"heli...ငါတို့အလုပ်ကိုရက်ခြားပဲသွားရအောင်....သမီးလေးတယောက်ထဲအိမ်မှာကျန်ခဲ့တာစိတ်မချဘူး...."
"အွန်း....heliသဘောတူတယ်....သမီးလေးနားမှာရှင်နှင့်heliတယောက်ယောက်ရှိနေမှကောင်းမှာ...."
"အဲ့တာဆိုကိုကတနင်္လာနှင့်ဗုဒ္ဓဟူးသွားလိုက်မယ်....heliကအင်္ဂါနှင့်ကြာသပတေးနှင့်အလုပ်သွားလိုက်ပေါ့...."
"အွန်း...အဆင်ပြေပါတယ်....heliကကိုယ်ပိုင်အလုပ်ဆိုတော့ဘယ်ရက်ပဲဖြစ်ဖြစ်မရေးမကြီးပါဘူး....သောကြာနေ့ကရော....ဘယ်လိုလုပ်မှာလဲ???"
"အဆင်ပြေသလိုပေါ့....ပိုအရေးကြီးတဲ့အလုပ်ရှိတဲ့သူကသွားတာပေါ့...."
"အွန်း....ရှင်နားလိုက်အုန်းလေ....heliအပြင်ခဏသွားလိုက်အုန်းမယ်...."
"ဘယ်သွားမလို့လဲ???"
"angelaလေးအတွက်နှို့မှုန့်သွား၀ယ်ရင်းလိုအပ်တာလေးတွေလည်း၀ယ်ပေးမလို့...."
"ဒါများစောစောမပြောဘူး....heliရယ်...ကိုလိုက်ပို့မှာပေါ့....လာ...သွားရအောင်...."
သွားရအောင်လို့သာပြောနေတာ....လူကအိမ်ပြင်ရောက်နေပြီး....တော်တော်စိတ်မြန်လက်မြန်ရှိတဲ့သူပါလားလို့heliတွေးလိုက်မိတယ်....angelaလေးကိုသူချစ်တာသူ့အပြုအမူတွေကသက်သေပြနေခဲ့....
ကလေးပစ္စည်းသီးသန့်ရောင်းတဲ့ဆိုင်မှာတူမလေးအတွက်နှို့မှုန့်နှငိ့ဒိုင်ပါအချို့၀ယ်နေတုန်း ကိုukeကangelaလေးအတွက်အ၀တ်အစားတွေသွားကြည့်နေတယ်လေ.....
"heli...ဒီ၀တ်စုံလေးကသမီးလေးနှင့်လိုက်မယ်ထင်လား???"
ကိုukeအဖြူရောင်၀တ်စုံသေးသေးလေးကိုမြှောက်ပြရင်းheliကိုလှမ်းမေးလိုက်တယ်....
"အွန်း...ကောင်းပါတယ်....အသားလေးကနူးညံ့နေတာပဲ...သမီးလေးရဲ့အသားကနုနုလေးဆိုတော့အခုလိုအင်္ကျီအသားကောင်းတာလေးကိုပဲဆင်ပေးမှဖြစ်မှာ...."
"ဟုတ်တယ်...heli....သမီးလေးအတွက်၀တ်စုံနည်းနည်း၀ယ်သွားရအောင်...."
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
heliနှင့်ကိုukeသမီးအတွက်၀တ်စုံလှလှလေး၆စုံ၀ယ်လိုက်တယ်....ပြီးတော့ကလေးရေချိုးဆပ်ပြာနှင့်ပေါင်ဒါလေးလဲ၀ယ်လိုက်တယ်.....သမီးအတွက်လိုအပ်တာတွေ၀ယ်ပြီးတော့အိမ်ပြန်လာလိုက်တယ်....
ကိုukeကလေးပစ္စည်းလေးတွေကိုကြည့်ရင်းတပြုံးပြုံးဖြစ်နေတာအရူးတယောက်လိုပင်....သူ့ကိုကြည့်ပြီးheliလည်းလိုက်ပြုံးလိုက်မိတယ်....
"အော်!!!heliရောဘာစားချင်သေးလဲ???အပြင်ရောက်တုန်း၀ယ်သွားလို့ရတာပေါ့...."
heliဘာဂါနှင့်cheese ballစားချင်နေပေမဲ့သမီးကိုစိတ်မချတာကြောင့်အိမ်ကိုသာအမြန်ပြန်ချင်နေတဲ့စိတ်တို့သာကြီးစိုးနေတယ်.....
"ရပါတယ်....အိမ်ပဲပြန်ကြရအောင်....အိမ်မှာသမီးတယောက်တည်း...."
"ဘယ်လောက်ကြာမှာမို့လည်း....heliရယ်...ပြီးတော့heliနဖူးမှာတခုခုစားချင်တယ်လို့ရေးထားတာကိုမြင်နေရတယ်နော်...."
"ဟမ်!!!"
ကျွန်တော်စလိုက်ပေမဲ့သူမကသူမနဖူးလေးကိုကိုင်ကြည့်နေတယ်လေ...ငတုံးမလေး....ဒီကစလိုက်တာကို....စိတ်ထဲကနေသူမကိုပြောလိုက်မိတဲ့စကားလုံးတွေ....
"ပြောလေ...heli...ဘာစားမလဲ???"
"ဘာဂါနှင့်cheese ballစားချင်တယ်...."
"အွန်း...တိုက်တိုက်ဆိုင်ဆိုင်ဟိုနားမှာဘာဂါဆိုင်တဆိုင်ရှိနေတာပဲ...."
ကိုukeကကားကိုထိုဆိုင်ရှေ့ထိုးရပ်လိုက်တယ်....
"heli...ကားထဲမှာပဲစောင့်နေနော်....ကိုသွား၀ယ်လိုက်အုန်းမယ်...."
ဆိုင်ထဲ၀င်သွားတဲ့သူ့ကိုheliငေးကြည့်နေမိတယ်....ဒီလူကဒီလိုတော့လည်းမဆိုးပါဘူးလို့အမှတ်တွေပေးနေမိတယ်.....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
"heli....ရော့..."
ကိုuke heliကိုhamburgerနှင့်cheese ball၀ယ်လာပေးတယ်....ဒါ့အပြင်cokeတဗူးလည်းပါလာသေးတယ်....
burgerကပူပူနွေးနွေးလေးမို့heliစိတ်မထိန်းနိုင်တော့ပဲချက်ချင်းစားလိုက်မိတယ်....တော်တော်ကောင်းတဲ့ဘာဂါပါ....အနံ့လေးကိုမွှေးနေတာ....အသားပြားကလည်းနူးညံ့နေကာအသီးအရွက်တွေကလည်းလတ်ဆတ်နေသဖြင့်အရသာတော်တော်ကောင်းတယ်....
ဘာဂါစားနေတာကြောင့်heliရဲ့ပါးလေးတွေကဖောင်းဖောင်းလေးတွေဖြစ်နေသည်ကချစ်စရာပင်....ဒီကောင်မလေးအစားစားတာတောင်ချစ်စရာကောင်းအောင်ဘယ်လိုစားနေလဲမသိဘူး....သူမရဲ့မို့မောက်နေတဲ့ပါးဖောင်းဖောင်းလေးတွေကြောင့်ကျွန်တော့်မှာအူယားနေရတယ်.....
heliဘာဂါစားပြီးသွားတော့cheese ballစားမယ်အလုပ်မှာကိုukeကိုမကျွေးရသေးမှန်းသတိရသွားတယ်...
သူ့ကိုcheese ballကျွေးမှပါ....heliချည်းစားနေရတာမဟုတ်သေးပါဘူး....
"ကိုuke...cheese ballစားအုန်းမလား???"
"မစားတော့ပါဘူး...ကိုကားမောင်းနေလို့...."
ဟုတ်သား...သူကားမောင်းနေတာကိုheliမေ့သွားတယ်...cheese ballတလုံးယူကာကိုukeကိုခွံကျွေးလိုက်တယ်....
ငါဘာတွေလုပ်နေတာလဲ???သူတမျိုးထင်သွားမလားမသိဘူး....စိတ်ညစ်လိုက်တာ....
သူမပဲအရင်ခွံကျွေးပြီးနောက်မှရှက်သွားသည့်သူမ....မျက်နှာလေးတွေကိုနီမြန်းလို့....မြန်မာနိုင်ငံပြန်လာလိုက်တာမှန်သွားတာပဲ....မင်းနှင့်သမီးလေးရှိနေတာကို့အထီးကျန်မူတွေပျောက်ဆုံးသွားသလိုပဲ......
အိမ်ပြန်ရောက်တော့အပြစ်ကင်းစင်စွာအိပ်ပျော်နေသည့်သမီးလေးကိုတွေ့လိုက်ရတော့ရင်ထဲအေးချမ်းသွားသလိုပင်....
သမီးလေးမှာခဲအိုရဲ့အညိုရောင်မျက်လုံးလေးရှိပြီးမမလိုသဘာ၀အတိုင်းအသည်း(heart)ပုံစံဖြစ်နေတဲ့နှုတ်ခမ်းလေးတွေရှိနေတယ်.....
မမနှင့်ကိုကိုတို့ရဲ့ကိုယ်ပွားလေးကိုကျွန်တော်နှင့်သူမချစ်မ၀နိုင်အောင်ပင်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-5 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰