🧸🧸🧸chapter-1🧸🧸🧸
Viewers 437

      ကျွန်မနာမည်ကhelina(ဟယ်လီနာ)......ကျွန်မမှာမိဘတွေတော့မရှိတော့ပါဘူး....ကျွန်မ၈တန်းကတည်းကဆုံးပါးသွားကြတယ်....ကျွန်မရဲ့အမကြီးrosyကပဲအမကြီးအမိအရာအဖြစ်နှင့်ပြုစုစောင့်ရှောက်ခဲ့တယ်.....ကျွန်မဘွဲ့ရတော့မမကkaiဆိုတဲ့အမျိုးသားတဦးနှင့်အိမ်ထောင်ကျခဲ့တယ်...


      ခဲအိုကလည်းအရည်အချင်းရှိပြီးသဘောကောင်းတဲ့လူရိုးပါ.....ကျွန်မကိုလည်းညီမလေးတယောက်လိုသိပ်ချစ်တာ....ခဲအိုမှာလည်းညီတယောက်ရှိတယ်.....uke(ယူခီ)တဲ့....ကျွန်မနှင့်သက်တူရွယ်တူလောက်ပဲ.....သူကကနေဒါမှာနေတာလို့မမပြောဖူးလို့သိတယ်....သူ့ကိုတော့သိပ်မသိပါဘူး....မမတို့မင်္ဂလာဆောင်မှာတခါပဲတွေ့ဖူးတယ်။


     မမအိမ်ထောင်ကျသွားတော့ကျွန်မကအလုပ်နှင့်နီးတဲ့နေရာမှာတိုက်ခန်း၀ယ်ပြီးတယောက်တည်းအေးရာအေးကြောင်းနေခဲ့တယ်......မမကတော့သူတို့နှင့်လာနေဖို့ခေါ်ပါတယ်.....heliကလွတ်လွတ်လပ်လပ်နေချင်လို့မတယောက်တည်းနေလိုက်တာ.....


ကျွန်မကကိုယ်ပိုင်englishကျောင်းလေးဖွင့်ထားတယ်.....ကလေးတွေနှင့်အလုပ်လုပ်ရသလိုဖြစ်နေတာဆိုတော့စိတ်အရမ်းချမ်းသာတယ်....လူကြီးတွေနှင့်အလုပ်လုပ်ရသလိုpressureသိပ်မရှိဘူး။


    မမတို့အိမ်ထောင်ကျပြီး၂နှစ်အကြာသမီးရတနာလေးရခဲ့တယ်....ကျွန်မတူမလေးကဖြူဖွေးပြီးအရမ်းချစ်ဖို့ကောင်းတာ....ကျွန်မရဲ့ချစ်မ၀လေးပေါ့.....ကျွန်မတူမလေးကိုအားရင်အားသလိုမမတို့ဆီသွားသွားပြီးချစ်ရတာအမော.....


ပုံမှန်အတိုင်းပဲကျွန်မဖွင့်ထားတဲ့ကျောင်းလေးကိုသွားခဲ့တယ်.....ကားမောင်းနေတုန်းဖုန်း၀င်လာတာကြောင့်လမ်းဘေးမှာကားရပ်လိုက်ပြီးဖုန်းကိုင်လိုက်တယ်.....


      🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻


"hello....helinaစကားပြောနေပါတယ်။"


"ကြီးကြီးထားပါကွယ်....."


"အော်!!!ကြီးကြီးပါလား.....ပြောလေ....ဘာကိစ္စရှိလို့လဲ???"


ကြီးကြီးထားကမမတို့အိမ်မှာအလုပ်လုပ်နေတာလေ.....


"သမီးရေ....ဘယ်လိုလုပ်ကြမလဲ???သမီးတူမလေးangelaအရမ်းသနားဖို့ကောင်းတာပဲကွယ်။"


"ကြီးကြီးဘာလို့ငိုနေတာလဲ???တူမလေးဘာဖြစ်လို့လဲ???"


"သမီးအမနှင့်ခဲအိုဆုံးသွားပြီ။"


"ရှင်...."


ငိုသံနှင့်ပြောနေသည့်ကြီးကြီးရဲ့စကားကြောင့်heliရင်ထဲဆို့တက်လာပြီးချက်ချင်းစကားပြန်မပြောနိုင်ခဲ့ဘူး။


"ဟာ!!!မဖြစ်နိုင်တာ....မမတို့ကဘာလို့ဆုံးရမှာလဲ???လုံး၀မဖြစ်နိုင်ဘူး။"


"သမီးအမကလေangelaလေးကိုမွေးပြီးကတည်းကနှလုံးရောဂါကပိုဆိုးလာတာသမီးသိတဲ့အတိုင်းပဲ....မနေ့ညကနှလုံးရောဂါဖောက်ပြီးအသက်ရှုတွေအရမ်းကြပ်လာလို့လင်မယား၂ယောက်ဆေးရုံအသွားမှာcar accidentဖြစ်ပြီးဆုံးသွားတယ်....သမီးရယ်။"


"မယုံဘူး....လုံး၀မယုံဘူး....ကျွန်မမျက်စိနှင့်မြင်မှယုံမယ်.....ကြီးကြီးကျွန်မကိုဆေးရုံနာမည်ပြောပါ။"


"____ဆေးရုံမှာ။"


     ဆေးရုံသိရတာနှင့်ဖုန်းချလိုက်ပြီးဆေးရုံကိုတခါတည်းတန်းသွားလိုက်တယ်။မဖြစ်ရဘူး....အဲ့လိုမဖြစ်ရဘူး.....မမရယ်....ညီလေးဘ၀မှာမမပဲရှိတာပါ....မခွဲသွားပါနှင့်.....စီးကျလာတဲ့မျက်ရည်စတွေကိုသုတ်လိုက်ပြီးမမဘာမှမဖြစ်ဖို့သာမျှော်လင့်နေမိခဲ့တယ်။


ဆေးရုံရောက်တော့ပိတ်စဖြူနှင့်အုပ်ထားတဲ့မမနှင့်ခဲအိုတို့ရဲ့အသက်မရှိတော့တဲ့ခန္ဓာကိုယ်ကိုသာတွေ့ခဲ့ရတယ်....


      🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻


မမတို့ကကျွန်မနှင့်တူမလေးကိုနှုတ်ဆတ်ထွက်ခွာသွားခဲ့ပြီ....ကျွန်မသိပ်ချစ်ရတဲ့မမမရှိတော့ဘူး....တူမလေး...ကျွန်မတူမလေးဘယ်လိုလုပ်မလဲ???အခုမှ၁နှစ်ကျော်ပဲရှိသေးတဲ့ကလေးလေးမှာဘာလို့ဒီကိစ္စကြီးဖြစ်ရတာလဲ????ကျွန်မတူမလေးမှာဘာအပြစ်တွေများရှိလို့လဲ??????


     ကျွန်မတူမလေးကိုသာဖက်ပြီးငိုနေမိတော့တယ်.....

နောက်တော့မမတို့ရဲ့ဈာပနပွဲကိုစီစဥ်ဖို့ကျွန်မတာ၀န်ဖြစ်လာတာပေါ့....ဒါပေမဲ့ဈာပနပွဲမစီစဥ်ခင်ခဲအိုရဲ့ညီရောက်လာခဲ့တယ်......


"မင်းကမမrosyရဲ့ညီမလား???"


heliလည်းခေါင်းပြန်ငြိမ့်ပြလိုက်တယ်...


"ကဲပါ.....မင်းလည်းအရမ်း၀မ်းနည်းမနေပါနှင့်....အခုငါရောက်လာပြီဆိုတော့မင်းနားနားနေနေ နေလိုက်ပါ....နာရေးကိစ္စတွေငါစီစဥ်လိုက်တယ်...."


"ကျေးဇူးပါ...."


"မလိုပါဘူး....သူတို့ကငါ့အကိုနှင့်မရီးလေ....ညီတယောက်အနေနှင့်တာ၀န်ကျေရမှာပေါ့.....ဒါနှင့်ငါ့တူမလေးangelaရော....."


"အခန်းထဲမှာနို့တိုက်ပြီးသိပ်ထားတယ်....ရှင်တွေ့ချင်ရင်ကလေးမနိုးအောင်သွားတွေ့ပါ...."


"အင်း....."


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-2 coming soon🫧🫧🫧🫧🫧


            🍰🍰authoress-yoon mieno🍰🍰