👻 Chapter 45
Viewers 3k

👻Chapter 45




"ခမည်းတော်အင်ပါယာ ငါ့ကိုမတွေ့ချင်တာကလည်း အကြောင်းရှိပါတယ်..ဖမည်းတော်က စွမ်းအားကြီးတယ်..ရွှီဖူနဲ့လီစစ် အစီအစဥ်ချပြီးဆောက်ထားတဲ့ သင်္ချိုင်းဂူနဲ့ဆို ခမည်းတော်ကဘယ်လောက်တောင်မှ စွမ်းအားတွေကြီးနေပြီလဲဆိုတာငါလည်းမသိဘူး..သာ့ချင်ပြည်ကြီးပျောက်ကွယ်သွားပြီဆိုတာကို သိရင်လည်းသိနေလောက်ပြီ..သာ့ချင်က ငါ့လက်ထဲမှာပျက်ဆီးသွားတာ..ခမည်းတော်အင်ပါယာက ငါ့၀ိညာဥ်ကိုမဆုတ်ဖြဲလိုက်တာပဲအတော်ထောက်ထားပေးလွန်းနေပါပြီ"


ရှီကျားမှာသဘောမတူနိုင်ခဲ့ချေ။ 


"ချင်ပြည်ထောင်က ခင်များလက်ထဲမှာ ပျက်ဆီးသွားတာမဟုတ်ပါဘူး..ဟောဟိုင်နဲ့ ကျောက်ကောင်းတို့လက်ထဲမှာပျက်ဆီးသွားရတာပါ"


ကျိရင် မငြင်းခဲ့ချေ။ သူကရုတ်ချည်းမေးလာခဲ့သည်။ 


"မင်းဘယ်သူနဲ့တူလဲသိလား"


ရှီကျား အသာတန့်သွားခဲ့လေသည်။ 


"ဘယ်သူနဲ့လဲ... "


ကျိရင် အသာပြုံးလိုက်၏။ 


"မင်းကငါ့ရဲ့.. "


ဘန်း..


ကျိရင်၏နောက်မှ အသံကျယ်ကြီးတစ်ခုကိုကြားလိုက်ရလေသည်။


ကြေးအံစာတုံးလေးမှာ ဟိုတယ်၏ ထူထဲသော မျက်နှာကျပ်အထိရှည်သည့် မှန်ပြတင်းပေါက်ကိုဖြတ်လျက် ကျိရင်ထံရုတ်ချည်းပြေး၀င်လာခဲ့လေသည်။ 


၀ူရှန်းချင်းလီ ရုတ်ချည်းပေါ်လာခဲ့လေရာ ကျိရင်မှာ တုန့်ပြန်ရန်အချိန်ပင်မရှိလိုက်ချေ။ သူသည်နောက်သို့ခြေလှမ်း၀က်ခန့်လျင်မြန်စွာဆုတ်လိုက်မိသည်။ သို့သော် ၀ူရှန်းချင်းလီမှာသူ၏လည်တိုင်ကိုပွတ်တိုက်သွားလျက် အရေပြားကိုစုတ်ပြဲသွားစေသည်။ ထူထဲသောယင်စွမ်းအင်များ တမဟုတ်ချင်းလျှံကျလာခဲ့သည်။


ယဲ့ကျင်းကျီမှာ ရုတ်ချည်း ရှီကျားနောက်တွင်ပေါ်လာခဲ့ပြီး ရှီကျားအားခါးမှဆွဲဖက်ကာ နောက်သို့ပို့လျက် ကာကွယ်လိုက်လေသည်။


ကျိရင်မှာ ၂ကြိမ်ခန့်ပြင်းထန်စွာချောင်းဆိုးလိုက်မိလေသည်။ သူ၏လည်တိုင်မှဒဏ်ရာမှာပြန်မကောင်းသေးပဲ ယင်စွမ်းအင်များမှာ အဆုံးမဲ့စွာလျှံကျနေခဲ့လေသည်။ ထိုစဥ်သူ၏ခါးတွင်ချိတ်ဆွဲထားသော သွေးနီရောင်ကျောက်စိမ်းပြားထံမှ သွေးရောင်အရှိန်အ၀ါတချို့ ထွက်လာပြီး သူ၏လည်တိုင်မှဒဏ်ရာကိုပွတ်သပ်လိုက်လျှင် ဒဏ်ရာမှာတဖြည်းဖြည်းကောင်းမွန်ဟန်ပြသလာခဲ့သည်။


ယဲ့ကျင်းကျီ. ရှီကျားကိုလှည့်ကြည့်လိုက်လေသည်။ 


"ကိုယ်နောက်ကျသွားတယ် မင်းအဆင်ပြေရဲ့လား"


ရှီကျားတုန်လှုပ်စွာဆိုလာခဲ့လေသည်။


"ခင်များရောက်လာတာမြန်လှချည်လား"


ကျိရင် အချိန်အကြာကြီး ချောင်းတဟွတ်ဟွတ်ဆိုးနေခဲ့သည်။ သူ၏လည်တိုင်မှဒဏ်ရာမှာ ကျောက်စိမ်းပြားကြောင့်ပျောက်ကင်းသွားချေပြီ။ သူသည်ခေါင်းကိုမော့လျက် ရှီကျားနှင့်ယဲ့ကျင်းကျီကိုကြည့်ကာ ရှုပ်ထွေးစွာဆိုလာခဲ့လေသည်။


"မင်းကမှော်အစွမ်းကိုသုံးပြီးဒီကဆရာသခင်ကို သတင်းပို့လိုက်တာလည်းငါမတွေ့ပါဘူး..ဒီဆရာသခင်ကဘယ်လိုလုပ်ပြန်ရောက်လာတာလဲ..ထိုက်ဟော်ဓါးက ကမ္ဘာအပါးဆုံးနဲ့ အထက်ဆုံးဓါးပဲ..သူကအစီအရင်ပိုင်ရှင်သတိမထားမိပဲနဲ့ အစီအရင်ကို ခုတ်ဖြတ်နိုင်တယ်"


ရှီကျားမှာ သူ၏ညအိပ်၀တ်စုံ အိပ်ကပ်ထဲမှ ဖုန်းကိုထုတ်ယူလိုက်လေသည်။ 


"ဆရာယဲ့ကိုသတင်းပို့ဖို့ ဘာမှော်အစွမ်းမှမသုံးခဲ့ဘူး..ဒါပေမယ့်ခင်များပေါ်လာကတည်းက ခင်များရှေ့မှာတင်ပဲ wechatနဲ့ဆရာယဲ့ဆီ စာပို့ခဲ့တာလေ"


ကျိရင်မှာ ရှီကျား၏လက်ထဲမှဖုန်းကို ရှုပ်ထွေးစွာကြည့်လိုက်လေသည်။


ရှီကျားမှာ ရှေးခေတ်မှမသိနားမလည်သူတစ်ယောက်ကိုအနိုင်ကျင့်မိသလိုခံစားရကာ ရှက်ရွံ့သွားမိသည်။


ယဲ့ကျင်းကျီမှာ ရှီကျားမထိခိုက်ထားသည်ကိုတွေ့တော့မှသာ သက်ပြင်းရှည်ကြီးကိုချလိုက်မိလေသည်။ ထို့နောက် သူ၏တစ်ကိုယ်လုံးထံမှလျှံထွက်နေသည့် လူသတ်လိုသည့်အရှိန်အ၀ါများမှာလည်း အနည်းငယ် လျော့ကျသွားခဲ့လေသည်။ သူသည့်လက်ကိုလှန်လျက် ၀ူရှန်းချင်းလီကိုထုတ်ယူလိုက်ပြီး ကျိရင်းအား အေးစက်စွာကြည့်လိုက်လေသည်။ သူသည် ထိုအံစာတုံးဖြင့် ကျိရင်အားနောက်တစ်ကြိမ်ပစ်ပေါက်ရန်ပြင်လိုက်စဥ်မှာပင် ရှီကျားမှာ သူ၏လက်ကိုဆွဲလျက်တားလိုက်လေသည်။


"ဆရာယဲ့..ကျွန်တော့်အထင် ချင်စန်းရှီမှာ ဘာမကောင်းတဲ့စိတ်မှမရှိလောက်ပါဘူး..ကျွန်တော်တို့ သူ့ကိုအရင်ဆုံးနားထောင်ကြည့်ကြရင်ရော..ဘယ်လိုလဲ"


ယဲ့ကျင်းကျီ ရုတ်ချည်းကြောင်တောင်တောင်လေးဖြစ်သွားသည်။ 


ရှီကျားက ယဲ့ကျင်းကျီ သူ့အားမယုံဟုထင်၍ ထပ်မံရှင်းပြလိုက်၏။ 


"အခုလေးတင် ကျွန်တော်ကျိရင်နဲ့စကားနည်းနည်းပြောနေခဲ့တာ..သူကလူကောင်းပါ ကျွန်တော့်ကိုလည်း ထိခိုက်အောင်မလုပ်ပါဘူး" 


ဒါပေါ့..သူ့မှာလည်းကျွန်တော့်ကိုထိခိုက်အောင်လုပ်နိုင်တဲ့အစွမ်းမျိုးမရှိပါဘူး


၄င်းမှာအတွေးမျှသာဖြစ်ကာ ရှီကျားကဆက်၍ပြောလိုက်သည်။


"ကျိရင်ပြောတာတော့ သူသေပြီးတော့ သူ့ရဲ့ယုံကြည်ရတဲ့ ကုန်ကုန်းက သူ့ကိုသင်္ချိုင်းဂူထဲသယ်သွားပေးခဲ့တာတဲ့..သူကဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ဖူးပါဘူး..သူကလွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကပဲထွက်လာတာ ခင်များတို့ရွှမ်းရွှယ်လောကကလူတွေကလည်း သူ့နောက်ကတချိန်လုံးလိုက်နေခဲ့ကြတာပဲ.. ဒီလောက်ရက်တွေကြာသွားတာတောင် သူ့ကြောင့်ဘာမတော်တဆမှုမှမဖြစ်ခဲ့တာ.."


ယဲ့ကျင်းကျီမှာ ရှီကျားကို ကြောင်တောင်တောင်လေးကြည့်နေဆဲဖြစ်ကာ ဘာမျှမဆိုသေးချေ။


ရှီကျားမှာ ဆရာယဲ့၏ထိုပုံစံကိုမြင်သော် အခြားတစ်ခုခုတွေးနေသည်ဟု အထင်မှားသွားခဲ့ပြန်သည်။


"ကျိရင်က ရုပ်ရှင်မြို့တော်မှာ ရိုက်ကူးရေးတစ်ခုရဲ့ မျက်နှာကျက်ကို ၂ခါတောင် ချိုးခဲ့တာတော့ဟုတ်ပါတယ်..ဒါပေမယ့် သူ့ကြောင့်ဘယ်သူမှမထိခိုက်ခဲ့ရဘူးလေ..ကျွန်တော်ထင်တာကတော့မျက်နာကျက်ပြိုကျရင် တစ်ယောက်ယောက်ကတော့ ကျိန်းသေဒဏ်ရာရမှာပဲ..ဘယ်သူမှဘာမှမဖြစ်ခဲ့မှာတော့ ကျိရင်ကတမင်တကာဘာမှမဖြစ်အောင် ထိန်းချုပ်ထားခဲ့လို့ပေါ့ ..မဟုတ်ဘူးလား ဆရာယဲ့"


ယဲ့ကျင်းကျီမှာ ရှီကျားကိုထိုအတိုင်းစိုက်ကြည့်နေဆဲပင်။


ရှီကျား"....ဆရာယဲ့?" 


ယဲ့ကျင်းကျီ"....."


ရှီကျား"....?"


ယဲ့ကျင်းကျီ"......"


ရှီကျားမှာ ခေါင်းကိုငုံ့ကြည့်လိုက်သော် မိမိမှာ ယဲ့ကျင်းကျီ၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိသည်ကိုတွေ့လိုက်ရလေသည်။ ထိုအခါမှသာသူ၏အလွန်တရင်းတနှီးပြုမူမှုကြောင့် ဆရာယဲ့မှာ မသက်မသာဖြစ်နေကြောင်းသတိထားမိသွားခဲ့လေသည်။ ထို့ကြောင့် သူလက်ကိုအလျင်အမြန်လွှတ်လိုက်မိလေသည်။


ယဲ့ကျင်းကျီမှာ ရုတ်ချည်းအနည်းငယ်ဆုံးရှုံးသွားသလိုခံစားရလေသည်။


ရှီကျားကဆိုလိုက်သည်။


"ဆရာယဲ့..ကျွန်တော့်အထင် ကျွန်တော်တို့ ကျိရင်ပြောတာကို အရင်နားထောင်ကြည့်သင့်တယ်..သူဒီကိုဘာလို့ထွက်လာတာလဲ ..ဘာအစီအစဥိတွေရှိနေတာလဲပေါ့..ပြီးမှကျွန်တော်တို့စဥ်းစားကြတာပေါ့ အိုကေ?"


ယဲ့ကျင့်ကျီလေသံမှာ အနည်းငယ်တိုးနေခဲ့သည်။


"ကောင်းပြီ"


ကျိရင်မှာ နှစ်ပေါင်း၂၀၀၀ကျော် ယင်စွမ်းအင်များရှိကာ သင်္ချိုင်းဂူလိုနေရာမျိုးတွင် တချိန်လုံးနေထိုင်ခဲ့ခြင်းဖြစ်လေသည်။ ရွှမ်းရွှယ်လောကမှလူများ ကသူ့အား အန္တရာယ်အဖြစ်မြင်ကြသည်မှာ သူ့တွင်လူသားများကိုထိခိုက်စေလိုစိတ်ရှိပါက ကပ်ဘေးအကြီးကြီးကို ဖြစ်သွားစေနိုင်၍ပင်။


ထို့အပြင် ကျိရင်မှာ ထိုက်ဟော်ဓါးနှင့် ဟယ့်ရှီပေ့ကိုကိုင်စွဲထားမှန်း သိရသော် ၄င်းမှာ ရွှမ်းရွှယ်လောကမှလူများအတွက် ခြိမ်းခြောက်မှုကိုပိုကြီးသွားစေသည်။ လူတစ်ဦးနှင့်တစ်ဦး တွေ့တွေ့ချင်းတိုက်ခိုက်ကြခြင်းမှာ လူအချင်းချင်းဆိုလျှင် ရိုင်းသည်ဟုယူဆနိုင်သော်လည်း နှစ်ထောင်ချီအငြိုးကြီး၀ိညာဥ်နှင့်ယှဥ်လျှင် ၄င်းမှာ သာမာန်တုန့်ပြန်မှုသာဖြစ်လေသည်။


လုံခြုံမှုက တောင်းပန်ရခြင်းထက်ပိုအရေးကြီးသည်။ 


ရှီကျား၏အာမခံမှုကိုရရှိပြီးနောက် ယဲ့ကျင်းကျီမှာ ၀ူရှန်းချင်းလီကိုသိမ်းလိုက်ကာ ကျိရင်၏စကားများကို စတင်နားထောင်တော့သည်။


ကျိရင်ကဆိုသည်။ 


"ငါဒီနှစ်ပေါင်း၂၀၀၀ကျော်အထိ အိပ်နေခဲ့တာ..တခါတလေငါနိုးလာရင် သင်္ချိုင်းဂူထဲမှာ တစ်ယောက်တည်းလမ်းလျှောက်တတ်တယ်..ခမည်းတော်ရဲ့သင်္ချိုင်းဂူမှာ စုစုပေါင်း၇ထပ်ရှိတယ်.. ငါကတော့ပထမ၃ထပ်ကိုပဲသွားကြည့်လို့ရတာ.. ငါမှတ်မိတာတော့ ငါအိပ်နေရမယ့်အချိန်မှာ အသံတစ်ခုကိုကြားလိုက်တယ်လေ.. ငါလည်းနိုးလာပြီးကြည့်လိုက်တော့ နှစ်၃၀၀၀ိညာဥ်လေးတစ်ကောင်ကိုတွေ့တယ်..သူ့ကိုယ်ပေါ်မှာ လူတွေအများကြီးကိုသတ်ခဲ့တဲ့ သွေးညှီနံ့ကအရမ်းပြင်းနေတော့ ငါလည်း သူ့ကိုသတ်လိုက်တယ်..နောက်ရက်နည်းနည်းလည်းကြာရော ဘုန်းကြီးတစ်ပါးကိုတွေ့တယ်လေ..ငါသူ့ကိုဘာမှမပြောရသေးခင်မှာပဲ သူမေ့လဲသွားတယ်..ဘာလို့လဲတော့မသိဘူး..သူမေ့မလဲခင်တော့ ငါ့ကိုစိတ်ပုတီးလုံးနဲ့ကောက်ပေါက်သွားတာပဲ..ငါလည်းဘေးကိုရှောင်လိုက်တော့ သင်္ချိုင်းဂူရဲ့အစီအရင်ကို မှန်ပြီး အကွဲကြောင်းသေးသေးလေးပေါ်လာတာပဲ..အကွဲကြောင်းလေးကလည်း သူ့အလိုလိုပြန်ပိတ်သွားတော့မှာလေ..ငါလည်း အပြင်လောကကြီးကိုမတွေ့ရတာကြာပြီဆိုတော့ အကွဲကြောင်းပြန်မပိတ်ခင် အမြန်ထွက်လာလိုက်တာပဲ"


ရှီကျား တန့်သွားမိလေသည်။


"အဲလောက်ရိုးရှင်းတာလား.."


ကျိရင်ခေါင်းညိတ်လျက်ပြုံးလိုက်လေသည်။


"အဲလောက်ရိုးရှင်းတာလား"


ယဲ့ကျင်းကျီခေါင်းညိတ်လျက်ပြုံးလိုက်လေသည်။ 


"အဲလောက်ကိုရိုးရှင်းတာပါ"


ယဲ့ကျင်းကျီမှာ အလေးအနက်တွေးပြီးနောက်ဆိုလိုက်သည်။ 


"မင်းလူတစ်ယောက်ကိုသတ်ပြီး သူ့ခန္ဓာကိုယ်ကိုအပိုင်စီးလိုက်ရင် လက်ရှိလောကမှာ သာမာန်လူလိုနေလို့ရတယ်..မင်းရဲ့စွမ်းအားအပြင် ဟယ့်ရှီပေ့နဲ့ ထိုက်ဟော်ဓါးနဲ့ဆိုရင် ငါတို့တွေမင်းကိုရှာမတွေ့မှာတောင်စိုးမိတယ်.."


ကျိရင်မှာ ခြောက်ကပ်ကပ်နှင့်ရယ်လိုက်လေသည်။


"ငါကယင်ကျိရင်ပါ..ဘယ်တော့မှ အခြားသူတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး"


၄င်းကိုကြားသော် ရှီကျားမှာ ကျိရင်ကိုကြည့်လျက် အနည်းငယ်နားလည်သွားခဲ့လေသည်။ သူ၏ရှေ့မှာလူရွယ်လေးမှာ စိတ်သဘောထားကောင်းမွန်ကာ ရင်းနှီးလွယ်ပုံပေါ်သော်လည်း တကယ်တမ်းတွင် သူသည်အင်ပါယာတစ်ဦးဖြစ်လေသည်။ သူ့တွင် အင်ပါယာတစ်ဦး၏ ဘ၀င်နှင့် ကြီးမြတ်မှုတို့ရှိနေဆဲပင်။ သေဆုံးသွားပြီးသည့်တိုင် သူ၏သရုပ်မှန်ကိုစွန့်လွှတ်လျက် အခြားသူတစ်ယောက်ဖြစ်မလာနိုင်ချေ။


ရှီကျား မနေနိုင်ဘဲမေးလိုက်မိလေသည်။


"ဒါဆိုနောက်ပိုင်းရ္ ခင်များဘာဆက်လုပ်ဖို့စီစဥ်ထားလဲ"


"ဟေး..ချင်စန်းရှီ..မင်းအသက်ကိုဒီမှာထားခဲ့စမ်း..အာ..ပြတင်းပေါက်ကဘယ်ရောက်သွားတာတုန်း..အရေးမကြီးပါဘူး..မင်းအသက်ကိုသာ ဒီအဘိုးကြီးကိုပေးလိုက်တော့"


ဒေါသတကြီးအော်သံတစ်ခုမှာ လေထုကိုခွင်းဖြတ်လာခဲ့လေသည်။ ရှီကျားလှည့်ကြည့်လိုက်သော် မုတ်ဆိတ်ဖြူတို့ဖြင့် တာအိုဆရာကြီးတစ်ဦးမှာ မျက်နှာကျက်အထိမြင့်သော ဟိုတယ်ပြတင်းပေါက်ထံသို့ လျင်မြန်သောအရှိန်ဖြင့်ပျံသန်းလာသည်ကိုတွေ့လိုက်ရလေသည်။ သူ၏လက်တို့မှာ မက်မွန်သားဓါးကိုကိုင်ဆွဲလျက် ကျိရင်ထံလှမ်း၍ထိုးလိုက်လေသည်။


ထိုတာအိုဆရာကြီးမှာ စကားမဆိုပဲချက်ချင်းတိုက်ခိုက်တတ်သော ယဲ့ကျင်းကျီကဲ့သို့မဟုတ်ပဲအလွန်ခပ်မိုက်မိုက်ဟန်ဖြင့် ၀င့်ကြွားစွာ ဟိတ်ဟန်ထုတ်စကားလုံးတချို့ကိုရေရွတ်လိုက်သေးသည်။ သူ၏ လူမရောက်ခင် အသံပေးပြီး၀င်ရောက်လာခြင်းမှာ ကျိရင်အတွက် ပြင်ဆင်ချိန်အပြည့်အ၀ပေးထားသည့်အလား။ ကျိရင်မှာ ကြမ်းပြင်ကိုရိုက်ချလျက်ထိုက်ဟော်ဓါးကိုဆွဲထုတ်လိုက်လေသည်။ ထို့နောက် ထိုက်ဟော်ဓါးနှင့်ပင် တာအိုဆရာကြီး၏ဓါးကို ရိုးရှင်းစွာခုခံလိုက်လေသည်။


"ခရက် .."


မက်မွန်သားဓါးမှာ ၂ပိုင်းကျိုးသွားခဲ့လေသည်။


ရှီရှန်းတောက်ရန်မှာ ကြောင်အသွားခဲ့သည်။


"ဒီအဘိုးကြီး..ဒီအဘိုးကြီးရဲ့ဓါး.."


ယဲ့ကျင်းကျီမှာ အမူအယာမဲ့စွာဆိုလာခဲ့သည်။


"စီနီယာချီရှန်း ကျိရင်ကထိုက်ဟော်ဓါးကိုသုံးတာလို့ ဒီဂျူနီယာပြောခဲ့ပါတယ်"


ဆိုလိုသည်မှာ သူ၏မက်မွန်သားဓါးမှာ ထိုက်ဟော်ဓါးရှေ့တွင် မုန်လာဥလှီးပြီး ပန်းသီးပဲအခွံနွှာလို့ရသည်ဟုဆိုလိုခြင်းပင်။


ချီရှန်းတောက်ရန်မှာ အလွန်ပေါက်ကွဲလျက် သူ၏လည်ချောင်းထဲမှ ကောင်းကင်ဘုံဟိန်းသံတစ်ခုဆန်တက်လာတော့သည်။


"ဒီအဘိုးကြီးရဲ့ဓါးကိုပြန်လျော်ပေး"


ယဲ့ကျင်းကျီမှာချက်ချင်းပင် ရှီကျား၏နား၂ဖက်ကိုကာကွယ်ပြီး အကာအကွယ်အစီအရင်ချပေးလိုက်လေသည်။ ကျိရင်မှာ ထိုက်ဟော်ဓါးကိုမြှောက်လျက် ထိုပြင်းထန်သောအသံလှိုင်းများကိုတို့ဟူးတုံးနှယ်ခုတ်ဖြတ်လိုက်လေသည်။


ထိုက်ဟော်ဓါးမှာချူပြည်ထောင်၏ နိုင်ငံတော်ရတနာတစ်ခုဖြစ်သင့်ပေသည်။ ကောင်းကင်ဘုံဟိန်းသံကဲ့သို့ တိုက်ခိုက်မှုမှာ ဒဏ္ဍာရီလာဓါးရှေ့တွင် ထုတ်တောင်မဆိုသင့်ချေ။


ချီရှန်းတောက်ရန်"....."


နောက်အခိုက်အတန့်တစ်ခုတွင် ချီရှန်းတောက်ရန်မှာ ယဲ့ကျင်းကျီ၏နောက်သို့ခုန်၀င်ကာပုန်းလိုက်တော့သည်။ 


"တာအိုရောင်းရင်းလေးယဲ့..ဒီအဘိုးကြီးကအိုနေပါပြီ..သရဲဖမ်းတာတို့ဘာတို့ဆိုတာ မင်းတို့လူငယ်တွေနဲ့ပဲဆိုင်တာပေါ့"


ရှီကျား"....."


ယဲ့ကျင်းကျီ"....."


ကျိရင်"......"


သိပ်မကြာလိုက်ခင်မှာပင် ရွှမ်းရွှယ်လောက၏ အင်အားအလုံးအရင်းကြီးမှာလည်း ကွဲနေသော ဟိုတယ်ပြတင်းပေါက်မှတဆင်၀င်လာကြတော့သည်။


ရှီကျားမှာ ထိုဟိုတယ်ပြတင်းပေါက်မှ၀င်လာသော ဆံပင်ဖြူ မုတ်ဆိတ်ဖြူများနှင့် တာအိုဆရာကြီးများကို အကူအညီမဲ့စွာကြည့်နေခဲ့မိလေသည်။ လူအိုကြီး၁၀ယောက်နှင့် အမျိုးသမီးတာအိုဆရာ၈ယောက်ခန့်မှာ ရှီကျား၏ အိပ်ခန်းတွင်တန်းစီနေခဲ့ကြသည်။ လူများမှာတစ်ဦးနှင့်တစ်ဦးတိုးကြိတ်နေကြလေသည်။ ကျိရင်ပင်လျှင် ချောင်တစ်ချောင်တွင် ကပ်နေရလေသည်။


ယဲ့ကျင်းကျီမှာ ခေါင်းကိုငုံ့လျက်ရှင်းပြလာခဲ့သည်။


"တောင်းပန်ပါတယ်..ဒီလိုဖြစ်မယ်လို့မထင်ထားဘူး..မင်းကိုယ့်ကိုစာပို့တော့ ကိုယ်လည်း 'ghosts know'ဆီကိုပါပို့လိုက်မိတာ.."


ရှီကျားလျှင်မြန်စွာပင် wechatကိုဖွင့်ကြည့်လိုက်မိလေသည်။


ထင်သည့်အတိုင်းပင် ' ghosts know'မှာ "ချင်စန်းရှီက ချန်းအန် XXဟိုတယ်မှာ' ဟူသောသတင်းကို ခေါင်းစဥ်ကြီးဖြင့်ဖော်ပြထားပြီးဖြစ်သည်။


ထိုအခိုက်အတန့်တွင် ရွှမ်းရွှယ်လောကမှ အကြီးကျယ်ဆုံး ဆရာသခင်များမှာ အတူတကွစုဝေးနေခဲ့ကြလေသည်။


စီနီယာဆရာကြီးများမှာ ကောင်းကင်တွင်ပျံသန်းလျက် လျင်မြန်စွာခရီးနှင်နိုင်ကြလေသည်။ ရှီကျား၏မက်ဆေ့ကိုရရှိချိန်တွင် ယဲ့ကျင်းကျီမှာ လမ်းတစ်၀က်မျှသာရှိနေဆဲဖြစ်သည်။ သူသည်ပူပန်မှုကြီးစွာနှင့် အလျင်စလိုပျံသန်းလာခဲ့ပြီး ဟိုတယ်သို့အရင်ဆုံးရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။ သူ၏နောက်တွင်မူ ရွှမ်းရွှယ်လောက၏ဆရာသခင်ကြီးများလိုက်ပါလာခဲ့သည်။ မျိုးဆက်သစ်ဆရာသခင်ငယ်လေးများမှာတော့ ချန်းအန်ရှေးဟောင်းမျိုးတော်၏ ဂိတ်၀မျှတော့ရောက်လောက်ချေပြီ။


အိပ်ခန်းမှာ အလွန်ကြီးမားသည်ဟုဆိုနိုင်လေသည်။ သို့သော် များစွာသောဆရာသခင်များအတူရပ်နေကြပြီးနောက် ရှီကျားနှင့်ယဲ့ကျင်းကျီမှာ ချောင်တွင်သာကပ်နေရတော့သည်။


 á€›á€žá€Žá€€á€ťá€Źá€¸ ကျိရင်ကိုကြည့်လျက် အားနာစွာဆိုလိုက်လေသည်။


"တောင်းပန်ပါတယ်..သူတို့ကဒီလိုပဲ..နည်းနည်းစိတ်ထင်ရာလုပ်တတ်တယ်"


နံရံတွင်ကပ်နေရသော ကျိရင်ကပြုံးလာခဲ့လေသည်။


"ဒုက္ခမများပါဘူး"


ဤနေရာတွင်သရဲဖမ်းရန်ရောက်ရှိလာခဲ့ကြသော်လည်း အားလုံးအတူကြပ်ညပ်နေကြလေရာ လှုပ်ရှားရန်ပင်ခက်ခဲလေသည်။ ရှီကျားမှာ လူအုပ်ထဲမှ တိုးထွက်လျက် တံခါးကိုသွား၍ဖွင့်လိုက်လေသည်။ ထို့နောက်တစ်ယောက်ချင်းစီ အိပ်ခန်းထဲမှ ဧည့်ခန်းသို့ကူးသွားမှသာ အသက်၀၀ရှူနိုင်တော့လေသည်။ ဧည့်ခန်းတွင် ဆရာသခင်များမှာ သူတို့၏ရတနာပစ္စည်းကိုယ်စီကိုထုတ်ယူလျက် ကျိရင်ကို ရင်ဆိုင်လိုက်ကြသည်။


"ချင်စန်းရှီ..ချက်ချင်းအညံ့ခံလိုက်"


"အောမိသောဖော..ဒီဘုန်းဘုန်းရဲ့ စိတ်ပုတီးလုံးတွေက မျက်စိမပါဘူးနော်"


"ဒီအဘိုးကြီးကမင်းကို မိုးကြိုး၅စင်းပစ်လွှတ်လိုက်မယ်"



👻