ချစ်စရာကလေးလေး၏
ဘဝစနစ်
အပိုင်း
- ၁၁ အပနှင်ခြင်း
မနက်ပိုင်း
မနက်စာစားပြီးနောက်၊ အမျိုးသမီးလု ဓားသွေးကာ ကြက်တစ်ကောင်အား သတ်လေသည်။ ထိုကြက်မသေခင်
၎င်းတို့ခြံတစ်ခုလုံး ကြက်၏နာကျင်စွာအော်သံဖြင့် ပြည့်နှက်သွားလေသည်။
ယမန်နေ့က
သူမနှင့် ဟယ်ချွိန်ဖန်တို့ မာသာ့ရှန်းအား သွားရှာခဲ့ကြလေသည်။ မာသာ့ရှန်းမှ ရှားပါးသွေးနီကျောက်တစ်မျိုး
လိုအပ်သည်ဟုဆိုသည်။ ထိုကျောက်မရှိလျှင်ရင် ကြက်သွေးလိုအပ်သည်ဟုဆို၍ သူမအခုလိုလုပ်ခြင်းဖြစ်သည်။
မဟုတ်လျှင် သူမအိမ်တွင် ထိုကြက်အား သတ်ရဲမည်မဟုတ်ပေ။
မာသာ့ရှန်း၏
အမြင်များသည် မှန်ကန်သည်ဟုသူမထင်သည်။ ခြံထဲဝင်လိုက်သည်နှင့်။"မင်းဘဝက ခက်ခဲတာပဲ။"
ဟုပြောလေသည်။
သူမ
အသက် ၃၈ နှစ်တွင် ယောင်္ကျားဆုံးပါးသွားပြီး ကလေးနှစ်ယောက်အား ပြုစုပျိုးထောင်ခဲ့ရလေသည်။
ယခုလည်း သူမဤကိစ္စမျိုးကြုံရကာ၊ သူမဘဝဘယ်မခက်ခဲဘဲနေမလဲ?
ထို့နောက်
ဆရာမာမှ ပြောလေသည်။ "မင်းတို့မိသားစုအခုတလော ဒုက္ခတွေကြုံနေရတယ်။" မှန်ပေသည်။
မာသာ့ရှန်းပြောသည်မှာ
သရဲတစ္ဆေများတွင် အားကောင်းသည့် "ယင်" စွမ်းအင်ရှိရာ၊ သူတို့စွဲကပ်နေသည့်နေရာနှင့်
အနီးရှိသက်ရှိများအပေါ်သို့ ကံကောင်းမှုများကျရောက်စေသည်။ ၎င်းတို့အား နှင်လွှတ်ပြီးလျှင်၊
"ယန်" စွမ်းအင် ပြန်လည် ရောက်ရှိလာမည်ဖြစ်ပြီး၊ သူတို့မိသားစုလည်း သဘာဝအတိုင်း
ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။
အမျိုးသမီးလုသည်
ထိုအကြောင်းတွေးကာ၊ သည်းခံပြီး၊ ကြက်၏ လည်ကို ဓားဖြင့် လှီးလိုက်လေသည်။
ချန်ဖန်းရှုသည်
အိမ်တံခါးနားတွင် ခုံအသေးဖြင့်ထိုင်ကာ ခြေထောက်တွင်လည်း ပတ်တီးစည်းထားပြီး အဝတ်များလျှော်ဖွပ်နေလေသည်။
ဆူညံသံကိုကြားသော်၊
သူမ လန့်သွားလေသည်။ "ပွဲရှိတာလည်းမဟုတ်ဘဲ၊ ဘာလို့ ကြက်ကိုသတ်နေတာလဲ?"
သူမ၏
ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အဝတ်ဇလုံမှရေများဖြင့် ဆော့ကစားနေသည့် လုထောင်မှ စူးစမ်းလိုစိတ်ဖြင့်
လှမ်းကြည့်လေသည်။
ချန်ဖန်းရှု
လုထောင် သွေးမြင်လျှင် လန့်မည်စိုး၍၊ လုဟွေ့ကိုခေါ်ပြီး သူမအား ရေသုတ်ရန် အထဲခေါ်သွားစေသည်။
"သူ့ကိုကြည့်ပါဦး၊ အရှေ့က အကုန်စိုကုန်ပြီ။ ထပ်ဆော့ရင် အအေးပတ်တော့မယ်။"
လုဟွေ့သည်
ယခုမှ ပန်းကန်များဆေးကြောပြီးစီးရာ၊ နောက်ဆုံး ပန်းကန်လုံးအား ကြောင်အိမ်ထဲ သိမ်းပြီးနောက်
သူ့ညီမလေးအား လာခေါ်လေသည်။
ကြမ်းတိုက်ပြီးသော်၊
လုဟွေ့ လွယ်အိတ်လွယ်ကာ ကျောင်းသွားရန်ပြင်ဆင်လေသည်။
ကျောင်းသို့
တန်းသွားရန် တွေဝေနေကာ၊ ချန်ဖန်းရှုထံသို့ လျှောက်လာပြီး၊ "မေမေ၊ သားကျောင်းမသွားခင်
ရေညှစ်ပြီး လှမ်းပေးခဲ့မယ်လေ။" ဟုပြောလေသည်။
ချန်ဖန်းရှူသူ့အား
မခိုင်းဘဲ၊ ပဲသီးတစ်ပေါင်ခန့်သယ်သွားစေပြီး ကျောင်းအပြန်ညစာအတွက် တိုဟူးအချို့နှင့်
လဲလှယ်စေလေသည်။
တစ်ပေခန့်အရွယ်ရှိငါးသည်
အလွန်ရှားသည့်အတွက် သူမအသားလုံးများ ပြုလုပ်ပြီးသော်၊ ငါးခေါင်းအားလွှတ်မပစ်ရက်သဖြင့်
ဆားသိပ်ကာ ကရားထဲသို့ထည့်ထားလိုက်လသေည်။
တို့ဟူးအနည်းငယ်ကို
ငါးခေါင်းနှင့် ထည့်ပေါင်း၍ ပြုတ်ထားလိုက်လျှင် အိမ်တွင် နှစ်ရက်ဆက်တိုက် အသားစားရမည်ဖြစ်သည်။
သူတို့မိသားစု
တို့ဟူးမစားရသည်မှာ တစ်လခန့်ရှိပြီဖြစ်သဖြင့်၊ လုဟွေ့ကြားသော် ပျော်ရွှင်စွာ ကျောင်းသို့
အမြန်သွားလေသည်။
သူထွက်သွားသော်၊
လုထောင် ရေထပ်ဆော့ချင်သေးဟန်ဖြင့်၊ တံခါးနားမှ ချောင်းကြည့်နေသည်။
သူမမြစ်ထဲမှ
ငါးဖမ်းပြီးသည့်နေ့မှစ၍ သူမ ရေမြင်လျှင် မဆော့ဘဲမနေနိုင်ပေ။ ယခု သူမအမေ၏ အဝတ်လျှော်ဇလုံထဲ့သို့
ခုန်ဆင်းချင်နေလေသည်။
ချန်ဖန်းရှုမြင်သော်၊
အဝတ်လျှော်ခြင်းကို လက်စသတ်၍၊ ခြံထဲသို့ရေသွန်လိုက်ကာ၊ "ထောင်ထောင်၊ မေမေအဝတ်လှမ်းတာ
လာကူပါဦး။" ဟုပြောလေသည်။
လုထောင်သည်
အရာရာလုပ်ချင်သည့်အရွယ်ဖြစ်၍ ပြေးလာကာ မေးခဲ့သည်။ "ဘယ်မှာလှမ်းရမှာလဲ၊မေမေ?"
ခဏအကြာတွင် ရေဆော့ဖို့ကိုပင် မေ့သွားလေသည်။
နေ့လည်တွင်
တရေးတမောအိပ်ပြီးနောက်၊ သူမတို့အိမ်နီးချင်း၏ သမီးဖြစ်သူ အားနျိုမှ လုထောင်အား လာရှာပြီး၊
အနီးရှိသစ်ပင်ကြီးတစ်ပင်အောက်တွင် သွားဆော့ကြလေသည်။
ကောင်မလေး
လေး၊ ငါးယောက်သည် မြက်များအားအစာသွပ်အဖြစ်၊ သစ်ရွက်များအား ဂျုံပြားအဖြစ် အသုံးပြုကာ
ဖက်ထုပ်လုပ်တန်းဆော့ကစားရင်း ပျော်ရွှင်နေကြလေသည်။
လုထောင်သည်
သူတို့ထဲတွင် အငယ်ဆုံးဖြစ်ကာ ပြာယာအခတ်ဆုံးလည်းဖြစ်သည်။ သူမအတွက် သစ်ရွက်အား ဖက်ထုပ်ပုံစံအဖြစ်သို့
ပြုလုပ်ရန် အချိန်ပိုမိုကြာမြင့်လေသည်။
ကျောင်းပျက်ပြီး
စောစောပြန်လာသော လုကျန်း သူမအားမြင်ပြီး၊ ရယ်လေတော့သည်။ "အရူးမလေး။"
လုထောင်
သူ့အား လျစ်လျူရှုသဖြင့်၊ အသံကိုမြှင့်ကာ အော်ပြောလေတော့သည်။
"အဲ့သစ်ရွက်တွေပဲစားလိုက်။ ဘွားဘွားက မနက်တုန်းက ကြက်တစ်ကောင်သတ်ထားတယ်။ ငါတို့ဒီည
ကြက်သားစားကြမှာ။"
ကြက်သားစားမယ်?
အနားရှိ
ကလေးမလေးများလည်း ဝိုင်းကြည့်ကြလေသည်။
ရှောင်လုထောင်သာ
ခေါင်းငုံ့ပြီး လက်ထဲရှိသစ်ရွက်ကိုသာ လုံးချေနေလေသည်။
အတိတ်တွင်သာဆိုလျှင်၊
သူမအနည်းဆုံးတော့ လုကျန်းနှင့် တခြားကြက်သားစားချင်နေသည့်သူများကို နှုတ်ခမ်းထော်၍
စိတ်ဆိုးမိပေမည်။
သို့သော်
ယခုတော့ သူမစိတ်ထဲတွင် အာ့ဝူလင်ပြသည့် အကင်သာရှိလေသည်။ ကြက်သားဆိုတာဘာလဲ? အကင်လောက်အရသာရှိလား?
လုကျန်းမှ
ထပ်၍၊ "မင်းကြက်သား မစားချင်ဘူးလား?" ဟုမေးလေသည်။
"မစားချင်ဘူး။"
ဟူ၍ လုထောင်မှ မော့ပင်မကြည့်ဘဲ ဖြေလိုက်လေသည်။
"တကယ်လား?"
လုကျန်းသူ့ခေါင်းအား စိတ်လှုပ်ရှားစွာကုတ်လိုက်ပြီး၊ "ငါ့အဖေက ငါ့အတွက် ချိုချဉ်တွေဝယ်လာသေးတယ်၊စပါးလင်ချိုချဉ်လည်းပါတယ်၊
တစ်ခုကိုနှစ်ပြားနဲ့။" ဟုထပ်ပြောလေသည်။
ယခုတော့၊အခြားမိန်းကလေးများ
သွားရည်ယိုနေပြီဖြစ်သည်။
စပါးလင်ချိုချဉ်တစ်ခုအစား၊
လိမ္မော်သီးများဝယ်နိုင်ပြီး၊ ၎င်းသည် နူးညံ့၍ အရသာရှိလေသည်။
လုထောင်မှ
ပုံမပျက်ဘဲ၊ "အဲ့တာက ယုန်ချိုချဉ်လောက် စားကောင်းလို့လား? ညီမလေးဖေဖေက ညီမလေးကို
ယုန်ချိုချဉ်ကျွေးတယ်။" ဟုပြောလိုက်လေသည်။
လုကျန်း
- "..."
လုထောင်
စိတ်မဆိုးစိတ်မပျက်သည့်အတွက်၊ လုကျန်းလည်း အရှုံးပေးကာ အိမ်သို့ စိတ်ပျက်လက်ပျက်ပြန်လာလေသည်။
သို့သော်၊
ပြန်လာသည့်အခါ သူပို၍ပင် စိတ်ပျက်သွားလေသည်။
အမျိုးသမီးလု
ကြက်အားသတ်ခဲ့သော်လည်း၊ သူကြက်သားကိုမမြင်ပေ။ အမျိုးသမီးလုသည် ကြက်သွေးရရန် သတ်ခဲ့ခြင်းဖြစ်ပေသည်။
သူစတင်ငိုသော်လည်း
၎င်းတို့မိသားစုမှ လူကြီးသုံးယောက်တွင်လည်း အပူကိုယ်စီနှင့်မို့ သူ့အား ဘယ်သူမျှ ဂရုမစိုက်အားပေ။
လုကျန်း
သူ့ကိုယ်သူသာ နှစ်သိမ့်နိုင်လေသည်။
ဘာမှမဖြစ်ဘူး။
ကြက်သားမစားရတောင်၊ ချိုချဉ်ရှိသေးတယ်၊ ဘာမှမရှိတဲ့ အရူးမလေးလုထောင်ထက်တော့သာသေးတယ်။
သူအငိုရပ်သည်နှင့်၊
သူ၏အဖေ ချိုချဉ်များအား အိတ်ကပ်အတွင်းထည့်ကာ အပြင်ထွက်သွားသည်ကို တွေ့လိုက်လေသည်။
လုကျန်းစွံ့အသွားလေသည်။
မဟုတ်ဘူးလေ၊
သူ့အတွက် ဝယ်တာမလား ချိုချဉ်က? ဘာလို့တစ်ခုတောင်မချန်ဘဲ အကုန်သယ်သွားရတာလဲ?
လုကောဖု
အိတ်ကပ်တွင် ချိုချဉ်အပြည့်ဖြင့် အပြင်ထွက်သွားသည်ကိုမြင်သော်၊ သူခဏမျှရပ်တန့်သွားပြီးနောက်
ပို၍ငိုလေတော့သည်။
အဲ့တာဆို၊
အဲ့ချိုချဉ်တွေအကုန် ဘယ်သူရမှာလဲ?
ဒင်း
ဒန် ဒန် --- ရှောင်လုထောင်!
အပနှင်ခြင်းကို
အယူသီးမှုဟု သတ်မှတ်သည့်အတွက် လူသိရှင်ကြားပြုလုပ်၍ မရပေ။ တစ်ယောက်ယောက်သိသွားလျှင်၊
တင်ပြချက်ရေးတင်ရမည်။
ပြန်လာသော်၊အမျိုးသမီးလုမှ
သူ့ချွေးမတို့နှင့် ချန်ဖန်းရှုမသိစေဘဲ လုထောင်အား အပြင်သို့ပထုတ်ရန် ဆွေးနွေးကြလေသည်။
လုကောဖု
သူ့သားလိုက်ကြွားထားသည့် စပါးလင်ချိုချဉ်ကို သူတူမလေးအား ချော့မြူခေါ်ရန် ထုတ်လိုက်လေသည်။
ချိုချဉ်ကိုမြင်သော်၊
လုထောင် ခုနကကဲ့သို့မဟုတ်ဘဲ၊သူမမျက်နှာထားသည်လည်း ရှုပ်ထွေးဟန်ဖြစ်နေသည်။
မေမေကပြောတယ်
သူများပေးတာ မယူရဘူးတဲ့။ ဦးလေး၊ဦီးလေးကိုတော့ သူများလို့သတ်မှတ်စရာမလိုဘူးမလား?
သူမစိတ်ယိုင်နေသည်ကိုတွေ့သော်
လုကောဖုသူ့အိတ်ကပ်ထဲမှ နောက်တစ်ခုထပ်ထုတ်ကာ၊ "ဦးလေးကပေးနေတာကို ယူလိုက်ပေါ့။ ဘာအားနာစရာရှိလို့လဲ?"
ဟုပြောလေသည်။
ရှောင်လုထောင်
ငြင်းချင်သော်လည်း မတတ်နိုင်ပေ။ သူမ၏ အသိစိတ်နဲ့ ဆန္ဒတို့အကြား နှစ်စက္ကန့်မျှလွန်ဆွဲအပြီး၊
သူမမျက်လုံးများမှိတ်လိုက်လေသည်။
မမြင်ဘူး၊
ထောင်ထောင် ဘာမှမမြင်ဘူး။
ဘယ်သူမှ
ထောင်ထောင်ကို ချိုချဉ်ပေးလို့မရဘူး၊ ဘယ်သူမှ!
သူမ
မငြင်းသည်ကိုမြင်သော်၊ လုကောဖုပြုံးကာ ပြောလိုက်သည်။ "ထောင်ထောင် ဦးဦးနဲ့ အပြင်မှာ
လိုက်ပြီး ကစားပေးမလား?"
"မလိုက်ဘူး။"
ရှောင်လုထောင်
သကြားလုံးကိုရော သူမဦးလေးကိုရော ဂရုမစိုက်ဟန်ဖြင့် ၁၈၀ ဒီဂရီလှည့်ကာ ပြန်သွားလေသည်။
လုကောဖုကြားသော်
စွံ့အသွားပြီး ထပ်မံကြိုးစားလေသည်။ "ထောင်ထောင်က လိမ္မာပါတယ်။ ဦးဦးသမီးကို ချိုချဉ်ကျွေးမယ်လေ။"
လုထောင်
မျက်နှာလွှဲကာ၊ စိတ်ဆုံးဖြတ်ထားသည့်လေသံဖြင့်၊ "ထောင်ထောင် မစားဘူး။" ဟုပြောလိုက်လေသည်။
သူမဘေးမှ
သူငယ်ချင်းမှ အံ့အားသင့်ကာ၊ "သွားလေ။ ချိုချဉ်ပေးနေတာတောင် မသွားချင်ဘူးလား?"
ဟုမေးလေသည်။
"မသွားဘူး။"
လုထောင်
စိတ်ပိုင်းဖြတ်ထားလေသည်။ ထို့နောက် သူမတစ်စုံတစ်ခုကိုတွေးမိကာ၊ သူမအိတ်ကပ်ကို လက်လေးများဖြင့်
ကာထားလိုက်လေသည်။
သူဧ။်မျက်လုံးများသည်
ရှင်းလင်းစွာ၊ "ထောင်ထောင် တကယ်မယူဘူးလား? မယူဘူးနော်?" ဟုပြောနေသယောင်ပင်။
လုကောဖု
ထောင်ထောင့်အား အချိန်အတန်ကြာ ချော့မြူပြောဆိုပြီး ချိုချဉ်အချို့ပင် ပေးလိုက်ရသော်လည်း
သူမကတော့ လက်မလျှော့သဖြင့် သူပြန်၍ အခြားနည်းလမ်းစဉ်းစားရတော့သည်။
သူပြန်သွားသော်၊
လုထောင်ဘေးရှိ ကောင်မလေးများ ကြက်တူရွေးများကဲ့သို့ တီးတိုပြောဆိုကုန်ကြသည်။
"ထောင်ထောင်၊
ငါ့ကို စပါးလင်ချိုချဉ် ပြလို့ရလား?"
"ငါ့ကိုလည်းပြဦး။
ငါအရင်တုန်းက စားဖူးတယ်၊ အဲ့တော့ ငါစားကြည့်ပြီး အတုလားအစစ်လား ခွဲပေးမယ်။"
လုထောင်လည်း
စားချင်လာကာ၊ သူမအိတ်ကပ်ထဲမှ တစ်ခုထုတ်လိုက်ပြီး၊ "တစ်ခုလောက်အရင် စားကြည့်ရအောင်?"
ဟုပြောလေသည်။
သူမအခွံမခွာရသေးခင်ပင်၊
လုကျန်းအမြန်ပြေးလာပြီး ချိုချဉ်အား လုယူသွားလေသည်။ "ဒါငါ့ဟာ။"
လုထောင်လည်း
လန့်သွားပြီး ပြန်လိုက်လုလေသည်၊ "ပြန်ပေး၊ အဲ့တာ ထောင်ထောင့်ဟာ!"
"ယူနိုင်ရင်
လာယူလေ။ ငါ့ကိုမှီရင် ပြန်ပေးမယ်။"
လုကျန်း
သူ့လက်ထဲမှ ချိုချဉ်အား ရမ်းပြပြီး လှည့်ကာ ပြေးလေတော့သည်။
လုထောင်
အလွန်စိတ်တိုကာ သူမမျက်နှာနီရဲလာလေသည်။ သူမခြေဆောင့်ပြီး ပြေးလိုက်လေသည်။
လုကျန်းပြေးကာ
ကလေးမလေးအား ကလေးမလေးအား ရွာ၏ လူပြတ်သည့်နေရာသို့ ဦးဆောင်ခေါ်သွားလေသည်။
လုကောဖုသည်
ထိုနေရာမှစောင့်နေပြီး လူမရှိခိုက်၊ လုထောင်အားပါးစပ်ပိတ်ကာ၊ သူမအား မ ၍ပြန်သွားလေသည်။
မာသာ့ရှန်းသည်
သာ့ဟွာရွာနှင့် မနီးမဝေးတွင်နေရာ၊ လုကောဖုသည် လမ်းလျှောက်မြန်သူဖြစ်၍ ဆယ်မိနစ်အကြာတွင်
ရောက်ရှိသွားလေသည်။
လုထောင်အား
မြေကြီးပေါ်ချလိုက်သည်နှင့် သူမ မရင်းနှီးသော ပတ်ဝန်းကျင်ကိုမြင်၍ ငိုတော့မည့်အချိန်တွင်၊
ခပ်ပိန်ပိန်အမျိုးသမီးမှ အော်လိုက်လေသည်။ "လုကောပင်း၊ မင်းဘာလို့ ကိုယ်နဲ့သက်ဆိုင်တဲ့နေရာကို
မသွားဘဲ ဒီကလေးကို နှောင့်ယှက်နေတာလဲ?"
သူမ
အလွန်လန့်သွားကာ၊ မျက်ရည်များကိုထိန်းထားပြီး မျက်ရည်ဝဲနေသည့် မျက်လုံးလေးများဖြင့်
သနားစရာကောင်းလေသည်။
ဤအချိန်တွင်တော့၊
ဆရာမ၏ မျက်နှာထား နူးညံ့သွားကာ၊ "မင်းကလေးကို သတိရတယ်ဆိုတာသိတယ်၊ အဲ့တာကို နားလည်ပေးနိုင်တယ်။
ဒါပေမယ့် မင်းကပ်တွယ်နေတာကို ကလေးက ခံနိုင်မှာမဟုတ်ဘူး၊ အဲ့တာကြောင့် မင်းသူ့ဆီကခွာပြီး
တတ်နိုင်သမျှ မြန်မြန်သွားတာ ကောင်းမယ်။" ဟုပြောလေသည်။
ရှောင်လုထောင်
သူ၏ပြောင်းလဲသွားသော မျက်နှာထားကြောင့် လန့်သွားလေသည်။ သူမဘာမျှ မတုံ့ပြန်နိုင်ခင်မှာပဲ၊
အာ့ဝူလင်၏ အသံကို သူမနားထဲတွင် ကြားလိုက်ရလေသည်။ " မင်းကများ ပြောရတယ်ရှိသေးတယ်?
သွားရမယ့်သူက မင်းပဲ! မင်းတို့ တစ်မိသားစုလုံး ထွက်သွားကြ!"
ကလေးမလေး
ရုတ်တရပ် ယုံကြည်ချက်ရှိလာကာ၊ "ဖေဖေ! ဖေဖေ၊ ထောင်ထောင့်ကို ကာကွယ်ပေးမလို့ ရောက်လာတာလား?"
ဟုမေးလေသည်။
ထိုစကားလုံးများထွက်လာသော်၊
အခန်းအတွင်း တိတ်ဆိတ်မှု လွှမ်းမိုးသွားသည်။ ကူညီဖို့လာသည့် ဟယ်ချွိန်ဖန်ပင် မျက်နှာမကောင်းချေ။
တစ်နေ့က
အစ်ကိုဖြစ်သူအား ကယ်ရန် လုထောင်အဖေကိုခေါ်စဉ်က သူမ အတည်မယူခဲ့ပေ။ ဤကလေးမလေး သရဲတစ္ဆေ
မြင်နိုင်မည်ဟု သူမ မထင်ထားခဲ့ချေ။
မာသာ့ရှန်းမှာတော့
တည်ငြိမ်စွာပဲ၊ "မင်းရောက်လာပြီဆိုတော့ စကားပြောကြရအောင်။ လုမိသားစုကို အခုတလော
ဒုက္ခတွေပေးနေတာ မင်းမလား? မင်းတို့ညီအစ်ကိုနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ
မင်းတို့အမေအတွက် လွယ်တာမဟုတ်ဘူး၊ အဲ့တာကို မင်းကအခု ဒီလိုကျေးဇူးဆပ်တာလား?" ဟုတရားဟောလေသည်။
[အဲ့တာ
ငါ့အမေမှ မဟုတ်တာ။] အာ့ဝူလင်၏ အသံသည် စိတ်တိုသည့်အသံပေါက်လာသည်။ [ဒီစနစ်ကအရမ်းခေတ်မှီပြီး
နည်းပညာမြင့်တာ၊ ဘယ်လိုလုပ် သူနဲ့တန်မှာလဲ!]
သူအမြန်ပြောလိုက်သည့်အတွက်
ရှောင်လုထောင် နောက်ဆုံးစာကြောင်းကိုသာ ကြားလိုက်လေသည်။ "ဖေဖေက ပြောတယ်၊ သူနဲ့တန်လို့လား?"
အမျိုးသမီးလု
မျက်နှာပျက်သွားကာ၊ "ငါနဲ့မတန်ဘူး! နင့်လိုဟာလေးက ဒါမျိုး ဘယ်လိုလုပ် ပြောရဲတာလဲ!"
ဟုစိတ်တိုစွာ ပြောလေသည်။
သူမကိုတားသည်မှာ
ဟယ်ချွိန်ဖန်ဖြစ်သည်။ "စိတ်မတိုပါနဲ့။ အဲ့တာ ကောပင်း ဟုတ်မဟုတ်မှ မသိရသေးတာ။"
ဤအချိန်တွင်၊
မာသာ့ရှန်း မျက်နှာမှောင်မဲသွားပြီး၊ "မင်းက ငါပြောတာ နားမထောင်မှတော့ ငါ့ကို
အဆိုးမဆိုနဲ့။" ဟုပြောလေသည်။
သူမလုကောဖုအား
အချက်ပြလိုက်ပြီး၊ "ကောင်မလေးကို ကိုင်ထားပေး။" ဟုပြောလိုက်သည်။
လုကောဖုကိုယ်သည်
ရုတ်တရတ် ရေခဲသယောင် ရပ်တန့်သွားလေသည်။
"ဒါက
မကောင်းဘူးထင်တယ်နော်။"
"ဘာကမကောင်းလို့လဲ?
မကြိုက်ရင် သရဲကိုမင်းအိမ်မင်းပြန်ခေါ်သွားလိုက်။"
မာသာ့ရှန်း
ပြောအပြီးတွင်၊ လုထောင် လှည့်၍ ပြေးလေသည်။ "ဖေဖေ! ဖေဖေ၊ သူတို့က ထောင်ထောင့်ကိုဖမ်းချင်နေတာ!"
[ဘာလို့ပြေးနေတာလဲ?
မင်းအတွက် အရှုံးမရှိပါဘူး!] ၂၅၀ လျှပ်စီးကြောင်း အက်ကွဲသံတစ်ခုဖြင့်၊ [ဒီစနစ်အပေါ်ကို
မရိုင်းနဲ့။ လက်ခံသူ၊ သူတို့နဲ့ ရင်ဆိုင်ဖြေရှင်းလိုက်ပါ!]
လုထောင်နားမလည်၍
ပြန်မမေးခင်မှာပင်၊ အမျိုးသမီးလုသူမအား ဖမ်းမိသွားလေသည်။
အမျိုးသမီးလု
အားကုန်သုံးကာ သူမအား အထဲသို့ပြန်သယ်လာလေသည်။ "ကောင်းကောင်းနေ!"
ကလေးမလေးလည်း
ရုန်းကန်ကာ၊ ငိုယိုပြီး အကူအညီတောင်းလေသည်။ "ဖေဖေ! ဖေဖေ၊ သမီးကို ကယ်ပါဦး!"
ထို့နောက်
သူမသတိရသွားသည်မှာ အရင်တစ်ခေါက် သူမအဘွား သူမအစ်ကို ဖမ်းခဲ့စဉ်က သူမအစ်ကိုအား ရောင်းစားချင်၍ဖြစ်သည်။
ထောင်ထောင်
ရောင်းမစားခံချင်ဘူး!
လုထောင်အား
ကုတင်ပေါ်တွင် ချုပ်ထားသည်ကိုတွေ့သော်၊ မာသာ့ရှန်းသည် ကြက်သွေးထည့်ထားသောဇလုံအားကိုင်ကာ
သူမနဖူးတွင် သူ၏လက်ချောင်းဖြင့် ရေးဆွဲတော့မည်ဖြစ်သည်။ အာ့ဝူလင်မှ စိတ်လှုပ်ရှားနေလေသည်။
[ငါဘာလို့ မင်းလို အသုံးမကျတဲ့ လက်ခံသူနဲ့လာတွေ့နေရတာလဲ? မင်းက ဘာမှလည်းမတော်ဘူး၊ ကိုယ့်ကိုယ်ကို
အထင်တွေကြီးနေတာပဲရှိတာ။"
သို့သော်၊
ကလေးမလေးက သူပြောသည်ကို နားမထောင်အားဘဲ၊ "မလုပ်နဲ့! ထောင်ထောင့်ကို မလုပ်နဲ့!"
ဟုအော်လေသည်။
ရုတ်တရပ်
သူမနားတွင်ကြားသည့် လျှပ်စီးသံရပ်တန့်သွားပြီး၊ ၂၅၀ မှ [ထားလိုက်တော့၊ ထားလိုက်တော့။
မီးသီးကို ခွဲတုန်းကလို ထပ်လုပ်ပေးမယ်၊ စွမ်းအားလောက်မှာပါ။ မှတ်ထား၊ မြန်မြန်ပြေးရမယ်နော်၊
ဟုတ်ပြီလား။ ထောင်ထောင် အခုဖေဖေ့ကိုပြော၊ ဖေဖေကဘာလဲ?" ဟုပြောသည်ကို လုထောင်ကြားလိုက်ရသည်။
"ဖေဖေက၊
ဖေဖေက...အွတ်...ဖေဖေ..."
ကလေးမလေးငိုကာ၊
ရုတ်တရပ် သူမအတွက်ထူးဆန်းပြီး မရင်းနှီးသည့်စကားလုံးကို တွေးမိကာ၊ "ဖေဖေ၊ ဖေဖေကစနစ်——"
ဟုပြောလေသည်။
သူမပြောလိုက်သည်နှင့်
နူးညံ့သည့်အသံသည် စက်ရုပ်ဆန်သည့်အသံအဖြစ်သို့ ပြောင်းလဲသွားသည်။ [လက်ခံသူက စနစ်ရဲ့
စည်းမျဉ်းကို ချိုးဖောက်လိုက်ပြီး၊ အပြစ်ဒဏ်ခံရပါမယ်...]
စက္ကန့်ပိုင်းအတွင်၊
မိုးခြိမ်းသံပေါ်ပေါက်လာပြီး၊ရှောင်လုထောင်အား ထိလိုက်သည့် လက်ချောင်းသည် ဓာတ်လိုက်သကဲ့သို့
တွန့်သွားလေသည်။
အမျိုးသမီးလုနှင့်
လုကောဖုသည်လည်း လုထောင်အားချုပ်ထားရာ၊ သူတို့လည်း တစ်ချိန်တည်းမှာပဲ ကြမ်းကြမ်းတမ်းတမ်း
တုန်ခါလာလေသည်။
အိမ်ထဲရှိလေထုသည်
တင်းမာနေပြီး ဟယ်ချွိန်ဖန်လည်း ရုတ်တရပ် အပြောင်းအလဲကြောင့် ထိတ်လန့်သွားသည်။ သူမအတန်ကြာ
ထိတ်လန့်နေပြီးနောက် တံမြက်စည်းယူကာ ဓာတ်လိုက်နေသူများအား လူစုခွဲလိုက်လေသည်။
သူတို့သုံးဦး
ဒူးများအားလျော့ကာ ကြမ်းပြင်ပေါ်သို့ လဲကျကုန်သည်။ အမျိုးသမီးလုသည် သူမရင်ဘတ်ကိုပင်
လက်နှင့်ဖိထားရပြီး၊ သူမျက်နှာသည်လည်း ဖြူဖျော့နေလေသည်။
ထိုဗရုတ်များအကြား၊
မာသာ့ရှန်း၏ ကြက်သွေးပန်ကန်သည် သူမကိုယ်ပေါ်သို့ ပြန်မှောက်ပြီး သွေးသံရဲရဲဖြင့် ကြောက်စရာကောင်းနေလေသည်။
သို့သော်၊
သူမ မသုတ်နိုင်သေးဘဲ၊ ဆက်တိုက် ရေရွတ်နေလေသည်။ "ကောပင်း၊ ငါတောင်းပန်ပါတယ်...ငါမရည်ရွယ်ပါဘူး၊
ငါ မရည်ရွယ်ပါဘူး...၊ငါက ဒီတိုင်း၊ မင်းတို့အိမ်မှာ ပြဿနာတွေ တက်နေတယ်ဆိုလို့ ကူညီချင်တာပါ၊
ငါကြောက်ပါတယ်၊ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး..."
ဤအချိန်တွင်၊
ကုတင်ပေါ်တွင် လှဲနေသည့် လုထောင်၊ထလာပြီး သူမ၏ မျက်ရည်ရွှဲနေသော မျက်လုံးများဖြင့်
ကြည့်နေလေသည်။
ဟင်?
သူအခုမူးသွားတဲ့အချိန်မှာ
သူတို့အကုန်လုံး ဘာလို့သူ့ကိုလွှတ်လိုက်ကြတာလဲ?
အဲ့တာဖေဖေများလား?
ကလေးမလေး
အော်ခေါ်သော်လည်း၊ ခဏအကြာတွင်မှ၊ အသံတစ်သံကြားလိုက်ရသည်။ [ငါအားတွေအများကြီး သုံးလိုက်မိပြီ...
ငါ...ငါပြန်အိပ်ပျော်တော့မယ်…]