🧸🧸🧸chapter-2🧸🧸🧸
Viewers 435

"ဘာရှင့်....ကလေးကိုရှင်နှင့်ခေါ်သွားမယ်....ဟုတ်လား???"


"ဟုတ်တယ်....နာရေးလည်းပြီးပြီဆိုတော့angelaလေးကိုခေါ်ပြီးငါပြန်တော့မယ်။"


"ရှင်အဲ့လိုလုပ်လို့ရမလား???angelaလေးကကျွန်မတူမပါ....ရှင်နှင့်အတူရေမြေရပ်ခြားဆီခေါ်သွားမှာကျွန်မလုံး၀စိတ်မချဘူး....ရှင်တယောက်တည်းပဲပြန်လိုက်ပါ....တူမလေးကိုကျွန်မပဲပြုစုစောင့်ရှောက်ရမယ်။"


"ဟ!!!ငါလည်းဘယ်စိတ်ချမလဲ.....ဒီမှာangelaလေးကလည်းငါ့တူမပါ....မင်းကမိန်းကလေးတယောက်....မိန်းကလေးတယောက်ကကလေးငယ်လေးကိုဘယ်လိုပြုစုစောင့်ရှောက်မှာလဲ???"


"ကျွန်မတူမကိုကျွန်မတယောက်တည်းစောင့်ရှောက်နိုင်တယ်....ရှင်ကအိမ်ထောင်တွေကျခဲ့ရင်ကျွန်မတူမလေးကိုတစိမ်းအမျိုးသမီးတယောက်ရဲ့လက်ထဲကိုထည့်လိုက်ရမှာ....ကျွန်မတူမလေးကိုတစိမ်းနှင့်ဘယ်လိုမှစိတ်မချနိုင်ဘူး။"


"အေး....မင်းတွေးသလိုငါလည်းတွေးတာပဲ....မင်းလည်းအိမ်ထောင်ကျရင်တစိမ်းအမျိုးသားနှင့်ငါ့တူမလေးကိုငါကဘယ်လိုမျိုးစိတ်ချရမှာလဲ???မင်းစိုးရိမ်တာထက်ငါကပိုပြီးတူမလေးအတွက်ပိုပြီးစိတ်ပူတယ်....မင်းသိလား???"


"ကျွန်မလည်းရှင့်နှင့်ကလေးထည့်ပေးလိုက်ဖို့ဘယ်လိုမှစိတ်မချနိုင်ဘူး....."


"အေး....အဲ့တာဆိုငါပြောမယ်.....ဒီကိစ္စကိုပြေလည်အောင်ဖြေရှင်းနိုင်မဲ့နည်းလမ်းကမင်းနှင့်ငါလက်ထပ်လိုက်တာပဲ။"


"ဘာရှင့်....."


"မင်းကလည်းငါ့ကိုမယုံသလိုငါကလည်းမင်းကိုမယုံဘူး.....helina....ဒီကိစ္စပြေလည်အောင်လို့မင်းနှင့်ငါလက်ထပ်ပြီးတူမလေးကိုအတူစောင့်ရှောက်ဖို့ပဲ.....အဲ့နည်းလမ်းတခုပဲအခုပြဿနာကိုဖြေရှင်းနိုင်မှာ......မင်းစဥ်းစားပေါ့.....အဲ့လိုမှမဟုတ်ရင်တရားရုံးကနေပဲစကားဆက်ပြောကြရအောင်....."


      🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻


ukeကသူပြောချင်တာပြောပြီးတာနှင့်heliအရှေ့ကနေထွက်သွားတော့တယ်.....

  

      သူထွက်သွားတော့ကျွန်မမျက်ရည်တွေအလိုလိုစီးကျလာခဲ့တယ်....ကျွန်မဘာဆက်လုပ်ရမလဲ???တူမလေးကျွန်မရဲ့နောက်ဆုံးသံယောဇဥ်ကြိုးလေးပါ....တူမလေးနှင့်ခွဲပြီးမနေနိုင်ဘူး......


"သူငယ်ချင်းရေ....ငါလာ....ဟင်....helina....နင်ငိုနေပြန်ပြီလား???ဘာဖြစ်လို့လဲ???"


"သူငယ်ချင်း....ကိုukeကတူမလေးကိုခေါ်ပြီးကနေဒါပြန်တော့မယ်တဲ့....ငါဘယ်လိုလုပ်ရမလဲ???"


helinaမြနွယ်ကိုဖက်ထားပြီးukeပြောခဲ့တဲ့စကားတွေကိုပြန်ပြောပြကာရင်ဖွင့်နေမိ၏.....


"ဒီကိစ္စမှာနင်တို့၂ယောက်လုံးမမှားဘူး.....heli.....သူလည်းသူ့တူမလေးကိုဘယ်စိတ်ချမလဲ????ငါ့အမြင်အရတော့နင်တို့၂ယောက်လက်ထပ်လိုက်တာကအသင့်တော်ဆုံးပဲ.....နင့်ကိုခေါင်းအေးအေးထားပြီးစဥ်းစားစေချင်တယ်....နင်တို့၂ယောက်လည်းပြန်ပြီးအေးဆေးဆွေးနွေးကြပေါ့ဟာ..."


"အင်းပါ....ငါလည်းစဥ်းစားမှာပါ....."


"angelaလေးနိုးလာပြီထင်တယ်....ငိုသံကြားတယ်။"


angelaလေးငိုသံကြားတော့heliအခန်းထဲပြေး၀င်သွားပြီးangelaလေးကိုပွေ့ချီကာချော့မြူနေလိုက်တယ်....တူမလေးရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကိုမြင်လိုက်တိုင်းချစ်စိတ်တွေတိုးလာပြီးမခွဲနိုင်တော့ပေ......


      🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻


"ကိုuke....ကျွန်မသေချာစဥ်းစားပြီးသွားပြီ....ကျွန်မတို့လက်ထပ်ကြရအောင်။"


ထမင်းဝိုင်းမှာရုတ်တရတ်ပြောလိုက်တဲ့heliရဲ့စကားကြောင့်ကျွန်တော်ညည်းတောင်ညည်းသွားတယ်.....


"ဘယ်လို....ဘယ်လို???မင်းပြန်ပြောပါအုန်း..."


"ကျွန်မတို့လက်ထပ်ရအောင်လို့.....ဒါပေမဲ့နာမည်ခံသက်သက်ပဲလက်ထပ်မှာနော်.....တူမလေးအရွယ်ရောက်လာရင်ကွာရှင်းကြမယ်...."


"အွန်း....ကောင်းပါတယ်....ဒါပေမဲ့မင်းဒီဆုံးဖြတ်ချက်ချလိမ့်မယ်လို့မထင်ထားဘူး။"


"ဒါတူမလေးအတွက်အကောင်းဖြစ်မဲ့နည်းလမ်းပဲလေ။"


"အင်း....ကျွန်တော်တို့၂ယောက်တူမလေးကိုအကောင်းဆုံးဖြစ်အောင်ပြုစုပျိုးထောင်ကြတာပေါ့။"


ဒီလိုနှင့်ပဲheliနှင့်သူလက်ထပ်ဖို့အကြောင်းဖန်လာခဲ့တယ်.....မမတို့ဆုံးသွားတာလည်းမကြာသေးတော့လက်ထပ်ပွဲကိုလည်းခမ်းခမ်းနားနားမလုပ်ခဲ့ဘူး...


    တရားရုံးမှာပဲနှစ်ဦးသဘောတူလက်မှတ်ထိုးခဲ့ပြီးမင်္ဂလာဆွမ်းကပ်ကာအကြင်လင်မယားအဖြစ်ခံယူခဲ့တယ်......


"heli....ကိုကမြန်မာနိုင်ငံမှာပြန်ပြီးအခြေချရမှာဆိုတော့ဟိုမှာကျန်ခဲ့တဲ့အလုပ်တွေကိုလက်စသတ်ရမယ်....အဲ့တော့ကိုခဏတော့ပြန်သွားရလိမ့်မယ်.....အလုပ်တွေပြီးတာနှင့်ချက်ချင်းပြန်လာခဲ့မယ်။"


"ရပါတယ်....ရှင်စိတ်ဖြောင့်ဖြောင့်နှင့်သွားပါ.....ကျွန်မတူမလေးကိုသေချာစောင့်ရှောက်ထားမှာပါ။"


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-3 coming soon🫧🫧🫧🫧🫧


                  🍰🍰authoress-yoon mieno🍰🍰