Chapter 14
Viewers 515

လန်စီမှာ အိပ်မက်တစ်ခုမက်ခဲ့သည်။

သူသည် အိပ်မက်ထဲတွင် ရေသူထီး ဖြစ်မလာသေးချေ။

ရေသူထီး ဖြစ်လာသည့် အရာအားလုံး-

ကြီးမားသော ရေဘဝဲနှင့် ကြုံတွေ့ရပြီး ထောင်မှလွတ်မြောက်ရန် သန္တာအရိုးများအတွင်းမှ အနက်ရောင် ရေသူထီးလေးအား ဆွဲထုတ်ကာ တုံးအသည့် ရေခူနှင့် စကားစမြည်ပြောဆိုခြင်း၊ နောက်ဆုံးတွင် လန်စီ နိုးလာသည့်အခါ အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ဒါတွေအားလုံး လန်စီအရက်မူးနေသည့်အတွက် ယုတ္တိမတန်သည့် အိပ်မက်များမက်နေခြင်းပင်။

အိပ်မက်မှနိုးလာသောအခါ လန်စီ သည် နာကျင်နေသော ပုခုံးများကို ပွတ်သပ်ပြီး အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။

 သူအိပ်မက်မက်နေစဉ်အတွင်းသူလုပ်ခဲ့သမျှနှင့်သူကြုံတွေ့ခဲ့ရသည့် သတ္တဝါများကို ပြန်သတိရသောအခါ လန်စီ သည် သူ၏ စိတ်ကူးစိတ်သန်းများ သည်ပုံမှန်ထက်လွန်ကဲလွန်းနေသည်ဟုသက်ပြင်းချမိ၏။

ထို့နောက် လန်စီ သည် အိပ်ယာမှထလာပြီး ပင်လယ်လေရှုရန် မှင်သက်လျက် မတ်တပ်ရပ်ကာ အခန်းတံခါးဆီသို့ ဒယီးဒယိုင် လျှောက်သွားကာ တံခါးကို ဖွင့်လိုက်သည်။

အပျော်စီးသင်္ဘော အပြင်ဘက် ကောင်းကင်မှာ မိုးသည်းထန်စွာ ရွာနေပြီး မြင်ကွင်းက မှောင်မဲနေသည်။ သူ့ရှေ့ရှိမြင်ကွင်းမှာ သွေးများစွန်းထင်းနေသလိုပင်။

အော်ငိုသံများနှင့် အော်ဟစ်သံများသည် နားထဲတွင် အဆုံးမရှိကြားနေရ၏။

အနက်ရောင်ပုံရိပ်ကြီးတစ်ခုသည် အပျော်စီးသင်္ဘောရှေ့တွင် ရပ်နေပြီး လန်စီ သည် ၎င်းကို မှင်သက်ကာကြည့်နေမိ၏။ယင်းသည် ဖြေးညှင်းစွာလှည့်လာပြီး ကြီးမားသည့် ပါးစပ်ကြီးအား ဖွင့်ဟလိုက်၏။

ပါးစပ်အတွင်းပိုင်းတွင် ချွန်ထက်သော သွားများအထပ်လိုက်ရှိသည်။ ပင်လယ်မွန်းစတားသည် အပျော်စီးသင်္ဘော၏ ဦးခေါင်းပိုင်းကို ကိုက်လိုက်သည်။ ဖျက်ဆီး၍မရသော သံမဏိဟုခေါ်သော သတ္တုသည် ပင်လယ်ဘီလူး၏ သွားများထဲတွင် စက္ကူတစ်စပမာ ကျိုးပဲ့သွားသည်။ အပျော်စီးသင်္ဘောကို ဆုတ်ဖြဲပစ်လိုက်ပြီး ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။

လန်စီသည် ရပ်မနေနိုင်ပဲ ကုန်းပတ်ပေါ်မှ ချော်ကျကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။

အဆုံးမရှိသောပင်လယ်တွင် ဆားငံရေများသည် သူ့ပါးစပ်နှင့်နှာခေါင်းထဲသို့ ချက်ချင်းတိုးဝင်လာကာ သူ့အဆုတ်ထဲတွင်ပြည့်နှက်သွားပြီး အသက်ရှူကြပ်သည့်ခံစားချက်က လန်စီကို အဆက်မပြတ်ရုန်းကန်ကာ ကူးခတ်ဖို့ကြိုးစားစေ၏။

သို့သော် လန်စီ သည် အပေါ်သို့ကူးခတ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေစဉ် ရုတ်တရက် တစ်စုံတရာက ခြေဖဝါးကို ဖမ်းဆွဲလိုက်သလို ခံစားလိုက်ရသည်။

သူ၏မသိစိတ်အောက်အရ  ငုံ့ကြည့်လိုက်ရာ သူဘယ်တော့မှ မေ့မရနိုင်သည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။

အနက်ရောင် ရေသူထီးလေးဟာ ပင်လယ်နက်ရဲ့ အရိပ်ထဲက ကူးခတ်ကာတိုးထွက်လာပြီး  သူ၏အမြီးသည်မှင်ရောင် နက်မှောင်နေသည့် ပင်လယ်ထဲတွင်လှုပ်ယမ်းနေလျှက်  တစ္ဆေတစ်ကောင်ကဲ့သို့ သူ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲထား၏၊

လန်စီ က သူ့ကိုကြည့်နေတာကိုမြင်တော့ အနက်ရောင်အမြီးနှင့် ရေသူထီးလေးက လန်စီ ကို ပြုံးပြပြီး အနီရောင်တောက်တောက် နှုတ်ခမ်းတွေ အပေါ်သို့ တွန့်ကွေးသွား၏။

ထို့နောက် အနက်ရောင် ရေသူထီးလေးက လန်စီ၏ခြေထောက်များကို ဆွဲကာ သူအော်ဟစ်နေသည်ကို လျစ်လျူရှုပြီး ချောက်နက်ကြီးထဲသို့ ဆွဲချသွား၏။

ချွေးများထွက်ရင်း အိပ်မက်ဆိုးထဲမှ လန့်နိုးလာပြီးနောက် အသက်လုရှုနေရကာ သူ့အိပ်မက်ဆိုး မက်ရခြင်း၏ ရင်းမြစ်ကို အမြန် နားလည်လိုက်သည်။

သူနှင့် ဝင်ဆာတို့သည် ကျောက်ကုတင်ပေါ်တွင် အိပ်ကြပြီး ဝင်ဆာသည် သူ့ရင်ခွင်ထဲတွင် အလွန်ကြီးစိုးခြယ်လှယ်စွာ ဖက်ထားပြီး ၎င်းတို့နှစ်ဦး၏ ငါးအမြီးများက လိမ်ယှက်နေကာ အကုန်လုံးက ဒီအိပ်မက်က ဘာကြောင့်မက်ရတာလဲဆိုတာ ညွှန်ပြနေ၏။

လန်စီက သူ့ခါးကို ဖက်ထားတဲ့ လက်ကို ကြည့်ပြီး ပြောစရာစကား အနည်းငယ် ပျောက်ရှသွား၏။

ဒါကတော့ မနေ့က ဝင်ဆာ ရှာတွေ့ခဲ့သည့် အသိုက်တစ်ခုဖြစ်၏။ အထဲမှာ မျက်နှာပြင် ညီညာတဲ့ ကျောက်တုံးကြီး ရှိတယ်။ ဝင်ဆာသည် ပင်လယ်ရေမှော်များကို  အသုံးပြုပြီးနောက် ကျောက်တုံးမွေ့ယာအဖြစ် ကြုံသလို ဖန်တီးလိုက်ရသည်။

ဤနေရာတွင် သူ့ကိုထိန်းထားပေးမည့် အနီမိုနီပန်းများ မရှိသောကြောင့် လန်စီ သည် ညဘက်အိပ်ပျော်နေရင်း ရေစီးကြောင်းနှင့် လွင့်မျောသွားမည်ကို သူစိုးရိမ်မိသည်ဟု ဝင်ဆာ က ပြောသည်။

 

ထို့ကြောင့် ဝင်ဆာ သည် လန်စီအိပ်ပျော်နေစဉ် မတော်တဆ ပျောက်ဆုံးသွားမည့်အရေးကို ကာကွယ်ရန် အလို့ငှာ သူ့အား တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။

လန်စီ သည် ဤအဆိုပြုချက်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားမိသော်လည်း အတန်ကြာ စဉ်းစားပြီးနောက် သူသဘောတူလိုက်သည်။

ပြောရမည်ဆိုလျှင် ကျောက်ကုတင်က မာကျောကာ  ဝင်ဆာ ရဲ့ ရင်ခွင်ထဲမှာ အိပ်ရတာလောက် သက်တောင့်သက်သာ ရှိမည် မဟုတ်ပေ။ ပင်လယ်ထဲမှာ လွင့်မျောနေတဲ့ ခံစားချက်က အိပ်မပျော်ခြင်းကို အလွယ်တကူ ဖြစ်စေနိုင်၏။ ထို့ကြောင့် လန်စီသည် ဝင်ဆာ၏ အဆိုပြုချက်ကို မငြင်းဆန်ခဲ့ပေ။

နောက်ဆုံးတွင် ရေသူထီးလေး နှစ်ယောက်သည် အတူတကွ ရောယှက်ကာ လွန်စွာ အဆင်မပြေသော အနေအထားဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီးနောက် လန်စီ သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

"ဟင်?"

ဝင်ဆာ နိုးလာပြီး လက်နှစ်ဖက်အား မသိစိတ်အလျောက် တင်းကြပ်လိုက်ရာ လန်စီ သည် အသက်ရှုမဝလုနီးပါးဖြစ်ကာ အသံတိုးတိုးဖြင့် ညည်းလိုက်မိသည်။

"အိုင်း-ရ-"

ဝင်ဆာ အသိဝင်လာ ပြီးနောက် လက်ကိုဖြေလျော့ကာ လန်စီ ကို လွှတ်ပေးလိုက်သည်။ ထို့နောက် ပါးကို နမ်းကာ မေးလိုက်သည်။

"မင်း ကောင်းကောင်း အိပ်ပျော်ရဲ့လား"

လန်စီ က သူ့မကျေနပ်မှုကို ဖော်ပြသည့်အနေဖြင့် နှာမှုတ်လိုက်၏။

ဝင်ဆာ : "... "

သူ့မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။

"မင်း အိပ်မက်ဆိုး မက်ဖူးလား"

လန်စီက ထူးဆန်းသလို ခံစားရ၏။

ဝင်ဆာသည် သန္တာအရိုးများမှထွက်လာကတည်းက တခုခုမှားနေမှန်း သူခံစားမိသည်။ သူတို့ ဝေးဝေးကိုပိုသွားလေလေ ဝင်ဆာက ပိုစိတ်လှုပ်ရှားလေလေပင်။

 

ဒီရက်ပိုင်းတွင် သူသည်ပဠိပက္ခတချို့ နှင့်ကြုံတွေ့နေရသည့်ပုံပေါ်ကာ  ရံဖန်ရံခါ သူ၏အမူအရာသည် ဗလာကျင်းလျှက် သူ့မျက်လုံးသူငယ်အိမ်မှာ ကျယ်နေတတ်သည်။

ဝင်ဆာက ထထိုင်ကာ နဖူးကို အုပ်ပြီး မျက်လုံးကို အကြာကြီး မှိတ်ထားပြီးနောက် လန်စီ ကို တိုးတိုးလေးပြော၏။

"သူတို့......ထပ်ပြီး..."

"ဘယ်သူလဲ"

လန်စီက မေးလိုက်၏။

"ဘာမှမဟုတ်ပါဘူး။"

အချိန်အတော်ကြာပြီးနောက် ဝင်ဆာသည် သူ၏ပုံမှန်အသွင်အပြင်သို့ ပြန်လည် ရောက်ရှိကာ ခပ်တိုးတိုး ပြန်ဖြေပြီးနောက် ဦးစွာ ရေကူးပြီး ထွက်သွားသည်။

"သွားရအောင် နောက်နှစ်ရက်လောက်သွားပြီးရင် ဆည်းဆာပင်လယ်အော်ကို ရောက်နိုင်တယ်"

လန်စီ က သူ့အမြီးကို ဝှေ့ယမ်းပြီး ချက်ချင်း ရေကူးပြီး ဝင်ဆာရဲ့နောက်ကို လိုက်သွားကာ စိတ်အားထက်သန်စွာမေးသည်။

"တကယ်လား? သဘက်ခါကျရင် အဲ့ဒီကို ရောက်နိုင်လား၊ ဒါဆို... အဲ့မှာ လူတွေရှိမှာလား"

ဝင်ဆာ ရုတ်ချည်းရပ် သွားသည်။သူက လှည့်ကြည့်ကာ လန်စီ၏လက်မောင်းကို ဆွဲကာ သူ့မျက်နှာပေါ်တွင် ဒေါသအမျက်ထွက်သည့် အမူအရာဖြင့် မေးလိုက်သည်။

" ဆည်းဆာပင်လယ်အော်ကို မင်းဘာသွား လုပ်ချင်တာလဲ"

ဝင်ဆာ ရုတ်တရတ် ဘာကြောင့်ဒေါသထွက်သွားတာလဲဆိုတာ လန်စီ နားမလည်ပေ။ဒါက ဝင်ဆာ သည် သူ့ရှေ့တွင် ပထမဆုံးအကြိမ် ဒေါသထွက်ခြင်း ဖြစ်သည်။ သူ အံ့အားသင့်သွားပြီး စကားကို ထစ်ထစ်အအဖြင့် ပြောလိုက်သည်။

"ပင်လယ်နက်ကြီးကို ငါမကြိုက်ဘူး"

"မင်းငါ့ကို လိမ်နေတာပဲ။"

ဝင်ဆာက လန်စီ ကို ကြည့်နေသည်။ သူသည် တခြားလူတစ်ယောက်လို ရုတ်တရတ်ပြောင်းလဲသွားပြီး လန်စီအားအေးစက်စက် ပြောသည်။

လန်စီသည် ခေတ္တဆွံ့အသွားသည်။ သူတကယ်ပဲ ဝင်ဆာကိုလှည့်စားမိ၏။ အကြောင်းကတော့ သူ့ရှုထောင့်ကနေကြည့်ရင် လူသားနဲ့ ပင်လယ်မွန်းစတားတွေကြားက အနေအထားက ယခုအချိန်တွင် ဆန့်ကျင်ဘက် ဖြစ်နေ၏။သူသည် အပြင်ဘက်တွင် ရေသူထီးတစ်ကောင် အသွင်အပြင်ပေမယ့် အတွင်းသဏ္ဏာန်တွင်ကားလူသားတစ်ဦးဖြစ်ကြောင်း ဝင်ဆာအား ရှင်းမပြဝံ့ပေ။ သူသည်ကမ်းခြေသို့သွားရန် စိတ်အားထက်သန်ပြီး သူဘာကြောင့် ရေသူထီးဖြစ်လာရသည်ကို အဖြေရှာချင်သည်။

သူ့မှာ ဝင်ဆာအပေါ် မကောင်းသည့်ရည်ရွယ်ချက်မရှိသလို ဝင်ဆာကလည်း သူ့ကို မကောင်းသည့်ရည်ရွယ်ချက်မရှိပေ။ သူတို့ရဲ့ ဒီဆက်ဆံရေးကို ဆက်ထိန်းထားချင်တယ် ဟုတ်ပြီလား။

လန်စီ သည် တုံ့ဆိုင်းနေပြီး ဝင်ဆာအား အားငယ်စွာ အပေးအယူလုပ်သည်။

"ဆည်းဆာပင်လယ်အော်မှာရှိတဲ့ သင်္ဘောပျက်ထဲမှာ ငါ့ကိုယ်ပိုင်ပစ္စည်းတွေကို ရှာဖွေချင်လို့ပါ။ မင်းငါနဲ့ မလိုက်ချင်ဘူးဆိုရင် လမ်းခွဲလိုက်ကြရအောင်။"

"မရဘူး"

ဒီအဆိုပြုချက်ကိုကြားတော့ ဝင်ဆာက မဆိုင်းမတွ ငြင်းပယ်လိုက်၏။ သူက မဲမှောင်နေသောမျက်နှာဖြင့် "မရဘူး" ဟု ထပ်လောင်းပြောသည်။

အဲဒီနောက်မှာတော့ ဝင်ဆာသည် စကားတစ်ခွန်းမှ မပြောဘဲ အနောက်ဘက်ကို ကူးခတ်သွား၏။

လန်စီသည် ထိုနေရာတွင် ခေတ္တမျှအေးခဲနေ၏။ သူက ဝင်ဆာရဲ့ စိတ်ကစဉ့်ကလျားဖြစ်မှုကို တကယ်ကို ပဟေဠိဖြစ်နေ၏။ သို့သော်သူသည် မေးလည်းမမေးဝံ့ ရှင်းပြဖို့လဲမဝံ့သဖြင့် ဝင်ဆာနောက်သို့သာ စူပုတ်လျှက် လိုက်သွားရုံသာတတ်နိုင်ပေ၏။

အဲဒီနောက်မှာတော့ ရေသူထီးလေး နှစ်ယောက်ဟာ စစ်အေးတိုက်ပွဲ ဆင်နွှဲနေကြ၏။

လန်စီ အတွက် ဤစစ်အေးတိုက်ပွဲသည် ဝင်ဆာဘက်မှ တစ်ဖက်သတ် စတင်သည်နှင့် ပိုတူသည်။ဝင်ဆာသည် သူငယ်တန်းကလေးကဲ့သို့ တချိန်လုံး စူပုတ်ကာစိတ်ကောက်နေ၏။

မူလက ဝင်ဆာသည် ၎င်းတို့၏ခရီးစဉ်သည် နှစ်ရက်ဖြစ်သင့်သည်ဟု ပြောခဲ့သော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးတွင် ဝင်ဆာသည် ကိုမာဝင်ကာ  ရံဖန်ရံခါ မေ့မြောသွား၏။ လန်စီ သည် ဝင်ဆာ မေ့မြောသွားတိုင်း ဝင်ဆာကို ဆွဲကာ ပုန်းခိုရန်နေရာတစ်ခုကို အလျင်အမြန်ရှာရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဝင်ဆာ၏ပူးပေါင်း ပါဝင်မှုမပါပဲ လန်စီ သည် သူမည်မျှအထိတ်တလန့်နှင့် အကူအညီမဲ့နေသည် နားလည်လိုက်၏။

ဝင်ဆာ၏ လမ်းညွှန်မှုမရှိဘဲ လန်စီ ဘာဆက်လုပ်ရမှန်းမသိပေ။

မင်းဗိုက်ဆာရင် ငါးစားသင့်သည်။

ဒါပေမယ့် လန်စီ က ဘာကို စားသင့်ပြီး ဘာကို မစားသင့်မှန်းမသိချေ။ ပင်လယ်ရေတိမ်ပိုင်းတွင် မီးတောက်ပြာငါး ဖမ်းမိနိုင်ချေမရှိသည့်အတွင် လန်စီ သည် သူ၏ သားကောင်အား အခြားတိရစ္ဆာန်များထံ ပြောင်းလဲလိုက်သည်။

ဒီနေရာတွင် ထူးဆန်းသောပုံစံရှိသည့်ငါးနှင့် ထူးဆန်းသည့်အနံ့ရှိသည့် ရေခူများရှိသည်။ သူတို့သည် အပြာရောင်မီးတောက်ငါးများထက် အရသာပိုဆိုး၏။ လန်စီ သည် ဗိုက်ပြည့်တင်းမနေသော်လည်း ဆာလောင် မနေတော့ပေ။

တခါတရံမှာ အစာစားချင်စိတ်မရှိလို့ လန်စီ ဟာ သူ့ကိုယ်သူ လှည့်စားပြီး ပင်လယ်ရေမှော်များကို စားကြည့်သည်။ ရေသူထီးလေးသည် သက်သတ်လွတ် အစားအစာအား အမှန်တကယ် စားနိုင်တယ်ဆိုတာကို မှော်ဆန်စွာ ရှာဖွေတွေ့ရှိခဲ့၏။

သူ၏အနာဂတ်အစားအစာများတွင် အသားနှင့် ဟင်းသီးဟင်းရွက်များကို မျှတအောင်စဉ်းစားရန် လိုအပ်လား။

လန်စီ သည် ဤမေးခွန်းကို စိတ်အားထက်သန်စွာ စဉ်းစားခဲ့သည်။

"မင်းဘာဖြစ်နေတာလဲကွာ?"

လန်စီ သည် သူ၏ တစ်ဦးတည်းသော အဖော်က ရုတ်တရက်သူ့အား ထားခဲ့မည်ကို အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။ ဝင်ဆာမေ့မြောနေတဲ့အချိန်အများစုမှာ ဝင်ဆာ၏အနားတွင်နေကာ ဝင်ဆာ၏ ပျော့ပျောင်း ရှည်လျားတဲ့ဆံပင်တွေကို သူ့ရဲ့သွယ်လျတဲ့ အဖြူရောင် လက်ချောင်းတွေနဲ့ သပ်ပေးရင်း အမှတ်တမဲ့ ဖွဲ့ဆိုထားသည့် သီချင်းတိုလေးတစ်ပုဒ်အား ပါးစပ်ထဲတွင်သူသီဆိုနေမိသည်။

ရေသူထီးလေး၏ အင်မတန်နူးညံ့သည့် သီဆိုမှု သည် ပင်လယ်အောက်ခြေတွင် ညင်သာစွာ လွင့်မျောနေသည်။

ပြီးတော့ လန်စီ ရဲ့ သီချင်းဆိုသံက ဝင်ဆာရဲ့ အတွင်းစိတ်ဝေဒနာကို ဖြည်းဖြည်းချင်း သက်သာသွားစေပုံရပြီး လန်စီ သီချင်းများကြားတွင် သူ၏ကြုံ့နေသည့်မျက်ခုံးများမှာ တဖြည်းဖြည်း ပြေလျော့သွားသည်။

လန်စီသည်လည်း သက်ပြင်း တစ်ချက်ချလိုက်သည်။

သူက ခေါင်းငုံ့ပြီး ဝင်ဆာနဖူးကို နမ်းလိုက်ရင်း ဝင်ဆာအမြန် ပြန်ကောင်းလာဖို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းလိုက်၏။

ယခုရက်ပိုင်းအတွင်း အစာမမှန်ခြင်းနှင့် အိပ်ရေးမဝခြင်းကြောင့် လန်စီ သည် သိသိသာသာပင် ကိုယ်အလေးချိန်များစွာ လျော့ကျသွားသည်။

ဒီအခြေအနေဖြင့် သုံးရက်လောက်ကြာပြီး လန်စီ က သတိမေ့မြောနေတဲ့ ဝင်ဆာကို ဆွဲထုတ်လိုက်သည့်အခါ သူသည် တဖန်သတိမေ့မြောနေပြီး ဝမ်းနည်းဖွယ်ကောင်းစွာပင် သူ၏အကြေးခွံများမှာ ပိုမိုနက်မှောင်နေ၏။

ဝင်ဆာသည် မိမိ၏တကိုယ်ကောင်းဆန်သည့် လုပ်ရပ်ကြောင့် ဤအခြေအနေကို ရောက်ရှိလာသည့်အတွက် ဝင်ဆာသည် ရေတိမ်ပိုင်းသို့ သွားခဲ့ရပြီး ဤအခြေအနေသို့ ဆိုက်ရောက်လာခြင်းလားဟု ထပ်မံ တွေးမိပြန်သည်။

ဒါကိုလည်း နားလည်ရ လွယ်ပါသည်။ ဝင်ဆာသည် ပင်လယ်နက်ထဲမှာ နေထိုင်တဲ့ ရေသူထီးတစ်ဦးဖြစ်သည်။

လန်စီ သည် ဤဖြစ်နိုင်ချေရှိသည့်မေးခွန်းအတွက် ဝမ်းနည်းစွာ တွေးနေမိသည်။

"ဟင်?"

ဝင်ဆာရုတ်တရက် နိုးလာကာ သူကြည့်လိုက်ရာ လန်စီ အနားတွင် သူနှင့်အတူ ရှိနေသည်ကို မြင်လိုက်ရသည့်အခါ မထိန်းနိုင်ပဲ လန်စီ ကို ပြုံးပြ၏။

"ဝင်ဆာ မအိပ်နဲ့တော့။"

လန်စီ က သူပြင်ဆင်ထားတဲ့ ငါးအသားလွှာတွေကို အမြန်ထိုးပေးလိုက်ပြီး "တစ်ခုခု အရင်စားလိုက်"

ဝင်ဆာသည် လန်စီ ၏လက်ထဲတွင်ရှိသော ငါးအသားလွှာကို တစ်ချက်ကြည့်လိုက်သည်။ သူ့လက်ကို ဆန့်တန်းပြီး လန်စီ၏ခေါင်းကို ထိလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

လန်စီက ခေါင်းညိတ်ပြပြီး ဝင်ဆာ ငါးအသားလွှာတွေ စားနေတာကို ကြည့်ရင်း ဝမ်းနည်းစွာ မေးလိုက်၏။

" မင်း ဘာလို့ အမြဲတမ်း အိပ်ပျော်နေတာလဲ ဝင်ဆာ... ပင်လယ်တိမ်ကို မင်းအတွက်အဆင်မပြေလို့လား။"

ဝင်ဆာရုတ်တရတ်နင်သွားပြီးနောက် သူသည် လန်စီ ကို လေးလေးနက်နက် ခေါင်းညိတ်ပြကာဆိုသည်။

"ဟုတ်တယ်"

သူခေတ္တရပ်ပြီး လန်စီအားပြောသည်။

"ပင်လယ်နက်ထဲ ပြန်သွားရအောင်"

လန်စီက ပါးစပ်ကိုဖွင့်ပြီး အဆိုပြုချက်ကိုပြန်မဖြေပေ။

သူသည် လူသားတစ်ယောက်အနေဖြင့် နေရောင်ခြည်ကိုသာလိုလားပြီး သမုဒ္ဒရာနက်နက်အတွင်းရှိ အမှောင်ထုနှင့် လိုက်လျောညီထွေဖြစ်ရန် မလိုလားပေ ။

လန်စီ ပေးသော ငါးအသားလွှာများကို စားပြီးနောက် ဝင်ဆာသည် မေ့မြောသွားပြန်သည်။

ဒီတစ်ခါတော့ မေ့မြောမှုက ပိုကြာရှည်၏။ ဝင်ဆာသည် တစ်ရက်နှင့်တစ်ည အိပ်ခဲ့ပြီး လျင်မြန်စွာ နိုးလာပြီး လန်စီ ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ အိပ်ပျော်သွားပြန်သည်။

လန်စီ သည် အလွန်အမင်း စိတ်ပူပန်နေကာ ယခု ပင်လယ်နက်သို့ ပြန်သွားချင်သော်လည်း သူ၏ လက်ရှိအခြေအနေအရ မေ့မြောနေသော ဝင်ဆာနှင့် ပြန်သွားရန် မဖြစ်နိုင်ပေ။

စိတ်ပူလွန်းလို့ တစ်နေ့လုံး ဘာမှမစားနိုင်ချေ။

လန်စီ သည်းမခံနိုင်လောက်အောင် ဗိုက်ဆာလာသည့်အခါမှဝင်ဆာ ကို ဖွက်ထားပြီး အစာရှာဖို့ ထွက်လာ၏။

ဒီတစ်ကြိမ်မှာတော့ သူဟာ စူပါရေခူနှင့် မတော်တဆတိုက်မိသွားသည်။

စူပါရေခူသည် ယခုအချိန်တွင် အနီရောင်ရေခူတစ်ကောင်ကို ရစ်ပတ်နေပြီး၊  တလောကလုံးတွင် မင်းနဲ့ကိုယ်ပဲရှိသကဲ့သို့ လန်စီ၏ဘေးမှဖြတ်သွားသည်။

လန်စီ : "..."

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် လန်စီ က စကားလှမ်းပြောလိုက်သည်။

["ဒါ မင်းပဲလား။ ရေခူလား?]

ဗီဇပြောင်းထားသည့်အလွန်ကြီးမားသောရေခူသည် လျှို့ဝှက် ချက်တင်(Chatting)ကို လက်ခံရရှိပြီးနောက် ခဏရပ်လိုက်သည်။ထို့နောက် တုံ့ပြန်လိုက်ပြီး ဘေးနားရှိ ရေခူကို သူ့ဘေးသို့ ဆွဲကာအပြေးလာသည်။

[အား... ချစ်ဖို့ကောင်းလိုက်တာ၊ တိုက်ဆိုင်လိုက်တာ~]

လန်စီ က သူ့ရှေ့ကလုံးဝန်းကာ ဖောက်ထွင်းမြင်ရသည့် ရေခူကို ကြည့်ပြီး၊ သူ့အမူအရာက ဖော်ပြရခက်စွာဖြင့်

[မင်း... မင်း လွတ်သွားတာလား]

[မှန်တယ်]

ရေခူသည် လုံးဝ ဦးနှောက်မရှိသည့်ပုံပင်။ ထိုအချိန်တွင် လန်စီ သည် လက်တံများနှင့် ငြိနေမှန်း မသိပေ။ သူ့ဘေးနားက ရေခူနီကို ဆွဲယူပြီး ရှက်ရှက်နဲ့ ရှင်းပြ၏။

[ဒါက ငါ့ကလေးကိုမွေးချင်တဲ့ ရေခူပဲ]

လန်စီ က ခဏလောက်အံ့အားသင့်သွားကာ ခြောက်သွေ့စွာ ပြုံးပြလိုက်သည်။

[မင်းနောက်ကို ရေဘဝဲလက်တံတွေ လိုက်မလာခင်မှာ မင်းက ပင်လယ်အောက်ခြေမှာ ရှိနေတယ်လို့ ငါထင်ခဲ့တာ]

[ငါရေဘဝဲကို ကျေးဇူးတင်ရမှာ ဒီလိုလှပပြီးတဲ့  ရေခူတစ်ကောင်ကို ရှာတွေ့ခွင့်ပေးလို့လေ]

ရေခူက ခိုးခိုးခစ်ခစ်ရယ်လိုက်သည်။

ဖြစ်နိုင်တာက လန်စီ က ဘယ်လောက်ချစ်ဖို့ ကောင်းကောင်း သူ့မိန်းမလောက် ချစ်ဖို့မကောင်းတာပဲ။

လန်စီသည် ပြောစရာစကားမဲ့လျှက်။

[မင်း မနာလိုဖြစ်နေတာလား?]

ရေခူသည် သူ၏လက်တံများကို ဆန့်ထုတ်ကာ လန်စီ ၏ ဦးခေါင်းကို ထိလိုက်ကာ စိတ်ရှည်စွာ ရှင်းပြသည်။

[ချစ်စရာကောင်းတဲ့အသေးလေး မင်းငါ့ကိုမရနိုင်တော့ပေမယ့် မင်းအတွက် ကလေးမွေးပေးမယ့် အဖော်ရှိလာမှာပါ]

လန်စီ သည် ကြက်သေသေနေပြီး ရေခူက "ဝင်ဆာ" အကြောင်းကို ပြောသည့်အခါမှသတိဝင်လာပြီး သူ့မျက်နှာနီရဲလာကာ အလျင်အမြန်ပြန်ပြောသည်။

[ငါတို့ ကလေးမမွေးနိုင်ဘူး!]



[အိုး ? ]

ရေခူက ပဟေဌိဖြစ်နေပုံရ၏။

သူတို့နှစ်ဦးကြားက ဆက်ဆံရေးက အဲဒီလိုမဟုတ်ကြောင်း ငြင်းဆိုချင်တာဆိုပေမယ့် ဒါမျိုးငြင်းရမှာ မဟုတ်သေးဘူးလေ။

[ထားလိုက်ပါ]

စိတ်ဓာတ်ကျစွာဖြင့် လန်စီသည် ရေခူကို တောင်းဆိုလိုက်၏။

[ကျေးဇူးပြုပြီး မင်းငါ့ကိုကူညီပေးနိုင်မလား]

ရေခူ: [ကောင်းပြီ၊ ချစ်စရာကောင်းတဲ့အသေးလေး ငါ့ကိုထိလို့ ရမလား]

လန်စီ သည် ယခုအချိန်တွင် ဤတောင်းဆိုမှုကို လျစ်လျူရှုကာ ဆို၏။

[ငါ့သူငယ်ချင်း ဝင်ဆာ သူက ပင်လယ်တိမ်ပိုင်းနဲ့ အဆင်မပြေလို့ သူ့ကို ရေနက်ပိုင်းကို ပြန်ခေါ်သွားပေးနိုင်မလား?]

ရေခူက ခေတ္တ မှင်တက်သွား၏။ ၎င်းသည် ဦးခေါင်းကို ငုံ့ကာ ၎င်း၏လက်များအတွင်းရှိ အနီရောင် ရေခူကို အချိန်အတော်ကြာ ပွတ်တိုက်ရန် ၎င်း၏လက်တံများကို အသုံးပြုခဲ့သည်။ ရေခူနှစ်ကောင်က အချိန်အတန်ကြာ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ စူပါရေခူက သဘောတူလိုက်သည်။

[ဟုတ်တယ်၊ ငါ့ဇနီးလေးလည်း ပင်လယ်နက်က ပိုကောင်းတယ်လို့ ပြောတယ်။ ငါ့ဇနီးလေး ကို ပြန်ပို့ပြီးရင် သူ့ကိုပြန်ပို့ဖို့ ငါကူညီပေးနိုင်တယ်...ဒါပေမယ့် ဒီအခြေအနေမှာ ရှောင်ယွီ မင်းတစ်ယောက်ယောက်ကို လိုအပ်လိမ့်မယ်]

လန်စီ က တုံ့ဆိုင်းစွာ ပြုံးလိုက်၏။

[ရပါတယ်၊ ငါ လုပ်နိုင်တယ်]

သူတစ်ယောက်တည်းနေနိုင်သည် မဟုတ်ရင် ဝင်ဆာ သေသွားနိုင်သည်။

လန်စီ သည် မည်သည့်အရာက အရေးကြီးသည်ကို ခွဲခြားနိုင်သေးသည်။

သူဘာတွေဖြစ်ခဲ့သည်ကို သိချင်နေတုန်းမို့ ယခုအချိန်တွင် ဝင်ဆာကို ပြန်ပို့ရန်လိုသည်။