များမကြာမီတွင် မင်းသားများသည် ဆိုးယုတ်သော
မှော်ဆရာတယောက်သည် တောအုပ်ထဲရှိ မျှော်စင်မြင့်ပေါ်တွင် နေသည်ဆိုသည့် ကောလဟာလကို
ကြားလိုက်ရသည်။ မျှော်စင်မြင့်ထဲမှာ အိမ်နီးနားချင်းနိုင်ငံမှ မင်းသမီးလေးတစ်ယောက်
အကျဉ်းချခံထားရသည်။ သူမဟာ မိုးကောင်းကင် တစ်ခုလုံးအောက်မှာ အလှဆုံး
မိန်းကလေးဖြစ်၏။ မင်းသမီးကို မပူဇော်ရင် နိုင်ငံထဲမှာ ရှိတဲ့မိန်းကလေးတွေကို
အဝေးကို လုပြေးသွားမယ်လို့ မှော်ဆရာက ထိုနိုင်ငံကို ခြိမ်းခြောက်ခဲ့သည်။
မင်းသမီးလေးဟာ ကြင်နာတတ်တဲ့ နှလုံးသား ရှိတဲ့အတွက် သူမကိုယ်တိုင် ဆန္ဒပြုကာ
တောနက်ထဲကို လျှောက်လှမ်းသွားခဲ့သည်။
‘ကြောက်စိတ်မရှိတဲ့’ ဘရိဖ်က “ငါတို့ မင်းသမီးလေးကို ကယ်တင်ရမယ်။ ငါတို့က လူသုံးယောက် ဆိုတော့ မှော်ဆရာကို ကျိန်းသေ
အနိုင်ယူနိုင်တယ်။"
‘အခက်အခဲမသိတဲ့’ စက်ဗန့်ခ် သည် သူ၏မျက်မှန်ကို တစ်ချက် တွန်းတင်လိုက်သည်။
"မနေ့ညက ကျွန်တော် လုံးဝအိပ်မပျော်ဘူး။ မှော်ဆရာရဲ့ အတွင်းသတင်းကို ကျွန်တော်စုံစမ်းခဲ့တယ်။
ကောလဟာလတွေအရ သူ့ကိုအနိုင်ယူဖို့အတွက် ရတနာသုံးပါးကို ကျွန်တော်တို့အရယူရမယ်။ ရတနာသုံးပါး
မရှိရင် သူလက်မြှောက် အရှုံးပေးမှာမဟုတ်ဘူး။”
“ရတနာတွေက
ဘာတွေပဲဖြစ်ဖြစ် ငါတို့ ရအောင်ယူမယ်” ဟု ‘ အရှက်မရှိသူ’ ရှယမ်
က ဆိုသည်။
မင်းသားသုံးပါးသည်တောထဲသို့ လျှောက်သွားကြသည်။အခက်အခဲများစွာကို
တွေ့ကြုံရပြီးနောက် နောက်ဆုံးတွင် ဆိုးယုတ်သည့်မှော်ဆရာ၏ မျှော်စင်ရှေ့သို့
ရောက်ရှိလာခဲ့ကြသည်။ မင်းသားသုံးပါးသည် မိုးထိအောင်မြင့်မားလှသည့် ရဲတိုက်ကို တွေ့လိုက်ရသည့်အခါ
အလွန်အမင်း မချိတင်ကဲဖြစ်သွားသည်။ အားလုံးက မေးခွန်းတွေထုတ်လာကြ၏။
"မှော်ဆရာက
ဘာလို့ ဒီလောက်မြင့်တဲ့ နေရာမှာ နေနေရတာလဲ" ဘရိဖ်က "ငါထင်တာ သူ့ရဲ့
မကောင်းဆိုးဝါးအကြံအစည်တွေကို တခြားလူတွေ ချောင်းကြည့်မှာကို
စိတ်ပူလို့ထင်တယ်"
"မှော်ဆရာက ဒီလောက်မြင့်တဲ့ မျှော်စင်ကြီးကို
ဘယ်လိုတည်ဆောက်နိုင်ခဲ့တာလဲ။" စက်ဗန့်ခ် က "ငါထင်တာ ဒီလိုလုပ်ဖို့
သူတို့မှာ အသိပညာနဲ့ မှော်ပညာရှိလိမ့်မယ်။"
"ဘာလို့
မှော်ဆရာက တိုင်းပြည်တွင်းက မိန်းကလေးတွေ အကုန်လုံးကိုမယူပဲ မင်းသမီးလေးကိုပဲ
လိုချင်တာလဲ " နောက်ဆုံးတွင် ရှယမ် က "ငါထင်တာတော့ သူ့မှာ ကျန်းမာတဲ့
ခန္ဓာကိုယ်မရှိဘူး၊ သူ့............ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ယုံကြည်မှု
ကင်းမဲ့နေတာဖြစ်မယ်။"
သူ့အစ်ကိုနှစ်ယောက်ရဲ့ အံ့အားသင့်ပြီးအပြစ်တင်တဲ့
အကြည့်တွေအောက်မှာ ရှယမ် က သူ့စကားကို မရုပ်သိမ်းခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူ့အမြင်ကို သူယုံကြည်သည်။
မင်းသား သုံးပါးတို့သည် ရဲတိုက်တံခါးကို
စီးနင်းတိုက်ခိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားကြသည်။ သူတို့က ရုတ်တရက်
ခုန်ထွက်လာတဲ့ ကြောက်မက်ဖွယ်ရာ ဘီလူးတွေကို မကြောက်ကြချေ။ ဘီလူးများကသွေးသံရဲရဲ
ပါးစပ်ကို ဟလိုက်သည်။ သို့သော် သူတို့သည် မင်းသားများ၏ ရဲရင့်သော ကိုယ်ဟန်အနေအထားကြောင့်
အလွန်ကြောက်လန့်သွားကာ မီးခိုးငွေ့များထဲတွင် ပျောက်ကွယ်သွားကြသည်။
နောက်ဆုံးတွင် တံခါးတစ်ခု ရုတ်တရက် ပွင့်လာသည်။
မှော်ဆရာသည် အနက်ရောင် ဝတ်ရုံကို၀တ်ထားသည်။ သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သော
အပြုံးတပွင့်ရှိပြီး ပလ္လင်ပေါ်တွင် ထိုင်နေ၏။
ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသည့်
ရွှေချည်မျှင်များ ဖြင့်ချုပ်ထားသည့်
ကတ္တီပါခန်းဆီးများသည် မှော်ဆရာ၏ နောက်တွင်
တဖြည်းဖြည်း လှစ်ဟသွားသည်။ ၎င်းနောက်တွင် ကြီးမားသော ငှက်လှောင်အိမ်နှင့် တူသည့်
သတ္တု ဘားတန်းများရှိသည်။ မင်းသမီးကို ထိုလှောင်အိမ်ထဲမှာ ချုပ်နှောင် ထားသည်။
သူမတွင် ဇိမ်ခံအိပ်ခန်းတစ်ခုနှင့် အဝတ်အစားများကို
ရတနာများဖြင့် တန်ဆာ ဆင်ထားသည်။ သို့သော် သူ့လက်တွင် ရွှေလက်ထိပ်များကဲ့သို့
လက်ကောက်များ ရှိသည်။ အလားတူပင် သူမ၏ ခြေထောက်များတွင်လည်း ခြေထိပ်များရှိသည်။
သူမသည် လှောင်အိမ်ထဲမှ ခြေတစ်လှမ်းမထွက်နိုင်ပေ။
မှော်ဆရာသည် မင်းသားများ၏ ပစ်တင် မောင်းမဲခြင်းကို
ခံရ၍ စတင်ပြီး ရယ်လေတော့၏။ “ငါ့သူရဲကောင်းတွေ
ရူးရူး မိုက်မိုက် မလုပ်ပါနဲ့၊ မင်းတို့ ငါ့ကို သတ်ပစ် ရင်တောင် မင်းသမီးကို ချုပ်နှောင်ထားတဲ့
လှောင်အိမ်ကို မင်းတို့ မဖွင့်နိုင်ပါဘူး။
ဒါက လှောင်အိမ်ထဲမှာရှိတဲ့ ကျိန်စာကြောင့်ပဲ။ ငါရှာနေတဲ့ ပစ္စည်းသုံးခုကို တစ်ယောက်ယောက်က
ယူလာမှပွင့်လာလိမ့်မယ်။”
“ဒါဆို
ဘယ်လိုပစ္စည်းတွေလဲ” မင်းသားတွေက တစ်ညီတစ်ညွတ်တည်း
မေး၏။
“ပထမဦးစွာ
လူတွေကို ယစ်မူးစေနိုင်တဲ့ သကြားတစ်ခဲကို ရှာရမှာ အဲ့အထဲမှာ အရက်မပါဝင်ရဘူး။
ဒုတိယအနေနဲ့ လူတွေကို နွေးထွေးစေနိုင်တဲ့ မီးကို ရှာရမှာဖြစ်ပြီး
သူတို့ရဲ့လက်တွေကို မလောင်စေရဘူး။ တတိယအချက်အနေနဲ့ လူတွေကို ကြောက်လန့်စေနိုင်တဲ့
ဓားတစ်ချောင်းကို ရှာရမယ်၊ ဒါပေမယ့် အသွားမထက်ရဘူး”
မှော်ဆရာက
လိုအပ်ချက်များကို စာရင်းပြုစုပြီးသောအခါ ၎င်းက ဆက်လက်၍ “ငါက သဲလွန်စတွေမပြောပြနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီပစ္စည်းတွေကို
ဘယ်မှာရှာရမှန်း ငါကိုယ်တိုင်မသိလို့ပဲ။ မင်းတို့ရှာမတွေ့ခဲ့ရင် မင်းသမီးကို ငါ့ဆန္ဒ
အလျှောက် လွှတ်ပေးချင်ရင်တောင် ငါလွှတ်ပေးလို့မရဘူး"
မင်းသားတွေက သူ့ကို မယုံပဲလှောင်အိမ်ရဲ့ အပေါက်ဝကို
ပြေးသွားတဲ့အခါ မှော်ဆရာက သူ့လက်တွေကို ဝှေ့ယမ်းလိုက်ပြီးကြောက်စရာကောင်းတဲ့
အကောင်တွေ ပေါ်လာ၏။
အကြီးဆုံးမင်းသားဘရိဖ်သည် သူ၏ဓားကို
မြှောက်လိုက်သည်။ သူ့နိုင်ငံနှင့် ဘုရားသခင်၏ နာမတော်အား
ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လိုက်ပြီးသူသည် သူရဲကောင်းဆန်စွာ
မိစ္ဆာကောင်များဆီပြေးဝင်သွားခဲ့သည်။
ဒုတိယမင်းသား
စက်ဗန့်ခ်သည်
တိုက်ပွဲကိုကျော်ဖြတ်ရန် ဤအခွင့်အရေးကိုအရယူခဲ့သည်။ လှောင်အိမ်ရှေ့သို့
သူရောက်သွား၏။ ထို့နောက် သူ၏လေးလံသော သားရေအိတ်ထဲမှ ဂါထာမန္တာန် စာအုပ်တပုံတခေါင်းကြီး
ထုတ်ယူ လိုက်သည်။ သူသည် မင်းသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ လက်ထိပ်၊ ခြေထိပ်များကို
ဖွင့်ရန်အတွက် ဂါထာတိုင်းကို ထုတ်သုံးပြီး စမ်းသပ်နေသည်။
နောက်ဆုံးအနေနဲ့ကတော့ အငယ်ဆုံးမင်းသား ရှယမ်
ဖြစ်သည်။ သူ့မျက်နှာမှာ အပြုံးတစ်ခုဆင်ကာ အိမ်ထဲသို့ဝင်လာသည်။ ထို့နောက်သူ၏အဝတ်အစားတွေကို
တခုချင်း ချွတ်ပစ်လိုက်၏။
"ဘ-ဘာလုပ်နေတာလဲ!" မှော်ဆရာက ထိတ်လန့်သွား၏။
သူ၏ မိစ္ဆာများသည် အကြီးဆုံးမင်းသားနှင့်
တိုက်ပွဲတွင် နစ်မြုပ်နေသဖြင့် ၎င်းတို့သည် သူ့ကို လာရောက်ကာအကာအကွယ်
မပေးနိုင်ကြပေ။
အကြီးဆုံးမင်းသား ဘရိဖ်သည် ပထမ မိစ္ဆာ၏
ဦးခေါင်းကို ဖြတ်တောက် ပစ်လိုက်သည်။ ထို့နောက် သူသည် ဒုတိယမိစ္ဆာ၏လက်ကို
ဖြတ်လိုက်သည်။ မိစ္ဆာများသည် မီးခိုးငွေ့များ အသွင်ချက်ချင်း ပျောက်ကွယ်သွားကြသည်။
မိစ္ဆာတစ်ကောင်တည်းပဲ ကျန်တော့သည်။ ဘရိဖ် ရဲ့အောင်ပွဲက လက်တကမ်း အလိုရောက်လာပြီ။
ဒုတိယမင်းသားစက်ဗန့်ခ်သည်
မင်းသမီး၏ခြေဖဝါးပေါ်ရှိ ခြေထိပ်များကို သူ၏မန္တာန်များဖြင့်
အောင်မြင်စွာဖွင့်နိုင်ခဲ့သည်။ ယခု သူသည် လက်ထိပ်များကို ဖွင့်ပေးရန်
ကြိုးစားနေသည်။ မင်းသမီးသည် ခြေထောက်များ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီဖြစ်သဖြင့်
လှောင်အိမ်၏ သံတိုင်များအနီးတွင်
စိတ်လှုပ်ရှားစွာ ထိုင်နေပြီး မင်းသားများကို အားပေးနေ၏။
ထိုအချိန်တွင် အငယ်ဆုံးမင်းသား ရှယမ်သည်
ကိုယ်လုံးတီးချွတ်ပြီးဖြစ်သည်။ သူသည် စစ်တပ်တွင် တစ်နှစ်ပတ်လုံး
လေ့ကျင့်ခဲ့မှုကြောင့် သူ့ခန္ဓာကိုယ်၏ ထူးခြားသော ကြံ့ခိုင်မှုကို အသုံးချကာ
ထိုင်ခုံပေါ်သို့ တုံ့ပြန်မှု နှေးကွေးနေသည့် မှော်ဆရာကို ပိတ်လှောင်ထားသည်။
သူသည်
မှော်ဆရာ၏လည်ပင်းကို ပွေ့ဖက်ကာ ပါးစပ်ကို စိတ်အား ထက်သန်စွာ နမ်းလိုက်သည်။
ထို့နောက် သူသည် ဒဏ္ဍာရီပုံပြင်များအတွင်း ဇာတ်ကြောင်း မပါဝင်သည့် ညှဉ်းပန်း နှိပ်စက်မှုနှင့်
လွှမ်းမိုး ခြယ်လှယ်သည့်ဂိမ်းကို စတင်ခဲ့သည်။ မှော်ဆရာသည် နောက်ဆုံး
မိစ္ဆာရှုံးနိမ့်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။ ကျိန်စာ တိုက်ခံရသကဲ့သို့ အငယ်ဆုံး
မင်းသားရှေ့တွင် ပျော့ခွေနေသည်။
ထို့နောက် နှစ်ပေါင်းများစွာပေါ့ပေါ့ပါးပါး
ချွတ်ပစ်ရသည့် အတွေ့အကြုံများကို အသုံးချကာ အငယ်ဆုံးမင်းသားသည် မှော်ဆရာ၏ဝတ်ရုံကို
ချွတ်ပစ်လိုက်သည်။ ဒုတိယအကြီးဆုံးအစ်ကိုသည် မင်းသမီး၏လက်ထိပ်များကိုဖွင့်ရန်
သူ၏မန္တာန်ကို အသုံးချ လိုက်နိုင်သည့်အချိန်တွင် အငယ်ဆုံး မင်းသားလေးသည် အားမာန် တက်ကြွကာ
ပူပြင်းနေသောရင်ဘတ်ကြားတွင် တွန့်ဆုတ်နေသော မှော်ဆရာကို ဖမ်းဆီးချုပ် နှောင်ထားလိုက်သည်။
နောက်ဆုံးတွင် မှော်ဆရာသည် ဒဏ္ဍာရီပုံပြင်များထဲတွင် ဇာတ်ညွှန်း မပါဝင်သင့်သည့်အရာတခုက
သူ့ခန္ဓာကိုယ်ထဲသို့ အသာအယာ တိုးဝင်လာသည်ကို သိလိုက်ရ၏။
ထိုခန္ဓာကိုယ် အစိတ်အပိုင်းက
ဒဏ္ဍာရီပုံပြင်များကိုပင် သိမ့်သိမ့်တုန် သွားစေလောက်အောင် မသင့်တော်သည့်
အရာကြီးဖြစ်နေ၏။ အငယ်ဆုံးမင်းသားက မှော်ဆရာ၏နားထဲသို့
ပြောလိုက်သည်။
"ပထမအချက် ၊ မင်းရဲ့နှုတ်ခမ်းတွေကို ငါကြင်နာစွာထွေးပိုက်လိုက်သလိုမျိုး
ငါ-----နဲ့မင်း---နဲ့ အရက်တွေ ဖလှယ်စရာမလိုတာ ထင်ရှားတယ်။ ဒါပေမယ့်
မင်းရဲ့ခန္ဓာကိုယ်က ယစ်မူးနေသလိုမျိုး ပျော့ပျောင်းနေတယ်။ ငါ့အနမ်းက မင်းကို
အရက်မပါတဲ့ သကြားတစ်ခဲလို မူးယစ်စေတယ်။ နောက်တစ်ခု၊ မင်းက
ငါ့-----နဲ့မင်း-------ကို ချွေးထွက်စေတယ်။ ငါ့ခြေလက်တွေနဲ့ ကြွက်သားတွေက လူတွေကို အပူမလောင်စေဘဲ
အနွေးဓာတ်ပေးနိုင်တယ်။အခု ငါ့-------က မင်းရဲ့--------ထဲမှာ,အကယ်၍
ငါ---------------လုပ်,မင်း-----------ရဲ့------ကို ခံစားရလိမ့်မယ်။ မင်းဘယ်လောက်ပဲ
တောင်းပန်ပါစေ ငါရပ်မှာမဟုတ်ဘူး။ ၊ မင်း အခုတုန်လှုပ်နေပေမယ့် ဒါက မင်းရဲ့အသက်ကို မထိခိုက်စေဘူး။ မင်းတွေ့လား
ငါ့ရဲ့ ---ဟာ ထက်တဲ့အသွားမပါပေမယ့်လူတွေကို ကြောက်လန့်စေတဲ့ဓားပဲ။”
မိစ္ဆာအားလုံး ပျောက်ကွယ်သွားသည်။
မင်းသမီး၏လက်ထိပ်များကို လုံးဝ ဖယ်ထုတ်လိုက်နိုင်သည်။ မချိုးဖျက်နိုင်သော
လှောင်အိမ်သည် စတင် ကွဲအက်လာသည်။ သို့သော် အားလုံး ပွင့်သွားခြင်းတော့မဟုတ်ပေ။
အကြီးဆုံးမင်းသားက သူ့ဓားကို ချထားလိုက်ပြီး၊
ဒုတိယမင်းသားက သူ့စာအုပ်တွေကို အဝေးမှာထားလိုက်၏။ အခု သူတို့ လှောင်အိမ်ဘေးမှာ
ရပ်နေကြ၏။
အငယ်ဆုံးမင်းသားက သူ့အစ်ကိုတွေကို မကြည့်ခင် “နောက်ထပ် ရှုထောင့်တစ်ခုလည်း ရှိသေးတယ်။ တစ်တိုင်းပြည်လုံးရဲ့
ရှုထောင့်ကနေကြည့်ရင် ငါ့အစ်ကိုအကြီးဆုံး ဘရိဖ် ဟာငယ်ရွယ်စဉ်ကတည်းက
အကြောက်တရား ကင်းမဲ့တဲ့ လူတစ်ယောက်ပဲ။ သူက ရှုံးပွဲမရှိတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်တယ်။
သူက ထက်မြတ်စရာမလိုပဲ နိုင်ငံတစ်ဝန်းလုံးရှိ အကြောက်တရားကို ဖြတ်တောက်နိုင်တဲ့ အကြီးမြတ်ဆုံးဓားပဲ။” “ငါ့ရဲ့ ဒုတိယအစ်ကို
အက်ဗန့်ခ်ဟာ
အခက်အခဲတွေကို ဘယ်တော့မှ မသိဘူး။ သူကအမြဲတမ်း လုံ့လဝီရိယရှိရှိ သုတေသနလုပ်တယ်။
သူကိုယ်တိုင် စိတ်လိုလက်ရ အမြဲအလုပ်လုပ်ပြီး အသိပညာနှင့် မျှော်လင့်ချက်များကို
အခြားသူတွေအတွက် ယူဆောင်လာပေးတယ်။ သူက တခြားသူတွေကို အပူမလောင်စေဘဲ နွေးစေနိုင်တဲ့
အကောင်းဆုံးမီးပဲ" "ငါကတော့ အခုမင်းကိုလုပ်နေသလိုမျိုး လူတွေကို အရက်မသောက်ဘဲ ယစ်မူးစေနိုင်တဲ့
သကြားပဲ။”
လှောင်အိမ် ကွဲအက်သွားပြီး
မင်းသမီးသည် သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိသွား၏။ သူမသည် မူလက ဒုတိယမင်းသား အက်ဗန့်ခ် ထံသို့သွားလိုသော်လည်း သူ့ထံသို့ မရောက်မီတွင် သူသည် မှော်ဆရာ၏
စာကြည့်ခန်းဆီသို့ အပြေးအလွှား ထွက်သွားလေ၏။ ထို့ကြောင့် သူမ၏ ရည်ရွယ်ချက်ကို ပြောင်းလိုက်ကာ
အကြီးဆုံးမင်းသား ဘရိဖ်ထံသို့ ပြေးသွားသည်။ သူမ သူ့ခါးကိုဖက်ထားလိုက်ကာ
ဖြောင့်မတ်သော သူရဲကောင်းတစ်ဦးက မိန်းမပျိုလေးကို ကယ်တင်လိုက်သည့် ခန်းနားထယ်ဝါသည့်မြင်ကွင်းကို
ပုံဖော်လိုက်သည်။
ရှယမ် သည်မှော်ဆရာ၏ ပလ္လင်ပေါ်တွင်ထိုင်နေကာ အောင်ပွဲရပြီးသော်လည်း သူ၏သတိကို
လျှော့မထားပေ။ မှော်ဆရာကို နှိမ်နှင်းရန် သူ၏ ယစ်မူးစေသည့်သကြားကို အသုံးချ၏။ မှော်ဆရာကိုဖမ်းချုပ်ထားရန်
သူ၏ ပူနွေးသောမီးကိုအသုံးပြု၏။ သူ၏ ကြောက်မက်ဖွယ်ဓားကိုကား မှော်ဆရာကို
အလုံးစုံအနိုင်ယူရန် အသုံးချခဲ့သည်။ သူသည် ဒဏ္ဍာရီပုံပြင်များထဲတွင် ဇာတ်ညွှန်း မပါဝင်သင့်သည့်ပုံရိပ်တခုကို
ဖန်တီးခဲ့သည်။
ရက်အတန်ကြာပြီးနောက်၊ မင်းသားသုံးယောက်သည်
ရဲတိုက်သို့ ပြန်လည်ရောက်ရှိ၏။
ဘုရင်နှင့်ဘုရင်မတို့ မျက်ရည်လည်ရွှဲ ဖြစ်ကြလေသည်။ သူတို့ရဲ့ကလေးတွေက
အင်မတန် ထူးချွန်ပြောင်မြောက် လှပေတယ်လို့ခံစားရ၏။
‘ကြောက်ရွံ့မှုမရှိသည့်’ ဘရိဖ်သည် အိမ်နီးချင်းမင်းသမီးလေး၏
ချစ်ခင်နှစ်သက်မှုကို ရရှိလေ၏။ သူရဲကောင်းနဲ့ မင်းသမီးလေးပုံပြင်များ လိုပင် သူတို့သည်
ကြီးကျယ် ခန်းနားသည့်မင်္ဂလာပွဲကို ကျင်းပခဲ့ကြပြီး သက်ဆုံးတိုင် ပျော်ရွှင်စွာနေသွားကြ၏။
ဘရိဖ်သည်
လက်ထပ်ပြီးနောက် မဆင်မခြင် မလုပ်တော့တာကို ဘုရင်ကြီး ရှာဖွေတွေ့ရှိခဲ့သည်။ တကယ်တော့
သူက ပိုပြီး နူးညံ့တဲ့လူတယောက် ဖြစ်လာ၏။ဘုရင်ကြီး အင်မတန် ဝမ်းသာသွားပြီး သူ့သားက သတ္တိရှိယုံမျှမက
လူတွေကို ပိုပြီး ကြင်ကြင်နာနာ ဆက်ဆံလာတာကို တွေ့ရ၏။
‘အခက်အခဲကိုမသိတဲ့’ စက်ဗန့်ခ် သည် မှော်ဆရာပိုင်ဆိုင်သည့် အသိပညာရပ် များကိုလက်ခံရရှိခဲ့၏။
သူသည် ပညာရပ်တွေကို နေ့နေ့ညည လေ့လာနေခဲ့သည်။ သူနားမလည်သည့်
ပြသနာတခုရှိလာခဲ့ရင် မှော်ဆရာကို သူသွားရှာလိမ့်မည် ဖြစ်သည်။ သူသည်မှော်ပညာကို
အများကောင်း ကျိုးအတွက်အသုံးချရန် နိုင်ငံ တဝှန်းဖြန့်ချီ ချင်ခဲ့၏။
ဘုရင်နှင့်ဘုရင်မတို့က သူ့ကိုဆွဲ ဆောင်နေသည့် အသိပညာများကို ဖြန့်ဝေနိုင်စေရန်
သူ့ကိုယ်သူ အပင်အပန်းမခံပဲ သင့်တင့်လျောက်ပတ်စွာ အနားယူရန် အကြံပေးကြ၏။ သူ့သား အလုပ်အလွန်
အကျွံ့လုပ်ပြီး နေမကောင်းဖြစ်မှာကို စိုးရိမ်ပူပန်စရာမလိုတော့သည့် အတွက်
ဘုရင်ကြီးသည် အလွန် ပျော်ရွှင်ခဲ့သည်။
အရှက်မရှိသည့် အငယ်ဆုံးမင်းသား ရှယမ်သည်
မင်းသမီးနှင့်မှော်စာအုပ်တွေမရခဲ့ သော်လည်း သူ့အတွက် မှော်ဆရာရခဲ့လေသည်။ ပထမတော့
ဘုရင်ကြီးက ပြင်းထန်စွာ ကန့်ကွက်ခဲ့၏။ မင်းသားတပါးက မှော်ဆရာနဲ့ဘယ်လိုလုပ် အတူတူနေနိုင်မှာလဲ? သို့သော်
တချို့ ကောင်းတဲ့အချက်တွေ ရှိတာကို ဘုရင်ကြီး ရှာဖွေတွေ့ရှိခဲ့သည်။ ရှယမ်သည်
မှော်ဆရာနှင့် အတူတူရှိကတည်းက သူ့အဝတ်အစားကိုရော သူတပါးရဲ့ အဝတ်အစားတွေကိုရော လူမြင်ကွင်းတွင်မချွတ်တော့ပေ။
ဘုရင်နှင့်ဘုရင်မတို့က သူတို့ အငယ်ဆုံးသားလေးက ဂုဏ်သရေရှိလာတာကို
အံ့အားတကြီးဖြစ်ကာ ပျော်ရွှင်ခဲ့ကြ၏။
သို့သော် သူတို့မသိသည့် အချက်ရှိသေး၏။ ရှယမ်က သီးသန့်ဖြစ်မှုကို
သင်ယူခဲ့သည်။ အကယ်စစ်စစ် သူသည်ရဲတိုက်ရှိ သူ့ကိုယ်ပိုင်အခန်းထဲတွင်
အရှက်မဲ့သည်ဂိမ်းများကို မှော်ဆရာနှင့် ကစားနေမည်ပင် ဖြစ်သည်။ထို့နောက် သူသည် ကျေနပ်ဖွယ်ကောင်းသည့်
လိင်မှုဘဝကိုရရှိကာ ဘဝတလျှောက်လုံး ပျော်ရွှင်စွာ နေထိုင်သွားလေတော့သတည်း။