"ငါ မင်းကို မေ့သွားလို့"
ဒါကြောင့် ကြိုးစားထားသမျှ ဆုံးရှုံးသွားရင်တောင် ငါပြန်လာဦးမှာပဲ။
ဒီစကားက အကောင်းဆုံး အချစ်စကားလေးပင်။
ထိုစကားလေးသည် မည်မျှသေစေနိုင်ကြောင်း လန်စီ သတိမထားမိချေ။
ဝင်ဆာ သည် လန်စီ ကို ငေးကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူ၏အာရုံများ
ပြန်ရလာ၏။ လန်စီ ကို ကြည့်သည့် သူ၏မျက်လုံးများသည် နူးညံ့သိမ်မွေ့နေသည်။
"ငါ့အတွက် မင်းပြန်လာတာလား"
"အင်း"
အလွန်စိတ်လှုပ်ရှားနေသည့် လန်စီသည် ဝင်ဆာ ကို အမှတ်တမဲ့ ကျီစားမိမှန်း
သတိမထားမိပေ။ သူက ဝင်ဆာ ကို ပုလဲပုံဆီသို့ တွန်းလိုက်ပြီး အသံတိုးတိုးဖြင့်
ပြောပြသည်။
"ငါ အောက်ကမြေကြီးကို တူးထားလို့ အဲ့ဒီအောက်ကနေ
ထွက်နိုင်တာပေါ့"
ဝင်ဆာ ရဲ့အမူအရာက မှန်းဆလို့မရပေ။
"မင်း
ငါ့ကို တူးခွင့်ပြုပါလား။"
လန်စီ သည် ခေါင်းကို ငုံ့ကာ ဝင်ဆာ ၏ပုံစံကို ကြည့်လိုက်ပြီး
တဖြည်းဖြည်းသဘောပေါက်သွားသည်။
"အပေါက်က နည်းနည်းသေးတယ်။ ခဏစောင့် ငါနည်းနည်းတူးလိုက်မယ်"
စကားပြောပြီးနောက် လန်စီ သည် ဝင်ဆာကို ၎င်း၏အမြီးဖြင့် တွန်းထုတ်လိုက်ပြီး
အထဲသို့ စိတ်အားထက်သန်စွာဖြင့် ဝင်သွားကာ သူတူးထားခဲ့သော အပေါက်ကို ပိုကြီးအောင်
လုပ်နေ၏။
ဝင်ဆာ : "... "
သူက ဥမင်အပေါက်အပြင်ဘက်မှာ လွင့်မျောနေတဲ့ အဖြူရောင် ငါးမြီးလေးကို
ကြည့်ပြီး ရယ်လဲရယ်ချင် စိတ်လဲတိုမိ၏။
စိတ်အနှောက်အယှက်ဖြစ်စရာကတော့ သူ့ငါးလေးက ဘာလို့ အမြဲသူခိုးတယောက်လို
လုပ်နေပြီး ရယ်စရာကောင်းတဲ့ အချက်က သူ့ငါးလေးက သိသာထင်ရှားစွာ လွတ်မြောက်သွားပေမယ့်
ပြန်လာခဲ့သည်။
ဝင်ဆာ သက်ပြင်း ချလိုက်၏။
ခေတ္တမျှတွေးဆနေပြီးနောက် သူတစုံတရာကို နားလည်သွားပုံရသည်...
ရှောင်ယွီအပေါ်
သူ၏စိတ်သည် အစပိုင်းတွင် အမှန်တကယ် မဖြူစင်ခဲ့ပေ။ သူသည် ရှောင်ယွီ ကို အကျဉ်းချထားချင်ခဲ့၏။သို့မှသာ
ရှောင်ယွီ ၏ အပြုံးများအားလုံးသည် သူ့အတွက်သာဖြစ်နေမည်ဖြစ်၏။
သို့သော် ရက်အတော်ကြာ ထိတွေ့ဆက်ဆံပြီးနောက် သူသည် လန်စီ ၏ “ဖမ်းစား”
ခြင်းကို ခံလိုက်ရပုံပင်။
သူ၏စိတ်ဝိညာဉ်သည် လန်စီထံတွင်
ငြိတွယ်နေမိပြီ ဖြစ်သည်။ အချိန်ကျလာရင် ဘယ်လိုလုပ်မလဲ။
ဝင်ဆာ ၏ မျက်လုံးများတွင် အပြုံးဖြင့် ပြည့်လျှံလာပြီး နောက်ဆုံးအတွေးတွင်
အပြင်ဘက်ရှိ လက်တံများ ပျောက်ကွယ်သွားသည်။
သို့သော် အနည်းငယ် လက်စားချေလိုမှုကြောင့် ဝင်ဆာ သည် လန်စီ ကို
တမင်တကာပင် မခေါ်ပဲ အေးအေးဆေးဆေး
ထွက်သွားကာ အနီမိုနီပေါ်တွင် ထိုင်ရင်း အဖြူရောင် အမြီးလေး ဝှေ့ယမ်းနေသည့်
"ထွက်ပေါက်" ကို ကြည့်နေ၏။
နာရီဝက်အကြာတွင် လန်စီသည် ရှက်ဖွယ်ကောင်းစွာ အပေါက်ထဲမှ ထွက်လာသည်။
သူ့လက်နှစ်ဖက်စလုံးမှာ အနက်ရောင်ရွှံ့များဖြင့် ဖုံးလွှမ်းနေပြီး
ဝမ်းဗိုက်ရှိ အဖြူရောင်အကြေးခွံများကိုလည်း ပွတ်တိုက်မိကာ ညစ်ပတ်နေသော်လည်း
ယခုအချိန်တွင်တော့ ၎င်းတို့ကို ဂရုမစိုက်နိုင်တော့ပေ။ လန်စီ သည် စိတ်လှုပ်ရှားသော အကြည့်ဖြင့်
ဝင်ဆာ ဆီသို့ ကူးသွားပြီးပြောသည်။
"ပြီးသွားပြီ၊ မြန်မြန်သွားရအောင်"
ဝင်ဆာ သည် လန်စီ ၏ မျက်နှာတွင် ကပ်နေသော ရွှံ့များကို သူ့လက်ဖြင့်
ဖြည်းညှင်းစွာ သုတ်လိုက်ပြီး လန်စီ ၏ လက်ပေါ်ရှိ ရွှံ့များကို နည်းနည်းချင်း သုတ်ပေးရင်း
သေစေနိုင်လောက်သည့်မေးခွန်းကို မေးလိုက်၏။
"အပြင်မှာ ရေဘဝဲရှိနေရင်ဘယ်လိုလုပ်မလဲ?"
လန်စီသည်
ချက်ချင်း မွန်းကျပ်သွားသည်။
ယခင်က
ရေခူက ရေဘဝဲ၏အာရုံကို လှည့်စားပေးခဲ့သည်။ ယခုကော?
လန်စီ၏
စိတ်အားတက်ကြွမှုများကား ညှိုးကျသွားသည်။
ဝင်ဆာ
သည် သူ့စိတ်ထဲတွင် တိတ်တိတ်လေး ခိုးရယ်လိုက်၏။
သူသည် ရှောင်ယွီ ကို ကိုယ့်ကိုယ်ကို အလွန်အကျွံ့
အထင်ကြီးမှုမရှိစေရန် ရိုက်ကာ ဆုံးမ လိုက်ချင်သည်။
"ကောင်းပြီ ငါက တည်ကြက်အဖြစ် လုပ်မယ်။"
လန်စီက ခဏစဉ်းစားလိုက်၏။ ပင်လယ်မွန်းစတား သာမက ရေဘဝဲပါ သူ့ကို ပိုစိ
တ်ဝင်စားပုံရ၏။ ထို့ကြောင့်ရေဘဝဲကို ဆွဲဆောင်ရန်အတွက် သူအရင်ဦးစွာ ရေကူးထွက်သွားပြီး
ဝင်ဆာအား ရေဘဝဲမရှိချိန်ကို အခွင့်ကောင်းယူကာ
လွတ်မြောက်သွားစေရန် ကူညီမည်ဟု တွေးလိုက်၏။
ဝင်ဆာ ခေတ္တမျှ ကြက်သေသေသွားကာ မေးလိုက်၏။
“မင်းကရော?"
လန်စီ က မျက်မှောင်ကြုတ်ကာ တုံ့ပြန်သည်။
"မင်းအဆင်ပြေရင်... ငါကိစ္စမရှိပါဘူး"
ဘာကြောင့် ဒီလောက်ကောင်းရတာလဲ။
သူ့ငါးလေးက ဘာလို့ ဒီလောက် ကောင်းရတာလဲ။
ဝင်ဆာ သည် သူ့နှလုံးသား အရည်ပျော်သွားတော့မတတ် ခံစားရပြီး ကံကြမ္မာက
သူတို့နှစ်ဦးအား တွေ့ဆုံစေခဲ့သည်ဟု စတင် ယုံကြည်လာသည်။
သူ၏နှစ်တစ်သောင်းခန့် မလှုပ်မရှားရှိနေခဲ့သည့် နှလုံးခုန်သံကို
နောက်ဆုံးတော့ လှုပ်နှိုးနိုင်ခဲ့ပြီး အဲဒီတုန်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့အတွက်
အင်မတန်ကျေးဇူးတင်မိ၏။
"မင်းဟာ တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့လက်ဆောင်လေးပဲ။"
ဝင်ဆာ သည် လန်စီ ၏ မျက်နှာကို
ဆုပ်ကိုင်ထားပြီး ဤစကားများကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက်
လျှပ်တပြက်အတွင်း လန်စီ ကို အသာအယာ နမ်းလိုက်၏။
လန်စီ ? !
"မင်း.. မင်း ဘာလုပ်နေတာလဲ?"
လန်စီသည် ထိတ်လန့်သွားပြီး ဝင်ဆာ ကို စိုက်ကြည့်နေ၏။
ဝင်ဆာ သည် လန်စီ ၏ ခေါင်းကို ထိလိုက်ပြီး ရုတ်တရက် အနည်းငယ်
ဝမ်းနည်းသွားသည်။
သူ့ငါးလေးက အရမ်းရှက်နေပုံရပြီး သူပေါ်ပေါ်ထင်ထင် လုပ်လိုက်လျှင် ငါးလေးကို ကြောက်လန့်သွားစေနိုင်၏။
ထို့ကြောင့် ဝင်ဆာ သည် အလွန်ရိုးသား ဟန်ဆောင်ကာဖြေ၏။
"ကျေးဇူးတင်ကြောင်း ဖော်ပြတာလေ"
"ရေသူထီးတွေက ဒီလိုမျိုး ကျေးဇူးတင်ကြောင်း ဖော်ပြတာလား။"
"ဟုတ်တယ်"
ဝင်ဆာ က အရှက်မရှိ ဝန်ခံ၏။
ဘာပဲဖြစ်ဖြစ် သက်သေမှ မရှိတာ။
လန်စီ က သူ့နှုတ်ခမ်းတွေကို ထိလိုက်ရင်း နောက်ကို
ခြေတစ်လှမ်းဆုတ်လိုက် သူ့နားရွက်တွေများက ထောင်နေ၏။
"နောက်ကို ဒါမျိုးမလုပ်နဲ့၊ မင်း ငါ့ကို အမှတ်မထင်
နမ်းလို့မရဘူး"
"ကောင်းပါပြီ"
ဝင်ဆာ ကတုန်နေအောင် ချစ်သည့်အမူအရာဖြင့် ပြန်ပြောသည်။
ပြောပြီးဆိုပြီးတာတောင် လန်စီ က စိတ်ဓာတ်ကျ နေတုန်းပင်။ သူသည်
နောက်ဆုံးစကားလုံးများကို ကြိုးစားပြောလိုက်၏။
"ဝင်ဆာ၊ ငါက တည်ကြက်ဖြစ်တော့မယ်... မင်းအပြင်ထွက်ပြီးရင်
တတ်နိုင်သမျှ ဝေးဝေးကို ကူးသွားဖို့ မမေ့နဲ့နော်၊ ပြန်မလာနဲ့..."
ပန်းနုရောင်ပူဖောင်းများ ချက်ခြင်းပျောက်သွား၏။
ဝင်ဆာ က သူ့ကိုယ်သူအတွက် ဝမ်းနည်းကြေကွဲနေသည့် လန်စီကို ကြားဖြတ်ကာ
အမူအရာမဲ့သည့်မျက်နှာနှင့် တည်တည်ငြိမ်ငြိမ် လက်ညှိုးထိုးပြပြီး ပြော၏။
"ရေဘဝဲ မရှိတော့ဘူး"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
လန်စီ သည် ရေဘဝဲ အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားလိမ့်မည်ဟု
မထင်ထားဘဲ မသိစိတ် အလျှောက်ခွန်းတုံ့ ပြန်လိုက်၏။
ဒါပေမယ့် လန်စီအတွက်နဲ့ ဝင်ဆာက သူ့ကို မလိမ်သင့်ပေ။
ခဏကြာမျှ တုံ့ဆိုင်းသွားပြီးနောက် လန်စီသည် သန္တာအရိုးများအတွင်း
ကူးခတ်ကာကြည့်လိုက်ရာ အပြင်ဘက်တွင် ရစ်ပတ်နေသည့် ရေဘဝဲလက်တံများ အမှန်တကယ်
မရှိတော့ကြောင်း တွေ့ရှိသည်။
ခဏတာမျှ စိတ်ရှုပ်ထွေးသွားပြီးနောက် လန်စီ သည် ဝင်ဆာကိုပြောသည်။
"ငါထွက်သွားပြီး ကြည့်လိုက်မယ်။"
ထိုစကားက အနီးအနားမှာ လက်တံတွေ
ရှိမရှိကြည့်ဖို့ လန်စီ သန္တာအရိုးတွေပေါ် ကူးသွားပြီးကြည့်မယ်လို့ ဆိုလိုသည်ဟု
ဝင်ဆာ တွေးလိုက်၏။
ထင်မှတ်မထားစွာပဲ သူ့ရှေ့ရှိ လန်စီသည်တူးထားသည့် တွင်းထဲသို့ လျှောဝင်သွားပြီး အပြင်ကို သတိကြီးစွာနဲ့
ထွက်သွား၏။
ဝင်ဆာ : "... "
သူ့ငါးလေးက တကယ်ကို နူးညံ့ပျော့ပျောင်းတာပဲ။ လန်စီ က
ဒီလိုအပေါက်သေးသေးလေးကနေ ဘယ်လို ထွက်သွားနိုင်တာလဲ။
လန်စီ သည် သတိရှိတာလား အမြော်အမြင်မရှိတာလားဆိုတာ သူမပြောတတ်တော့ပေ။ လန်စီသည် ထွက်လာပြီးနောက် သန္တာအရိုးအပြင်ဘက်တွင်
ဖြည်းညှင်းစွာ ကူးခတ်နေ၏။ ရေဘဝဲလက်တံများ ရုတ်တရက် ထွက်ပေါ်မလာကြောင်း
အတည်ပြုပြီးနောက် အပေါက်ကနေ ပြန်ဝင်လာ၏။
လန်စီ က ဝင်ဆာ ကို လေးနက်စွာ ပြောသည်။
" အပြင်မှာ တကယ်ကြီးကို ရေဘဝဲ မရှိတော့ဘူး၊
သွားကြရအောင်။"
ပြောပြီးနောက် တွင်းထဲသို့ တိုးဝင်ရန် ပြင်လိုက်၏။
ထိုအခိုက်အတန့်တွင် ဝင်ဆာမှာ သည်းမခံနိုင်တော့ပဲ
ပြောစရာစကားဆွံ့အလျှက် အပေါက်ထဲ တိုးဝင်ဖို့လုပ်နေသည့်လန်စီ ကို လှမ်းဆွဲလိုက်၏။
လန်စီသည်ပဟေဠိ ဖြစ်စွာကြည့်နေ၏။ ဝင်ဆာ သည် သူတို့နှစ်ယောက်၏အပေါ်ကို
ညွှန်ပြပြီးမှတ်ချက်ပေးလိုက်၏။
"ငါတို့ အပေါ်ကနေ ထွက်သွားလို့ ရတာပဲ မဟုတ်လား။"
လန်စီ : " ... "
သူ မေ့သွားတာပဲ ။
"မင်း ငါ့နောက်က လိုက်ခဲ့။"
လန်စီ ကအစီအစဉ် ချလိုက်သည်။
"ငါအရင်ထွက်သွားတာကို စောင့်၊အကယ်လို့
ဘာအမှားမှ မရှိဘူးဆိုရင် အဆင်ပြေလို့ပဲ။ ပြီးရင် မင်းထွက်လာခဲ့"
ဝင်ဆာ ကပြုံးကာဆို၏ "ကောင်းပြီ ကောင်းပြီ"
တိုက်ပွဲအစီအစဥ်ကို ဆုံးဖြတ်ပြီးနောက် လန်စီ သည် ရေအထက်သို့ ဦးစွာကူးခတ်သွား၏။
သူသည် သန္တာအရိုးအထက်သို့ ဖြည်းညှင်းစွာ တိတ်တဆိတ် ကူးခတ်သွားပြီး သန္တာအရိုးအထက်တွင်ခေတ္တနားခိုနေကာ
လက်တံများရှိ၊မရှိ သေချာစစ်ဆေးနေ၏။ ထို့နောက် အဆင်ပြေကြောင်း ဝင်ဆာ ကိုပြောရန်
ခေါင်းကိုလှည့်လိုက်ရာ..
"မင်းဘယ်တုန်းက လိုက်လာတာလဲ"
သူ့ဘေးမှာ ရုတ်တရက်ပေါ်လာတဲ့ ဝင်ဆာကြောင့် လန်စီ ထိတ်လန့်သွား၏။
ဝင်ဆာ က လန်စီ ရဲ့ ခေါင်းကို ထိကာ ပြုံးပြ၏။
"ငါ မင်းနောက်ကို တစ်ချိန်လုံး လိုက်လာတာ"
သူစကားကို ခေတ္တရပ်လိုက်သည်။ သူ၏ အနက်ရောင်မျက်ဝန်းများသည် မဲမှောင်နေလျှက်
ဆို၏။
"ကိုယ့်ကို ဒီလောက်ထိ ပျော့ညံ့တယ်လို့ မထင်ပါနဲ့၊ ကိုယ်
မင်းကို ကာကွယ်ပေးမှာပေါ့”
လန်စီက သူ့အမြီးကို မြှောက်လိုက်ပြီး ခေါင်းညိတ်လိုက်၏။
တကယ်တော့ ဒါတွေအားလုံးက
လူသားတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ လုပ်နေမိတာပဲ။
လန်စီ သည် လူသားတစ်ယောက်ဖြစ်ရခြင်းကို အမြဲဂုဏ်ယူနေခဲ့ပြီး လူသားတို့၏ဉာဏ်ရည်သည် သမုဒ္ဒရာရှိ ငါးအားလုံးထက်
မြင့်မားသည်ဟု ခံယူကာ ဝင်ဆာသည် သူ့ထက်နိမ့်ကျသည်ဟု သဘာဝကျကျပင် တွေးထင်ခဲ့၏။
သို့သော် အမှန်တကယ်တော့ သဘာဝတရားအရ လူသားများသည် စွမ်းအားမဲ့ဆုံးနှင့် အပျော့ညံ့ဆုံး ဖြစ်၏။
သူ့ရေကူးကျွမ်းကျင်မှုနှင့် အသံလှိုင်းပြုလုပ်ခြင်းစွမ်းရည်ကို
တစ်ဖက်လူက သင်ပေးခဲ့ကြောင်း လန်စီ သတိရမိသည်။ သူဘာကြောင့်မှန်းမသိ လမ်းပျောက်သလို
စိတ်ပျက်ဝမ်းနည်းမိ၏။
သို့သော် သူ၏ရှုပ်ထွေးသည့်ခံစားချက်များကို မဖော်ပြဘဲ အားလုံး စတင်ခဲ့သည့်
ဤနေရာနှင့်အဝေးသို့ ဝင်ဆာ နှင့်အတူ သန္တာအရိုးများကို ထားခဲ့ကာ ကူးခတ်ထွက်ခွာသွားခဲ့၏။
နောက်ဆုံးတွင် ရေနက်ပင်လယ်သည် လန်စီ၏မျက်လုံးများရှေ့တွင် ၎င်း၏ပုံသဏ္ဏာန်အစစ်အမှန်ကို
ဖော်ပြနေပေ၏။
မှောင်မိုက်သော ပင်လယ်ကြမ်းပြင်တွင် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသော
ငါးငယ်လေးများ ကြယ်ပွင့်များပမာ တလက်လက် တောက်ပနေ၏။
ဤအရာအားလုံးသည် လန်စီ ကို စိတ်ဝင်စားစေ၏။
"ဒါက ဘာလဲ၊ စားလို့ရလား။"
လန်စီ သည် အပြာရောင်မီးတောက်တစ်ခု အဝေးတွင် တောက်ပနေသည်ကို မြင်လိုက်ရပြီး
သူ့အမြီးကို လှုပ်ယမ်းလိုက်ကာ ထိုနေရာသို့ ကူးခတ်သွားလိုက်သည်။
ဤအပြာရောင်မီးတောက်သည် သန္တာအရိုးရှိ ငါးငယ်များထက် လွန်စွာကြီးမားပြီး
လန်စီ ၏မျက်လုံးများတွင် မီးတောက်သည် ငါးငယ်များထက် အဆမတန်ကြီးမားသော ငါးကြီးဖြစ်မည်ဟု
သဘာဝကျကျပင် ထင်လိုက်မိသည်။
လန်စီ သည် ဗိုက်ဆာနေပြီး သန္တာအရိုးများရှိ အရည်ရွှမ်းသည့် ငါးအသားလွှာများကို
သတိရကာ သူ့ပါးစပ်ထဲရှိ တံတွေးများ ပြည့်လျှံလာသည်။ သူသည်သတိမမူပဲ ထိုနေရာသို့
ပြေးသွားသည်။
"လန်စီ!"
လန်စီ၏ပစ်မှတ်သည် အဝေးမှ အပြာရောင်မီးတောက်ဖြစ်ကြောင်း ဝင်ဆာမြင်လိုက်သည့်အခါတွင်
အနီးကပ်ကြည့်လိုက်ရာ အံ့သြတုန်လှုပ်သွားပြီး လန်စီ၏နောက်သို့ အလျှင်အမြန်ပြေးလိုက်ကာ အမြီးကို
ဖမ်းဆွဲလိုက်သည်။
"မသွားနဲ့!"
ထိုအချိန်တွင် လန်စီ၏မျက်နှာသည် အပြာရောင်မီးလျှံနှင့် မီတာဝက်သာ ကွာဝေးတော့သည်။
အနည်းငယ် အားထုတ်ရုံဖြင့်
အပြာရောင်အကွင်းပါသည့် ဧရာမ ရေဘဝဲကြီး ဖြစ်ကြောင်း လန်စီ ရှင်းရှင်းလင်းလင်း
သိမြင်နိုင်ပေ၏။
အပြာရောင်ကွင်းပါ တဲ့ရေဘဝဲက ပင်လယ်နက်ထဲကို သွားနိုင်လား။
လန်စီ သည် ဤမေးခွန်းကို တွေးဆနေသည်။
မီတာဝက်လောက် အကွာအဝေးအတွင်း အဆိပ်သင့်သွားနိုင်တယ်ဆိုတာ သူ
အနည်းငယ်သိ၏။
ဗီဇပြောင်း အပြာရောင်ကွင်းရှိသည့် ရေဘဝဲမှာလည်း အံ့အားသင့်သွားသည်။ အမဲလိုက်ရန်
အသင့်ဖြစ်နေသည်။ ရလဒ်ကတော့ နိုင်ထက် စီးနင်းနိုင်သည့် တိုက်ခိုက်မှုတစ်ခုကြောင့်
သူသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားကာ လန်စီရှိရာဘက်သို့ မှင်နက်ပက်ဖြန်းပြီး
အဝေးသို့ ထွက်ပြေးသွား၏။ .
ဝင်ဆာ သည် မျက်မှောင်ကြုတ်ကာ လန်စီ ကို နောက်သို့ ဆွဲလိုက်ပြီး
ဆူပူသည်။
"ဒါကို ပေါ့ပေါ့ဆဆ မထိနဲ့၊ မင်း အဆိပ်သင့်သွားချင်တာလား"
လန်စီ က သူ့အမှားကို သိပြီး မချေပဝံ့ချေ။ သူသည် မဝံ့မရဲဖြင့်သာ ရှင်းပြရဲသည်။
"အဲ့ဒါကို စားစရာလို့ ထင်လို့ပါ"
ဒါကိုကြားတော့ ဝင်ဆာသည် မထိန်းနိုင်ပဲ ရယ်မိ၏။
သူက မိုက်မဲတဲ့ အဖြူရောင်ငါးလေးကို မွေးမြူခဲ့မိတာများလား။
ကြံရာမရ ဖြစ်လျှက် ဝင်ဆာ သည် ငါးအနည်းငယ်ကို ဖမ်းပြီး လန်စီ ကို
ကျွေးကာ သူ၏ဗိုက်ကို ယာယီပြည့်ဝစေ၏။
ဒါကို တွေ့ကြုံပြီးနောက် လန်စီသည် နည်းနည်း ပိုရိုးသားလာသည်။ သူသည်
ဝင်ဆာနှင့်အတူ ပင်လယ်ထဲမှာကူးခတ်ရင်း တစ်ချိန်တည်းမှာပဲ မေးခွန်းထုတ်လိုက်၏။
"ဝင်ဆာ၊ ငါတို့ ပင်လယ်တိမ်ကို သွားလို့ရမလား။"
ဝင်ဆာ က သူ့ခေါင်းကို လှည့်ကြည့်ပြီး
"ပင်လယ်နက်ကြီးမှာနေရတာ မကောင်းလို့လား။"
"ပင်လယ်နက်က အေးပြီး မှောင်မဲနေတာပဲ"
လန်စီက အသည်းအသန်ပြောသည်။ "ပင်လယ်တိမ်ကို သွားရအောင်၊အဲ့မှာနွေးတယ်၊
ငါကြိုက်တယ်"
သူက ခေတ္တရပ်ပြီး စိုးရိမ်တကြီးမေးသည်။
"ငါတို့ ဆည်းဆာပင်လယ်အော်ကို သွားလို့ရမလား? ရေခူတွေ အဲ့ဒီနေရာအကြောင်း ပြောနေတာ ကြားဖူးတယ်၊ ငါသွားချင်လို့"
လန်စီ သည် ဝင်ဆာအား သူ၏ ရည်ရွယ်ချက်အမှန်ကို မပြောဝံ့ပေ။
သူနည်းနည်းကြောက်နေမိသည်။ သူ့ခန္ဓာကိုယ်အတွင်းထဲမှာရှိသည့်
စိတ်ဝိညာဉ်က လူသားတစ်ယောက်ဆိုတာ သူ့ရှေ့ရှိ ရေသူထီးလေးက သိသွားခဲ့လျှင် သူ့အားစွန့်ပစ်သွားနိုင်၏။
ဝင်ဆာ သည် ခဏမျှ တိတ်ဆိတ်သွားသည်။ ပင်လယ်နက်ထဲမှာတောင်
သူ့ရဲ့ရှည်လျားတဲ့ အနက်ရောင်ဆံပင်များကား တစ္ဆေတစ်ကောင်လို ရေထဲမှာ မျောလွင့်နေ၏။
သူက လန်စီ ကို အချိန်အကြာကြီး စိုက်ကြည့်ပြီး နောက်ဆုံးတွင်
ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်။
"ကျေးဇူးတင်ပါတယ်။"
ဝင်ဆာ ၏ ထောက်ခံသည့်အဖြေကို ရရှိပြီးနောက် လန်စီ၏မျက်ဝန်းများသည်
ပျော်ရွှင်မှုကြောင့် ကျဉ်းမြောင်းသွားသည်။ သူသည် သတိမထားမိပဲ ဝင်ဆာ အနီးသို့
ချဉ်းကပ်သွားပြီး ဝင်ဆာ ၏အမြီးကို သူ၏အမြီးရှည်ဖြင့် ပွတ်တိုက်လိုက်၏။ ထို့နောက်
အမြီးကို ခါယမ်းကာ ဝင်ဆာကို ကျော်တက်သွားပြီ
ကျည်ဆန်တစ်ခုကဲ့သို့ အရှေ့သို့ ပြေးထွက်သွား၏။
ရေကူးသွားနေစဉ်တွင် လန်စီ သည် အထူးဂုဏ်ယူနေမိ၏။
"ဝင်ဆာ၊ မင်းက အရမ်းနှေးနေတာပဲ၊ အသက်ကြီးနေပြီလား"
ဝင်ဆာ : "... "
သူ၏မျက်နှာမှာအမူအရာမဲ့လျှက်..
ဝင်ဆာ
သည် လန်စီ သူ့ရှေ့မှ ဖြတ်ကူးသွားသည်ကို အေးအေးဆေးဆေး ကြည့်နေ၏။ သို့သော် လန်စီသည်
ဝင်ဆာရှေ့မှ ထွက်ပြေးခါနီးတွင် အလျင်မလိုပဲ
ပြောလိုက်သည့်အသံတစ်သံကို လန်စီကြားလိုက်ရ၏။
"မင်းဦးတည်ချက် မှားနေပြီ"
သူ့ရှေ့မှ ငါးဖြူလေးသည့် ချက်ချင်း အေးခဲသွားပြီး ခေါင်းကို လှည့်ကာ
ဝင်ဆာ ကို စိုက်ကြည့်နေ၏။
ဝင်ဆာ သည် အခြားဘက်သို့ အေးအေးဆေးဆေး ညွှန်ပြပြီးပြောသည်။
"ဒီဘက်"
အမြန် ရေကူးတတ်တော့ရော ဘာအသုံးကျလဲ၊ ငယ်ရွယ်မှုကရော ဘာအရေးလဲ။
သူက ဒီမှာ အရှင်သခင်ပဲ။
ငါမင်းကို ပြန်လာစေချင်လား၊ မင်းစက်ဝိုင်းလို လှည့်ပတ်ပြီး
ကူးစေချင်လား ဒါမှမဟုတ် ငါ့ဆီကို ကူးလာစေချင်လား ၊အားလုံးကို ငါစီမံနိုင်တယ်။
သူ၏ရှေ့တွင် မျက်လုံးအနက်ရောင်ဖြင့် ရေသူထီးအသစ် တစ်ယောက်အနေဖြင့်
လန်စီသည် ဘယ်ကို ကူးခတ်သွားရမည်မှန်းမသိပေ။
လန်စီ သည် သူ၏ဦးတည်ချက်အား တုံ့ဆိုင်းစွာပြောင်းကာ ဝင်ဆာထံသို့
ပြန်ကူးခတ်သွား၏။
ထိုတချက်တည်းနှင့်ပင် "ထောင်ဖောက်ခြင်း" အမှုအားအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်အရှိန်ဖြင့် တက်ကြွနေသည့် လန်စီ ၏
သွေးများသည် အေးစက်သွားကာ တစ်ချိန်တည်းမှာပင် သူ၏ ကာယကြံ့ခိုင်မှု တဖြည်းဖြည်း
အားနည်းလာသည်။
ထို့ကြောင့် လန်စီ သည် လုံးဝ ကြက်သေသေနေကာ ခေါင်းငိုက်စိုက်ချလျှက်
ငါးမြီးကို တိတ်တဆိတ်ခတ်ကာ စကားတခွန်းမှမဆိုပဲ ဝင်ဆာ နောက်သို့ လိုက်သွားသည်။
ရှားရှားပါးပါး လိမ္မာရေးခြားရှိနေသည့် လန်စီ ၏ပုံစံက ဝင်ဆာ ကို သိသိသာသာပင်
သဘောကျသွားစေပြီး သူကလန်စီ ကိုကြည့်ပြီး မနေနိုင်ပဲ ခပ်တိုးတိုး ရယ်မောလိုက်၏။
"အဟက်..."
ထို့နောက် လန်စီ၏ ခေါင်းကို ထိလိုက်သည်။
လန်စီ : "..."
......