Chapter 12
Viewers 516

ဒီရေခူ ရောက်လာကတည်းက အရာအားလုံး မှားယွင်းနေသည်။

လန်စီ အနည်းငယ် စိတ်ပူသွား၏။

ပထမဆုံးအနေနဲ့ ဘာကြောင့်မှန်းမသိ ဝင်ဆာသည် အချိန်တော်တော်များများအိပ်ပျော်နေပြီး  သူ့ကို အတင်းနှိုးရင်တောင် ကြည့်ရတာရှုပ်ထွေးနေသည့်ပုံပင်။

ရေဘဝဲက အရင်ကထက် ပိုသတိထားနေ၏။ အပြင်မှာ အစာကျွေးဖို့ ကြိုးစားနေတဲ့ ရေခူကြီးကို တွေ့လိုက်သည်နှင့်တပြိုင်နက် ရေဘဝဲက သန္တာအရိုးတွေကို လက်တံတွေနဲ့ ဖုံးအုပ်ထားလိုက်၏။

ဤနည်းအတိုင်းပင် ၎င်းသည် ရေဘဝဲ၏ ပြိုင်ဘက်ကင်းသည့် ပိုင်စိုးပိုင်နင်းသဘောထားကိုဖော်ပြနေပြီး ရေခူ နီးကပ်လာသည်နှင့် ရေခူကို ပတ်လည် လှည့်ကာရိုက်လိမ့်မည်။

ထို့ကြောင့် အပြင်ဘက်ရှိ ရေခူကို လန်စီသည် သန္တာအရိုးရှိ အပေါက်များမှတဆင့် ဝမ်းနည်းစွာကြည့်နေရုံသာ တတ်နိုင်လေသည်။

ရေသူထီးလေးတစ်ဦးနှင့် ရေခူတစ်ကောင်သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကာ သူတို့ကြားတွင်မီတာရာဂဏန်းအကွာအဝေးခြားထားသည်။

၎င်းသည်  ချစ်လျက်နှင့်ခွဲခြား ခံထားရသည့်နွားကျောင်းသားနှင့် ရက်ကန်းသူမလေး ပုံပြင်ထဲက အတိုင်းပင်။

ရေခူ: [အိုးးးးးး၊အလှလေးရေ၊ ငါ အလှလေးကို နောက်ထပ် ထိတွေ့လို့မရတော့ဘူး]

လန်စီ : [……..]

သူသိချင်လိုက်တာ၊ ရေခူက တကယ်ငိုနိုင်တာလား။

သူ့ခန္ဓာကိုယ်က ရေနဲ့ ဖွဲ့စည်းထားတာလေ။ သူငိုရင် ကျုံ့သွားမှာလား။

သို့သော် ရေခူ အရေခွံကို စားခွင့်မရတော့ရင်တောင် ရေခူနှင့် စကားပြောနိုင်သေးသည်။

ဝင်ဆာအိပ်ပျော်နေစဉ်တွင် လန်စီသည် ရေခူ၏ညွှန်ကြားမှုအောက်တွင် သီးသန့် ချန်နယ် တစ်ခုဖွင့်ပြီး စကားပြောနေ၏။

[မင်း ပင်လယ်ရေ တိမ်ပိုင်း ဘက်ကို ရောက်ဖူးလား]


စကားစမြည် ပြောနေစဉ် လန်စီသည် သူအရင်က တူးခဲ့သော ဥမင်လိုဏ်ခေါင်း ထဲသို့ဝင်ကာ သဲထဲကို စတင်တူးလေတော့သည်။

ဒီမှာ သဲက အတော်လေး ပျော့သည်။ လန်စီတစ်ယောက် အတော်လေး အားသွန်ခွန်စိုက် တူးနေရကာ သူ ဒီလောက်တော့ လုပ်နိုင်သည်ဟု ထင်၏။

[ဟုတ်တယ်]
ရေခူက လန်စီရဲ့ စကားကို အနည်းငယ် သတိမထားမိပေ ၊သူသည် ပင်လယ်ထဲမှာ တရစ်ဝဲဝဲ လုပ်နေကာ အချိန်ကောင်းတစ်ခု ကိုစောင့်နေ၏။

[ငါ ပင်လယ်ရေတိမ်ပိုင်းမှာ အကြာကြီးနေခဲ့တယ် ]

[ဒါဆို မင်းလူတွေကို မြင်ဖူးလား ]

[လူသား။ သံမဏိကောင်ကြီး ပေါ်မှာ ထိုင်နေတဲ့ ကောင်ငယ်လေးကို ဆိုလိုတာလား။ သူတို့က မင်းနဲ့ တော်တော်တူတယ်။ ]


[ဟုတ်တယ်]


လန်စီသည် ရုတ်တရက် မျက်လုံးပြူးသွား၏။ အမှောင်ထဲတွင် သူသည် မသိစိတ်ဖြင့် ခေါင်းကို မော့လိုက်ရာ နံရံနှင့်ဆောင့်မိပြီး ခေါင်းနာသွား၏။

[ မင်းပြောတဲ့ သံမဏိကောင်ကြီးတွေက နစ်မြုပ်သွားပြီလား  ]


ဝင်ဆာပြောခဲ့သလိုပဲ သူထွက်သွားပြီးနောက် ဘာဆက်လုပ်ရမလဲဆိုတာကို လန်စီအဖြေထုတ်ချင်သည်။ ထို့အပြင် လန်စီမှာ သူမည်ကဲ့သို့ ရေသူထီး ဖြစ်လာသည်ကို အဖြေရှာချင်သေး၏။


အဖြေရှာရန် မူလအရင်းအမြစ်ဖြစ်သည့် အပျော်စီးသင်္ဘောမှစတင်ရမည်။

လန်စီသည် သူ့မှတ်ဉာဏ်တွင် တစ်စုံတစ်ရာ မှားယွင်းနေနိုင်သည်ကို သတိထားမိလေသည်။ အပျော်စီးသင်္ဘောကို ရှာတွေ့လျင် အနည်းဆုံးတော့ အပျော်စီးသင်္ဘောပေါ်ရှိ သက်သေပစ္စည်းတွေမှတဆင့် သူသေဆုံးပြီးနောက် သူ၏ဝိညာဉ်က ရေသူထီးတစ်ကောင် အဖြစ် ပြန်လည် မွေးဖွားလာခဲ့သလားဆိုတာ အဖြေရှာတွေ့နိုင်၏။

သို့တိုင် သူကိုယ်တိုင်လည်း ရေသူထီးဖြစ်လာခဲ့သည်။

[အများကြီး ရှိတယ်၊ ဘယ်တစ်ခုကို ပြောတာလဲ ]

လန်စီက ရုတ်တရက် ရပ်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ထပ်မေးလိုက်၏။

【အများကြီး  ]


[ဟုတ်တယ်၊ အများကြီးရှိတယ် ]

ရေခူတွေ က [ အဲ့တာ ဆည်းဆာ ပင်လယ်အော်မှာလေ … အထူးသဖြင့် အဲဒီနေ့မှာ ပင်လယ်ပြင်ထဲက  သံမဏိကောင်ကြီးတွေ အားလုံး မုန်တိုင်းကြောင့် နစ်မြုပ်သွားကြတယ် ]


အဲဒီနေ့တုန်းက ပင်လယ်မွန်းစတားများအားလုံးကိုအထင်ကြီးသွားစေသည်။

သူတို့အတွက် ထိုနေ့သည် ၎င်းတို့၏ တည်ရှိမှုအား ကမ္ဘာကို တရားဝင်ပြသသည့်နေ့ပင်။

ထိုနေ့တွင် ကြီးမားသော နေစက်ကွင်းမုန်တိုင်းကြီး ဖြစ်ခဲ့သည်။ မုန်တိုင်းက ဘာကြောင့် ဒီလောက်ကြီး ကြီးမားရသလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ ကြီးမားလွန်းလို့ တစ်ရက် အတွင်းမှာပဲ ကမ္ဘာပေါ်ရှိ အီလက်ထရွန်နစ် ကိရိယာတွေအားလုံးကို ပျက်သွားစေ၏။

ပင်လယ်မျက်နှာပြင်ပေါ်ရှိအတားအဆီးသည် ထိုအချိန်၌ ပျောက်ကွယ်သွားပုံရ၏။ မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများသည် ပင်လယ်ရေနက်ပိုင်းမှ ကူးခတ်တက်လာပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အရာအားလုံးကို စူးစမ်းရှာဖွေကြသည်။

ဒါတွေအားလုံးဟာ လူသားတွေအတွက် ကြီးမားတဲ့ ကပ်ဘေးတစ်ခုပါပဲ။

သူတို့ဂုဏ်ယူနေတဲ့ နည်းပညာဟာ ဘာကြောင့် ရုတ်တရက် ကျရှုံးသွားလဲဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ပေ။

 

အဆိုပါနည်းပညာပစ္စည်းများမပါရှိပါက သဘာဝတရားကြီးက ပျက်ရယ်ပြုရလောက်အောင်ပင် လူသားများသည် အလွန်နုနယ်ပေ၏။

ပင်လယ်မွန်းစတားများသည် သင်္ဘောများ၊ လူသားများနှင့် ပထမဆုံးအကြိမ် စတင် ထိတွေ့ မိကြပြီး၊ စူးစမ်းလိုစိတ် ရှိပြီး ရဲရင့်သော ပင်လယ်မွန်းစတားအချို့သည် မျက်နှာပြင်ပေါ်တွင် လွင့်မျောနေသည့် အရာများဆီသို့ လှမ်းလာကြသည်။

လူသားများ စိတ်ပျက် အားငယ် စပြုလာ၏။

ထိုနေ့တွင် ထူးဆန်းသော ပင်လယ်သတ္တဝါများက ပင်လယ်ပြင်တွင်ရှိသော သင်္ဘောအားလုံး နီးပါးကို မှောက်ပစ်လိုက်ကြသည်။

ထိုအချိန်မှစ၍ လူသားများနှင့် ပင်လယ်သတ္တဝါများကြား နက်နဲသော မုန်းတီးမှု ဖြစ်ပေါ်လာကြသည်။

ပင်လယ်မွန်းစတားတွေရဲ့ အမှားလား။

ဟုတ်တာပေါ့။

ဒါပေမယ့် သူတို့ကို အပြစ်တင်လို့ ရမလား။ ဘယ်သူသိနိုင်မလဲ။

သို့သော် ယင်းက ကုန်းမြေပေါ်ရှိ လူသားများက ပင်လယ်သတ္တဝါများအား ရန်သူများအဖြစ် ဆက်ဆံခြင်းကို မတားဆီးနိုင်ပေ။

မှန်ပေ၏ လန်စီသည် ဤအရာများကို လုံးဝမသိပေ။

သူသည် ရေခူထံမှ ထိုတစ်ချက်သာ သိခဲ့ပြီး ထိုနေ့က ထူးဆန်းသော မုန်တိုင်းတစ်ခုကြောင့် သင်္ဘောများအားလုံး ချွတ်ယွင်းသွားခဲ့သည်။

ပြီးတော့ သူ့အပျော်စီးသင်္ဘောက ရေခူပြောသလို ဆည်းဆာပင်လယ်အော်မှာ ဖြစ်ဖို့များ၏။

ဆည်းဆာပင်လယ်အော်သည် အနောက်ဘက်တွင်ရှိ၏။ သူထွက်သွားပြီးလျင် အနောက်ဘက်သို့ ကူးခတ်ပြီး ပင်လယ်ရေတိမ်ပိုင်း၌ ပင်လယ်အော်ကို ရှာဖွေရမည်။

စကားပြောနေစဉ်တွင် လန်စီသည် အမှောင်တွင်း၌ အလင်းတန်းတစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။

အလင်းက လန်စီကို ခဏလောက် ထိတ်လန့်စေခဲ့ပြီး

သူဝမ်းသာအားရဖြစ်သွား၏။

သူအောင်မြင်ပြီ။နောက်ဆုံးတော့ အပြင်ကိုထွက်နိုင်တဲ့ အပေါက်သေးသေးလေးကို တူးဖော်နိုင်ပြီ။

လန်စီက ရေခူကို အမြန်ပြောလိုက်သည်။

[ငါလုပ်နိုင်ပြီကွ】

ရေခူက မတုံ့ပြန်သေးပေ။

[မင်းဘာပြောတာလဲ]

[ဥမင်လိုဏ်ခေါင်းကို ငါတူးပြီးပြီ၊ အဲဒီကနေ ငါထွက်လာမယ်။ ]

လန်စီသည် ကျန်ရှိနေသေးသည့် မြေကြီးအနည်းငယ်ကို စိတ်လှုပ်ရှားစွာ တူးထုတ်လိုက်ပြီးနောက် ၄င်းအရာများကို အမြီးနှင့် ဖယ်ထုတ်လိုက်၏။

[ကောင်းတာပေါ့]

ရေခူလည်း အလွန်ပျော်နေ၏။

[မင်းထွက်လာရင် ငါတို့ ပင်လယ်ရေတိမ်ပိုင်းကို အတူတူသွားလို့ရပြီ]


လန်စီသည် ဤအချိန်တွင် စွမ်းအင်အပြည့်ဖြစ်နေ၏။ သူသည် နောက်ဆုံးလက်ကျန် မြေကြီးများကို ဖြည်းဖြည်းချင်း တူးထုတ်နေရင်း ရုတ်တရက် မေးခွန်းတစ်ခုပေါ်လာ၏။

[မဟုတ်သေးဘူး၊အပြင်မှာရေဘဝဲ ရှိနေတယ်လေ။ ငါ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ ]


သူသည် တူးထားသော ဥမင်လိုဏ်ခေါင်းမှ ထွက်လာပြီး သန္တာအရိုးများပေါ်တွင်မှီကာ အပြင်ဘက်ရှိ လက်တံများကို ဝမ်းနည်းစွာ ကြည့်နေသည်။

သူတို့သည် တစ်ခုနှင့်တစ်ခု ရစ်ပတ်တွယ်ယှက်ထားကြသည်။

လန်စီ ရေတွက်ကြည့်သည့်အခါ အနည်းဆုံး လက်တံငါးခုရှိ၏။

အရင်က ရေဘဝဲသည် ဤမျှမတင်းကြပ်ပေ။ ၄င်းကိုမတွေ့ရသည့် အချိန်အတိုင်းအတာတစ်ခုတော့ အမြဲရှိခဲ့သည်။ သို့မှသာ လန်စီသည် သူ့ဘာသာသူ လွတ်လွတ်လပ်လပ်နေနိုင်မည်ဖြစ်သည်။

ယခုမူ ပြင်ပမှ ရေဘဝဲလက်တံများသည် လှုပ်ရှားမှုများကို နှစ်ဆယ့်လေး နာရီပတ်လုံး စောင့်ကြည့်နေပြီး လန်စီ အပြင် ထွက်လာသည်ကိုသာ တွေ့ရှိပါက ချက်ချင်းအထဲသို့ ပြန်တွန်း ထည့်မည်ကို စိုးရိမ်ရ၏။


ရေခူနှင့် လန်စီတို့သည် တပြိုင်နက်တည်း ဆွံ့အသွား၏။

ထို့နောက် ရေခူသည် လှုပ်ခါကာ ၎င်း၏  စိတ်ဓာတ်ကို တစ်ဖန်ပြန် မြှင့်တင် လိုက်ပြီးပြော၏။

[ဒါက ကိုင်တွယ်ရ လွယ်ပါတယ်၊ရေဘဝဲ လက်တံတွေကို ဖယ်ရှားဖို့ မင်းကိုငါ ကူညီပေးမယ်]

လန်စီအံ့သြသွား၏။

[မင်းသေမှာမကြောက်ဘူးလား]

[သေတယ်ဆိုတာ ဘာကိုပြောတာလဲ ]

ငတုံးရေခူကောင်က အကြောက်တရားကို မသိပေ။
[ငါ့မှာ အစိတ်အပိုင်း တစ်ပိုင်းရှိနေသ၍ ငါပြန်မွေးဖွားနိုင်တယ်]

လန်စီ၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

ဤရေခူသည် အလွန်ကြွပ်ဆတ်ပြီး ရေဘဝဲများကို ပတ်၍ ဝှေ့ယမ်းဝံ့သည်မှာ အံ့သြစရာမဟုတ်ပေ။

လူတွေမှာ စွမ်းအား ကိုယ်စီရှိကြ၏။

ရေခူသည် လန်စီ၏ စကားလုံးများက သူ့ကိုခွင့်ပြုသည်ဟုမှတ်ယူကာ ချက်ချင်းပင်  ရေဘဝဲဆီသို့ အပြေးထွက်သွားသည်။
ရေခူ၏ လက်တံတစ်ခုစီ တိုင်းတွင် အဆိပ်ရှိသော ဆူးများပါရှိပြီး ရေခူ၏ လက္ခဏာမှာ ထူထပ်သော လက်တံ၌ သေးငယ်သော အရည်အိတ်ငယ်ဖြင့် ထုပ်ပိုးထားပြီး  အိတ်အတွင်းတွင် သေးငယ်သော ချိတ်တစ်ခုပါရှိသည်။ ထိုအရာကို အပြင် ထုတ်လိုက်သည်နှင့် အဆိပ်ရှိသော ချိတ်လေးတွေက အသားထဲကို ထိုးဖောက် ဝင်ရောက် သွားလိမ့်မည်ဖြစ်၏။

ပြီးတော့ ဒီရေခူဟာ ဆင့်ကဲ ပြောင်းလဲလာတဲ့ စူပါရေခူတစ်မျိုး ဖြစ်ပြီး ရေဘဝဲ၏အရေပြားကို အဆိပ်ဆူးဖြင့် ထိုးရန် ခက်ခဲသော်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ရေဘဝဲသည် ရေခူတစ်ကောင်၏ အဆိပ်ဆူးဖြင့် ထိုးဖောက်ခြင်းကို ခံရလေသည်။

သူ့အား ရေခူမှ ပေါ်တင် ရန်စရဲမည်ဟု မမျှော်လင့်ထားသဖြင့် ရေဘဝဲသည် ရုတ်တရက် ဒေါသထွက်သွား၏။

မူလက သန္တာအရိုးများကို ရစ်ပတ်ထားသော လက်တံများကို ဖြေလျော့လိုက်ကာ ရေခူကို ချက်ချင်း လိုက်ဖမ်းတော့သည်။

ဒီရေခူဟာ ထူးဆန်းပြီး ရေစီးထဲ လွင့်မျောနေရတာကို နှစ်သက်၏။ သူသည် နှေးကွေးပြီး အားနည်းပုံရသော်လည်း တကယ်အလေးအနက်ထားသည့် အခါမျိုးတွင် သူ၏လုံးဝန်းသည့်ခန္ဓာကိုယ်မှ ရေများပန်းထွက်လာပြီး ဒုံးပျံကဲ့သို့ အရှိန်မြှင့်ကာ သွားနိုင်ပေ၏။

ရေဘဝဲရဲ့ လက်တံတွေက သူ့အား ဖမ်းမမိပေ။

ထိုနေရာတွင် စက္ကန့်အနည်းငယ် ကြာပြီးနောက် ရေဘဝဲသည် ဒေါသထွက်လာပြီး ရေခူကို လျင်မြန်စွာ ရစ်ပတ်ပြီး တိုက်ခိုက်လိုက်၏။

ရေခူ၏ အော်ဟစ်သံသည် ပင်လယ်အောက်ခြေတွင် ပဲ့တင်ထပ်နေ၏။

【အာားးးးးးးးးး】

လန်စီသည် သန္တာအရိုးများပေါ်တွင် မှီကာ တိုက်ပွဲကို တိတ်တဆိတ် ကြည့်နေသည်။

ရေခူ၏အော်သံကို ကြားပြီးနောက် လန်စီသည် ရေခူ ထွက်ခွာသွားသည့် လမ်းကြောင်းကို လှမ်းမျှော်ကြည့်ရင်း သူ၏ရင်ဘတ်ပေါ်တွင် လက်ဝါးကပ်တိုင် ပုံစံတစ်ခုကို ဖြည်းညှင်းစွာ ပြုလုပ်လိုက်သည်။

"အာမင်"

ထို့နောက် သူတူးထားသော ဥမင်လိုဏ်ခေါင်းမှ တွန့်ဆုတ်ချင်းမရှိ ချက်ချင်း ခုန်ချလိုက်၏။

လန်စီက သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်သည့်အခါ အပြင်ဘက်ရှိ ကျယ်ပြန့်သည့် ပင်လယ်ပြင်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေမိ၏။

လန်စီ၏နောက်တွင် ကျန်ရစ်သည့်သန္တာအရိုးကား သူ တကယ် လွတ်မြောက်ကြောင်း သက်သေထူ နေသည့်နှယ်။

စိတ်လှုပ်ရှားလွန်းလို့ လန်စီက ဝင်ဆာကို ခေါ်ဖို့မေ့သွား၏။

လန်စီသည် သန္တာအရိုးမှ ထွက်လာပြီးနောက်၊ ရေခူ၏ လှည့်စားမှု နောက်ကို လိုက်ပါသွားမိပြီး အဝေးသို့ ရောက်သွားသည့် ရေဘဝဲသည် ရုတ်တရက် သတိပြန်ဝင်လာသည်။ ရေဘဝဲလက်တံတို့သည် ချက်ချင်း ပြန်လှည့်လာပြီး သန္တာအရိုးအပြင်ဘက်မှာ ရပ်နေတဲ့ လန်စီကို တွေ့လိုက်ရ၏။

လက်တံငါးခုမှာ "ထိတ်လန့်သွားသည်" ။ထို့နောက် မိုးကြိုး လျှပ်စီး အလျှင်နှုန်းဖြင့် လန်စီဆီသို့ ပြေးလာလေသည်။

နောက်ဆုံးတော့ လန်စီလွတ်မြောက်လာခဲ့ပြီး လွတ်လပ်သော ပင်လယ်ရေတစ်လုတ်ကို ရှူရှိုက်ခြင်း မပြုမီတွင် လက်တံငါးခုသည် သူ့ဆီသို့ လှိမ့်ဆင်းလာသည်ကို မြင်လိုက်ရပြီး ကြောက်လန့်ကာ ပင်ကိုအသိစိတ်၏ တုံ့ပြန်မှုကြောင့် ရှောင်ပြေးရန် ပြင်တော့၏။

ယခု လန်စီ၏ ရေကူးအဆင့်သည် သူမွေးဖွားလာစဉ်ကလိုမျိုး လူးလိမ့်သွားရသည့် အခြေအနေမျိုးမဟုတ်တော့ပေ။

ဤရက်များတွင် သင်ယူလေ့ကျင့်ခဲ့မှုကို ကျေးဇူးတင်ရပေမည်။ လန်စီ၏ ရေကူးခြင်းအဆင့်သည် သိသိသာသာ မြင့်တက်လာပြီး ရေနေသတ္တဝါများ၏ အခြေခံအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

သူ့ဆီသို့ ပြေးလာသော ရေဘဝဲလက်တံများကို ရင်ဆိုင်ပြီး လန်စီသည် သူ၏အမြီးကို တတ်နိုင်သလောက် လျင်မြန်စွာ လှုပ်ယမ်းကာ ကူးခတ်လိုက်သည်။ သူသည် လေးကြိုးမှပစ်လွှတ်လိုက်သည့်  မြှားတစ်စင်းကဲ့သို့ ဟနေသည့်နေရာကို ဖြတ်၍ သွက်လက်ကျွမ်းကျင်စွာ ကူးခတ်သွားသည်။

လက်တံများသည် ကြီးမားသော်လည်း ကံမကောင်းစွာဖြင့် ကွေးနိုင်ဆန့်နိုင်မှု မရှိပေ။ လက်တံများကြားရှိ နေရာလွတ်များရှိနေပြီး ပထမဆုံးအကြိမ်အဖြစ် ငါးလေးသည် ရေဘဝဲလက်တံများကြားမှ လွတ်မြောက်သွားကြသည်။

သေးငယ်သော အဖြူရောင်ငါးလေးသည် မြှားထက်ထက်တစ်စင်းပမာ ကျယ်ပြန့်သောသမုဒ္ဒရာထဲသို့ တန်းတန်းမတ်မတ် ပြေးထွက်သွား၏။

ရေဘဝဲသည် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ လန်စီသည် ၎င်းနှင့်အကွာအဝေးတခုသို့ ရောက်သွားပြီးနောက် ရေဘဝဲသည် ဘာကြောင့်မှန်းမသိ လန်စီကို လိုက်ဖမ်းမည့်အစား နေရာတွင် တိတ်တဆိတ်ရပ်နေကာ သူ၏ငါးငယ်လေး အောင်မြင်စွာ လွတ်မြောက်သွားသည်ကို ကြည့်နေ၏။

ဒါပေမယ့် ထူးဆန်းတာက ငါးဖြူလေးက ရုတ်တရက် ရပ်သွား၏။

သူသည် သမုဒ္ဒရာ၌ မျောပါသွားပြီးနောက် နောက်သို့လှည့်ကြည့်ကာ ရေဘဝဲဆီသို့ သေးငယ်သော အသံလေးဖြင့် အော်ဟစ်လိုက်၏။

မူလက"ဝမ်းနည်းမှု"ထဲတွင် ပိတ်မိနေသည့် ရေဘဝဲသည် အံ့အားသင့်သွားကာ ချက်ချင်းပင် မျှော်လင့်ချက်ဖြင့် ဝန်းရံလိုက်သည်။

လက်တံများ၏ ပွေ့ဖက်မှုကို ငါးဖြူလေးသည်လည်း ထွက်မပြေးဘဲ လိမ်လိမ်မာမာဖြင့် ခံယူ၏။

ဘာလို့ထွက်မပြေးတာလဲ။

စကားမပြောနိုင်သော်လည်း ရေဘဝဲထံမှ ထွက်လာသည့် သံသယအရှိန်အဝါများကို လန်စီ ခံစားမိပြီး ရေဘဝဲအားမကြည့်ပဲမနေနိုင်ပေ။

လက်တံများသည် ငါးလေးကို ပင့်မြှောက်ကာ ထိနေပြီး အခြားသေးငယ်သော လက်တံလေးက ပျော်ရွှင်စွာဖြင့် ယမ်းခါနေရင်း အမြီးတလှုပ်လှုပ်ဖြင့် သူတို့ကိုယ် သူတို့ ထုံးလုမတတ် ဖြစ်နေကြသည်။

သူ့ငါးလေးက နောက်ပြောင်နေတာလည်း ဖြစ်နိုင်၏။

ဒီဂိမ်းက ပုလဲပစ်တာထက် အများကြီး ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ်။

ရေဘဝဲက သူ့ကို သန္တာအရိုးထဲကို ပြန်ထည့်လိုက်ခြင်းအား ငါးဖြူလေးက ဆန့်ကျင်မှုမပြုပေ။။

...

ဝင်ဆာက လန်စီကို ရေဘဝဲက ပြန်လွှတ်ပေးတာကို ကြည့်ပြီး သူ့မျက်လုံးတွေက အင်မတန်ရှုပ်ထွေးနေ၏။

"မင်းဘာလို့ ထွက်မပြေးတာလဲ"

သိသာစွာပင် လန်စီသည် ယခုမှ လွတ်မြောက်ရန် အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။

လန်စီက မျက်တောင်ခတ်ပြီး ဝင်ဆာကို ပြုံးပြကာ ပါးချိုင့်သေးသေးလေးနှစ်ခုကို လှစ်ဟပြပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

"မင်းကို ငါမေ့သွားလို့"