🧸🧸🧸chapter-3🧸🧸🧸
Viewers 438

     ​ကျောင်းခဏသွားပြီးပြန်လာ​တော့သမီး​လေးငိုသံကြားလိုက်​တော့ရင်ထဲထိတ်ခနဲဖြစ်သွားတယ်....ကြီးကြီးကလည်းမီးဖိုခန်းထဲမှာရှိ​နေသည်ကိုလှမ်းမြင်လိုက်တာ​​ကြောင့်ပိုပြီးစိတ်ပူသွားတယ်....


လွယ်ထားတဲ့အိတ်ကိုပစ်ချပြီးသမီး​လေးရှိတဲ့အခန်းကို​ပြေးသွားလိုက်တယ်...အဲ့အချိန်၀တ်စုံအမဲ၀တ်ထားတဲ့လူကသမီးကိုချီထားတာကိုမြင်လိုက်ရ​ကြောင့်​ဒေါသ​တွေအဆုံးအစွန်ထိ​ရောက်သွားတယ်....maskလည်း၀တ်ထားတာ​ကြောင့်ဘယ်သူမှန်း​သေချာမသိ​ချေ....


    ​တောက်...ရာရာစစငါ့သမီးကိုအန္တရာယ်​ပေးမလို့​ပေါ့​လေ....ဧည့်ခန်းထဲမှာရှိတဲ့​​​ဂေါက်တံယူကာထိုလူကိုအားကုန်လွှဲချလိုက်တယ်....


"အား!!!"


ထိုလူနာကျင်သွားတာ​ကိုကြည့်ပြီးheliမဲ့ပြုံးတချက်ပြုံးလိုက်တယ်....


"သေပြီလား???ရာရာစစငါ့အဖိုးတန်သမီးကိုထိရတယ်လို့..."


heliထပ်ရိုက်ဖို့ဂေါက်တံကိုအပေါ်ကိုမြှောက်လိုက်တယ်...


"helina!!!"


ထိုလူmaskချွတ်ပြီးheliကိုလှည့်ကြည့်လိုက်တယ်....


"ဟင်...uke!!!"


"ဟုတ်တယ်....ဟုတ်တယ်...ငါ...ငါ...အရိုးတောင်ကျိုးပြီလားမသိဘူး...."


heliရိုက်ထားတဲ့သူ့လက်မောင်းကိုကိုင်ကာပြောလိုက်တယ်....


"အရမ်းနာသွားတာလား???"


"မင်းရိုက်ခံကြည့်လေ...."


heliစေတနာနှင့်မေးနေသည်ကိုဘုဆက်ဆက်နှင့်သာပြန်ဖြေတယ်....ဒီလူ့အပြောတွေကချောမောတဲ့သူ့မျက်နှာနှင့်တောင်မလိုက်ဖက်....


"ရှင်ကလည်းရှင်ပဲလေ....ပြန်လာတာကြိုမှမပြောတာ...သူခိုးလို၀င်လာတာကိုး...."


"ဘာ!!!"


ထိုအချိန်ကြီးကြီးထားကheliနှင့်သူရဲ့ဆူညံသံတွေကြောင့်မီးဖိုခန်းထဲကနေကြီးကြီးထားထွက်လာခဲ့တယ်....


"ဘာဖြစ်တာလဲကွယ်...."


"ဘာမှမဖြစ်ဘူး...ကြီးကြီး...လုပ်စရာရှိတာသွားလုပ်ပါ...."


ukeပြောလိုက်တော့ကြီးကြီးကမီးဖိုခန်းထဲသို့ပြန်၀င်သွားတော့တယ်....


     🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻


ထိုအချိန်သမီးလေးကထငိုတော့တယ်....heliသမီးလေးကိုချီကာချော့မြူနေလိုက်တယ်....


"ရော့....ဒဏ်ကြေလိမ်းဆေးလေးလိမ်းထားလိုက်...မသက်သာရင်ပြော...ဆေးရုံလိုက်ပို့ပေးမယ်...."


သူ့ကိုဆေးဘူးပေးခဲ့ပြီးသမီးလေးနှင့်ခြံထဲကိုထွက်လာလိုက်တယ်....


သူမပေးတဲ့ဆေးကိုနာနေတဲ့နေရာကိုလိမ်းလိုက်တယ်....သမီးလေးငိုသံကြောင့်ကျွန်တော်လည်းစိတ်မဆိုးနိုင်တော့ပဲစိတ်ပြေသွားတော့တယ်....


    သူမနှင့်သမီးလေးကအနာဂတ်မှာကျွန်တော့်ကိုမှီခိုရတော့မှာမဟုတ်လား???ကျွန်တော်မာနတွေခ၀ါချပြီးသည်းခံအလျှော့ပေးရတော့မှာပေါ့....


စိတ်ချပါ....ကိုကိုနှင့်မမ...ကျွန်တော်သူတို့ကိုသေချာစောင့်ရှောက်ပါမယ်....စိတ်မပူပါနှင့်....


ထိုအတွေးနှင့်ကိုကိုနှင့်မမတို့ရဲ့ဓာတ်ပုံတွေဆီအကြည့်ရောက်သွားတာကြောင့်မျက်ရည်တို့၀ဲတက်လာတယ်.....


     heliသမီးလေးကိုချီကာချော့မြူနေပေမဲ့သမီးလေးကငိုနေဆဲပင်....သမီးလေးရယ်...ဘာလို့ငိုနေတာလဲ???သမီးလေးငိုနေတော့heliဘာလုပ်ရမလဲမသိ....


heliလိုအပျိုတယောက်အတွက်ကလေးတယောက်ကိုထိန်းကျောင်းရသည်မှာခက်ခဲလှပါတယ်....


"သမီးလေးဘာဖြစ်လို့လဲ....heli???"


"မသိတော့ပါဘူး....ကိုukeရယ်....heliလည်းချော့နေတာပဲ....သမီးလေးကအငိုမတိတ်ဘူး...."


"ကို့ကိုပေး...heli...."


heliလည်းသမီးလေးကိုသူ့လက်ထဲထည့်ပေးလိုက်တယ်....ukeသမီးလေးကိုချီကာလမ်းလျှောက်ရင်းသီချင်းဆိုကာသိပ်နေလိုက်တယ်....


      🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻


    သူ့အသံကတော်တော်လေးကိုကောင်းတယ်....အဆိုတော်တယောက်အတိုင်းပဲ....သမီးလေးကukeသီချင်းဆိုပြီးချော့သိပ်လိုက်တော့အငိုတိတ်ကာအိပ်ပျော်သွားတယ်....


heliအဲ့ကျမှသဘောပေါက်လိုက်တယ်....သမီးလေးကအဖေရော၊အမေရောလိုအပ်တယ်ဆိုတာကို....သားသမီးတိုင်းကမိခင်မေတ္တာရော၊ဖခင်မေတ္တာပါငယ်စဥ်ကတည်းကသိပ်ကိုလိုအပ်နေတာ....


    သမီးလေးအိပ်ပျော်သွားတော့မှheliနှင့်ကိုukeသက်ပြင်းချနိုင်တော့တယ်....သမီးလေးအိပ်သွားတော့သမီးလေးကိုသူ့ရဲ့ပုခက်ခြင်းလေးထဲမှာသိပ်လိုက်တယ်....


"သားနှင့်သမီး....ထမင်း၊ဟင်းအဆင့်သင့်ဖြစ်ပြီ...စားကြတော့မလား???"


ကြီးကြီးထားမီးဖိုခန်းထဲကနေလှမ်းမေးလိုက်တယ်....


"ဟုတ်...ကြီးကြီး...ပြင်ထားလိုက်ပါ....အ၀တ်အစားလဲပြီးရင်heliစားမယ်....ရှင်ရောစားမှာလား???"


"အင်း...လေဆိပ်ကနေတန်းလာခဲ့တာ...ဘာမှမစားလာရသေးဘူး...."


"ကြီးကြီးရေ...ကိုukeလည်းစားမယ်တဲ့...."


heliနှင့်ကိုukeနေ့လည်စာထမင်းအတူတူစားဖြစ်တယ်....ထမင်းကိုပါးလုတ်ပါးလောင်းစားနေသည့်ကိုukeကိုကြည့်ပြီးheliမျက်လုံးအ၀ိုင်းသားလေးနှင့်ကြည့်နေခဲ့တယ်...


"ကိုuke...ရှင်အရမ်းဗိုက်ဆာနေတာလား???"


heliသူ့ပန်းကန်ထဲ၀က်သားဟင်းထပ်ထည့်ပေးရင်းသိချင်တဲ့အရာကိုမေးလိုက်တယ်....


"ဗိုက်ကအရမ်းဆာနေတာတော့မဟုတ်ပါဘူး...heliရယ်...မြန်မာထမင်းဟင်းမစားရတာအရမ်းကြာနေလို့ပါ...."


ဟုတ်သားပဲဒီလူကနိုင်ငံရပ်ခြားမှာအနေများတဲ့သူပဲ...ခဲအိုပြောပြတာတော့သူတို့မိဘတွေဆုံးပြီးကတည်းကကိုukeက ကနေဒါကိုထွက်သွားတာတဲ့....


   ၁၀တန်းအောင်ပြီးကာဖြစ်တဲ့ကိုukeကတက္ကသိုလ်တောင်မြန်မာမှာဆက်မတက်တော့ပဲကနေဒါမှာပဲနေပြီးကျောင်းဆက်တက်ခဲ့တာ...မြန်မာကိုလည်းသိပ်မပြန်လာခဲ့....ဘာလို့လဲဆိုမြန်မာပြန်လာရင်သူသိပ်ချစ်ရတဲ့မိဘတွေသတိရလာလို့တဲ့....


အခုတော့သူ့အကိုနှင့်heliအမတို့ရဲ့ကိုယ်ပွားလေးသူ့တူမလေးangelaကြောင့်သာမြန်မာနိုင်ငံကိုပြန်အခြေခဲ့ခြင်းပင်....


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-4 coming soon🫧🫧🫧🫧🫧


               🍰🍰authoress-yoon mieno🍰🍰