Chapter 10
Viewers 517

"အဲ့ဒါပြန်လာပြီ!"

"အဲ့ဒါ ပြန်လာပြီ"


လန်စီ သည် ရေဘဝဲလက်တံများ ဆွဲယူသွားခြင်းခံရသည့် ရေခူအတွက် ဝမ်းနည်းရန် အချိန်မရှိပေ။ ရေဘဝဲလက်တံများ သူ့ဘက်သို့လာနေသည်ကို မြင်လိုက်သောအခါတွင် ဝင်ဆာ ကို ဆွဲခေါ်ပြီး သန္တာအရိုးများဆီသို့ ချက်ချင်းကူးခတ်သွားသည်။

ဝင်ဆာ မှာကြောက်မနေဘဲ ရေဘဝဲလက်တံများရောက်လာသည်ကိုပင် မြင်သည့်ပုံမပေါ်ပေ။

သူ့တစ်ကိုယ်လုံး သစ်သားတစ်တုံးလို တောင့်တင်းနေပြီး သန္တာအရိုးပေါ်မှာ လဲလျောင်းနေကာ မျက်လုံးများက အသက်မဲ့နေ၏။

လန်စီ သည်  ဝင်ဆာထံသို့သွားကာ သူ့အား အားအနည်းငယ်ထည့်ရုံဖြင့် ဆွဲခေါ်သွား၏။

လန်စီ သည် အသက်လုပြေးနေရသဖြင့် ဝင်ဆာ၏မူမမှန်မှုကို သတိမထားမိပေ။

သူက ဝင်ဆာ ကိုဆွဲခေါ်သွားပြီး အနီမိုနီထဲမှာ ပုန်းအောင်းရန် ကူးခတ်သွားသည်။

အနီမိုနီထဲရောက်ပြီးနောက်တွင် ဝင်ဆာ သည် အသက်ပြန်ဝင်လာပုံရ၏။ မျက်တောင်ခတ်လိုက်ပြီး သူ့အမူအရာက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ သူကြည့်လိုက်သည့်အခါ လန်စီကိုတွေ့လိုက်ရ၏။

လန်စီ နှင့် ဝင်ဆာသည် တစ်ဦးနှင့်တစ်ဦး တစ်ခဏလောက် စိုက်ကြည့်နေသည်။

လန်စီမေးခွန်းထုတ်လိုက်၏။

"ရေခူ အဲ့ကောင်ကြီး စားတာ မခံရလောက်ဘူးမလား"

ဝင်ဆာ : "..."

လန်စီ က ဝင်ဆာ ရဲ့ တိတ်ဆိတ်နေမှုကို ထောက်ခံသည်ဟု မှတ်ယူလိုက်ပြီး သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏။

" ပင်လယ်မွန်းစတားတွေက အချင်းချင်း ပြန်စားကြတာလား... ဘုရားရေ၊ ရေခူတစ်ကောင်လုံးက ရေနဲ့ဖွဲ့စည်းထားတာ၊ အရေခွံတစ်ခုလောက်ပဲ ရှိတာ ဒါတောင် ရေဘဝဲက စားဦးမလို့လား !”

ဝင်ဆာ သက်ပြင်းချပြီး

"မင်း ဘာလို့ ထူးဆန်းတဲ့အရာတွေကို အမြဲတွေးနေတာလဲ"

လန်စီ က ဝင်ဆာ ကို မျက်စောင်းထိုးလိုက်၏။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။ သူ၏အတွင်းစိတ်သည် လူသားတစ်ယောက် ဖြစ်သည်။ လူသားပါဆို သဘာဝအရ ငါးနှင့်အတွေးအခေါ်ကွာခြားလိမ့်မပေါ့။

ရေသူထီးလေး နှစ်ယောက်သည် အနီမိုနီထဲတွင် ခဏနေပြီး လန်စီ သည် အပြင်ဘက်မှ လှုပ်ရှားမှုကို နားစွင့်နေသည်။

အပြင်မှာ ဘာသံမှမကြားရသည့်အခါ လန်စီ တိတ်တဆိတ်ကူးခတ်ကာ ပတ်ပတ်လည်ကို လှမ်းကြည့်ပေမယ့် ရေဘဝဲ၏အရိပ်အရောင်ကို သန္တာအရိုးထဲတွင်မတွေ့ရပေ။


 ရေဘဝဲက ရေခူကို ဖြေရှင်းဖို့ အလုပ်များနေတာများလား?။

ကံဇာတာတက်နေသည်ဟု ယူဆပြီး လန်စီ သည် ဖြည်းညှင်းစွာ အပေါ်သို့ကူးခတ် သွားသည်။ ဒီတစ်ခါတော့ မတွန့်ဆုတ်ဖို့ ဆုံးဖြတ်ထားသည်။ ရေဘဝဲကို မတွေ့ရရင် ဝင်ဆာနဲ့ ချက်ချင်း ထွက်ပြေးတော့မယ်။

သူ ပုလဲတွေတောင် မလိုချင်တော့ပေ။

ထို့ကြောင့်  တတ်နိုင်သမျှ ဖြည်းဖြည်းချင်း ရေဆန်သို့ ကူးခတ်သွားသည်။

သန္တာအရိုး၏ အပေါ်ဘက်အစွန်းသို့ ကူးခတ်ပြီး လန်စီသည် သန္တာအရိုးပေါ်တွင် လှဲလျောင်းကာ စူးစမ်း လိုက်သည်။

သူနှင့်ရေဘဝဲသည် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေကြသည်။

လန်စီ : "..."

ရေဘဝဲက သူ့ကို မညှာမတာ နောက်ပြန် တွန်းလိုက်သည်။

ထို့နောက် ရေဘဝဲသည် တစ်နေရာရာမှ အပြာရောင်မီးတောက်ငါး တစ်အုပ်ကို ဆွဲယူကာ  သန္တာအရိုးထဲသို့ ပစ်ချလိုက်သည်။ ဤနည်းဖြင့် သန္တာအရိုးပေါ်ရှိ နေရာလွတ်ကို ဖုံးအုပ်နိုင်မည်ဖြစ်သည်။

လန်စီ သည် နေရာလွတ်ကို ပြန်ပိတ်ဆို့လိုက်သည့် အပြာရောင် ပိုးစုန်းကြူးများနှင့် တူသည့် ငါးအုပ်ကို ပြန်လှည့်ကြည့်ကာ စိတ်ဓာတ်ကျပြီး ပြန်ကူးခတ်လာသည်။

ဝင်ဆာ သည် လန်စီ ပြန်လာသည်ကို မြင်သောအခါ သူ၏မျက်ဝန်းထဲတွင် အောင်ပွဲခံသည့် အရိပ်အရောင်တို့ ထင်ဟပ်နေလေသည်။ ထို့နောက် လက်ပိုက်ကာ လန်စီကို မေးလိုက်သည်။

"မင်း အပြင်ထွက်ချင်သေးလား"

လန်စီသည် ရင်ကွဲပက်လက်ဖြစ်ကာ ဤကျရှုံးမှု အတွေ့အကြုံကို အနှစ်ချုပ် သုံးသပ်နေ၏။

"ငါမှားပါတယ်။ အကောင်းမြင်လွန်းတာလဲ အဆင်မပြေဘူး။ တခြားနည်းလမ်းကို ရှာသင့်တယ်။ အလုပ်က ပိုခက်ခဲလေလေ အထမြောက်အောင် လုပ်ဆောင်ဖို့ အတွက် ပေးဆပ်ရတဲ့တန်ဖိုးက ပိုကြီးလေပဲ"

လန်စီ ၏တစ်ကိုယ်တော် ရှည်ရှည်လျားလျား ပြောနေသည့်စကားကို ကြားသောအခါ ဝင်ဆာ အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။

ဒီအတွေးအခေါ်​​ကြီးက...ဘာလို့ထူးဆန်း​နေတာလဲ။

လန်စီသည် လေပူဖောင်းသုံးလေးခုအား မှုတ်ထုတ်လိုက်ပြီး ခေါင်းမာစွာဖြင့် သူ၏ယုံကြည်မှုကို မောင်းတင်ကာ ဝင်ဆာ အားပြောသည်။

"ငါ့ရဲ့ အ‌ပေါက် ပြန်တူးတာပဲ ပိုကောင်းမယ်"

ဝင်ဆာ နင်သွားပြီး မတတ်သာသည့်အဆုံး စကားလုံးတွေကို အလေးပေးကာ ပြောလိုက်သည်။

"မင်း အပြင်ဘက်ဆုံး သန္တာကျောက်အရိုးကို တူးနိုင်မှာမဟုတ်ဘူး"

လန်စီ က မျက်တောင်ခတ်ပြီး ဝင်ဆာ ကိုပြောသည်။

"ဒါဆို တခြားနည်းလမ်းရှာမယ်"

ဝင်ဆာ: ? ? ?

လန်စီ သည် ဝင်ဆာ ဘက်သို့ ကူးခတ်ကာ ရှက်ရှက်ဖြင့် တောင်းဆိုသည်။

"ဝင်ဆာ၊ ပင်လယ်မွန်းစတားတွေကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သင်ပေးပါလား"

အရင်က ရေခူနဲ့ ဆက်သွယ်တာကို ပြန်သတိရပြီး သူ့လည်ချောင်းကို ထိကြည့်ပြီး စိတ်ရှုပ်ထွေးစွာဆို၏။

"ရေသူထီးတွေက အသံလှိုင်းတွေ ဖန်တီးနိုင်လား။ ငါစောစောက အသံလှိုင်းတစ်ခု ထုတ်လွှင့်ပြီး ရေခူကို ရိုက်ချ လိုက်မိတယ်"

ဝင်ဆာ သက်ပြင်းချလိုက်၏။

လန်စီ နှင့် အတူရှိပြီးနောက်တွင် သူကြုံတွေ့ရသည့်  ခေါင်းကိုက်ရမှုနှင့် သက်ပြင်းချ ရသည့်အကြိမ်ရေမှာ တဟုန်ထိုး တိုးတက်လာသည်။

သူက လန်စီ ကို သူ့နံဘေးသို့ ဆွဲလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ လန်စီ ၏ လည်စလုတ်ကို ညင်သာစွာ ထိလိုက်ပြီး ကူကယ်ရာမဲ့စွာပြောသည်။

"ဒါကို ဘယ်လိုသုံးရမလဲဆိုတာ မင်းကိုပြမယ်"

ဝင်ဆာ၏ အထိအတွေ့ကို ခံစားလိုက်ရပြီး လန်စီ သည် မသိစိတ်အလျောက် တံတွေး မျိုချလိုက်မိ၏။

ဝင်ဆာ၏ဤလှုပ်ရှားမှုမှာ လန်စီ ကိုအနည်းငယ်ကြောက်ရွံ့စေသည်။ ပြောရရင် ယခုလိုထိတွေ့မှုမျိုးပင်။

ဒါပေမယ့် သူကြောက်သော်လည်း  အရမ်းစိတ်လှုပ်ရှားသွားကာ သူ၏အမြီးကို လှုပ်ယမ်းလိုက်ပြီး စပ်စုသော အကြည့်များသည် ဝင်ဆာ ၏ လှပသော နှုတ်ခမ်းများကို အမှတ်တမဲ့ ကြည့်မိသွားသည်။

ဝင်ဆာက တခစ်ခစ် ရယ်လိုက်ပြီး သူတို့အထက်ရှိ ငါးအုပ်ဘက် လှည့်ကာ ပါးစပ်အနည်းငယ် ဖွင့်လိုက်သည်။

"ဇီ—!"

ဝင်ဆာ၏ ပါးစပ်မှ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဝင်ဆာ ရဲ့ အသံလှိုင်းတွေက သူ့၏တရှုးရှုးအသံထက် အများကြီး ပိုအားကောင်းတာကို တွေ့ရတော့ လန်စီ အလွန်အံ့သြသွားသည်။

အသံထွက်ပေါ်လာတာနဲ့အမျှ သူတို့ပတ်ဝန်းကျင်က ပင်လယ်ပြင်ဟာ အံ့မခန်းပြောင်းလဲ သွား၏။ နဂိုက ငြိမ်သက်နေသော ပင်လယ်ပြင်သည် အသံနှင့် ထပ်တူမြည်ဟိန်း၍ လှိုင်းလုံးကြီးတစ်ခု ချက်ခြင်းထွက်လာကာ မျက်စိတစ်မှိတ်အတွင်း ငါးအုပ်စုအတွင်းသို့ ထိုးဖောက်သွားသည်။ ငါးအသား အပိုင်းအစများသည် တစ်ခုပြီးတစ်ခု လွင့်ပျံ့သွားသည်။

လန်စီ : "... "

ဖာခ့်၊ဒါက အရမ်းအစွမ်းထက်တာပဲ ဟုတ်တယ်မလား

ထိုအချိန်က ဝင်ဆာသာ ရေခူကို အော်လိုက်လျှင် ရေခူသည်နေရာမှာတွင် အပိုင်းပိုင်းပြတ်သွားနိုင်ပေသည်။

ဝင်ဆာ လှည့်ကြည့်လိုက်တော့ သူ့ငါးလေး၏ အံ့အားတကြီး ထိတ်လန့်တုန်လှုပ်နေပုံက သူ့ကို သဘောတကျ ပြုံးရယ်မိစေသည်။

သူ့လက်ကို မြှောက်လိုက်ပြီး လန်စီ ရဲ့ မေးစေ့ကို ကိုင်ကာ ပါးစပ်အဟောင်းသား ဖြစ်နေသည့် လန်စီ၏ပါးစပ်ကို ပိတ်ပေးလိုက်သည်။

ဝင်ဆာ ကမေးလိုက်သည်။ "တွေ့လား"

လန်စီ သည် သတိပြန်ဝင်လာကာ ဝင်ဆာ ကို စိတ်လှုပ်ရှားစွာ လှည့်ပတ်ပြီး

"အရမ်းအံ့သြစရာကောင်းတယ်။ တကယ်ကို အံ့သြစရာပဲ!"

လန်စီ သည် သက်တံရောင် လေပူဖောင်းတစ်ခုကို မှုတ်ထုတ်လိုက်ချင်သည်။ သူ့တွင် ချီးကျူးဖို့ လုံလောက်သည့်စကားလုံးပင် ရှာမတွေ့နိုင်ဖြစ်ကာ လေပူဖောင်းများ သာ မှုတ်နေမိသည်။

ဝင်ဆာ သည် လန်စီထံမှ ဤသို့သော ချီးကျူးမှုကို ရသဖြင့် သူ့မျက်လုံးများတွင် အပြုံးများ ပြည့်နှက်နေသည်။

"ဘယ်လိုလုပ်လိုက်တာလဲ"

လန်စီက မေး၏။

ဝင်ဆာ က လန်စီရဲ့ခေါင်းကို ထိလိုက်ပြီး

" မင်းအရင်က ဒါမျိုးလုပ်ခဲ့ဖူးတယ်မလား၊ အဲဒီခံစားချက်ကို မှတ်မိလား"

လန်စီက ခေါင်းညိတ်ပြသည်။

"တုန်ခါနေတဲ့ အသံကြိုး ကိုမှတ်ထား။ ပိုပြီးတုန်ခါအောင်လုပ်။" ဟု ဝင်ဆာ က ပြောလိုက်သည်။

လန်စီ တစ်ယောက် ရှုပ်ထွေးသွား၏။

ဘယ် ကြိုး ကိုပြောတာလဲ?။

ဝင်ဆာ သည် မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပြီး လက်ကို ဆန့်တန်းကာ လန်စီ ၏ နှုတ်ခမ်းများကို မေးထိုး၍ညွှန်ပြရင်းဆိုသည်။

"မင်းပါးစပ်ကို ဟလိုက်"

လန်စီက ခဏလောက်စဉ်းစားပြီး ပါးစပ်ကိုဟလိုက်သည်။

သူ့ရှေ့က ငါးဖြူဖြူလေးကသူ့ကို လုံးလုံးလျားလျား ဆန့်ကျင်မှုမရှိသည်ကို မြင်လိုက်ရတော့ လန်စီ၏ ဤကဲ့သို့မှီတွယ်မှုမျိုးက သူကိုယ်တိုင်တောင် သတိမထားမိခင် နှလုံးသားကို နူးညံ့သွားစေ၏။

သူ ရုတ်တရက် ခေါင်းငုံ့ကာ နမ်းလိုက်သည်။

လန်စီ သည် သူ့နှုတ်ခမ်းပေါ်ရှိ နူးညံ့သော အထိအတွေ့ကြောင့် ရုတ်တရက် အေးခဲသွားသည်။ ထို့ကြောင့် အခွံပွင့်နေသော ဂုံးတစ်ကောင်ကဲ့သို့ အလွန်မိုက်မဲစွာပင် ခုခံမှု လုံးလုံးလျားလျား မပြုနိုင်ပဲ ဝင်ဆာ ကို ကျူးကျော် ဝင်ခွင့်ပြုစေမိသည်။

ပျော့ပျောင်းသော လျှာသည် လန်စီ ၏ ခံတွင်းကို ဖြတ်သွားကာ ဝင်ဆာ သည် သူ၏ လျှာဖျားကို ချိတ်ကာ လန်စီ ၏ လည်စလုတ်ကို ညင်သာစွာ နှိပ်နယ်နေသည်။

ဒါကြီးက အဓိပ္ပါယ်မရှိ လိုက်တာနော်

ဒါ...ဒါက အဖြောင့်တစ်ယောက်ဖြစ်တဲ့ လန်စီ ရဲ့ စည်းကို ထိပါးလာတာပဲ။ လန်စီ က ဝင်ဆာ ကို ကိုက်ပစ်လိုက်ချင်ပေမယ့် မွှေနှောက်နေတယ်လို့ သူထင်တဲ့ လျှာဟာ တိကျတဲ့ လမ်းကြောင်းအတိုင်း ရွေ့လျားနေတာကို တွေ့လိုက်ရ၏။

ဟုတ်ပါပြီ။

လန်စီ မျက်မှောင်ကြုတ်ကာ ခုခံမှုပြုရန်အတွေးကို စွန့်လွှတ်ပြီး ဝင်ဆာ ၏လျှာလှုပ်ရှားမှု အတိုင်းလိုက်ပါ လှုပ်ရှားလိုက်သည်။

ဤအခြေအနေသည် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသော ဇနီးမောင်နှံနှစ်ဦး ပြင်သစ်အနမ်းလို မျိုးနက်ရှိုင်းစွာ နမ်းရှိုက်နေသလိုပင်။

ဝင်ဆာ ၏ "သင်ကြားမှု" အောက်တွင် လန်စီ သည် ဤလမ်းကြောင်းကို လျင်မြန်စွာ ရင်းနှီးလာပြီး သူလုပ်နိုင်ပြီ ဖြစ်ကြောင်းကို ဝင်ဆာ အား ပြောပြရန် ခေါင်းကို အလျင်အမြန် မော့လိုက်သည်။

"ပြီးရင် ငါ မင်းကို အသံလှိုင်းတွေ ဘယ်လို ထုတ်ရမလဲဆိုတာ သင်ပေးမယ်။"

နှုတ်ခမ်းချင်းခွာပြီးနောက် ဝင်ဆာက ရှင်းပြပြီးနောက် လန်စီ မကန့်ကွက် နိုင်ခင်မှာပင် ထပ်မံ၍ နမ်းပြန်သည်။

"ဟမ်။"

လန်စီ သည် သူ့ကိုယ်သူ နှစ်သိမ့်ရန်သာ တတ်နိုင်သည်။ ဝင်ဆာ သည် သူ့ကို အခွင့်အရေးယူနေတာမဟုတ်ပဲ  "လေးနက်စွာ" သင်ပေးနေသည်ဟူ၍...

သို့သော် သူ ကိုက်ချပစ်ချင် နေသေးရင်ရော။

လန်စီ ၏ မငြင်းသည်ကို မြင်ရသည့်အခါ ဝင်ဆာ သည် လန်စီ ၏ ခါးသွယ်သွယ်လေးကို ဖက်ပြီး အနမ်းကို ပိုမို နက်ရှိုင်းစေသည်။

လန်စီ မျက်တောင်ခတ်ပြီး တစ်ခုခုမှားနေတယ်လို့ သူအမြဲတမ်း ခံစားနေရသည်။

မည်မျှ ကြာကြာသွားသည်မသိ လန်စီ သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။

သူ အသက်ရှုကြပ်လာကာ သူ့မျက်လုံးတွေက ရွှေရောင်တောက်လာပြီး ဝင်ဆာကို အဝေးသို့ တွန်းထုတ်လိုက်သည်။ သူ့နှုတ်ခမ်းကို ဖုံးအုပ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

“အဟွတ် အဟွတ် အဟွတ်။"

ဝင်ဆာ က အပြစ်ကင်းတဲ့အမူအရာနဲ့

"မင်းအဆင်ပြေရဲ့လား"

ဝင်ဆာ ရှေ့မတိုးနိုင်စေရန် လန်စီ သည် သူ၏အမြီးကို ဝှေ့ယမ်းလိုက်သည်။

အချိန်အတော်ကြာအောင် စဉ်းစားပေမယ့် တစ်ခုခုမှားနေတယ်လို့ ခံစားမိနေတုန်းပင်၊ ဒါပေမယ့် သူကြည့်လိုက်တဲ့အခါ ဝင်ဆာ ရဲ့အမူအရာက အရမ်းကို "ဖြောင့်မတ်" နေတာကို တွေ့လိုက်ရ၏...

"မင်း ဒီလိုမျိုး မနမ်းလို့မရဘူးလား။"

လန်စီ၏ မျက်နှာသည် နီမြန်းနေသည်။

အဖြူရောင် ရေသူထီးလေးမှာ ရှက်ရွံ့နေပြီး သူ၏တစ်ကိုယ်လုံး ပန်းရောင်အလွှာတစ်ခု မသိမသာ ဖုံးလွှမ်းနေသည်ကို ဝင်ဆာ မြင်လိုက်ရသည်။ သူ အသည်းယားနေသော်လည်း ရှေ့ဆက်တိုးပါက သူ့ရှေ့ရှိငါးလေးသည် အမြဲထူးထူးဆန်းဆန်းတွေးခေါ်တတ်ပြီး သူ့စိတ်ကူးထားတာထက် ကျော်လွန်တဲ့အရာတစ်ခုကို ပြုလိုက်မှာကိုစိုးသဖြင့် လက်လျှော့ပြီး ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ"

လန်စီ သည် သူ့အမြီးကို လှုပ်ယမ်းလိုက်ပြီး ပုလဲပုံဆီသို့ ကူးခတ်သွားသည်။

"ဒါဆို ငါတို့နှစ်ယောက် ဒီနေ့ ခွဲနေရအောင်.. ငါ စိတ်တည်ငြိမ်အောင် လုပ်ဖို့ လိုတယ်"

ဝင်ဆာ က သူ့မျက်လုံးများ နောက်တစ်ကြိမ် တွန့်ချိုးသွားသည်။

"မင်း ထွက်ပြေးဖို့လမ်းကြောင်းကို တူးဦးမှာလား။ အဲဒါကို တူးဖို့ မဖြစ်နိုင်ဘူးနော်"

လန်စီ က သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရင်း

"မဟုတ်ဘူး၊ ငါ့ လက်သည်းတွေ အခုထိမပေါက်သေးဘူး... ပင်လယ် မွန်းစတားအုပ်စုထဲကို အသံလှိုင်းတွေ ထည့်နိုင်မလားဆိုတာသိဖို့ ငါကိုယ်တိုင် ကြိုးစားလေ့ကျင့်မလို့၊ လောလောဆယ်တော့ မတူးသေးဘူး "

ဝင်ဆာ သည် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

နောက်ဆုံးတော့ သူ့ရဲ့ငါးလေးက ပစ်မှတ်ပြောင်းသွားလေပြီ။



တစ်ချိန်တည်းမှာပင် သုတေသနသင်္ဘောသည် နတ်တူးမြောင်း သို့ ရောက်လာသည်။

သုတေသီများသည် သင်္ဘောအတွင်းရှိ စမ်းသပ်ခန်းအတွင်း အချက်အလက်စုဆောင်းရန် ကိရိယာအမျိုးမျိုးကို အသုံးပြုနေကြသည်။

ထိုအချိန်တွင် စမ်းသပ်ခန်း တံခါးပွင့်လာပြီး အနက်ရောင်အဝတ်အစားနှင့် ဆံပင်အနက်ရောင်ရှိသော လူငယ်တစ်ဦး ဝင်လာပြီး မေးသည်။

"မင်းတို့ ကြားလား"

အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနေတဲ့ သုတေသီတွေဟာ ခဏလောက် အံ့အားသင့်သွားပြီး သူတို့ရဲ့ အလုပ်တွေကို တစ်ချိန်တည်းမှာ ရပ်လိုက်ကြသည်။

တာဝန်ခံက လျှောက်လာပြီးမေးသည်။

"ဗိုလ်မှူးကြီး ဝမ်ယု၊ မင်း ဘာကြားလို့လဲ"

"ငါမသိဘူး"

"ဝမ်ယု" ဟုခေါ်သော လူငယ်သည် ပိန်ပိန်ပါးပါးနှင့် သူ့အသားအရည်က ဖြူဖျော့လွန်းပြီး ကျန်းမာရေးမကောင်းသည့် လက္ခဏာကို ဖော်ပြသည့် အပြာရောင်ဘက်သန်းနေသည်။  သူသည် တာဝန်ခံအား အေးစက်စွာကြည့်ကာ သူ၏ အနက်ရောင်မျက်ဝန်းများသည် နက်မှောင်ကာမှုန်မှိုင်းနေသည်။

"ဒီပစ္စည်းတွေနဲ့ ဘာအချက်အလက်မှမစုဆောင်းနိုင်ဘူးလား။ ဘယ်လို အစုတ်ပလုပ်တွေလဲ"

တာဝန်ခံက အနည်းငယ်ကျုံ့သွားပြီး အရဲစွန့်ပြီး ရှင်းပြရုံသာ တတ်နိုင်သည်။

"ကျွန်တော်တို့ စစ်ဆေးချက်အရ သမုဒ္ဒရာထဲမှာရှိတဲ့ အသံလှိုင်းက အရင်ကထက် နည်းနည်းပိုနေတယ်... ဒါပေမယ့် အများကြီးတော့ မဆိုလိုဘူး။"

ဒါကိုကြားတော့ ဝမ်ယုက သူ့စိတ်ကို ထိန်းချုပ်ပြီး

"မင်းတို့ အဲ့ဒီအသံလှိုင်းကိုသာ အာရုံစိုက်ပြီး အဲဒါကို အဓိပ္ပါယ်ဖော်နိုင်ဖို့ ကြိုးစားပါ"

"ဒါ..."

ဝမ်ယုသည်မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အနီရောင်ဖျော့ဖျော့ရှိ နေသည်။

"မင်းရဲ့ ဓာတ်ခွဲခန်းက ဘာစမ်းသပ်မှုတွေ လုပ်ခဲ့လဲဆိုတာ ငါမသိဘူးမထင်နဲ့... မင်းဘယ်လောက်လုပ်နိုင်လဲဆိုတာ ငါသိတယ်။"

တာဝန်ခံ၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အံကြိတ်ကာ

"ကောင်းပြီ၊ ကျွန်တော် ကြိုးစားကြည့်ပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ အများဆုံး လုပ်နိုင်တာတော့ ကြိမ်နှုန်းတွေကို စစ်ထုတ်ပြီး ဘယ်ပင်လယ်မွန်းစတားကနေ လာတာလဲဆိုတာ ခွဲခြားနိုင်ရုံပဲ။"

ဝမ်ယုက ခေါင်းညိတ်လိုက်ပြီး

"မြန်မြန်လုပ်"

............