Chapter 9
Viewers 518

လန်စီ တစ်ယောက် အလွန်ကြောက်လန့်သွားသည်။ အပြင်ဘက်ရှိ မုန်တိုင်းမှာ ကြီးမားသော ဝဲကတော့ကြီးတစ်ခု အဖြစ်အသွင်ပြောင်းလဲသွားပြီး သန္တာအရိုးများကို ပွတ်တိုက်သွားသော အသံက သွားများပင်ကြိမ်းသွားသလို ခံစားရ၏။


သူသည် ဝင်ဆာ ကို တွယ်ကပ်ရင်း ဘောလုံးတစ်လုံးကဲ့သို့ကွေးထားပြီး ဝင်ဆာကိုထိတွေ့ကာ သူ အသက်ရှင်နေသေးကြောင်း အတည်ပြုနေရ၏။

ဝင်ဆာ သည် လန်စီ ၏ မှီခိုအားထားမှုကြောင့် ကျေနပ် ပျော်ရွှင်နေကြောင်း ထင်ရှားပေသည်။ သူသည် လန်စီ ၏ ဆံနွယ်ရှည်များကို မြတ်နိုးစွာသပ်ပေးရင်း

"မင်း အပြင်ထွက်သွားချင်သေးလား" ဟု မေးလိုက်သည်။

လန်စီ က ခေါင်းကို လှည့်ပြီး “ဘာလို့ ပင်လယ်အောက်ခြေမှာ မုန်တိုင်းတွေ ရှိနေသေးလဲ” လို့ မေး၏။

ဤမေးခွန်းသည် ဝင်ဆာကို စိတ်ရှုပ်သွားစေပြီး သူတဒင်္ဂခန့် တိတ်ဆိတ်သွားပြီးနောက် ရှင်းပြသည်။

“ဓါတ်ရောင်ခြည်ကြောင့်ဖြစ်တဲ့ သံလိုက်စက်ကွင်းပြောင်းလဲမှုကြောင့်”

"ဓါတ်ရောင်ခြည်"

“ဟိုးအရင်တုန်းက ကျွန်းငယ်လေးတစ်ကျွန်းဟာ ပင်လယ်အောက်ခြေကို နစ်မြုပ်သွားတယ်။ အဲဒီကျွန်းငယ်လေးမှာ လူတွေလုပ်ထားတဲ့ အရာတွေရှိတယ်။ ကျွန်းနစ်မြုပ်ပြီးတဲ့နောက်မှာ ပင်လယ်အောက်ခြေက သံလိုက်စက်ကွင်းတွေ ပြောင်းလဲသွားပြီး အနက်ရောင်မုန်တိုင်း ဖြစ်ပေါ်လာတာပဲ။ “

ဒီအကြောင်းက ဘာကြောင့် ဒီလောက်ရင်းနှီးနေရတာလဲ။

လန်စီ ၏ အာရုံသည်ထိုအကြောင်းအရာသို့ရောက်သွားပြီး ဝင်ဆာ ကိုမှီကာ စကားသံတို့ တိတ်ဆိတ်သွားသည်။

ဝင်ဆာ က လန်စီ က အိပ်ချင်နေတယ်လို့ ထင်ပြီး မျက်လုံးတွေကိုမှိတ်ကာ လန်စီ ကို မှီ၍ပြောလိုက်၏။

"မုန်တိုင်းက ခဏလောက်ကြာဦးမှာမို့ အိပ်လိုက်တော့နော်"

လန်စီ သည် ဝတ်ကျေတမ်းကျေ "အင်း”ဟု အသံပြုလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ အမှန်တကယ်လဲ သူလုံးလုံး အိပ်ငိုက်နေလေပြီ။

ဝင်ဆာ ပြောသည့်အတိုင်း အပြင်ဘက်တွင် ငြိမ်သက်သွားဖို့ အချိန်အတော်ကြာအောင် စောင့်ခဲ့ရ၏။

ဤကာလအတွင်း သူသည် အိပ်တစ်ဝက် ၊ နိုးတစ်ဝက် ဖြစ်နေသည်။

အပြင်ဘက်က မုန်တိုင်းသံကို နားထောင်ရင်း အိပ်နေသည့် လန်စီ ဟာ အပျော်စီးသင်္ဘောပေါ်၌ သူရှိခဲ့စဉ်ကအကြောင်းအရာတချို့ကို ရုတ်တရက် ပြန်သတိရလာလေသည်။

"ဒီပင်လယ်ပြင်မှာ ရေဘဝဲ အကြီးစား တစ်ကောင်ကို တချို့လူတွေက တွေ့ဖူးတယ်လို့ ကြားဖူးတယ်။"

လန်စီ ၏ လုပ်ဖော်ကိုင်ဖက် A က ပြောသည်။

အခြားလုပ်ဖော်ကိုင်ဖက်Bက ပြုံးပြီး

"မင်းပြောတဲ့အတိုင်းဆို  ကမ္ဘာကြီး အဆုံးသတ်တော့မှာလား"

လုပ်ဖော်ကိုင်ဖက် A က မျက်ဆန်လှန်လိုက်ပြီး

"ကမ္ဘာကြီးရဲ့အဆုံးသတ်ကိုရောက်တော့မှာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပင်လယ်အောက်ခြေမှာ လူလုပ် နျူကလီးယား ဓာတ်အားပေးစက်ရုံ မြုပ်ထားဖူးတယ်လေ။ ဓါတ်ရောင်ခြည်တွေက ကြီးမားလွန်းတာကြောင့် ပင်လယ် အောက်ခြေမှာဘာတွေဖြစ်နေလဲ ဘယ်သူသိမှာလဲ။"

ဒါတွေကို ဆွေးနွေးပြီးတဲ့အခါမှာတော့ ကုန်းပတ်ပေါ်မှာ ရပ်နေတဲ့ လန်စီ ကို ကြည့်ပြီး
မေးလိုက်၏။
"ကမ္ဘာကြီး အဆုံးသတ်တော့မယ် ဆိုတာကို ယုံလား"

ထိုအချိန်တွင် လန်စီ ၏အဖြေက ဘာဖြစ်ခဲ့မလဲ။

လန်စီ သည် မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာသောရောင်စဉ်အလင်းတန်းတစ်ခုကို သတိထားမိသွားသည်။

စိမ်းပြာရောင် ရောင်စဉ်အလင်းတန်းသည် ကောင်းကင်တွင်ပေါ်လာပြီး အပျော်စီးသင်္ဘောပေါ်ရှိ ခရီးသွားများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"ဘယ်သူက သိနိုင်မှာတဲ့လဲ။"

လန်စီသည် ဆူညံနေသောနောက်က အသံများကြား သက်ပြင်းချကာ

"လူသားတွေအတွက် ဒီကမ္ဘာက အဆုံးသတ်ဆို ကမ္ဘာမြေကို သိမ်းပိုက်မဲ့ နောက်ထပ် သတ္တဝါသစ် အတွက်ကတော့ ဒီအရာအားလုံးက ရာစုသစ်တစ်ခုရဲ့ အစဖြစ်နိုင်တာပဲလေ"

နောက် တစ်စက္ကန့်အကြာတွင် ကြီးမားသောရေဘဝဲသည် ပင်လယ်ထဲမှ ရုတ်တရက် ပေါက်ထွက်လာလေသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက လူသားများမှာ ပုရွက်ဆိတ်အရွယ်သာသာပင်။

လန်စီသည် ထိုကြီးမားသော လက်တံများကို စိုက်ကြည့်နေမိကာ ကြမ်းတမ်းသော လက်တံတစ်ခုက သူ့ကို တည့်တည့်ရိုက်ချလိုက်၏...

"ရားးး"

လန်စီ နိုးလာသည်။

မျက်လုံးဖွင့်ပြီးနောက် လန်စီ သည် ပူဖောင်းအနည်းငယ်ကို ကမန်းကတန်း အန်ထုတ်လိုက်သည်။

သူ ဘေးဘီကို ခေတ္တလှည့်ကြည့်ရင်း သူ ရေသူထီးတစ်ကောင် ဖြစ်သွားပြီဆိုတာကို ရုတ်တရတ်သတိရသွားသည်။

ရေဘဝဲရော အပျော်စီးသင်္ဘောရော မရှိတော့ချေ။

လန်စီ သည် ဝင်ဆာ ကိုကြည့်လိုက်သောအခါ ဝင်ဆာ သည် မျက်လုံးများကိုမှိတ်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံပင်။

ဝင်ဆာ ၏ လက်မောင်းများကြားမှ ချွတ်နင်းထွက်လာပြီး အနီမိုနီ ထဲမှ ကူးခတ်ကာ အနက်ရောင်မုန်တိုင်းပြီးနောက် ကျန်ခဲ့သည့်သန္တာအရိုးများကို စူးစမ်းကြည့်နေသည်။

အသေချာပင် အပြင်ဘက်ရှိ ငါးသေးသေးလေးများအားလုံး သုတ်သင်ခံလိုက်ရပြီး တစ်ကောင်မှ မကျန်ခဲ့ပေ။

သန္တာအရိုးများသည်လည်း ပြင်းထန်စွာ ထိခိုက်သွားပြီး မူလအဖြူရောင်အရိုးများကို အနက်ရောင်အပိုင်းအစများဖြင့် ဖုံးအုပ်ခံထားရကာ သန္တာအရိုးတစ်ခုလုံး မီးခိုးရောင်ဖြစ်နေသည်။

လန်စီသည် သန္တာအရိုးများ ပတ်ပတ်လည်တွင် ကူးခတ်နေပြီး ဘာမှ မတွေ့ရပေ။

အဲဒါကို တွေးမိသည့်အခါ အံကိုကြိတ်ပြီး အပေါ်သို့ရေကူးသွားသည်။

ဒီအနက်ရောင်မုန်တိုင်းက"ရေဘဝဲ" ကို ထွက်ပြေးသွားစေပြီလား?။

အခွင့်အရေးရတုန်း မြန်မြန်ထွက်ပြေးမှပဲ။

လန်စီ က သူ့ကိုယ်တိုင် အရင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ အဆင်ပြေရင် ပြန်သွားပြီး ဝင်ဆာ ကို သူနဲ့အတူ ခေါ်သွားလေမည်။

သူသည် ကူးခတ်ပြီးနောက် ခဏအကြာတွင်သန္တာအရိုးထိပ်သို့ ရောက်ရှိသွားပြီး သန္တာအရိုး အစွန်းထိပ်သို့ တက်သွားသည်။ သူအပြင်ဘက် ရှုခင်းကို ကြည့်ဖို့ အချိန်မရခင်မှာ ဖောက်ထွင်းမြင်ရတဲ့ ဘောလုံးကြီးတခုဟာ သူ့မြင်ကွင်းကို ကာဆီးနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ .

ထိုအရာသည် မိုးပျံ လေပူဖောင်းကဲ့သို့ အလွန်ကြီးမားပြီး မျက်နှာပြင်သည် အလင်းပေါက်နေကာ အတွင်း၌ ကြိုးမျှင်အပုံလိုက်ရှိပြီး ထိပ်ပိုင်းတွင် အစုလိုက်ဖြစ်နေပြီး မက်မွန်ပွင့်နှင့် ဆင်တူနေသည်။

လန်စီ အကြာကြီးကြည့်နေပြီး နောက်ဆုံးတော့ သူ့ရှေ့က အရာကို သဘောပေါက်လိုက်သည်။

အလွန်ကြီးမားသော ရေခူကြီး....

လန်စီ ပင့်သက် ရှိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဤရေခူကြီးသည် သန္တာအရိုးများပေါ်တွင် လဲလျောင်းနေသော ရေသူထီးလေးအား တွေ့လိုက်ရသည်။ ရေသူထီးလေးသည် ကြောင်တက်တက်ဖြင့် ကြည့်နေပုံလေးက ချစ်ဖို့ကောင်းလွန်း၏။

[အားးးးးး အဲဒါက တကယ့် ရေသူထီးလေးပဲ! ချစ်ဖို့ကောင်းလိုက်တာ! 】

ရေခူသည် သူ၏အတွေးများကို ပင်လယ်ရေထဲတွင် အလွန်နိမ့်သော ကြိမ်နှုန်းဖြင့် ထုတ်လွှင့်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် ရေခူသည် ၎င်း၏အသံကို အလွန်စူးရှ နေသည်။


သနားစရာကောင်းတဲ့ လန်စီ..

သူသည် အလွန်နီးကပ်နေသဖြင့် ရေခူကြီး မှထုတ်လွှတ်လိုက်သော အသံလှိုင်းများသည် ဦးနှောက်အတွင်းသို့ ဓားတစ်လက်အလား ထိုးဖောက်ဝင်ရောက်လာ၏။ သူသတိလက်လွတ်အော်လိုက်သည်-

"အား...."

ပတ်ဝန်းကျင်ပင်လယ်ရေသည် ချက်ချင်းပင် အံ့အားသင့်စွာ ပြောင်းလဲသွားသည်။ ရေလှိုင်းလုံးကြီး ထွက်ပေါ်လာလေသည်။ ငြိမ်သက်နေသော ပင်လယ်ရေသည် ဆူပွက်လာကာ ဂလုပ်ဂလုပ်အသံများထွက်ပေါ်လာပြီး မြောက်များစွာသော ပူဖောင်းများသည် ရေခူဆီသို့ ပြေးဝင်လာကာ ၄င်းကို  တိုက်ရိုက်လိမ့်ထွက်သွားစေသည်။

ကြီးမားသော ရေခူသည် တစ်ခဏအတွင်း အထက်အောက်လန်သွားကာ သူ၏ ဖောက်ထွင်းမြင်ရသော လက်တံများ ပြန့်ကားသွားပြီး သူ့အောက်မှာပုံးခိုနေသည့် ငါးများအားလုံး ထွက်ပြေးသွားကြသည်။

ဒါကို လန်စီ  ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူဘာပြောရမှန်းမသိပဲ ပြေးနေတဲ့ငါးများကို စိုက်ကြည့်နေမိသည်။

[အိုးး ငါ့စကတ်ကိုဘာလို့ လာလှန်တာလဲ 】

ရေခူက တစ်ဖန် မျောလာပြီး လက်တံကို ဆန့်ထုတ်ကာ လန်စီ၏ မျက်နှာကို ထိရန် ကြိုးစားသည်။

[မင်းငါ့ကို ထိခွင့်ပေးရင် ငါမငိုဘူး။ 】

လန်စီ သည် ဆန့်တန်းနေသော ဖောက်ထွင်းမြင်ရသည့်လက်တံများကို ကြည့်ကာ သူ့မျက်နှာမှာ အမူအရာမဲ့နေ၏။

ဒီရေခူက အမျိုးသမီးလား။

[လိမ္မာပါတယ်၊ ငါ  ထိကိုင်ပါရစေနော်။ 】

ရေခူရဲ့ လေသံက ကြောင်တစ်ကောင်ကို ကျီစားနေသလိုပင်။

 [ဒါကမနာကျင်စေပါဘူး ငါ့ရဲ့ အနူးညံ့ဆုံး လက်တံတွေပါနော်။ အဆိပ်လဲမရှိဘူး... ငါ့ရဲ့ စကတ်အောက်ကို လာခဲ့နော်]

လန်စီ သည် ရေခူ၏ ဆန့်တန်းထားသည့်လက်တံများကို  ဆွဲယူလိုက်ပြီး  ကိုက်ချလိုက်သည်။

အရသာက ရေခူအရေခွံလိုပဲ။

ရေခူသည် သုံးစက္ကန့်ခန့် အေးခဲသွားပြီးနောက် ၎င်း၏ လက်တံများကို ပြန်ရုတ်ကာ လန်စီ၏ ရှေ့သို့ လှိမ့်၍ အဆက်မပြတ် မြည်တမ်းနေ၏။

[အိုး..... တကယ့်ရေသူထီးလေးပဲ၊သူ ငါ့ကို ကိုက်တယ်..အဟင့်... ]

အသံလှိုင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး နောက်ထပ် အသံလှိုင်းတခုထပ်ပေါ်လာသည်-

【တကယ်လား မင်းတကယ်ပြောတာလား အိုး.. ရေသူထီးလေး ကိုက်တာ ခံချင်လိုက်တာ။ 】

လန်စီသည် သန္တာအရိုးများပေါ်တွင် ထိုင်ကာ လက်ထဲတွင်ရှိသော ရေခူလက်တံများကို တစ်တိတိကိုက်ဝါးကာ ပင်လယ်ထဲတွင် လှိမ့်နေသော ရေခူကို အဝေးက ကြည့်ရင်း အလွန်ပျော်ရွှင်နေသည်။

ဝင်ဆာ ဘယ်အချိန်ကနိုးလာသည် မသိ၊ အိပ်ရာက နိုးပြီး လန်စီ ကိုမတွေ့သည့်အတွက် အလွန်စိတ်ဆိုးနေ၏။


အနီမိုနီထဲမှ ကူးခတ်ထွက်လာပြီးနောက် ဝင်ဆာ က သန္တာအရိုးထိပ်မှာ လန်စီ ကိုတွေ့လိုက်ရသည်။ လန်စီသည် အပြင်ဘက်သို့အချိန်မရွေး ထွက်ပြေးဖို့ ကြံရွယ်နေသည်ကို မြင်လိုက်ရသည့်အခါ  သူ မနေနိုင်ဘဲ ချက်ချင်းကူးခတ်သွားသည်။

"လန်စီ၊ မင်း ဘာလုပ်နေတာလဲ?"

ဝင်ဆာ သည် လန်စီ ၏ နံဘေးသို့ ကူးခတ်ပြီး သူ့ကို ဆူပူဖို့ ကြံရွယ်လိုက်သော်လည်း စကားမပြောနိုင်မီ လန်စီ က ပိတ်ဆို့လိုက်သည်။

လန်စီ သည် အပြင်သို့ ရုတ်တရတ်ညွှန် ပြပြီး ဝင်ဆာ အား

"ဝင်ဆာ၊ ကြည့်လိုက်!"

ဝင်ဆာ သည် မျက်ခုံးပင့်ကာ လန်စီ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ အလွန်ကြီးမားသော ရေခူတစ်ကောင်ကို မြင်ပြီးနောက် ဝင်ဆာ သည် တိတ်ဆိတ်သွားသည်။

"သူတို့ စကားပြောနေတာကို ငါကြားရတယ်။"

လန်စီ က ဝင်ဆာ အနားသို့ တိတ်တဆိတ် တိုးကပ်လာပြီး အသံတိုးတိုးနဲ့ မေးသည်။

"မင်းကြားရလား"

ဝင်ဆာ က သူ့နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားပြီး ခေါင်းညိတ်ပြ၏။

"ရတယ်"

"ဒီပင်လယ်ထဲမှာ မွန်းစတားတွေ အများကြီးရှိပုံရတယ်။"

လန်စီ သည် သူ့ရှေ့တွင် ပတ်ချာလှည့်နေသော ရေခူကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"သူတို့တွေက ဒီရေခူလိုမျိုး ပေါတောတော ကြောက်တောင်တောင် မနိုင်ဖို့ ငါမျှော်လင့်ပါတယ်။"

ဝင်ဆာ : "... "

ပင်လယ်မွန်းစတားတွေက သူတို့ကို ချောင်းကြည့်နေတဲ့ ရေသူထီးလေး တစ်ယောက်ရှိမှန်းတောင် မသိလိုက်ဘဲ အထဲမှာ ပျော်ရွှင်စွာ စကားစမြည်ပြောကြသည်။

တက်ကြွတဲ့ လူငယ်အသံက မေးသည်။

【တကယ်လား။ ရေသူထီးတစ်ကောင်က ဘယ်လိုပုံစံမျိုးလဲ 】

ရေခူက မထီမဲ့မြင်နဲ့ ပြန်ဖြေ၏။

[မသိဘူး... မပြောပြနိုင်လောက်အောင် ချစ်စရာကောင်းတယ်ဟာ၊ ငါ သူ့ကို ငါ့စကတ်ထဲ ထည့်ပြီးတော့သာ သိမ်းထားလိုက်ချင်တော့တယ်။ 】

[ဒါဆို ရေသူထီးက ဘယ်မှာလဲ 】

ရေခူ က ပြန်ပြောသည်။

[နတ်တူးမြောင်းထဲမှာ၊ ရေသူထီးငယ်လေးက ဒီလို အသိုက် အမြင့်ကြီးလုပ်ထားတာ ထူးဆန်းတယ်】

လန်စီ လှည့်ပြီး ဝင်ဆာ ကိုမေးသည်။

"ဒါက နတ်တူးမြောင်း လား။ မင်း မာရီယာနာ တူးမြောင်းကို သိလား"

ဝင်ဆာ က ခေါင်းညိတ်ပြီး "သိတယ်"

ယခုအချိန်တွင် နောက်ထပ် စူးရှသော အသံလှိုင်းတစ်ခုဝင်ရောက်လာသည်။

[ရေသူထီးတစ်ကောင်က ဘယ်လိုလုပ် ချစ်စရာကောင်းမှာလဲ။ ခန္ဓာကိုယ်အပေါ်ပိုင်းက စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့ လူတစ်ပိုင်း၊ အောက်ဖက်ကငါးတစ်ပိုင်း။ ထူးဆန်းပြီး ရွံ့စရာကြီး။ 】

ရေခူသည် လှည့်၍ လန်စီဘက်သို့ လှိမ့်လာသည်။

[တိတ်စမ်း၊ ပြည်ကြီးငါးစုတ် 】

လန်စီ သည် သူ့လက်ထဲက လက်တံများကို တစ်တိတိ ကိုက်ဝါးကာ ထူးဆန်းသော group chat ကို မြိန်ရည်ရှက်ရေ နားထောင်နေဆဲဖြစ်ပြီး ဝင်ဆာ ကိုမေးလိုက်သည်။

"ငါ အရမ်း ဝင်ပြော ချင်တယ်... ဝင်ဆာ၊ ဒီ chat group မှာ စကားပြောလို့ရမလား"

ဝင်ဆာ က သူ့နှုတ်ခမ်းထောင့်ကိုတွန့်လိုက်ပြီး

"ရတယ်၊ ဒါပေမယ့် ဒါတွေက အဓိကအချက်မဟုတ်ဘူး၊ မင်း ငါနဲ့ ပြန်လိုက်ရမယ်"

"မလိုက်ဘူး"

လန်စီ ခေါင်းခါပြသည်။ သူက ဝင်ဆာ ထံချဉ်းကပ်ပြီး မေးသည်" chat group ထဲမှာ အသံထွက်ပြီး ပြောနည်းကို သင်ပေးလို့ရမလား"

ဝင်ဆာ က သူ့ခေါင်းကိုခါလိုက်ပြီး

"မရဘူး"

"ဘာလို့လဲ?"

"... မင်းကို သူတို့ သိသွားလိမ့်မယ်။"

ဝင်ဆာ သည် သူ့စိတ်ကို လျော့ချပြီး လန်စီ သည် ဤအရာများကို နောက်ပိုင်းတွင် နားလည် သဘောပေါက်သွားဖို့ မျှော်လင့်မိ၏။

လန်စီ တစ်ယောက် မျက်ဆန်လှန်လိုက်ကာ တစ်ခုခုပြောခါနီးတွင် အပြင်ဘက်ရှိ ရေခူသည် ရုတ်တရက် လက်တံတစ်ခုကို ဆန့်ထုတ်လိုက်ပြီး လန်စီ ၏လည်ပင်းကို ရစ်ပတ် လာလေသည်။

လန်စီ:? ? ?

ဝင်ဆာ က ပထမဆုံး တုံ့ပြန်လိုက်သည်။ သူသည် ရေခူ၏ လက်တံများကို ဖမ်းကိုင်လိုက်ရာ ချွန်ထက်သော လက်သည်းများက လက်တံများကို ထိုးဖောက်လိုက်သောကြောင့် လက်တံတခုလုံး ခရမ်းရောင်ပြောင်းသွားသည်ကို မြင်နိုင်၏။

လက်တံအတွင်းရှိ ခရမ်းရောင်သည် ခန္ဓာကိုယ်တခုလုံးကိုဝင်ရောက်လာတော့မည်ကို မြင်လိုက်ရသဖြင့် ရေခူသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ လက်တံများကို ဖြတ်ပစ်လိုက်သည်။ ထို့နောက် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ရေထဲတွင် ငြိမ်သက်စွာ မျောပါသွားသည်။

"အဟမ်း။"

လန်စီ သည် ပူဖောင်းအနည်းငယ်ကို အန်ထုတ်လိုက်ပြီး ကျိုးပျက်သွားသော လည်ပင်းတွင် ရစ်ပတ်နေသည့်လက်တံများကို စူးစမ်းစွာ ထိတွေ့လိုက်သည်။

"အဆိပ်"

ဝင်ဆာ သည် အနားရောက်လာပြီး လက်တံများကို ပေါ့ပေါ့ပါးပါး ဆွဲချကာ အပြင်သို့ ပစ်ချလိုက်သည်။

လန်စီသည် ထိုစကားကို ကြားသောအခါ ဝင်ဆာကို အံ့အားသင့်စွာ စိုက်ကြည့်ပြီးနောက် သူ၏လက်သည်းများကို စူးစူးစိုက်စိုက်ကြည့်သည်။

သူလဲ အဆိပ်ရှိ တာလား?။

"ဂူး-ဂူး-ဂူး"

တစ်ဖက်တွင် ကြီးမားသော ရေခူကြီးသည် ၎င်း၏ ဖောက်ထွင်းမြင်ရသော ခန္ဓာကိုယ်ကို လှုပ်ယမ်းနေသည်။

လန်စီက တစ်ချက်ကြည့်လိုက်၏။ ရေခူပြောတာကို သူနားမလည်ပေမယ့် ရေခူ စိတ်ရှုပ်ထွေးနေမှုကို သူမြင်ရ၏။

ဝင်ဆာ ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိပြီးနောက် ရေခူသည် ပင်လယ်မွန်းစတားအုပ်စုတွင် မေးလိုက်သည်။

[ထူးဆန်းလိုက်တာ ဘာကြောင့် ရေသူထီးလေးအနားမှာ ထူးဆန်းတာတစ်ခုရှိနေတာလဲ]

ထူးဆန်းပြီး ထိတ်လန့်ဖွယ်ကောင်းသော အရာ?

လန်စီ သည် သူ့ဘေးနားရှိ ဝင်ဆာ ကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။

ရေခူပြောတဲ့ "ထူးဆန်းသောအရာ" ဆိုတာ ဝင်ဆာ ကိုဆိုလိုတာလား။

လန်စီ၏ သံသယအကြည့်ကြောင့်ဖြစ်မည်။ ဝင်ဆာ သည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ပြီးတော့ လန်စီ ကိုဆုံးမနေ၏။

"မြင်လား သန္တာအရိုးတွေရဲ့အပြင်ဘက်မှာ ရေဘဝဲအပြင် မင်းအပေါ် ရက်စက်ဖို့ ကြံစည်နေတဲ့ ပင်လယ်မွန်းစတားတွေ ရှိသေးတယ်"

သူက ရေခူကို ရည်ညွှန်းနေခြင်းသာ။

လန်စီ မှာ အံ့အားသင့်သွားသည်။ သူစိတ်ထဲမထားပေမယ့် ဝင်ဆာ ကို စိတ်ဝင်တစားနဲ့ ပြောလိုက်၏။

"အဲဒါ မကောင်းဘူးလား။ ရေခူက ရေဘဝဲထက် အများကြီး ထုံထိုင်းတုံးအ ပုံရတယ်။ ချောက်ထဲက လွတ်မြောက်ဖို့ သူ့ကို အသုံးချလို့ရတယ်။"

ဝင်ဆာ သည် မျက်ဝန်းများကျုံ့သွားကာ  သက်ပြင်းချလိုက်သည်။

နောက်တစ်စက္ကန့်တွင် ရေခူများသည် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ရုတ်တရက် သန္တာအရိုးများအောက်မှ ကြီးမားသော လက်တံအချို့ ပေါက်ထွက်လာကာ အလွန်ကြီးမားသော ရေခူကို ဆွဲယူကာ ဘုန်း ဟူသောအသံကြီးဖြင့် အဝေးသို့ ဆွဲယူသွား ကြသည်။

ရေခူ[ အားးးးးးးးးးးးးးးးးးးးးးးးးးးးး  ]

လန်စီ “……..”