးအတိုင်း ခံစားချက်မပါဘဲ သူ့အလိုလို အကျင့်အရ လုပ်​နေတာလ်ု့​ပြောချင်တာပါ)

ရိုက်ကူး​ရေး​နေ့တိုင်းတွင် ယဲ့ဇယ်ရှစ်၏အ​ခြေအ​နေမှာ ကင်မရာထဲတွင် အလွန်ပင် သဘာဝကျလှ​ပေသည်။ ယဲ့ဇယ်ရှစ် ကိုယ်တိုင်လည်း ၎င်းကို နှစ်သက်​နေသည်ကို ရှင်းရှင်းလင်းလင်းပင် မြင်နိုင်​ပေ၏။

သို့​သော် ဤတစ်ကြိမ်တွင်မူ ယဲ့ဇယ်ရှစ်ကြည့်ရသည်မှာ "ရိုက်ကူး​ရေး"ဟူသည့် မစ်ရှင်ကို ပြီး​​မြောက်​အောင်မြင်ရုံသာ လုပ်​​ဆောင်​နေသည် ထင်ရ​ပေသည်။

ရှန်ဇယ်ယွီက ရံဖန်ရံခါ သူ့အားစကား​ပြောလျှင်ပင် ယဲ့ဇယ်ရှစ်က ပုံမှန်ထက် ​နှေး​ကွေးစွာ တစ်စက္ကန့်​နောက်ကျပြီးမှ တုံ့ပြန်​လေသည်။

ထိုကဲ့သို့သော အကြိမ်​ရေတိုးများလာရာ ရှန်ဇယ်ယွီ မ​နေနိုင်စွာ ​မေးလိုက်သည်။
"မင်းဘာဖြစ်​နေတာလဲ..."

ယဲ့ဇယ်ရှစ် ခဏ​လောက် ထိတ်လန့်သွားပြီး မသိစိတ်ဖြင့်မေးလိုက်သည်။
"ဟမ်...ကျွန်​တော် ဘာဖြစ်​နေလို့လဲ..."

ရှန်ဇယ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းနည်းနည်း အာရုံများ​နေပုံ​ပေါ်တယ်လို့ ဘာလို့ ငါခံစားရတာပါလိမ့်..."

ရှန်ဇယ်ယ်ွီ၏စကားကိုကြားပြီး ယို့ကျားလည်း အနားတိုးကာ ​ပြောလိုက်သည်။
"ဟုတ်တယ်...ကျွန်မလည်း သတိထားမိတယ်..."

"မင်းနည်းနည်း စိတ်လွင့်​နေသလိုပဲ..."
​​ဝေ့​ပေက အနားလာကာ ​ပြောလိုက်သည်။

ယဲ့ဇယ်ရှစ် အလွန်အပြစ်ကင်းစင်စွာ ​ပြောလိုက်သည်။
"ဘာလို့ အဲ့လို​တွေးတာလဲ...ကျွန်​တော် တစ်ချိန်လုံးဒီအတိုင်းပဲ မဟုတ်ဘူးလား..."

ယို့ကျား ​ခေါင်းယမ်းလိုက်ပြီး တည်ကြည်​လေးနက်စွာ ​​ပြောလိုက်သည်။
"မဟုတ်ဘူး အရင်ကဆို မင်းကပဲ သဲလွန်စ​​​တွေကိုအရင်စရှာပြီး ငါတို့နဲ့မျှ​ဖို့လည်း မင်းပဲအရင်အစပြုတာ...ပြီး​တော့ အလုပ်​တွေ အသီးသီး ခွဲ​​ဝေဖို့​တောင် ငါ့တို့ကို ကူညီ​ပေး​သေးတယ်...ဒီတစ်​ခေါက်ကျ
ငါတို့စီစဥ်သမျှကိုပဲ နား​ထောင်ပြီး အမိန့်ကိုပဲ လုံးဝလိုက်နာ​နေတာ...ငါတို့က ဘာမှမ​ပြောရင် မင်းကလည်း မလှုပ်ရှား​တော့ဘူး..လုံးဝကိုမလှုပ်တာ​နော်...အဲ့ဒါက တစ်​လျှောက်လုံး မင်းကပဲ ​​နောက်က လိုက်​နေသလိုမျိုး..."

တစ်ခဏမျှ စဥ်းစားပြီး​နောက် ယို့ကျားက ပြောလိုက်သည်။
"အဲ့ဒါက ​နေ​​ရောင်ခံဖို့​တောင် ပျင်း​လွန်းနေတဲ့ ငါးဆားနယ်တစ်ကောင် အတိုင်းပဲ..."

ဤ​ဖော်ပြချက်ကို ကြားပြီး အခြားသူများက ရယ်လိုက်ကြသည်။

ယဲ့ဇယ်ရှစ် ​သူ့​ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။
"တကယ်ကြီးလား..."

"ဟုတ်တယ်..."
အခြားသူများက တစ်ညီတစ်ညွတ်တည်း​ ဖြေလိုက်ကြသည်။

ရှန်ဇယ်ယွီက စိတ်အလှုပ်ရှားဆုံးလူပင်။ ဤအပိုင်းက ရိုက်ကူး​နေဆဲဖြစ်ပြီး သူတို့အဖွဲ့၏​ အေ့စ်(ace) က ယဲ့ဇယ်ယွီ ဖြစ်သည်။ သို့သော် အ​ချောင်ခို၊ပျင်းရိ​နေသည့် ယဲ့ဇယ်ရှစ်၏ပုံသဏ္ဍာန်ကို ကြည့်ပြီး သူတို့နောက်ဆုံး အဆုံးသတ်ဆုကို အနိုင်ရနိုင်ပါ​ဦးမည်လားဟု သူ ယခုပင် စိုးရိမ်ပူပင်လာခဲ့သည်။

ဤအ​ကြောင်းပြချက်ကြောင့် ဒုတိယ​နေ့ရိုက်ကူး​ရေးပြီးဆုံးသည့်​နောက်တွင် ရှန်ဇယ်ယွီ စကားပြောရန် တမင်တကာပင် ယဲ့ဇယ်ရှစ်ကို ​ဘေးသို့ ဆွဲထုတ်လိုက်သည်။

ယဲ့ဇယ်ရှစ်က ယခု​လေးတင် ​ကောင်းရှူထံမှ ဖုန်းပြန်ရခြင်းဖြစ်ကာ ဟယ့်ကျင်းယွင်ထံ စာပြန်ပို့​တော့မည်ဖြစ်၏။ ဤအချိန်တွင် သူ စိတ်မရှည်​​နေ​ချေ။

"ဘာကိစ္စရှိလို့လဲ..."
ယဲ့ဇယ်ရှစ် သူ့​ရှေ့က ရှန်ဇယ်ယွီကို ကြည့်လိုက်သည်။
"ရှန်​​လောင်ရှီး ...ကျေးဇူးပြုပြီး ​ပြောစရာရှိရင် မြန်မြန်​လေး​ ပြော​ပေးပါလား..."

ရှန်ဇယ်ယွီ ယဲ့ဇယ်ရှစ်အား စက္ကန့်အနည်းငယ်မျှ ကြာ​အောင် စိုက်ကြည့်နေပြီးမှ ​ဖြေးညင်းစွာ​ ပြောလိုက်သည်။
"မင်းနဲ့ ဟယ့်ကျင်းယွင်က အတူတူရှိ​နေကြပြီလား..."

ယဲ့ဇယ်ရှစ် အမြှီးနင်းခံလိုက်ရသည့် ​ကြောင်တစ်ကောင်လိုပင် သူ့ခန္ဓာကိုယ်ရှိ အမွေးများ ​ထောင်သွားပြီး မျက်လုံးသူငယ်အိမ်လည်း ကျုံ့သွားသည်။ သူ တိုက်ရိုက်ပင် ငြင်းလိုက်၏။
"မဟုတ်ပါဘူး...ဘယ်သူ​​ပြောတာလဲ...အဲ့ဒါက ဖြစ်နိုင်ပါ့မလား..."

မတိုင်မီက ရှန်ဇယ်ယွီ ၎င်းကို ခန့်မှန်းထားပြီးသားဖြစ်​သော်လည်း ယခုမူ သူ့အထင်က အလွန်သေချာသွား​ပြီဖြစ်သည်။
"ငါသိပြီ...ဒါဆို မင်းတို့အတူတူရှိသွားပြီပဲ..."

"မ…မဟုတ်ပါဘူးဆို..."
ယဲ့ဇယ်ရှစ်က ဆက်လက်ငြင်းလိုက်သည်။

ရှန်ဇယ်ယွီက ​အေးစက်စက်ဖြင့် နှာ​ခေါင်းရှုံ့လိုက်သည်။
"မင်းက အဲ့လိုအ​ခြေအ​နေမှာကို ငါ့ကို လာညာချင်​သေးတယ်​ပေါ့...လာစမ်းပါ...ငါနဲ့ဟယ့်ကျင်းယွင်က အတူတူ ကြီးလာကြတာပါကွ...မင်းရဲ့ Weibo မှာ တင်ထားတဲ့ မှတ်စုက သူရေးတာဆိုတာကို ငါ​လောင်းရဲတယ်...မင်း ငါနဲ့ မင်းလုပ်ချင်တာကို လုပ်ခွင့်ပေးမယ်..."

ယဲ့ဇယ်ရှစ် : "..."

သူတင်လိုက်သည့် မှတ်စုပုံလေးကို သူ့ဖုန်းထဲတွင်သိမ်းထားပြီးဖြစ်သည်။ ရှန်ဇယ်ယွီက ယဲ့ဇယ်ရှစ်ကို ငြင်းရန်အခွင့်အရေးတစ်ခုပင် မပေး​ပေ။

သို့​သော် ရှန်ဇယ်ယွီက ထိုသို့ပြောလိုက်ချိန်တွင် ယဲ့ဇယ်ရှစ်က အလျင်စလို မငြင်းဆန်​တော့သော်လည်း မ​လျှော့စတမ်း​ပြော​နေဆဲပင်။
"ဒါပေမယ့် ကျွန်​​တော်တို့က တကယ်အတူတူ မဟုတ်ပါဘူး..."

"အဲ့ဒါအဓိကအချက်မဟုတ်ဘူး..."
ရှန်ဇယ်ယွီ တစ်ခဏမျှ ရပ်သွားပြီး​​နောက် ဆက်​ပြောလိုက်သည်။
"အ​ရေးကြီးတာက ​​နောက်ထပ်ဘာလာမလဲဆိုတာပဲ...ဘာလို့လဲဆိုတော့ သူ ငယ်ငယ်တုန်းက ရှက်စရာ​ကောင်းတာ​​တွေ အပါအဝင် ဟယ့်ကျင်းယွင် က​လေးဘဝတစ်လျှောက်လုံးနဲ့ ပတ်သက်သမျှ အကုန်လုံးကို ငါမင်းကို​ ပြောပြနိုင်တယ်...ဒါ​ပေမဲ့ အဲ့ဒါ​တွေမ​ပြောပြခင် မင်းငါ့ကို ကတိတစ်ခု​ ပေးရမယ်..."

ယဲ့ဇယ်ရှစ်၏မျက်လုံးများ ဝင်းလက်သွားသည်။ သို့သော် ရှန်ဇယ်ယ်ွီ၏​ နောက်ဆုံးစကားကို ကြားပြီး​နောက် သူ့မျက်ခုံးများ အနည်းငယ် တွန့်သွားကာ သတိအနည်းငယ်ထားကာ ​မေးလိုက်သည်။
"​လောင်ရှီးက ကျွန်​​​တော့်ဆီ​နေ ဘာလိုချင်တာလဲ..."

"စိတ်မပူပါနဲ့ကွ...ကြီးကြီးမားမား မဟုတ်ပါဘူး..."
ရှန်ဇယ်ယွီ ယဲ့ဇယ်ရှစ်ပခုံးကို ပုတ်လိုကပြီး ​လေးနက်သည့် အသံအ​နေအထားဖြင့် ပြောလိုက်သည်။
"ငါနိုင်ချင်ရုံပဲ...မင်းသိလား...ဂိမ်းကိုအနိုင်ရဖို့...ပထမဆုံးဖြစ်ဖို့...ငါပရိုဂရမ်အဖွဲ့ရဲ့ဆုကို နိုင်ချင်တာ...ငါနိုင်ရမယ်...ဒီတစ်ခါ နိုင်ကိုနိုင်ရမယ်ကွ..."

ယဲ့ဇယ်ရှစ် ထိုကဲ့သို့အ​ဖြေကိုကြားရရန် မ​မျှော်လင့်ထားခဲ့​ချေ။

နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီး​နောက် သူ ​လေးလံစွာ ​​ခေါင်းညိတ်လိုက်သည်။
"အို​ကေ...သ​​​ဘောတူတယ်..."

ထို့​ကြောင့် ရိုက်ကူး​ရေး၏တတိယ​မြောက်​နေ့တွင် လူတိုင်းက ယဲ့ဇယ်ရှစ်မှာ မတူညီသည့်လူတစ်​ယောက်ကဲ့သို့ ဖြစ်သွားသည်ကို ရှာ​​​တွေ့သွားကြသည်။

ငါးဆားနယ်တစ်ကောင်အဖြစ်ကို ရပ်လိုက်ရုံသာမက သူကအလွန်ပင် တက်ကြွလာခဲ့​သေးသည်။

သူတို့ တစ်ချိန်လုံး သတိမထားမိခဲ့သည့် ပြဿနာများကို သူကညွှန်ပြခဲ့သည်။

ထို​နေ့၏ရိုက်ကူး​ရေးက ပြီးဆုံးသွားခဲ့သော်လည်း ယဲ့ဇယ်ရှစ်က ယ​နေ့မစ်ရှင်၏အ​သေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီး ​​စဥ်းစားနေဆဲဖြစ်သည်။

​ဝေ့​ပေနှင့်ယို့ကျား နှစ်​ယောက်လုံးတွင် စိတ်ရှုပ်​ထွေး​နေသည့် အကြည့်များရှိကာ နံ​ဘေးရှိ ရှန်ဇယ်ယွီအား ကြည့်ပြီး ထိတ်လန့်တကြား​ မေးလိုက်ကြသည်။
"​လောင်ရှီး သူ့ကို ဘာလုပ်လိုက်တာတုန်း...ဒီ​​ပြောင်းလဲမှုကြီးက ကြီးလွန်း​သွားပြီ..."

ရှန်ဝယ်ယွီက မျက်​​တောင်လေးခတ်ကာ ပ​ဟေဠိဆန်ဆန် လျှို့ဝှက်ဆန်းကြယ်စွာ ​ပြောလိုက်သည်။
"ဖြစ်နိုင်တာက အဲ့ဒါ ဟာမိုနီရဲ့မှော်ပညာ​ နေမှာ​ပေါ့...
ဘာပဲ​ပြော​ပြော သူက နာမည်ကြီး ​မှော်ဆရာမတစ်​ယောက်​လေ..."

ယို့ကျားနှင့်ဝေ့​ပေ : ".....**&%.....%¥.....&"

ရှိုး ဆက်လက်ရိုက်​ကူးရန် အတွက်သာ မဟုတ်ပါက သူတို့ ရှန်ဇယ်ယ်ွီအား အမှန်တကယ်ပင် ရိုက်နှက်ကြမည်ဖြစ်သည်။

သို့​သော်ငြား ယဲ့ဇယ်ရှစ်၏ရုတ်တရက် ​ပြောင်းလဲမှုက အခြားအဖွဲ့နှစ်ဖွဲ့အား ဖိအားများစွာ မဖြစ်​စေ​ပေ။​ နောက်ရိုက်ကူး​ရေး ရက်အနည်းငယ်အတွင်းတွင် လူတိုင်း၏စိတ်အ​ခြေအ​နေက အလွန်​ကောင်း​မွန်​နေကြကာ သဲလွန်စများကို တက်တက်ကြွကြွဖြင့် ရှာ​ဖွေ​နေကြသည်။

သို့သော်ငြား ယဲ့ဇယ်ရှစ်နှင့် ရှန်ဇယ်ယွီတို့က ရှေ့သို့ ပထမဆုံး ​ရောက်​နေကြခြင်းမှာ သနားစရာပင်။

ဤအပိုင်း၏​နောက်ဆုံးပိုင်းကိုလည်း အပြီးသတ်ရန် လိုအပ်ကာ ထူးထူးချွန်ချွန်​ အောင်မြင်ခဲ့သည့် အဖွဲ့က ဦးစွာ​ဖြေဆိုရန် အခွင့်အ​ရေး ရ​ပေသည်။

ပထမဆုံး​ဖြေသည့်အဖွဲ့က မှားသွားပါက ​နောက်​​ရောက်သည့် အဖွဲ့များက ​ဖြေဆိုရန် အခွင့်အ​ရေးတစ်ခု ရ​မည်ဖြစ်သည်။

သို့​သော် ပထမဆုံးအဖွဲ့က အ​ဖြေမှန်သွားပါလျှင် အခြားအဖွဲ့များက သဘာဝကျစွာပင် ရှုံးနိမ့်သွားကြမည် ဖြစ်​ပေသည်။

ရလဒ်က အလွန်သိသာလှ​ပေသည်။ ယဲ့ဇယ်ရှစ်နှင့် ရှန်ဇယ်ယွီက မှန်ကန်စွာ ​ဖြေဆိုခဲ့ပြီး ​နောက်ဆုံးဆုလာဘ်ကို ​အောင်​အောင်မြင်မြင် အနိုင်ရသွားခဲ့သည်။

ရှန်ဇယ်ယွီ ​လူတိုင်းအား ​သူ၏​ပျော်ရွှင်​နေသည့်အပြုံးကြီးဖြင့် ပစ်​ပေါက်လိုက်​လေ၏။

ယဲ့ဇယ်ရှစ်က ဝန်ထမ်း​ကမ်း​ပေးသည့် ဆုကိုယူလိုက်ပြီး သတ်ိပေးရန် မ​မေ့ပေ။
"မ​မေ့နဲ့​နော်..."

ရှန်ဇယ်ယွီ ပြုံးကာ ​ပြောလိုက်သည်။
"ငါမ​မေ့ပါဘူး...ရိုက်ကူး​ရေးပြီးရင် ငါ​​ပြောပြမယ်..."

လူနှစ်​ယောက်ကြားက စကားဝိုင်းကို ကြားပြီး ဝမ်းယန် ထိတ်လန့်သွားသည်။
"အာ...ရှန်​လောင်ရှီးက ဇယ်ရှစ်ကို တစ်ခုခု ကတိ​ပေးထားတာလား..."

"အဲ့ဒါ လျှို့ဝှက်ချက်..."
လူနှစ်​ယောက်က တစ်ပြိုင်တည်း ​ပြောလိုက်ကြသည်။

ယို့ကျားက ဤအချိန်၌ ပြန်လည်​တွေးကြည့်လိုက်သည်။
"ရှန်​လောင်ရှီးက ဇယ်ရှစ်ကို အရမ်းကောင်းတာတစ်ခုခု ပေးမယ်လို့ ကတိပေးခဲ့ပုံရတယ်... တတိယမြောက်​နေ့တုန်းက ဇယ်ရှစ် အရမ်းတက်ကြွ​နေတာ အံ့သြစရာ မဟုတ်​တော့ပါဘူး..."

ရှည်လျားလှသည့် သက်ပြင်းချလိုက်ပြီး​နောက် ယို့ကျား​ပြောလိုက်သည်။
"အဆင်​ပြေပါတယ်...ကျွန်မကံကြမ္မာကိုပဲ လက်ခံလိုက်ပါ​တော့မယ်​...ကျွန်မအရှုံး​ပေးပါတယ်..."

​ဝေ့​​ပေ အနည်းငယ် စပ်စုလိုက်သည်။
"ဘယ်လို အကျိုးကျေးဇူးမျိုးကများ ဇယ်ရှစ်ကို​အလေးအနက်ထားဖ်ို့ ထိုက်တန်တာပါလိမ့်..."

ယို့ကျား မျက်ခုံးပင့်လိုက်ပြီး သူမမျက်ဝန်းများက တစ်မျိုးတစ်မည်သည့် အဓိပ္ပါယ်များ ပြည့်နေကာ ဟာသလုပ်လိုက်သည်။
"ဘယ်သူ သိမှာလဲ...သူ့ကို ဘလိုင်းဒိတ် မိတ်ဆက်ပေးဖို့များ ဖြစ်​လောက်သလား..."

​​ဝေ့​ပေ အံ့သြသွားခဲ့သည်။
"တကယ်ကြီးလား..."

ယို့ကျားသူ့ကို မျက်လုံး​သေဖြင့် ကြည့်လိုက်သည်။
"သေချာပေါက် မဟုတ်ဘူးပေါ့...ကျွန်မ ​နောက်​နေတာ​..."

ဤသည်ကိုကြားပြီး ​ဝေ့​ပေ မျက်​မှောင်ကြုတ်လိုက်သည်။
"ဒီလိုကိစ္စမျိုးကလည်း ဟာသဖြစ်နိုင်တာပဲလား..."

ယို့ကျား : "..."

ငါတအား ပင်ပန်း​နေပြီ...ငါ​ဝေ့​ပေကို စကား​ပြောဖို့ငြင်းတယ်...

တတိယမြောက်ရိုက်ကူး​ရေး၏ နောက်ဆုံးညတွင် ယဲ့ဇယ်ရှစ်နှင့် ရှန်ဇယ်ယွီက စကားကြာမြင့်စွာ ​​ပြောခဲ့ကြ​လေ၏။

ညလယ်​ခေါင်တွင် ယဲ့ဇယ်ရှစ်က အိပ်စက်ရန် သူ့အခန်းသူ ​ကျေနပ်အားရမှုအပြည့်ဖြင့် ပြန်သွားခဲ့သည်။

ညအိပ်​ပျော်သွားချိန်တွင် ယဲ့ဇယ်ရှစ်၏စိတ်က အ​သေး​လေးရှန်ဇယ်ယ်ွီနှင့် ရန်ဖြစ်​နေသည့် အ​သေး​လေးဟယ့်ကျင်းယွင်နှင့် ပြည့်နှက်​နေကာ သူကိုယ်တိုင်မူ ထိုနှစ်ယောက်ကို ကြည့်ရန် သစ်ပင်​နောက်တွင် ရယ်ချင်စိတ်ဖြင့် ပုန်း​နေခဲ့​လေသည်။

အ​သေး​လေးဟယ့်ကျင်းယွင်က ​ဒေါသတကြီး ​ဆောင့်​ကြောင့်ထိုင်ကာ အ​သေး​လေးရှန်ဇယ်ယွီထံ အင်္ဂလိပ်စာလုံးအကြီး L ကိုလက်ဖြင့် ညွှန်ပြပြီး အော်​နေသည်ကို သူမြင်ခဲ့​ရသည်။
"Tiga ​ပြောင်းလဲခြင်း ဘျူးဘျူးဘျူး~~~"

(T/N- Ultraman ထဲက Tiga ​ပုံပြောင်းလတာပါ🤣)

အ​သေး​လေးရှန်ဇယ်ယွီက ဤတစ်​ခေါက်တွင်မူ မွန်းစတား​လေး​​နေရာမှ ကစားခဲ့​ရပေသည်။ သူက ​မြေပြင်ပေါ်တွင် ဆန့်ဆန့်ကြီး လှဲချလိုက်ကာ လျှာကိုဆန့်ထုတ်ထားပြီး ပါးစပ်က​နေ ​ပြောရန်လည်း မ​မေ့ခဲ့​ချေ။
"​ငါ​သေသွားပြီ..."

​နောက်တစ်​နေ့ မနက်ခင်းတွင် ယဲ့ဇယ်ရှစ် ထိုကဲ့သို့အိပ်မက်မှ နိုးလာခဲ့သည်။

ရယ်စရာကောင်းသော်လည်း ယဲ့ဇယ်ရှစ် ယခုချိန်တွင် ဟယ့်ကျင်းယွင်ကိုမူ လူကိုယ်တိုင် မရယ်နိုင်ပေ။ ၎င်းကို တွေးကြည့်လိုက်ရာ အနည်းငယ် စိတ်မကောင်းပင် ဖြစ်မိ​သွားသည်။

ဟယ့်ကျင်းယွင်နှင့် မက်​​ဆေ့ချ်ပို့စဥ်တွင် သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရုံသာတတ်နိုင်ပြီး ဟယ့်ကျင်းယွင် ပြန်လာမည့်ရက်ကို သူ့နှလုံးသားထဲမှ တိတ်တဆိတ်​ ရေတွက်​နေခဲ့သည်။

မကြာမီ ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် ယဲ့ဇယ်ရှစ် မြို့​​တော်သို့ပြန်လာပြီး သုံးရက်​မြောက်​နေ့၊ လူထု​​တွေ့ဆုံခြင်းမတိုင်မီ တစ်ရက်တွင် ဟယ့်ကျင်းယွင် ပြန်လာခဲ့သည်။


🎶🎶🎶