အပိုင်း ၁၂
Viewers 176

နူးညံ့သိမ်မွေ့သော အမျိုးသား အိုမီဂါလေး

 

အပိုင်း ၁၂

 

 

 

  

 

ကျိုးလော့ဟွမ် - “…”

  

 

သူဟာ အယ်လ်ဖာသို့ အသွင်ကူးပြောင်းသွားသည်ဖြစ်စေ အိုမီဂါ ဖြစ်လာ‌သည်ဖြစ်စေ စည်းကမ်းထိန်းသိမ်းရေးဌာနအနေဖြင့် သူ့တာဝန်တွေကို ဘယ်တော့မှ မမေ့ချေ။

  

 

ကျီယွဲ့ကျစ်သည် ခါတိုင်းနှင့်မခြားလှ။  ကျိုးလော့ဟွမ်၏ အဆင်မပြေမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပျင်းရိသော အကြည့်ဖြင့် ပြန်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်ုည်။ “နင်မကြိုက်ဘူးလား? နင့်မွေးနေ့ကျရင် နောက်တစ်ကြိမ် ထပ်တွေ့မယ်။”

  

 

၎င်းကို အပြင်လူတွေကြားပါက ၎င်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းကောင်းတယ်လို့ ထင်ကြလိမ့်မည်။ တကယ်တမ်း၊ ပါဝင်ပတ်သက်သူများသာ ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို သိနိုင်သည် - သူမသည် နောက်နှစ်တွင် လှည့်စားရန် သတ္တိရှိနေသေးသည်ဟု ဆိုလိုခြင်းပင်။

  

 

ကျီယွဲ့ကျစ်သည် ကျိုးလော့ဟွမ်၏ အပြုအမူကို မကိုင်တွယ်ချင်ခဲ့ပေ။ သူမက ၎င်းကိုပြောပြီး လှည့်ထွက်သွား၏။

  

 

ကျန်းဟုန်က ၎င်းကို တွေ့သွားပြီး ကျိုးလော့ဟွမ်ပုခုံးကို ဖက်၍ မေးလိုက်၏၊ “မင်းတို့နှစ်ယောက် ဘာပြောနေကြတာလဲ”

  

 

ကျိုးလော့ဟွမ်က သူမ၏ ပခုံးကို တစ်ချက်ကြည့်ကာ သူ့လက်ကို တွန်းဖယ်လိုက်သည်၊ “ဘာမှမဟုတ်ပါဘူး”

  

 

“ကျီယွဲ့ကျစ်က အိုမီဂါ အဖြစ် အသွင်ကူးပြောင်းသွားတာကို စိတ်မကောင်းဖြစ်နေလောက်တယ်။” ကျန်းဟုန်က သက်ပြင်းချလိုက်ကာ သူ့မေးစေ့ကို ထိလိုက်၏။ ယနေ့ခေတ် အစိုးရလက်ထက်တွင် အမျိုးအစားသုံးခုကြား ကွာခြားချက်များစွာမရှိလျှင်သော်မှ အယ်လ်ဖာသည် အထူးသဖြင့် ခွန်အားနှင့်ပတ်သက်ပြီး အနည်းငယ်ပိုမိုလွယ်ကူပါ၏။ ဘီတာနှင့် အိုမီဂါသည် အယ်လ်ဖာကို လိုက်မီရန် ပိုမိုကြိုးစားရလေ့ရှိသည်။

  

 

အမြဲတမ်း မပြောင်းလဲသည့် လူတစ်ယောက်အကြောင်း စဉ်းစားရင်း ကျိုးလော့ဟွမ်က ရှေ့ကို လှမ်းကြည့်လိုက်၏။ “သူက အယ်လ်ဖာဖြစ်ဖြစ် အိုမီဂါဖြစ်ဖြစ် ကျီယွဲ့ကျစ် ဖြစ်နေတုန်းပါပဲ....”

  

 

ကျန်းဟုန် - “...အဲဒါတော့အမှန်ပဲ”

  

 

ယနေ့တွင် ဒုတိယတန်း အတန်းတစ်ခုလုံးသည် တရားဝင် သင်တန်းရွေးချယ်မှုဖောင်ကို ဖြည့်သွင်းခဲ့သည်။ ဆရာ၊ ဆရာမများသည် နေ့ခင်းတစ်ခင်းလုံး မနားဘဲ ၎င်းတို့ ကျောင်းသားများ၏ ဖောင်များကို *အမြင်ကွန်ပြူတာတွင် စကင်န်ဖတ်ကြသည်။ မွန်းလွဲပိုင်းတွင် သင်တန်းရွေးချယ်မှုစနစ်အား ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်ရာ ဆရာ၊ဆရာမများနှင့် သင်တန်းများကို ရွေးချယ်နိုင်ခဲ့ပါသည်။* (အမြင်ကွန်ပျူတာ၊ အမြင်ဦးနှောက် = optical computer, optical brain »› ထုထည်မရှိဘဲ စနစ်ကို မျက်လုံးနဲ့မြင်ရပြီး ရွှေ့လို့ရတဲ့ ကွန်ပျူတာမျိုးပါ၊ Avengers ထဲမှာ Iron Man သုံးဖူးပါတယ်၊ Science Filmတွေမှာ ပါတတ်ပါတယ်။)

 

  

ပထမစစ်ဘက် ကျောင်းတော်တွင် အဓိကဌာနကြီးငါးခုရှိသည်။ တိုက်ခိုက်ရေးဌာန၊ ကွပ်ကဲရေးဌာန၊ သတင်းပြန်ကြားရေးဌာန၊ စစ်ဘက်ယာဉ်ဌာနနှင့် လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ဖြစ်သည်။ ဤဌာနများတွင် အဓိကသင်တန်းပေါင်း ဒါဇင်များစွာခန့်ရှိပြီး အခြားစိတ်ကြိုက် သင်တန်းများလည်းရှိကာ ဗိုလ်လောင်းများအတွက် ရွေးချယ်ရန် အနည်းဆုံး သင်တန်းပေါင်း ရာနှင့်ချီရှိသည်။ သို့သော် ဗိုလ်လောင်းတစ်ဦးစီတွင် အချိန်အကန့်အသတ်ရှိရာ အဓိကသင်တန်း ၃ ခုနှင့် စိတ်ကြိုက် သင်တန်းနှစ်ခုကိုသာ ရွေးချယ်နိုင်သည်။ စိတ်ကြိုက် သင်တန်းများကို စာသင်နှစ်ဝက်တိုင်းတွင် ပြောင်းလဲနိုင်ပါ၏။

  

 

ကျီယွဲ့ကျစ်သည် သူ၏ အမြင်ဦးနှောက်ကိုဖွင့်ပြီး ပထမ စစ်ဘက်ကျောင်းတော်၏ သင်တန်းရွေးချယ်မှုစနစ်သို့ ဝင်ရောက်လိုက်ရာ သင်တန်းအများအပြား ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ သူဟာ မိမိ၏ ဖယ်ရိုမုန်းအဆင့်ကို မှတ်ပုံတင်ထားပြီးဖြစ်ပြီး အသွင်ကူးပြောင်းမှု ပြီးဆုံးသွားပြီဖြစ်သောကြောင့် S အဆင့်တွင် ယာယီသတ်မှတ်ထားသည်။ သို့သော် ၎င်းက ပထမစစ်ဘက်ကျောင်းတော်ရှိ သင်တန်းအားလုံးကို ရွေးချယ်ဖို့ လုံလောက်ပါ၏။

  

 

သူသည် အယ်လ်ဖာ နည်းပြ ကျားဟိုင်လန်၏ ကွပ်ကဲရေးဌာနရှိ “ကွပ်ကဲရေးသဘာဝ” ကို ပထမဆုံးရွေးချယ်ခဲ့သည်။ ထို့နောက် အိုမီဂါ နည်းပြ ဟယ်ယွဲ့၏ “ပစ်ခတ်မှုနည်းလမ်းများ” ကိုရွေးချယ်ခဲ့သည်။ ကျန်အဓိကသင်တန်းမှာ ဘီတာ နည်းပြ ပိုင်ဖုန်း၏ “လက်နက်သုတေသန” ဖြစ်သည်။

  

 

နောက်ထပ် စိတ်ကြိုက် သင်တန်း နှစ်ခုရှိပါသေး၏...

  

 

ကျီယွဲ့ကျစ်သည် သင်တန်းရွေးချယ်မှုစနစ်ကို အတွေးမဲ့မဲ့စွာ ကြည့်နေခဲ့သည်။ “ပန်းအလှဆင်ခြင်း” နှင့် “သင့်ရဲ့ အိမ်ကို ဘယ်လိုနွေးထွေးအောင်လုပ်မလဲ” နှစ်ခုစလုံးသည် ကောင်းမွန်သော်လည်း “ပျော့ပျောင်းသောယောဂ” သည် စိတ်ဝင်စားစရာကောင်းပုံရသည်။ အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် သူစိတ်ဝင်စားသည့် သင်တန်းနှစ်ခုကို ရွေးချယ်ခဲ့သည်။

  

 

ဗိုလ်လောင်းတိုင်းသည် ၎င်းတို့၏ကိုယ်ပိုင် အမြင်ကွန်ပြူတာတွင် ၎င်းတို့၏ သင်တန်းများကို ရွေးချယ်ကြသည်။ ၎င်းတို့အနေဖြင့် အခြားသူများကို မပြောပါက၊ အနည်းဆုံးတော့ ယခင်အပတ်တွင် ၎င်းတို့ ရွေးချယ်ခဲ့သော သင်တန်းများကို မည်သူမှ သိမည်မဟုတ်ပေ။

  

 

“ဘယ်သင်တန်းတွေ ရွေးထားလဲ။” ကျန်းဟုန်သည် သူ ရွေးချယ်ထားသော သင်တန်းများကို ကျိုးလော့ဟွမ်အား ပြသလိုက်သည်။ “ငါ့ရဲ့ အဓိကသင်တန်း သုံးခုက ‘သတင်းအချက်အလက် စုဆောင်းခြင်းနည်းလမ်းများ’၊ ‘တစ်ဦးချင်း တိုက်ခိုက်နည်း’နဲ့ ‘အပစ်အခတ်နည်းလမ်း’ တွေလေ”

  

 

သူ၏ အလုပ်ကို ပြသပြီးနောက် ကျိုးလော့ဟွမ်ကလည်း သူမ၏ ကွန်ပျူတာကို ပြသလာခဲ့သည်။

  

 

“မင်းမှာ ငါနဲ့တူတဲ့ သင်တန်းနှစ်ခုရှိတယ်၊ ‘တစ်ဦးချင်း တိုက်ခိုက်နည်း’ နဲ့ ‘အပစ်အခတ်နည်းလမ်း’ တွေပဲ။ မင်းလည်း ကျားဟိုင်လန်ရဲ့ အတန်းကိုလည်း ရွေးခဲ့တယ်ပေါ့” ကျန်းဟုန်သည် သူမ၏ စိတ်စိတ်ကြိုက်သင်တန်းများကို ကြည့်လိုက်ရာ သတင်းအချက်အလက်ဌာနတွင် သင်တန်းတစ်ခုနှင့် စစ်ဘက်ယာဉ်ဌာနတွင် သင်တန်းတစ်ခု တို့ဖြစ်သည်ကို တွေ့ရသည်။

  

 

စာသင်ခန်းထဲတွင် သင်တန်းရွေးချယ်ဖို့ ဆွေးနွေးနေကြသူတွေ အများအပြားရှိခဲ့ပါ၏။ ယခင်နှစ်များတွင် ကျားဟိုင်လန်၏ အတန်းနှင့် တိုက်ခိုက်ရေးဌာနမှ ဆရာအများအပြား၏ အတန်းများသည် အလွန်ရေပန်းစားခဲ့သည်။ ဒီနှစ်တွင်မူ ဟယ်ယွဲ့၏ နောက်ထပ် အတန်းတစ်ခု ရှိသော်လည်း အဆင့် တူညီသည့် ကျောင်းသားများကသာ ရွေးချယ်နိုင်သည်။

  

 

“ဒီနေ့သင်တန်းတွေရွေးပြီးရင် မနက်ဖြန် မင်းတို့ ရွေးချယ်ထားတဲ့ သင်တန်းတွေကို တက်ရောက်နိုင်တယ်။ ည(၁၀)နာရီမှာ အတန်းချိန်ဇယားကို ပညာရေးဝန်ကြီးဌာနရုံးကနေ ကွန်ပျူတာတွေဆီ ဖြန့်ဝေပေးလိမ့်မယ်။ စစ်ဆေးဖို့ မမေ့နဲ့နော်။” နေ့ခင်းဘက် နောက်ဆုံးအတန်းမသိမ်းခင် ဆရာက သတိပေးသွားသည်။

  

 

၎င်းတို့၏ သင်တန်းများကို ရွေးချယ်ပြီးနောက်၊ စစ်ဘက် ကျောင်းတော်ရှိ ဒုတိယနှစ်ကျောင်းသား အများစုသည် စိတ်ရှုပ်ထွေးမှုများနှင့် စိတ်လှုပ်ရှားမှုများ ရှိနေကြသည်။ ၎င်းတို့မှာ လွန်ခဲ့သည့်တစ်နှစ်ခန့် ကျောင်းစတက်တုန်းက ၎င်းတို့၏ ရည်မှန်းချက်များကို တွေးတောနေခဲ့သည်။ ၎င်းတို့အနက် အများစုက ၎င်းတို့ စီနီယာများ၏ အတန်းထံ တိတ်တဆိတ် ပြေးသွားကာ တက်ရောက်သလို လုပ်ခဲ့ကြသော်လည်း အတန်းရှေ့ကသာ ဖြတ်သွားပြီး အနည်းငယ်မျှသာ ကြည့်ရှုနိုင်ခဲ့၏။ ယခုချိန်မှာတော့ ၎င်းတို့၏ ကိုယ်ပိုင်သင်တန်းကို ရွေးချယ်နိုင်ပြီဖြစ်သဖြင့် သဘာဝအတိုင်း ပျော်ရွှင်နေကြသည်။

  

 

ထို့ကြောင့် ကျောင်းတော်၏ အမည်မသိ ဖိုရမ်တွင် အမျိုးမျိုးသော ပို့စ်များကို ယခုတိုင် ဆွေးနွေးနေကြသည်၊ သင်တန်းပို့ချသူများနှင့်ပတ်သက်သော နှစ်စဉ်သတင်းမျှဝေမှုများကိုလည်း ထိပ်ဆုံးသို့ တွန်းပို့ထားပြီး အတင်းအဖျင်းပြောခြင်းသည် ရပ်တန့်လို့ပင််မရနိုင်‌ပေ။

  

  

[ ကျားဟူလီရဲ့ သူ့ ဂျူနီယာတွေ ထောင်ချောက်ထဲ ကျမှာ စိုးလို့ ကာကွယ်တဲ့ နည်းလမ်းတွေကို တစ်ချက်လောက်ကြည့်လိုက်ပါဦး ~ မိုက်လိုက်တာ! ]

 

 

[ ဆွေးနွေးရအောင်၊ တ်ိုက်ခိုက်ရေးဌာနရဲ့ ဆရာတွေက နေမကောင်းကြဘူးလား? သူတို့က ညှင်းပန်းနှိပ်စက်မှုမှာ သာယာကြတာလား? ]

 

 

[ အချက်အလက်သိပ္ပံဌာနက ကျောင်းသားတွေရော လျှို့ဝှက်ချက်တွေ အများကြီးကိုသိကြတာလား?]

  

 

မရေမတွက်နိုင်သော ဂန္တဝင်ပို့စ်များကို စိတ်အားထက်သန်သော ကျောင်းသားများက ထိပ်ဆုံးသို့ တွန်းပို့ခဲ့သည်၊ သို့သော် ကျောင်းအဆင့်သတ်မှတ်ချက်စာရင်းရှိ ဒုတိယနှစ် ကျောင်းသားများက မည်သည့် အတန်းတက်မည်ကို ခန့်မှန်းပေးတာမျိုးလိုမျိုး ရေပန်းစားလာခဲ့သည့် ပို့စ်အသစ်တွေလည်း ရှိခဲ့ပါ၏။ ထိုအထဲတွင် လူတော်တော်များများ၏ အမည်များ မကြာခဏပေါ်လာသည်။[ စီနီယာကျီက ဘယ်သင်တန်း ရွေးထားလဲ သိတဲ့လူရှိလား? ]

 

 

[ စီနီယာကျီရဲ့ အသွင်ကူးပြောင်းမှု ရလာဒ်က မျှော်မှန်းထားတာတော့ မဟုတ်ပေမယ့်လည်း သင်တန်းတွေကိုတော့ အတိုက်အခိုက်ဌာနဲ့ ကွပ်ကဲရေးဌာနကို ရွေးချယ်ဖို့ကလွဲ မရှိဘူး။ အိုး၊ ပြီးတော့ လက်နက်တည်ဆောက်ရေးဌာနလည်း ရှိတာပဲ။ ]

 

 

[ဟုတ်တယ်။ ကျီယွဲ့ကျစ်က အ်ိုမီဂါ အသွင်ကူးပြောင်းသွားတာဆိုပေမယ့်လည်း သူက ညံ့ဖျင်းတဲ့ အယ်လ်ဖာတွေထက် အများကြီးသာတယ်။ ငါတို့ အိုမီဂါတွေလည်း အနာဂတ်ကျရင် စစ်မြေပြင်မှာ အထိုက်အလျောက် အကျိုးခံစားခွင့်တွေ ရနိုင်မှာပါ။ ]

 

 

[ အပေါ်ကလူ၊ ငါကတော့ အိုမီဂါတွေ အားကောင်းတာကို မငြင်းလိုပါဘူး၊ ဒါပေမယ့် အယ်လ်ဖာတွေကလည်း မဆိုးဘူးလေ ဟုတ်ပြီလား? ]

 

 

[ ဟီးဟီး၊ နင်တို့ အယ်လ်ဖာတွေ တတ်နိုင်ရင် အတိုက်အခိုက် သင်ခန်းစာအ‌ချိန်မှာ မနိုင်တဲ့အခါ ဖယ်ရိုမုန်း မထုတ်ကြနဲ့လေ! ]

 

 

[ ဒါက အတိုက်အခိုက်အတွက်ပါပဲ။ ငါတို့လို စစ်ဘက်ယာဉ် အမျိုးအစား အယ်လ်ဖာတွေက အဲ့လိုမဟုတ်နေဘူး။ ]

 

 

[ လက်နက် တည်ဆောက်ရေးဌာနက မသိမသာ ထိပ်တန်းမှာ နေရာယူထားတယ် ~ ]

 

  

  

ဖိုရမ်၏ အသက်ဝင်မှုသည် ကျိုးလော့ဟွမ်နှင့် ဘာမှမဆိုင်ပေ။ သူမသည် သူမ၏ အိပ်ဆောင်တွင် SL-9 သေနတ်ကို ဖြုတ်ပစ်ခဲ့သည် သို့မဟုတ် ပို၍တိကျစွာ ပြောရလျှင် ၎င်းကို ဖျက်ဆီးခဲ့သည်ပင်။

  

 

SL-9 လေဆာသေနတ်တွင် အတွင်းပိုင်းနည်းပညာပါရှိသောကြောင့် ၎င်းကို ဖြိုဖျက်လျှင်ပင် အပြင်ခွံကိုသာ ဖယ်ရှားနိုင်မည်ဖြစ်သည်။ ဖွင့်လိုက်သည်နှင့် အတွင်းပိုင်းသည် အလိုအလျောက် ပျက်စီးသွားမည်ဖြစ်သောကြောင့် ရှင်းရှင်းလင်းလင်းမြင်ရန် အချိန်မရှိပေ။ သို့သော်၊ ဤသေနတ်သည် မူလက သူမ၏ လမ်းကြောင်းများကို ဖုံးကွယ်ရန် အကြောင်းပြချက်တစ်ခုဖြစ်သောကြောင့် အရေးမကြီးပါချေ။

  

 

ယမန်နှစ်က ကျိုးလော့ဟွမ်သည် ၎င်း၏ ကျောင်း ပထမနှစ်တွင် အတန်းများက ပျင်းရိဖွယ် ကောင်းလှသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် အတန်းများကို လစ်ပြေးကာ အနောက်မြောက် ကြယ်အစုအဝေးဆီသို့ လမ်းလျှောက်ထွက်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ရှီကျန်း အဝေးရောက်ဂြိုဟ်တွင် ရပ်တန့်ကာ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသည်။

  

 

ကျိုးလော့ဟွမ်မှာ အဆောင်ရှိ ကုတင်ထက်၌ တိုက်ရိုက် လှဲလျောင်းကာ တောက်ပနေသည့် အလင်းကို ကာရန် လက်ကို အသာမြှောက်လိုက်သည် ...မကြာသေးမီနှစ်များအတွင်း ဌာနချုပ်သည် တိတ်ဆိတ်လွန်းခဲ့သည်။

  

 

ည ဆယ်နာရီတွင် ပညာရေးမှူးရုံးမှ သင်တန်းအချိန်ဇယားအားလုံးကို အောင်မြင်စွာ ဖြန့်ဝေပေးခဲ့သည်။ ကျိုးလော့ဟွမ်က အမြင် ဦးနှောက်ကို ဖွင့်လိုက်ပြီး တစ်ချက်ကြည့်ကာ တစ်ပတ်တာ သင်တန်းအချိန်ဇယားကို အလွတ်ကျက်ပြီးနောက် ထ၍ စိန်ခေါ်ခန်းမသို့ ထွက်လာခဲ့သည်။

  

 

ထိုအချိန်၌ပင် စိန်ခေါ်ခန်းမသည် တောက်ပစွာ ထွန်းလင်းနေပြီး လူများဖြင့် စည်ကားနေဆဲဖြစ်သည်။ အယ်လ်ဖာ၊ အိုမီဂါ သို့မဟုတ် ဘီတာ ဖြစ်စေ၊ တိုက်ခိုက်ခြင်းကို နှစ်သက်သူတိုင်း ဤနေရာတွင် စုဝေးနေကြသည်။

  

 

ယနေ့မှာ ဤစာသင်နှစ်၌ ကျိုးလော့ဟွမ် ဤနေရာသို့ ရောက်လာသော ဒုတိယအကြိမ်ပါပင်။ သူမ ဝင်လာသည်နှင့် သောင်းသောင်းဖျဖျ အားပေးသံများကို ကြားလိုက်ရသည်။ လှမ်းမျှော်ကြည့်လိုက်သော် ပရိသတ် အရေအတွက် အများဆုံးရှိသည့် စင်ပေါ်တွင် လူနှစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ယန်ယန်နှင့် ကွမ်ယွမ်ပင်။

  

 

၎င်းတို့နှစ်ယောက်လုံးဟာ ပုံမှန် အယ်လ်ဖာတွေဖြစ်ပြီး အရပ်ရှည်ကာ ကြွက်သားတွေ သန်မာကြပါ၏။ မျက်နှာချင်းဆိုင် မတ်တပ်ရပ်ပြီး ပုခုံးများထက် ချွေးတွေ စိုရွှဲနေရာ တစ်ခေါက် တိုက်ခိုက်ပြီးနေပြီဆိုသည်မှာ သိသာပါ၏။

  

 

ကျိုးလော့ဟွမ်သည် တွေ့ရာခုံတစ်ခုံကို ယူထိုင်ပြီး ယန်ယန်နှင့် ကွမ်ယွမ်တို့၏ တိုက်ပွဲအား ကြည့်ရှုလိုက်သည်။

  

 

သူမသည် ယမန်နှစ်က ကွမ်ယွမ်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုအချိန်တွင်၊ သူသည် အယ်လ်ဖာများအနက် အဆင့် (၆) နေရာတွင်ရှိပြီး အမှတ်များစွာရှိသည်။ သူဟာ ကျိုးလော့ဟွမ် လိုက်ရှာခဲ့သည့် ပထမဆုံးလူ၊ အနီးကပ်တိုက်ပွဲ၌ ကျွမ်းကျင်တဲ့သူပါပင်။

  

 

ယန်ယန်ကိုတော့ ပြီးခဲ့တဲ့လကပဲ သူမကိုယ်တိုင် အရေးယူခဲ့ပြီး... သူမမှာ ယခု အစီအစဉ်မရှိဘူးလို့သာ ပြောနိုင်ပါ၏။

  

 

သူ၏ အယ်လ်ဖာ ခန္ဓာကိုယ်တုံ့ပြန်နိုင်စွမ်း အားသာချက်ကို မှီခိုရင်း သူဟာ လက်လွတ်စပယ် တိုက်ခိုက်နေခဲ့သည်။ သူမအနေဖြင့် ထိုစဉ်က ကျောင်းပေါက်ဝတွင် ယန်ယန်မှာ ဘယ်တုန်းကမှ အတိုက်အခိုက် လေ့ကျင့်ခြင်း မခံဖူးကြောင်း နားလည်ခဲ့သည်။

  

 

စင်ပေါ်ရှိ ကွမ်ယွမ်ကလည်း သိသာစွာ ယန်ယန်၏ ပြဿနာကို မြင်လိုက်ရ၏။ သူဟာ ၎င်းတို့ကြားက အကွာအဝေးကို နီးကပ်စေပြီး ယန်ယန်၏ လက်မောင်းကို ဆုပ်ကိုင်၍ အပြင်ကို ကွေးဖို့ ကြိုးစားရင်း၊ တစ်ချိန်တည်းမှာပင် သူသည် ယန်ယန်၏ ခြေသလုံးကြွက်သားကို ရုတ်တရက် ကန်လိုက်သည်။

  

 

ယန်ယန်ကမူ ရုတ်တရက် အောက်ကိုငုံ့ကာ လက်ကိုရုတ်ချ၍ ကွမ်ယွမ်ထံသို့ ပြန်ချိန်ရွယ်လာသည်။

  

 

သူ့တွင် ထူးခြားသော တိုက်ကွက်မရှိသဖြင့် ဗီဇကိုသာ အားကိုးကာ လုံးဝရှောင်တိမ်းခဲ့သည်။ သူ့ခြေလက်တွေ နှစ်ကြိမ်ကျိုးပြီးကတည်းက ယန်ယန်မှာ သူ့စိတ်ထဲက အခြေအနေတွေကို ညတိုင်း ပြန်စဉ်းစားပြီး ဘယ်လိုရှောင်ရမလဲလို့ သူ့ကိုယ်သူ ထပ်ခါတလဲလဲ မေးခဲ့ပါ၏။

  

 

အခုနောက်ဆုံးတော့ လွတ်မြောက်ဖို့ အခွင့်အရေးရပြီပင်။

  

 

သို့သော်၊ ကွမ်ယွမ်သည် စနစ်တကျ လေ့ကျင့်မှုကို ခံယူခဲ့ရာ ပထမအကြိမ်တွင် မအောင်မြင်ပါက၊ နောက်အလှည့်အပြောင်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ယန်ယန်သည် ကြီးမားသောဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။

  

 

“တစ်လနီးပါးရှိပြီပဲ။” ကျိုးလော့ဟွမ်သည် ဒုတိယထပ်တွင်ထိုင်၍ ရှေ့ကိုငုံ့ကာ မေးစေ့ကိုသပ်၍ ကြိုးဝိုင်းထဲရှိ ယန်ယန်ကိုကြည့်ပြီး မိမိဘာသာသာ ရေရွတ်လိုက်သည်။ “ငါ နေ့တိုင်း စိန်ခေါ်ခန်းမမှာ ကုန်ဆုံးခဲ့တယ်၊ ဒါပေမယ့် တခြားသူတွေရဲ့ လှုပ်ရှားမှုတွေကို ဘာကြောင့် မလေ့လာနိုင်ခဲ့ရတာလဲ”

  

 

ယန်ယန်သည် ဒုတိယအချီတွင် စင်မြင့်ပေါ်၌ မတက်နိုင်တော့ဘဲ ဂွမ်ယွမ်၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။

  

 

ယန်ယန်၏ လက်များနှင့် ခြေထောက်များသည် ကောင်းမွန်နေပုံရသော်လည်း သူ၏ အတွင်းအင်္ဂါများကို ကြိမ်ဖန်များစွာ ပြင်းထန်စွာ ထိခိုက်ခဲ့ရာ မတ်တတ်ရပ်ရန်ပင် ခက်ခဲနေသည်။ သူဟာ အသက်ရှူဖို့ နံရံကိုသာ ထိန်းထားနိုင်ခဲ့၏။

  

 

ကွမ်ယွမ် ကဲ့သို့သော လူများအတွက်၊ သူတို့လောင်းကြေးများ အားလုံးသည် အမှတ် ၅၀ အထက်ဖြစ်သည်။ ယန်ယန်သည် ဤဂိမ်းကို ရှုံးနိမ့်ပါက နှစ်ပတ်အတွင်း ရရှိသော အမှတ်များ ဆုံးရှုံးသွားမည်ဖြစ်ပြီး အနည်းဆုံး နှစ်မှတ်သာ ချန်ထားမည်ဖြစ်သည်။

  

 

အမှတ်နှုတ်ခံရမည်ကို တွေးရင်း ယန်ယန်ခေါင်းကိုက်လာသည်။ သူဟာ တိုက်ပွဲက ကောင်းတယ်ဟု စဉ်းစားပြီး နံရံကို ကျော်ကာ ထွက်သွားလိုက်၏။ ဦးဆောင်သူစာရင်းမှာပါတဲ့ လူတွေက တကယ်‌တော်တယ်လို့ မြင်တယ်။ ကျိုးလော့ဟွမ်ကလည်း မနှစ်က ဦးဆောင်သူစာရင်းမှာပါတဲ့ လူအားလုံးကို ရွေးခဲ့တယ်လို့ ကြားတယ်။ အဲ့နေ့တုန်းက ငါ မတုံ့ပြန်နိုင်ခင်မှာ ရိုက်နှက်ခံခဲ့ရတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ။

  

 

ယန်ယန်သည် ရုတ်တရက် ရင်ဘတ်ကို ကိုင်ကာ အဝေးတစ်နေရာသို့ လျင်မြန်စွာ လျှောက်သွားပြီး ခေါင်းငုံ့ကာ ပါးစပ်အပြည့် သွေးများကို အန်လိုက်သည် ။

 

  

“ငါ နင့်ကို တစ်ခုမေးချင်တယ်”

  

 

ယန်ယန်သည် သူ့ပါးစပ်မှ သွေးများကို သုတ်ရန် အချိန်မရမီတွင် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူ မော့ကြည့်လိုက်သော် သူ့ရှေ့မှာ ရပ်နေသည့် သူမှတ်မိသောလူကို တွေ့လိုက်ရ၏ “ကျိုးလော့ဟွမ်?”

  

 

ကျိုးလော့ဟွမ်က နံရံကိုမှီပြီး သူ့လာရင်းစကားတွေကို ရုတ်တရက်ပြောင်းလိုက်သည်။ “အစဉ်အလာအရ နင်က ငါ့ကို စီနီယာအစ်မလို့ ခေါ်ရမှာလေ”

  

 

ယခုအချိန်တွင် သူမ၏ လေသံသည် စည်းကမ်းထိန်းသိမ်းရေးရုံးမှ တစ်စုံတစ်ယောက်နှင့် အလွန်တူနေပေသည်၊ ယန်ယန် မသိစိတ်က မေးမိ၏။ “ဒီလို မခေါ်ရင် အမှတ်တွေ နုတ်မှာလား။” သူက အမှတ်တွေ ကုန်သွားပြီပင်၊ အမှတ်တွေသာ ထပ်နုတ်ခံရရင် ထုတ်ပယ်ခံရဖို့သာ ရှိမည်။

  

 

သူမ အဖြေကို စောင့်မနေဘဲ ယန်ယန်ဟာ “စီနီယာ” ဟု အားစိုက်ထုတ်ကာ ခေါ်လိုက်သည်။ ကျောင်းမှ ရမှတ်များသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံးဖြစ်သည်၊ ယခု ဤအမှန်တရားကို သူနားလည်သွားပြီဖြစ်သည်။

  

 

ကျိုးလော့ဟွမ်ကမူ စိတ်အားထက်သန်နေခဲ့သည်။ သူမဟာ အိတ်ကပ်ထဲက စာရွက်လေးတစ်ရွက်ကို ထုတ်ယူပြီး ယန်ယန်ကို ပစ်ပေးလိုက်၏။

  

 

ထိုအချိန်တွင် ၎င်းတို့နှစ်ဦးသည် သစ်ပင်တန်းများ ဝန်းရံလျက်ရှိသည့် နံရံအနောက်တွင် ရှိနေကြသည်။ အဝေးမှ အဝါဖျော့ဖျော့ မီးရောင်များကို ဤနေရာတွင် မမြင်နိုင်တော့ဘဲ ကောင်းကင်မှ လရောင်မှိန်ဖျော့ဖျော့ဖျော့လေးသာ လင်းလက်နေသည်။

  

 

ယန်ယန်က ခေါင်းငုံ့ကာ စက္ကူလုံးအား လက်ကိုသုံးကာ ဖြန့်လိုက်သော် စာအိတ်တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ သူဖွင့်ကြည့်လိုက်တော့ အထဲတွင် အနက်ရောင်ကတ်ထူပြားတစ်ပိုင်းကို တွေ့လိုက်သည်၊ ၎င်း ရှုံ့တွနေသော်လည်း ထိုထဲမှာပါသည့် အကြောင်းအရာကို မထိခိုက်စေပါချေ။

  

 

ဤသည်မှာ စာကြောင်းနှစ်ကြောင်းသာ ပါရှိသည့် ဖိတ်ကြားစာဖြစ်သည်။

  

 

စိတ်ရင်းနဲ့ ဖိတ်ကြားအပ်ပါသည်၊ ___ စည်းကမ်းထိန်းသိမ်းရေးဌာနသို့ ဝင်ရောက်ရန်။ အကြံပြုသူ - ကျိုးလော့ဟွမ်

  

 

ယန်ယန်က မိမိ ဆက်တိုက်ဝတ်ထားသည် စစ်ယူနီဖောင်းကို ငုံ့ကြည့်ပြီး ခေါင်းကို မော့လာလိုက်၏။ “ခင်ဗျားက စည်းကမ်းထိန်းသိမ်းရေးဌာနက မဟုတ်ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။” သူစိတ်လွတ်သွားသည်!

  

 

ကျိုးလော့ဟွမ်က အနည်းငယ် ပြုံးလိုက်ကာ “ငါ့မှာ ဂျုံဝါရောင်နားတံဆိပ်မရှိဘူးလို့ပဲ ပြောတာ‌လေ”

 

 

ယန်ယန် - “.... မြို့တော်က လူတွေက အရမ်းစိတ်နှလုံး မည်းနက်ကြတာလား?”

 

  

သူ့၏အမူအရာက ရုပ်ဆိုးလွန်းတာကြောင့် ကျိုးလော့ဟွမ်က နောက်ဆုံးမှာ ကြင်နာစွာပြောလာခဲ့သည်။ “စည်းကမ်းထိန်းသိမ်းရေး ဌာနမှာ လူနှစ်မျိုးရှိတယ်၊ ငါတို့ကတော့ အမှတ်တွေကို ဂရုမစိုက်ဘူး။”