ဟိုးရှေးရှေးတုန်းက အလွန်သေးငယ်ပြီး
လှပသည့်နိုင်ငံတစ်ခုရှိသည်။ တိုင်းပြည်ရဲ့ ဘုရင်က ကြင်နာတတ်ပြီး ဘုရင်မကလည်း
ချောမောလှပ၏။ သို့သော် ၎င်းတို့ကို ဖိစီးနေသည့် ပြဿနာတစ်ခုရှိသည်။ အဲဒီ ပြဿနာက သူတို့မှာသားသမီးမရှိတာပဲ။
ဘုရင်မကြီးသည်တစ်နေ့တွင်ဘုရားသခင်အဖြေပေးလာသည့်တိုင်အောင်
နေ့တိုင်း ဆုတောင်းနေခဲ့သည်။
ဘုရားသခင်က သူမကိုပြောခဲ့သည် " အိုး
ချောမောလှပတဲ့ သမီးတော်၊ ဘုရင်နဲ့စတွေ့တုန်းက သူကဘယ်လိုမျိုးလဲ? မိဖုရားကြီးက ပြန်ဖြေခဲ့သည်" ကျွန်မတို့
နှစ်ယောက်လုံးက အဲဒီတုန်းက အရမ်းငယ်သေးတယ်၊ ကျွန်မကို မြင်တော့ သူ့အမူအရာမှာ
စိုးရိမ်ထိတ်လန့်မှုတွေရှိတယ်"
ဘုရားသခင်က “မင်းတို့တယောက်နဲ့တယောက်ချစ်သွားတဲ့အခါ
သူဘယ်လိုမျိုးလဲ” လို့ မေးပြန်သည်။
မိဖုရားက “အဲဒီအချိန်က သူကဘုရင်ဖြစ်နေပြီ။ တိုင်းပြည်အရေးကို နေ့စဉ်နဲ့အမျှ စီမံနေရတဲ့အတွက်
အလွန်အလုပ်များနေပါတယ်”
နောက်ဆုံးတော့ ဘုရားသခင်က "ဒါဆို
မင်းမင်္ဂလာဆောင်တဲ့ညမှာ သူဘယ်လိုနေလဲ" လို့မေး၏။
ဘုရင်မ
ရှက်သွားဖြန်းသွားသည်။ "အမ်.... ဘယ်လိုပြောရမလဲ?အဲ့တာ
နည်းနည်းတော့ ရှက်စရာကောင်းတယ်ရှင့်...."
ထို့နောက် ဘုရားသခင်က သူမအား "ကောင်းပြီ၊
မင်းမှာ ကလေး သုံးယောက်ရလိမ့်မယ်။ ဒါပေမယ့် သူတို့ ပြီးပြည့်စုံမှာ မဟုတ်ဘူး။
အဲဒီမပြည့်စုံမှုတွေရှိမယ်ဆိုရင်တောင် မင်း သူတို့ကို ချစ်ဦးမှာလား?။”
ဘုရင်မကြီးက
သံသယဝင်စရာမလိုအောင်သူ့ကလေးတွေကိုချစ်မှာပါ။သူမက
ဘုရားသခင်ကိုကျေးဇူးတင်ခဲ့ပြီးနောက် သူ့ယောင်္ကျားအား သတင်းကောင်းကို
ချက်ချင်းပြောပြလိုက်၏။
မကြာခင်မှာပဲ ဘုရင်မကြီးတွင် သုံးမွှာပူးကလေး မွေးဖွားလာ၏။
သူမက ကျန်းမာသန်စွမ်းတဲ့ သားတော်လေးသုံးပါးကို ဖွားမြင်ခဲ့၏။ဘုရင်နှင့် မိဖုရား
နှစ်ဦးစလုံးသည် ရွှင်မြူးတက်ကြွစွာဖြင့် သူတို့ကလေးတွေ ကြီးပြင်းလာတာကို
စောင့်ကြည့်ခဲ့ကြ၏။
မည်သို့ပင်ဆိုစေကာမူ နန်းတော်တွင်းရှိ လူများက
မကြာမီတွင် တခုခုမူမမှန်တာကို
သတိထားမိခဲ့ကြ၏။ဘုရင်မကြီးကဘုရားသခင်သူမကိုမိန့်တော်မူခဲ့သည်ကို သတိရသွားသည်။
ထိုစကားသည် ယခုအခါ မင်းသားလေး သုံးယောက်ပေါ်တွင် ထင်ဟပ်နေ၏။
အကြီးဆုံးမင်းသားကို ဘရိဖ်ဟုခေါ်၏။သူသည်သန်မာပြီး
စိတ်ဓာတ်ထက်သန် တက်ကြွကာ အလွန်အမင်းသတ္တိရှိ၏။ သူသည်အန္တရာယ်များကိုမမှုပဲ
တခြားသူများကို ထိတ်လန့် တုန်လှုပ်သွားစေသည့် အရာများကို လုပ်လေ့ရှိသည်။ သူသည် အကြောက်တရား
မရှိသည့် လူတယောက်ဖြစ်သည်။
ဒုတိယမင်းသားကို စက်ဗန့်ခ်ဟုခေါ်သည်။ သူ၏
အားသာချက်မှာ ပင်ပန်းနွမ်းနယ်မှုကို မကြောက်ဘဲ အလုပ်ကြိုးစားသူ ဖြစ်သည်။
ဘုရင်နှင့်မိဖုရားတို့သည် စက်ဗန့်ခ် သည် အလုပ်အလွန်အကျွံလုပ်ခြင်းကြောင့်
နေမကောင်းဖြစ်မည်ကို ရံဖန်ရံခါ စိုးရိမ်ကြသည်။ သူသည် အခက်အခဲကို
မသိသူတယောက်ဖြစ်သည်။
သို့သော် ရှယမ် ဟုခေါ်သော
အငယ်ဆုံးမင်းသားကတော့ အထူးကိစ္စရပ် တစ်ခုဖြစ်သည်။ သူ့အစ်ကိုတွေလိုချောမောပေမယ့်
သူနဲ့ပက်သက်ပြီး တခြားသူတွေကို စိုးရိမ်စေတဲ့ အချက်ကသူငယ်ငယ်ကတည်းက အရှက်မရှိတာဘဲ။
သူ့မှာ ဂုဏ်သိက္ခာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။
သူ့ကိုအဝတ်ဗလာနဲ့ အမှတ်မထင်မြင်တွေ့ရနိုင်သည်။ သူသည် လူတိုင်းအပေါ်
သူ၏ချစ်ခင်မှုကို ပြင်းပြစွာ ဖော်ပြလေ့ရှိ၏။ တခြားလူတွေက မသင့်တော်ဘူးလို့
ပြောတဲ့အခါတိုင်း သူ့ခေါင်းထဲမှာ ဒီကိစ္စကို တွေးဆနေလိမ့်မည်။ သို့သော်
ထိုအကြောင်းကို စဉ်းစားပြီးသည့်တိုင် သူဘာကြောင့် ရှက်သင့်သည်ကို
နားမလည်နိုင်သေးပေ။ သူ့ကိုဘယ်လောက်ပဲ သင်ကြားပေးပါစေ ဘုရင်နဲ့ မိဖုရားဟာ သားငယ်ရဲ့
အတွေးအမြင်ကို ပြောင်းလဲဖို့ ကူကယ်ရာမဲ့ ဖြစ်နေတုန်းပါပဲ။
နောက်ဆုံးတော့ သူတို့လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ
သူ့ကိုခြိမ်းခြောက်ခြင်းပင်ဖြစ်၏။ "ငါတို့ပြောသည့်အတိုင်း မလုပ်ရင်
ဖခည်းမည်တော်တို့ စိတ်ဆိုးရလိမ့်မယ်၊ ဘာကြောင့်လဲဆိုတာ မင်းသဘောမပေါက်ပေမယ့်လို့
မင်းရွေးချယ်ရမယ့် တခုတည်းသောအရာက ငါတို့ပြောတာကိုနာခံဖို့ပဲ”
သူတို့ရဲ့ ခြိမ်းခြောက်မှုက အလုပ်ဖြစ်ခဲ့၏။
ထိုအချိန်မှစ၍ မင်းသားငယ်သည် အဝတ်အစားဝတ်ရန် လိုအပ်ကြောင်းသိသွားခဲ့သည်။
တခြားသူတွေရဲ့ အဝတ်အစားတွေကို မချွတ်ဖို့လည်း သူသိသွားသည်။
နှစ်တွေကုန်လွန်သွားခဲ့ပြီး မင်းသားသုံးပါးသည်
အသက်ဆယ့်ခုနစ်နှစ်သို့ ရောက်လေပြီ။ ဘုရင်မင်းမြတ်သည် မင်းသားသုံးပါး၏
ဆယ့်ခုနစ်နှစ်မြောက် မွေးနေ့ကို ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့သည်။
ရဲတိုက်ထဲတွင် ပျော်ရွှင်စရာတေးဂီတသံသာများဖြင့်
ပြည့်နှက်နေပြီး လမ်းများပေါ်တွင် ပန်းပွင့်ချပ်များဖြင့် ပြန့်ကျဲနေသည်။
နန်းတော်ရင်ပြင်ရှေ့တွင် လူများစည်ကားနေပြီး နှစ်လိုဖွယ်ကောင်းသောဘုရင်မနှင့်အတူ
မြင့်မြတ်သောဘုရင် ကိုတွေ့လိုက်ရသည်။ အဲဒီနောက်မှာတော့ ငယ်ရွယ်ပြီး ချောမောတဲ့
မင်းသား သုံးယောက် ပေါ်လာ၏။
အခမ်းအနား ကျင်းပတဲ့နေ့တွင် မင်းသားတွေကတိုင်းပြည်ကို
ဘယ်လောက်ချစ်ကြောင်း လူထုကို မိန့်ခွန်း ပြောရမည်ဖြစ်သည်။ အခမ်းအနား
အစီအစဉ်များသည် ချောမွေ့စွာ သွားနေသည်။ မင်းသားသုံးပါးစလုံးသည် အလွန်နာခံကြသည်။
နောက်ဆုံးတွင် သူတို့သည်ပွဲကြည့်စင်ပေါ်တွင် အစဉ်အတိုင်းရပ်နေကာ
လူအများကိုမိန့်ခွန်းစကား ပြောရန် အသင့်ဖြစ်နေကြ၏။
‘အကြောက်အလန့်မရှိသူ’ ဘရိဖ်ကပြောလိုက်၏ "ငါ့ဓားကိုချစ်သလောက်ကို ငါဒီနိုင်ငံကို
ချစ်တယ်။ ငါ့ဓားက ငါ့ကိုကူညီအထောက်အကူပေးတယ်၊ငါ့ ဓားကို ဘယ်တော့မှ အစိတ်စိတ်အမြွှာမြွှာကွဲကြေစေမှာ
မဟုတ်ဘူး"
‘အခက်အခဲမသိသူ’ စက်ဗန့်ခ်က ပြောလိုက်၏ “ငါ့ စာအုပ်တွေ၊ ခရီးဆောင်အိတ်တွေ လမ်းတွေ၊ အပင်တွေနဲ့လယ်ကွင်းတွေကိုချစ်သလောက်ကို
ငါ ဒီနိုင်ငံကို အရမ်းချစ်တယ်။ ။ ငါ့ဝိညာဉ်ကို မင်းတို့ပိုင်တယ်၊ ငါ့အသက်ကို မင်းတို့အတွက်ပေးဆပ်ထားပါတယ်"
နောက်ဆုံးတော့ ‘အရှက်မရှိတဲ့’ရှယမ်အလှည့်ပါ။ သူစင်ပေါ်လှမ်းတက်လာပြီး သူ့မျက်နှာပေါ်တွင်
လူတိုင်းကိုဖမ်းစားနိုင်တဲ့အပြုံးလေးနဲ့ ပြောလိုက်သည် " ငါ့---------ကို ငါချစ်သလောက်ကို
ငါ့တိုင်းပြည်ကိုချစ်တယ်”
ထိုမိန့်ခွန်းက လူထုကို အုတ်အော် သောင်းနင်း ဖြစ်သွားစေ၏။
ဘုရင်နှင့်မိဖုရား တို့သည် လဲကျလု နီးပါး ဖြစ်သွားခဲ့သည်။ ရှယမ်၏
အကိုတော်နှစ်ပါးစလုံးက သူ့ကို အလန့်တကြား ကြည့်နေကြသည်။
သူက အမျိုးသားတွေမှာသာ ရှိတဲ့အင်္ဂါနံမည်ကို
လွတ်လပ်စွာတွေးခေါ်တဲ့ အမူအရာအရာနဲ့ အကျယ်ကြီးအော်ပြောခဲ့တာလေ။
အခမ်းအနား အပြီးမှာတော့ ဘုရင်ကြီးက ဒေါသ အမျက်
ခြောင်းခြောင်းထွက်ကာ မင်းသား ရှယမ် ကို သူဘာတွေလုပ်ခဲ့လဲဆိုတာကို
ပြန်လည်သုံးသပ်ဖို့ သူ့အခန်းထဲမှာ နေရန် အမိန့်ပေးခဲ့၏။
နိုင်ငံတစ်ဝှမ်းကပညာရှင်နဲ့ပညာရှိတွေကို မင်းသား ရှယမ် က ဘယ်လို
သွန်သင်ပေးရမလဲဆိုတာကို ဆွေးနွေးဖို့ ဆင့်ခေါ်ခဲ့၏။
“အရှင်မင်းကြီး သူ့ကို ပစ်ဒဏ် လုံးဝမပေးသင့်ပါဘူး” ဟု ပညာရှိကြီးတစ်ဦးက ပြောသည် “မင်းကြီး၊မင်းသမီးနှင့် ဆားအကြောင်း ဇာတ်လမ်းကိုအရင်က
ကြားဖူးမှာပါ။ ဘုရင်တစ်ပါးက သူ့သမီးသုံးယောက်ကို သူ့ကိုဘယ်လောက်ချစ်လဲလို့ မေးခဲ့တယ်။
အကြီးဆုံးသမီးတော်က 'ကျွန်တော်မျိုးမ ဖခမည်းတော်ကို
သကြားလောက် ချစ်ပါတယ်' ဒုတိယ အကြီးဆုံးသမီးတော်က 'ကျွန်တော်မျိုးမ
ဖခမည်းတော်ကို ပျားရည်လောက် ချစ်ပါတယ်' လို့ ပြောပါတယ်။ သို့သော်
အငယ်ဆုံးသမီးတော်က 'ကျွန်တော်မျိုးမ ဖခမည်းတော်ကိုဆားလောက် ချစ်ပါတယ်' လို့
ပြောပါတယ်။ ဆားကစျေးပေါပြီး သာမန်ပဲလို့ ဘုရင်က ယုံကြည်တယ်။ ဒါကြောင့်
ရုတ်ချည်းဒေါသူပုန်ထပြီး အငယ်ဆုံးသမီးကို ပြည်နှင်ဒဏ် ပေးလိုက်တယ်။
နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ
ကြင်နာတတ်တဲ့အငယ်ဆုံး သမီးတော်က အိမ်နီးချင်းဘုရင်နှင့် လက်ထပ်ခဲ့တယ်။ သူ့ဖခင်ကို
မင်္ဂလာဆောင်ကို ဖိတ်ခဲ့ပေမဲ့ ဆားမပါတဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ
ကျွေးခဲ့တယ်…”
ဘုရင်ကြီးက မိဖုရားကို
ပွေ့ဖက်လိုက်မိ၏။သူ့တစ်ကိုယ်လုံး ထိတ်လန့်မှုကြောင့် တုန်လှုပ်နေ၏။ “ငါကိုယ်တော် နားလည်ပြီ။ ဒီအကြောင်းကြောင့် ရှယမ် ကို အပြစ်ပေးမယ်ဆိုရင်
ရှယမ်က အနာဂတ်မှာ ငါ့------ကို ဖြတ်မှာမလား…”
ပညာရှိကြီးသည် ဇာတ်လမ်းနောက်ကွယ်ရှိ ယုတ္တိဗေဒသည်
ပကတိအတိုင်း တည့်တည့်ကြီး ဆိုလိုချင်တာ မဟုတ်ပေမည့် အခြေခံ
ဆိုလိုချင်တဲ့အချက်ကတော့ မမှားဘူးလို့ တိတ်တဆိတ် တွေးနေခဲ့၏။ သူ လေးနက် တည်ငြိမ်စွာ
ခေါင်းညိတ်လိုက်၏။
ဘုရင်ကြီးသည် ထပ်ကာထပ်ကာတွေးပြီးလေ ပိုပိုပြီး
စိတ်ဓာတ်ကျလာလေပင်။ မင်းသားလေး ရှယမ်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် မပြုနိုင်သလို
ကြမ်းကြမ်း တမ်းတမ်းလဲ ဆက်ဆံလို့မရချေ။ သူဘာလုပ်သင့်လဲ? ဒီအပြုအမူမျိုးကို
ဆက်ပြီး ခွင့်ပြုထားမယ်ဆိုလဲ မင်းသားရှယမ်က သူကိုယ်တိုင်အတွက် မင်းသမီးတယောက်ကို
ရှာနိုင်မှာမဟုတ်ဘူး။
ပညာရှိကြီးက အကြံတခု ရလိုက်သည် "မင်းသား သုံးယောက်စလုံးက
ငယ်ရွယ်ပြီး သန်မာကြတယ်။ သူတို့ရဲ့လက်နက်နဲ့ ခရီးဆောင်အိတ် တွေယူပြီး စူးစမ်း
လေ့လာရေးခရီးကို သွားခွင့် ပြုလိုက်ရင်ရော?။ များသောအားဖြင့် မင်းသားတွေ
ခရီးသွားတဲ့အခါ မကြာခဏ ဆိုသလို မင်းသမီးတပါး ဒါမှမဟုတ် အပျိုစင်တစ်ယောက်ကို
ကယ်တင်ရလေ့ရှိတယ်လေ။ ပြီးတော့ သဘာဝအလျှောက်ပဲ ကယ်တင်ခံရတဲ့ မင်းသမီးလေးနဲ့လက်ထပ်
ဖြစ်သွားကြတယ်။ အရှင်မင်းကြီးလဲ သူတို့ကို လေ့ကျင့်ပေးပြီး ထူးချွန်တဲ့ မင်းသားတွေဖြစ်အောင်လုပ်ဖို့
ဒီအခွင့်အရေးကို အသုံးချလို့ရပါတယ်။”
ဘုရင်ကြီးက သဘောတူလိုက်၏။ ဒုတိယနေ့မှာ
မင်းသားသုံးယောက်ကို ခေါ်ပြီး အဝေးကတိုင်းပြည်တခုဆီသို့ စွန့်စားသွားခိုင်းလိုက်၏။
သူက မင်းသားများကို အားနည်းသူများကို ကယ်တင်ပြီး မကောင်းသူများကို
အတတ်နိုင်ဆုံးအပြစ်ပေးရန် မှာကြားလိုက်၏။မင်းသားသုံးဦးလုံးက ထိုအရာကို လုပ်ချင်သည့်ဆန္ဒရှိကြ၏။
မကြာမှီ မင်းသား သုံးဦးစလုံးသည် အိတ်များကို ထုပ်ပိုးပြီး ရဲတိုက်မှထွက်ခွာလာသည်။