"ကိုuke....သမီးလေးကို၄နာရီခြားတခါနို့တိုက်ရမယ်နော်...ပြီးတော့နို့ဖျော်ရင်အရမ်းလည်းမပူစေနှင့်....အအေးခံပြီးနွေးနွေးလေးဖြစ်သွားမှသမီးလေးကိုတိုက်နော်....တိုက်ပြီးရင်လည်းသေချာပြန်လုပ်ပေးအုန်းနော်....ပြီးတော့...."
အလုပ်သွားခါနီးheliကကျွန်တော့်ကိုမှာတမ်းခြွေနေခြင်းပင်....
"ပြီးတော့ဒိုင်ဗာကအ၀တ်ခြင်းထဲမှာ...သန့်ရှင်းရေးလုပ်ပြီးသွားရင်ရေပြောင်အောင်သေချာသုတ်ပေးပြီးပေါင်ဒါလေးရိုက်ပေး....ပြီးရင်သမီးလေးအအေးမမိအောင်အခန်းအပူချိန်ကိုညှိပေးထား....ဟုတ်တယ်မလား...heli???"
"အင်း...တခုခုဆိုရင်heliကိုဖုန်းဆက်နော်....ကိုuke..."
"စိတ်ချပါ...မင်းသာအလုပ်ဖြောင့်ဖြောင့်သွား...သမီးလေးနားမှာကိုရှိပါတယ်....ပြီးတော့ကြီးကြီးထားလည်းရှိနေတာပဲ...."
"ဟုတ်...."
ဟုတ်လို့သာပြောပြီးထွက်သွားပေမဲ့နောက်ကိုသာခဏခဏလှည့်ကြည့်ရင်းသာကားမောင်းထွက်သွားတယ်....
သူမထွက်သွားတော့အလုပ်တွေကိုအိမ်မှာပဲလုပ်နေလိုက်တယ်....ကိုကိုမရှိတော့ကိုကိုရဲ့ကျောက်မျက်ရတနာcompanyကိုပါလက်လွှဲယူလိုက်ရသဖြင့်အလုပ်က၂ဆပိုများတော့တယ်....တချိန်ကျရင်angelaလေးလက်ထဲကိုအောင်မြင်နေတဲ့companyကိုလက်လွှဲအမွှေပေးနိုင်အောင်ကျွန်တော်ပိုပြီးကြိုးစားရမည်....
ကိုကိုနှင့်ကျွန်တော်ကစိန်နှင့်ကျောက်မျက်ရတနာလုပ်ငန်းကိုပဲအတူတူလုပ်ကိုင်တာကြောင့်အခက်အခဲတော့သိပ်မရှိခဲ့....
အလုပ်ထဲအာရုံရောက်သွားတာကြောင့်အချိန်တွေကုန်လို့ကုန်သွားမှန်းပင်မသိလိုက်....သမီးလေးရဲ့ငိုသံကြားမှအလုပ်တွေပစ်ချပြီးသမီးဆီအမြန်သွားကာချီပိုးလိုက်တယ်....
နာရီလှမ်းကြည့်လိုက်တော့၄နာရီပြည့်သွားတာကြောင့်သမီးဗိုက်ဆာလို့ငိုနေတယ်ဆိုတာကျွန်တော်သိလိုက်တယ်....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
heliသင်ပေးခဲ့တဲ့အတိုင်းနို့ဖျော်လိုက်ပြီးအအေးခံထားလိုက်သည်....နွေးနွေးလေးဖြစ်တော့မှသမီးလေးကိုနို့တိုက်တိုက်လိုက်တယ်....
"သမီးလေးကအတော်ဗိုက်ဆာနေတာပဲ...."
နို့ဘူးလေးကိုအသံမြည်အောင်ထိစုပ်ကာသောက်နေသည့်သမီးလေးကိုကြည့်ရင်းကျွန်တော်သဘောကျစွာရယ်နေမိတယ်....
သိပ်ချစ်ဖို့ကောင်းတဲ့သမီးလေး....ကျွန်တော်သမီးလေးရဲ့နဖူးကိုငုံကာနမ်းလိုက်တယ်....သမီးလေးကိုသီချင်းဆိုကာဖင်လေးကိုပုတ်ပြီးသိပ်နေတုန်းသမီးလေးရဲ့ဖင်မှာစိုထိုင်းထိုင်းဖြစ်နေတာကိုသတိထားမိလိုက်တယ်...
သမီးလေးကရှုးရှုးတွေပေါက်ချထားတယ်လေ....အဲ့တာကြောင့်ဒိုင်ဗာလဲကာသန့်ရှင်းရေးလုပ်ပေးလိုက်တယ်....
uke...uke...မင်းကအလွန်အသန့်ကြိုက်ပြီးဇီဇာကြောင်တဲ့ကောင်...အခုတော့သမီးလေးနှင့်မှပုံစံပေးခံနေရတာကိုး...
ကျွန်တော့်ကိုကျွန်တာ်ပြန်တွေးရင်းရီသာရီနေမိတော့တယ်...ဒါဟာမိဘမေတ္တာကိုး.....မေမေနှင့်ဖေဖေလည်းသားအရွယ်ရောက်ကြီးပြင်းလာအောင်ဒီလိုပဲပြုစုစောင့်ရှောက်ခဲ့ရတာကိုး....
ဖေဖေနှင့်မေမေသားကိုပြုစုစောင့်ရှောက်ပေးတဲ့အတွက်ကျေးဇူးပါပဲ...ဖေဖေတို့ကိုသတိရသွားပြီးစိတ်ထဲကနေကန်တော့လိုက်မိတယ်.....
သမီးလေးကဗိုက်လေးပြည့်သွားတော့ကျွန်တော့်ရင်ခွင်ထဲအိပ်ပျော်သွားတယ်....နှစ်နှစ်ခြိုက်ခြိုက်နေတဲ့ကလေးငယ်လေးကိုသံယောဇာဥ်တို့သာပိုလို့တိုးနေမိတယ်....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
heliကျောင်းကနာမည်ကြီးသထက်ကြီးလာတော့ကျောင်းခွဲ၅ခုတောင်ဖွင့်နိုင်ခဲ့တယ်....ဒါတောင်ဆက်ဖွင့်ဖို့ရပ်ထားလို့....နို့မို့ဆိုဒီထက်တောင်များနေအုန်းမှာ....
heliကျောင်းတွေကိုသွားကာကလေးတွေစာသင်တာအဆင်ပြေမပြေကိုစစ်ဆေးပြီးlesson planတွေလည်းtrတွေကိုချပေးရတယ်....trတွေတင်ပြတဲ့လိုအပ်တာတွေလည်းလုပ်ပေးရတာပေါ့.....
"tr heli...ကျွန်မတို့အတန်းမှာကလေးတွေတိုးလာလို့assistant trလိုနေတယ်...."
"အဲ့တာဆိုtrတို့လိုအပ်ချက်နှင့်ကိုက်ညီတဲ့trခေါ်လိုက်ပါ....လစာကတော့၂သိန်းနှင့်၂သိန်းခွဲကြားပေးမယ်....လစာပိုပေးထားလို့အတွေ့အကြုံရှိတဲ့သူပဲခေါ်ပါ....."
heliကျောင်းရဲ့ကိစ္စအ၀၀ကိုစီမံနေရတာနှင့်အချိန်တွေကုန်လို့ကုန်မှန်းမသိကုန်ခဲ့တယ်....နာရီကြည့်လိုက်တော့၄နာရီထိုးတော့မှာကြောင့်ကျန်တဲ့၂ကျောင်းကိုနောက်မှပဲသွားဖို့ဆုံးဖြတ်လိုက်ပြီးအိမ်ကိုသာပြန်လာခဲ့တယ်.....
အိမ်ပြန်ရောက်တော့နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့သမီးလေးကိုမြင်လိုက်ရတော့ပင်ပန်းသမျှတွေအဝေးကိုလွှင့်ထွက်သွားတော့တယ်....
ကိုukeကိုမသိမသာလိုက်ရှာမိတော့သူကတော့လက်တော့တလုံးနှင့်အလုပ်ရှုပ်နေလေရဲ့....
"ပြန်ရောက်ပြီလား...heli???"
"ဟုတ်...သမီးလေးကိုထိန်းရတာအဆင်ပြေရဲ့လား???"
"ပြေပါတယ်...သမီးလေးကသိပ်လိမ္မာတာ....heliလည်းပင်ပန်းလာတာသွားနားတော့လေ...."
"အွန်း..."
Heliအပေါ်ထပ်ကအခန်းထဲတပ်ကာရေမျိုးချိုးဖို့လုပ်လိုက်တယ်....heliတို့ကမမတို့အိမ်မှာပဲနေဖြစ်တာကြောင့်မမတို့ရဲ့အငွေ့အသက်တွေကအပြည့်ပင်....သမီးလေးကိုလည်းသူ့မိဘတွေအငွေ့အသက်ရှိတဲ့နေရာမှာကြီးပြင်းစေတဲ့အတွက်heliတို့၂ယောက်ဒီမှာပဲနေဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်.....
သတိရလိုက်တာ...မမရယ်...မမသမီးလေးကြီးပြင်းလာတာကိုစောင့်ကြည့်နေနော်...မမ
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-6 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰