ငါးလေးမရှိလဲပဲ
သူတစ်ယောက်ထဲနေနိုင်သည်ဟု ဝင်ဆာ မူလကထင်မှတ်ခဲ့သည်။
နောက်ဆုံးတော့
သူဟာ နှစ်ပေါင်းများစွာ တစ်ယောက်တည်း နေခဲ့ပြီး အထီးကျန်ခြင်းနှင့်အသားကျနေပြီဖြစ်၏။
သို့သော် "အလေ့အကျင့်" သည် အမှန်တကယ်ပင်
ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်သည်။
သူ့နားထဲမှာ တတွတ်တွတ်ပြောနေသည့်အသံလေး ပျောက်ကွယ်သွားပြီးနောက်
လန်စီနှင့် အတူမနေရသည့် ရက်အနည်းငယ်အတွင်း ၄င်းအား စတင်လွမ်းဆွတ်လာသည်ကို ဝင်ဆာ သတိပြုမိလေသည်။
သန္တာအရိုးများကား ငြိမ်သက်နေ၏။ ဆူညံနေတတ်သည့်ငါးလေးမရှိသဖြင့် ဝင်ဆာ
သည် တစ်နေ့တာလုံး ခေါင်းကိုက်နေစရာ မလိုပေ။ ထွက်မပြေးအောင် စည်းရုံးနေစရာလဲမလိုပေ။
သို့သော်....
အရာအားလုံးကို ငြီးငွေ့ဖွယ်ရာကောင်းသည်ဟု ရုတ်တရက် ခံစားရသည့်အခါ
မည်သို့လုပ်ရပေမည်နည်း။
ဝင်ဆာသည် အနီမိုနီတွင်လဲလျောင်းနေပြီး မျက်လုံးများကိုမှိတ်ထားကာ မချိတင်ကဲ ဝေဒနာကြောင့်သူ့အတွေးများကား
ရပ်တန့်နေလျက်။
သူ့ငါးလေး...
ဤသမုဒ္ဒရာထဲမှာ ငါးလေးက သူ့ကို အားကိုးတယ်လို့
ဂုဏ်ယူစွာတွေးလိုက်ပေမယ့် နောက်ဆုံးမှာတော့ သူက ငါးလေးအပေါ် ပိုအားကိုးနေမိခြင်းကို
နားလည်သဘောပေါက်လိုက်၏။
သူဝန်ခံပါသည်။
ဝင်ဆာမျက်လုံးဖွင့်ကာ လန်စီ အရင်က အမြဲအိပ်ဖူးတဲ့နေရာကိုကြည့်လိုက်သည့်အခါ
ပုလဲလေးတစ်လုံးသာ တည်ရှိနေသည်ကိုတွေ့ရသည်။
ပုလဲ…
ထိုအကြောင်းအရာကိုတွေးမိသည့်အခိုက် ဝင်ဆာ ရယ်မိသလို ဒေါသလည်းထွက်မိ၏။
အထီးကျန်ခြင်းသည်းမခံနိုင်တော့သည့်အဆုံးတွင် ဝင်ဆာသည် အနီမိုနီထဲမှ
ကူးခတ်ကာ ထွက်လာရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။အချိန်အတော်ကြာပြီးနောက် သူ့စိတ်တွေ
ငြိမ်သက်သွားပြီဟုယူဆကာ လန်စီကိုသွားတွေ့ဖို့ အချိန်တန်ပြီဟုတွေးလိုက်သည်။
လန်စီသည် သန္တာအရိုးများကို
တူးထုတ်နိုင်မည်မဟုတ်ဟု ဝင်ဆာ ယုံကြည်သော်လည်း ငါးလေးက အခြားနည်းလမ်းတစ်ခုကို
ရှာတွေ့ခဲ့ရင်ဘယ်လိုလုပ်မလဲ။
ဝင်ဆာထွက်လာသောအခါ လန်စီသည် သန္တာအရိုး၏ အစိတ်အပိုင်းအချို့တွင် တွယ်ကပ်လျက်ရှိသည်ကို
တွေ့လိုက်ရသည်။
လန်စီ၏ကိုယ်လုံးမှာ သန္တာအရိုးများပေါ်တွင် တွဲလျောင်းကျနေသည်။
ဝင်ဆာခဏလောက် ထိတ်လန့်သွားပြီး သူ့နှလုံးသား တင်းကြပ်သွားသော်ငြားလည်း
သေသေချာချာကြည့်ပြီးနောက် သက်ပြင်းချလိုက်မိသည်။
အကယ်၍ လန်စီ၏အမြီးသည် ညင်သာစွာ လှုပ်ယမ်းမနေပါက၊ ဝင်ဆာ သည်
လန်စီသေဆုံးပြီဟု ထင်မိနိုင်လေသည်။
ဝင်ဆာ သည် လန်စီထံသို့ တိတ်တဆိတ်ကူးခတ်သွားပြီး မေးလိုက်၏။
"မင်းဘာလုပ်နေတာလဲ”
ရုတ်တရက်ရောက်လာသော ဝင်ဆာကိုမြင်လိုက်ရသည့်အတွက်
လန်စီလန့်သွားသည်။ သူမနေနိုင်ပဲအပြစ်တင်လိုက်၏။
"မင်းဘာလို့ တိတ်တိတ်လေး လမ်းလျှောက်လာတာလဲ၊ ငါ
လန့်လို့သေမှာပဲ"
လမ်းလျှောက်လာတယ်
ဝင်ဆာက စကားပြန်မပြောသော်လည်း သူနဲ့ လန်စီရဲ့ ငါးမြီးတွေကို
အဓိပ္ပါယ်အပြည့်နှင့်ကြည့်လိုက်၏။
လန်စီ: "... "
အာ...၊ထားလိုက်ပါတော့ ငါက လူမဟုတ်တော့တာကြာပြီပဲ ။
"ဘာမှမဟုတ်ဘူး"
လန်စီသည် ဝင်ဆာဘက်သို့တိုးကပ်လိုက်ကာ ဝင်ဆာ၏ စုံစမ်းစစ်ဆေးမည့်လမ်းကြောင်းကို
ပိတ်ဆို့လိုက်သည်။
ဒါပေမယ့် သူသည် အနီးသို့ကပ်သွားသည့်နောက် ဝင်ဆာ ရဲ့ အနီးကပ်မျက်နှာကိုမြင်ရသည့်အခါ မနေ့က
"သင်ကြားရေးလုပ်ငန်းစဉ်" ကို မတွေးတောမိပဲမနေနိုင်ပေ။
ထို့နောက် ဝင်ဆာရှေ့မှာ ရပ်ဖို့ လန်စီကယုံကြည်ချက်မရှိတော့ဘဲ ခေတ္တတုံ့ဆိုင်းသွားပြီး
နောက်ပြန်ဆုတ်သွား၏။ .
ဝင်ဆာ ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
စဉ်းစားနေဖို့ပင်မလိုအပ်ပေ။ လန်စီအပြုအမူကိုကြည့်ရုံနှင့်သိနိုင်သည်။
ဝင်ဆာ က ရှေ့ကိုလှမ်းလာပြီးဖိအားပေးကာ မေးသည် ။
"မင်းဘာလုပ်နေတာလဲ?"
"ဘာမှမလုပ်ဘူး!"
လန်စီ၏ လေသံသည် အနည်းငယ် တုန်လှုပ်သွားပြီး ယုံကြည်မှု လုံးဝ
မရှိပေ။
"အဟက်"
ဝင်ဆာက မျက်ခုံးပင့်လိုက်ပြီး "မင်းအရင်ကပြောခဲ့တာကို
မှတ်မိသေးလား၊ မင်း ငါ့ကိုမဆန့်ကျင်ပဲ ငါ့စကားကို အမြဲနားထောင်ပါ့မယ်ဆို"
ဒါကိုကြားတော့ လန်စီက မှုန်ကုပ်ကုပ်နဲ့ ခေါင်းညိတ်လိုက်ပြီး အဝေးကိုရွှေ့သွားသည်။
ဤအချိန်တွင် လန်စီပိတ်ဆို့ထားသည့်မြင်ကွင်းကို ဝင်ဆာ မြင်လိုက်ရ၏။
တွင်းတစ်ခု။
သန္တာအရိုးများကို ဖုံးအုပ်ရာတွင် အသုံးပြုသည့် သန္တာအရိုးများသည် အပြည့်အဝစင်းလုံးချော
မရှိသောကြောင့် သန္တာအရိုးနံရံတစ်ခုလုံးတွင် တွင်းအပေါက်ကြီးငယ်များ ရှိနေပေသည်။
သို့သော် ဝင်ဆာ သည် လန်စီသည် ဤတွင်းများမှတစ်ဆင့် ထွက်သွားမည်ကို
စိတ်မပူမိပေ။ဤအပေါက်များသည် သေးငယ်လွန်းသောကြောင့် အကြီးဆုံးအပေါက်သည် ရေသူထီး၏
ဦးခေါင်းတစ်လုံးစာခန့်သာ ဝင်ဆံ့နိုင်၏။
ဒါပေမယ့် အခုအချိန်မှာတော့ ဝင်ဆာဟာ သူ့ရဲ့ မူလကမိမိကိုယ်မိမိ
ယုံကြည်ချက်ကိုပင် သံသယဖြစ်နေပြီဖြစ်၏။
သူ့ကို လန်စီ ပေးမသိစေချင်တဲ့ အပေါက်က အတော်လေး ကျယ်တဲ့
အပေါက်ဖြစ်ပြီး ခေါင်းနဲ့ အံဝင်သည့် အပေါက်တစ်ခုပင်။
လန်စီဘေးသို့ဖယ်ပေးပြီး သိပ်မကြာခင်မှာပဲ အပေါက်ထဲကနေ
ဖောက်ထွင်းမြင်ရတဲ့ လက်တံတစ်ခု ဝင်လာပြီး တုန်တုန်ယင်ယင်နဲ့ ထိလိုက်ပြီးနောက်ဆုံးတွင်
လန်စီ၏လက်များကိုချိတ်လိုက်သည်။ ဖောက်ထွင်းမြင်ရသောလက်တံများသည် ချက်ချင်းပင် ရွှင်မြူးကာ
အပေါ်အောက်လှုပ်နေ၏။
လက်တံများကသူ့ကို အခွင့်ကောင်းယူနေသည်ဟု လန်စီက လုံးဝမခံစားရချေ။ လက်တံများက
သူ့မျက်နှာကိုမရည်ရွယ်ပဲရိုက်မိသောအခါတွင်မှ လန်စီသည် ယင်းတို့ကို ကူကယ်ရာမဲ့ ဆွဲယူလိုက်ပြီး
လှုပ်ရှားမှုများကို ရပ်တန့်စေသည်။
ဝင်ဆာ : "... "
ဝင်ဆာ အန္တရာယ်ကိုသတိပြုမိသွား၏။ သူ မနေ့ကမှ လန်စီကို အသံလှိုင်း နဲ့
စကားပြောတဲ့နည်းကို သင်ပေးခဲ့တာကို သတိရလိုက်သည်။ထို့ကြောင့် သူ မရောက်တာကြာပြီဖြစ်တဲ့
စကားပြောစက်ကွင်း ကိုဖွင့်လိုက်၏။
[အာာာာာာာာာာာား ငါ
ငါးလေးကိုထိလိုက်ရတယ် 】
သူဝင်ပြီးတာနဲ့ ရေခူရဲ့အော်သံကိုကြားရပြီး သူ့ကို မူးဝေသွားစေသည်။
ဝင်ဆာကိုလုံးဝ သတိမထားမိဘဲ လန်စီက ဝင်လာသော လက်တံများကို
ဆုပ်ကိုင်လိုက်သည်။ သူက ဝင်ဆာကိုကြည့်လိုက်တော့ ဝင်ဆာက မျက်မှောင်ကြုတ်နေတာကို
တွေ့လိုက်ရသည်။ သူ တုံ့ဆိုင်းသွားပြီး သူ့လက်ထဲမှ ဖောက်ထွင်းမြင်ရတဲ့ လက်တံတွေကို
ဆွဲထုတ်လိုက်သည်။
ရေခူသည် လန်စီလက်တံတွေကို ဆွဲယူလိုက်တာကြောင့် အရမ်းပျော်သွားကာ
လက်တံတွေကို သူ့ဘာသာသူ ဆွဲဖြုတ်လိုက်သည်။
[ငါးလေး စားချင်ရင် ငါပေးမယ် ငါပေးမယ် ငါ့မှာ အများကြီးရှိတယ် 】
【ကျေးဇူးတင်ပါတယ် 】
လန်စီက တုံ့ပြန်ပြီး ဖောက်ထွင်းမြင်ရသည့်လက်တံတွေကို ဆွဲယူပြီးနောက်
ဝင်ဆာ ကိုမေးလိုက်သည်။
"မင်းစားချင်လား"
ဝင်ဆာသည် သူ့ရှေ့မှ လက်တံကို ကြည့်ကာ သူ့နဖူးမှ
အပြာရောင်သွေးပြန်ကြောများ ထောင်ထလာ၏။ ဒီအပြုအမူအတွက် သူ ဒေါသထွက်ကာ ရယ်လဲရယ်ချင်မိပြန်သည်။
"မင်း... အဲ့တာ စားဖို့အတွက်လား"
ဒါက နံရံကို ကျော်ပြီး ထွက်ပြေးတဲ့မိန်းမကို ဖမ်းဆွဲကာ ဖောက်ပြန်ရတဲ့
အကြောင်းရင်းကို မေးခွန်းထုတ်နေသည့်ခင်ပွန်းနှင့် တူနေသည်။
ဝင်ဆာမှာ ဒီလိုတွေးဖို့
အကြောင်းပြချက်တစ်ခုရှိလေသည်။
ယခုအချိန်အထိ သူ၏ ပြုစုပျိုးထောင်မှုအောက်တွင် သူ၏ငါးလေးသည်
သုံးမျိုးသာ စားရသေးသည်။
ရေဘဝဲလက်တံ
အပြာရောင် မီးတောက်ငါး။
ပင်လယ်ရေမှော်။
ဝင်ဆာမစားတာကိုမြင်တော့ လန်စီက မျက်တောင်ခတ်ပြီး ပါးစပ်ထဲရှိ ဖောက်ထွင်းမြင်ရသည့်လက်တံတွေကို
စားရင်း ရှင်းပြသည်။
“ဟုတ်တယ်… ဒါပေမယ့် ဒါကလည်း အကြောင်းရင်းတွေထဲကတစ်ခုပဲ။”
ပင်လယ်ကြမ်းပြင်မှာ ရက်အတော်ကြာအောင် နေခဲ့ပြီးနောက် လန်စီ၏
ခန္ဓာကိုယ်သည် ဤအစိမ်းလိုက်အစားအစာများနှင့် အလွန်လိုက်လျောညီထွေရှိပြီး
မီးတောက်ပြာငါးကို အလွန်နှစ်သက်သော်လည်း
အနှစ် ၂၀ ကျော်ကြာ လူသားအဖြစ်နေကာ ချက်ပြုတ်ထားသည့် အစားအစာများကို စားသုံးခဲ့သည့်
ကုန်းပေါ်တွင်ရှိစဉ်က သူစားခဲ့ရသမျှကို လွမ်းဆွတ်မိသည်။
သူ့ခံတွင်းရှိ ရေခူအရေခွံကို ရှာလကာရည်နှင့် ပဲငံပြာရည်တွဲ စားရရင်ကောင်းမှာပဲ။
အစိမ်းလိုက်သုပ်စားရသည်ကိုသူကြိုက်နှစ်သက်သည်။
သူ့ပါးစပ်ထဲက လက်တံတွေကို ဝါးနေရင်း လန်စီက ဝင်ဆာရဲ့မျက်နှာ ပိုမည်းမှောင်လာသည်ကိုတွေ့ရသဖြင့်
သူအလျင်အမြန်ရှင်းပြ၏။
"ရေခူတွေကို ရန်မမူပါနဲ့၊ သူက ငါတို့ရဲ့မဟာမိတ်"
"မဟာမိတ်"
ရေခူကို ဆွဲထုတ်တော့မည့် ဝင်ဆာသည် အံ့အားသင့်သွား၏။ သူ၏လှုပ်ရှားမှုများကိုရပ်တန့်လိုက်ပြီး
သိချင်စိတ်ဖြင့်ရေရွတ်ကာ သူ့အသံက စိတ်ရှုပ်ထွေးနေပုံပေါ်သည်။
"မှန်တယ်။"
လန်စီသည် ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်မပြသင့်သည်ကို သတိမမူမိဘဲ
ဝင်ဆာ အားရှင်းပြလိုက်သည်။
"ငါ လှုံ့ဆော်ပေးပြီး ကူညီခိုင်းလိုက်တာ"
ဝင်ဆာမှာ တိတ်ဆိတ်နေသည်။
ခဏအကြာတွင် ဝင်ဆာ က
"ဒါဟာ ရေခူတစ်ကောင်လေ။ သူ့ခန္ဓာကိုယ်က ရေနဲ့ဖွဲ့စည်းထားတာ။ သူက
မင်းကိုဘယ်လိုများကူညီနိုင်မှာလဲ။"
လန်စီသည် တိတ်ဆိတ်စွာ အဝေးကို လှမ်းကြည့်လိုက်သည်။
ဝင်ဆာ သည် ထောင်မှထွက်ပြေးခြင်းကို အမြဲဆန့်ကျင်နေသောကြောင့်
လန်စီသည် သူလုပ်ချင်သည့်အရာကို ဝင်ဆာအား ပြောပြရန် မရည်ရွယ်ခဲ့ပေ။
သို့သော် သူသည်လည်း လူကောင်းတစ်ယောက်မဟုတ်ပေ။ သူလည်း ယခု ရေခူကိုအသုံးချနေသည်မဟုတ်လား။
ရေခူမှာ ကိစ္စအတော်များများလုပ်နိုင်၏။ စကားပြောခြင်း၊ စနောက်ခြင်း၊
အပြင်ဘက်သို့ထွက်ပြေးရန်အတွက် တူးထုတ်ကူညီခြင်း၊ ရေဘဝဲ၏အာရုံကို
ဆွဲဆောင်ခြင်းကဲ့သို့သော အရာများစွာကို ပြုလုပ်နိုင်သည်။
လန်စီသည် သူ့သူငယ်ချင်းဖြစ်သတ်မှတ်ထားသည့် ရေခူနှင့်ပင် သဘောတူညီမှု
တစ်ခုပြုပြီးဖြစ်သည်။
အလွန်ကြီးမားသော မျိုးပြောင်းဝေလငါးကြီးသည် ဤနေရာသို့ရောက်လာနိုင်သည်ဟု
ဆိုကြသည်။
ရက်အနည်းငယ်အတွင်း ဝေလငါး ရောက်လာလျင် ယင်းအား သန္တာအရိုးများကို
ချိုးဖြတ်စေကာ လန်စီနှင့် ဝင်ဆာ တို့ကို ပါးစပ်ထဲတွင် ဝှက်ခိုင်းထားပြီး
ပင်လယ်ရေတိမ်ပိုင်းသို့ လွတ်မြောက်အောင် ဆောင်ရွက်ခိုင်းမည်ဖြစ်သည်။
[ပင်လယ်ရေနက်ပိုင်းသတ္တဝါတွေက ပင်လယ်ရေတိမ်ပိုင်းကို တော်ရုံမသွားကြပေ
】
စက်ကွင်းထဲတွင် ရေခူက လန်စီကို စကားပြောနေလေသည်
[မင်းထွက်လာပြီးရင်
ငါ့သူငယ်ချင်းတွေရှိတဲ့ ပင်လယ်ရေတိမ်ပိုင်းမှာနေဖို့ ငါနဲ့အတူလိုက်ခဲ့နော်၊ ငါ
မင်းကို အကျဉ်းမချပါဘူး 】
လန်စီက အလွယ်တကူ သဘောတူလိုက်သည်။
[ဝေလငါးက
ဖြေးဖြေးပဲကူးခတ်တာလား 】
ရေခူသည် ဤပြသနာကို လန်စီအားခပ်ရွံ့ရွံ့ပြောပြသည်။
[သူအခြားတူးမြောင်းကို ကူးခတ်ဖို့ဆိုရင် မင်း ရက်အနည်းငယ် စောင့်ရလိမ့်မယ်]
လန်စီက ပြဿနာမရှိပါဘူးဟု ပြောပြီး ဤရက်အတွင်း ဒုတိယအစီစဥ်ကို အကောင်အထည်ဖော်ရန်
အစီစဉ်ဆွဲနေ၏။
ဒုတိယအစီစဥ်ကတော့ ကမ္ဘာကြီးကိုတူးဖော်ရန်။
ကျွန်ုပ်တို့ အားလုံးအားလုံးသိကြသည့်အတိုင်း
ထောင်ဖောက်ခြင်းသည် ရှေးခေတ်ကတည်းကရှိသည့်ဖြစ်ရပ်ပင်။
လူအများစုမှာ လမ်းနှစ်သွယ်ကို ရွေးချယ်ကြ၏။
ပထမနည်းလမ်းက
နံရံကိုဖောက်ခြင်း၊ သော့အတုလုပ်ခြင်းစသည့်နည်းလမ်းများကို သုံးကာ
အတားအဆီးကိုဖယ်ရှားခြင်းပင်။
ဒုတိယနည်းလမ်းမှာ အတားအဆီးများကို ကွေ့ဝိုက်ပြီး နံရံအောက်ကို လှိုဏ်ခေါင်းတူးကာထွက်ပြေးရန်ဖြစ်သည်
။
အပြင်ဘက်ဆုံးသန္တာအရိုးအလွှာကို တူးဖို့ လန်စီဆုံးဖြတ်လိုက်၏။
ထောင်မှလွတ်မြောက်ရန် ဤအခြေအနေထိကြိုးစားရလေလေ လန်စီသည်
သူ၏အကြံဉာဏ်သည် ရုပ်ရှင်ဇာတ်ကားတစ်ခု ရိုက်ကူးရန်ပင် ထိုက်တန်သည်ဟု ခံစားရလေလေဖြစ်သည်။
ဘာကြောင့် လန်စီက ဝင်ဆာကို ဖီဆန်ပြီး သူ့ကို မြေကြီးတူးဖို့ အကူအညီမတောင်းဝံ့တာလဲ။ ဒီလိုမာနကြီးတဲ့ ဝင်ဆာဟာ သူ့လိုမြေကြီး တူးမယ်လို့
လန်စီမထင်ပေ။
ရွှံ့တွေထဲမှာတူးရလျှင် ဝင်ဆာဘယ်လိုများဖြစ်သွားမလဲ။
ကျန်တဲ့အချိန်တွေမှာတော့ လန်စီနဲ့ ရေခူတို့ စကားစမြည်ပြောဖြစ်ကြသည်။
စိတ်ဝင်စားစရာကောင်းတာက ရေခူဟာ ဦးနှောက်မရှိပုံပေါက်ပေမယ့် အတော်လေး သတိရှိကြောင်း
လန်စီက တွေ့ရှိရ၏။
ရေခူက လန်စီကိုပြော၏။
[မင်းကိုယ်မင်း ရေသူထီးလို့ မပြောပြနဲ့။ 】
လန်စီသည် စိတ်လှုပ်ရှားနေ၏။
[စကားပြောစက်ကွင်း အမည်ကို အမည်မသိလို့ခေါ်လို့ရလား】
【ဘာကြီးလဲ 】
ရေခူက နားမလည်ပေ။ နည်းနည်း ပိုအဆင့်မြင့်တဲ့ ဝေါဟာတွေပါဝင်လာရင် သူနားမလည်နိုင်တော့ပေ။
ဤမြင်ကွင်းကိုမြင်လျှင် ဝင်ဆာသည် လန်စီအား ဝန်လေးစွာရှင်းပြသည်။
"သမုဒ္ဒရာထဲမှာ မတူညီတဲ့ သတ္တဝါတွေမှာ မတူညီတဲ့ အသံလှိုင်းကြိမ်နှုန်းတွေ
ရှိတယ်။ အကယ်လို့ မင်းနည်းနည်းပိုပြီး ချက်ချာပါးနပ်လျင် ကြိမ်နှုန်းတွေကို ချရေးထားလိုက် အဲဒါဆို
ဘယ်သူလဲဆိုတာ မင်းသိလိမ့်မယ်။ ပြီးတော့ မင်းက လူသစ်တစ်ယောက်ဆိုရင် မင်းဘယ်သူလဲဆိုတာ
သူတို့သေချာပေါက်သိမှာမဟုတ်ဘူး။"
လန်စီက ခေါင်းညိတ်ပြပြီး မေးလိုက်သည်။
“ဝင်ဆာ မင်း အဲဒီထဲမှာ တစ်ခုခုပြောနေတယ်၊ မင်းရဲ့ အသံလှိုင်းကို
ငါမှတ်မိတယ်"
ဝင်ဆာ၏အမူအရာမှာ အနည်းငယ်ထူးဆန်းသွားသည်။သူသည် စကားတစ်ခွန်းသာပြောလိုက်သည်။
"မဟုတ်ဘူး"
အဲဒီနောက် ဝင်ဆာ က လန်စီကိုပြောသည်။
"ငါအိပ်တော့မယ်။ မင်းစားချင်ရင် ကိုယ့်ဘာသာကိုယ် အမဲလိုက်။
ငါ့ကိုလာခေါ်စရာမလိုဘူး"
"ကောင်းပါပြီ"
လန်စီသည် အလွန်လိမ္မာရေးခြားရှိနေပြီး "ငါ ရေခူနဲ့ စကားပြောနေမယ်"
ဝင်ဆာက ခေါင်းညိတ်ပြပြီး သူ့အမြီးကို လှုပ်ယမ်းကာ ထွက်ခွာတော့မည်ပြုသည်။
သို့သော် သူထွက်မသွားခင် ရုတ်တရက် ခေါင်းလှည့်ကာပြောသည်။
"အပေါ်တက်ပြီး ထွက်ပြေးဖို့ မကြိုးစားနဲ့၊ ရေဘဝဲ
ရှိနေတုန်းပဲ"
"အင်း"
လန်စီက စိုးရိမ်တကြီးမေးသည်။
"ဝင်ဆာ မင်းနေ့တိုင်းစားလိုက်အိပ်လိုက်နဲ့ ကိုယ်အလေးချိန်တက်မှာကို
မကြောက်ဘူးလား"
သူသည် ရေသူထီးတယောက် ကိုယ်အလေးချိန်တက်လာလျင်မည်သို့ရှိမည်ကို
အလွန်သိချင်၏။
ဝင်ဆာသည် အလွန်ကြည့်ကောင်းသည်။ သူဝလာလျင်တောင် အလွန်ကြည့်ကောင်းသူဖြစ်နေဦးမှာ
အသေချာပင်။
ဝင်ဆာ : "... "
ဝင်ဆာသည်မဲမှောင်သော မျက်နှာဖြင့်
အနီမိုနီဆီသို့ ပြန်ကူးသွားသည်။
တကယ်တော့ ဝင်ဆာ အိပ်မပျော်ပေ။
ဗီဇပြောင်း ဝေလငါးကိစ္စကို သူဖြေရှင်းရဦးမည်။
ဝင်ဆာ သည် ပင်လယ်နှင့်တွင်းနက်ကြီး၏ အရှင်သခင်ဖြစ်သော်လည်း၊ သူသည်
ပုံသေပုံစံမရှိသည့်အပြင် သူဖြစ်ချင်သည့်ပုံစံအတိုင်းပြောင်းနိုင်ပြီး ၎င်းသည် သူ၏
လက်ရှိခန္ဓာကိုယ်ကို ထိန်းသိမ်းထားရင်း နဂိုမူလပုံစံအား ဖန်တီးရန် စွမ်းအင်မြောက်များစွာခွဲဝေပေးနိုင်သည်ဟုတော့
မဆိုလိုပေ။ .
ဒီငါးလေးက မွေးမြူရတာ တကယ်ခက်ခဲတာပဲ။
ငါးလေး ထွက်ပြေးခြင်းမှ တားဆီးရန်အတွက် ဝင်ဆာ သည် လွန်ခဲ့သော ရက်အနည်းငယ်ကထက်
သူအချိန် ပိုမိုသုံးစွဲနေခဲ့သည်ဟု ခံစားရသည်။
ဝင်ဆာ သည် လန်စီ ပြင်ပမှအကူအညီကိုရှာလိမ့်မည်ဟု မမျှော်လင့်ပေ။
လန်စီစိတ်မကောင်းဖြစ်မည်ကို တားဆီးရန်အတွက် မျိုးပြောင်းဝေလငါး၏
သမုဒ္ဒရာရေစီးကြောင်းကို ဤနေရာသို့ မရောက်နိုင်အောင် ပြောင်းလဲခဲ့သည်။
အပြင်က ရေခူအတွက်ကတော့...
ထားလိုက်ပါတော့ ရေခူ ရုတ်တရက်ပျောက်သွားရင် ငါးလေးဝမ်းနည်းသွားလိမ့်မယ်
ဒီကိစ္စကိုနောက်မှပဲရှင်းတော့မယ်။