"ကိုuke...ကိုuke...တံခါးဖွင့်ပါအုန်း...."
ည၁၂ကျော်လောက်မှာheliကကျွန်တော့်အခန်းတံခါးကိုလာခေါက်နေတာကြောင့်အိပ်ယာပျော်ကပြေးဆင်းကာတံခါးဖွင့်လိုက်တယ်....
"Heli....ဘာဖြစ်လို့လဲ???"
"သမီးလေးအဖျားတွေကြီးနေတယ်...ကိုuke...ကိုယ်တွေကိုချစ်ချစ်တောက်ပူနေတယ်...."
သူမအသံတုန်တုန်ယင်ယင်နှင့်တခွန်းချင်းအားယူကာပြောနေတယ်....
"ဒါဆိုဆေးရုံပို့မှဖြစ်မှပေါ့...."
သမီးလေးကိုခေါ်ကာဆေးရုံသို့အမြန်မောင်းလိုက်တယ်....ကားပေါ်မှာတော့heliကသမီးလေးကိုရင်ခွင်ထဲချီပိုးထားရင်းငိုရှိုက်နေခဲ့တယ်....
ဆေးရုံရောက်တော့သမီးလေးကိုဆရာ၀န်လက်ထဲထည့်လိုက်တယ်....ဆေးစစ်ချက်အဖြေစောင့်ရင်းအခန်းရှေ့မှာစောင့်နေလိုက်တယ်....
"ကိုuke...သမီးလေးဘာမှမဖြစ်ပါဘူးနော်...သမီးလေးတခုခုဖြစ်သွားရင်...."
Heliအသံတွေတိမ်၀င်သွားပြီးမျက်ရည်တွေကစီးကျလာတယ်....သူမဘယ်လောက်ထိစိတ်ပူနေမလဲဆိုတာမပြောလည်းကျွန်တော်သိနေပါပြီ....heliကိုရင်ခွင်ထဲထည့်ကာဖက်ထားလိုက်ရင်းနှစ်သိမ့်ပေးလိုက်တယ်....
"ဘာမှမဖြစ်ပါဘူး...heliရယ်....သမီးလေးကဘာဖြစ်ရမှာလဲ???သမီးလေးဘာမှမဖြစ်စေဘူးလို့ကိုကတိပေးတယ်....မငိုနှင့်တော့နော်...heli..."
သူမကဘာမှပြန်မပြောပဲကျွန်တော်ရင်ခွင်ထဲမှာသာငိုကြွေးနေတော့တယ်....သူမငိုနေတာမြင်ရတော့ကျွန်တော်အရမ်းနာကျင်နေရတယ်....
ထိုအချိန်အခန်းထဲကနေဆရာ၀န်ကြီးထွက်လာတယ်....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
"ကလေးကဘာမှမဖြစ်ပါဘူး....နုငယ်သေးတဲ့အချိန်မို့အဖျားပိုးကိုတိုက်မထုတ်နိုင်လို့အဖျားတွေကြီးသွားတာပါ...ရှေ့လျှောက်ကလေးကိုအားဆေးတိုက်ဖို့တော့လိုလိမ့်မယ်....အခုတော့စိတ်ပူစရာမရှိတော့ပါဘူး....အခုအဖျားကျသွားလို့အိပ်နေပါပြီ...."
"ကျေးဇူးပါ...dr..."
ဆရာ၀န်ကြီးရဲ့စကားကြားမှheliနှင့်ကိုukeတို့စိတ်သက်သာရာရသွားတယ်....
"ဆရာ၀န်ကြီးစကားကြားတယ်မလား...heli....မငိုနှင့်နော်...heli..."
heliကမျက်ရည်စလေးတွေနှင့်ခေါင်းငြိမ့်ပြတယ်....heliရဲ့မျက်ရည်လေးကိုတစ်ရှုးနှင့်ညင်သာစွာသုတ်ပေးလိုက်မိတယ်...
heliမျက်ရည်ကျတာမြင်တာနှင့်ကျွန်တော်ရင်တွေနာကျင်လာရတာလဲ???
သမီးလေးသက်သာတာသွားတာကြောင့်နောက်နေ့မနက်မှာပဲဆေးရုံဆင်းလာတယ်....သမီးလေးဖျားနေတော့heliရော၊ကိုukeပါဒီရက်ပိုင်းအလုပ်မသွားဖြစ်....သမီးလေးနားမှာသာရှိနေခဲ့တယ်....
သမီးလေးနေကောင်းတာကျိန်းသေတော့မှကိုukeဒီနေ့မှအလုပ်သွားတော့တယ်....
"သူငယ်ချင်းလေး....သူငယ်ချင်းလေး...ငါလာမယ်...."
"ရှုး...တိုးတိုး..."
အသဲပြဲကြီးနှင့်အော်ကာအိမ်ထဲသို့၀င်လာသည့်မြနွယ်ကိုheliနှုတ်ခမ်းနှင့်လက်ညှိုးကိုထိကပ်ကာတိုးတိုးနေဖို့ပြောလိုက်တယ်....
"နင်ကလည်းဟယ်....အသံပြဲကြီးနှင့်....တိုးတိုးလုပ်စမ်းပါ....ငါသမီးလေးအိပ်နေတယ်...."
"အမလေးဟယ်....ချစ်နေလိုက်တာ....နင့်ကိုကြည့်ပြီးငါတောင်အိမ်ထောင်ပြုပြီးကလေးလေးတယောက်တောင်လိုချင်မိသွားတယ်...."
"နင်ကလေးရလာရင်နားလည်လာပါလိမ့်မယ်...."
"ဒါနှင့်နင့်အမျိုးသားကြီးရော..."
"ဟဲ့...ဘာအမျိုးသားကြီးလဲ???သူကသမီးလေးရဲ့အဖေပါ....ငါတို့ကအမည်ခံသက်သက်ဇနီးမယားတွေပါ...."
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
"ဘာပဲဖြစ်ဖြစ်နင်တို့ကဇနီးမောင်နှံတွေပဲလေ....ဇနီးမောင်နှံအစစ်တွေဖြစ်အောင်ဘာလို့မကြိုးစားလဲ...မိန်းမရယ်???"
"နင်နော်....စကားပြောတာကြည့်ပြောနော်...blacklistထဲထည့်လိုက်မယ်...."
"အေးပါ...မစတော့ပါဘူး....ငါအတည်ပဲပြောတော့မယ်....နင်နှင့်ကိုukeအဆင်ပြေရဲ့လား???"
"ပြေပါတယ်...သူကသူ့တာ၀န်သူကျေတဲ့သူပါ...သမီးလေးအပေါ်လည်းသိပ်ကောင်းတယ်....."
"အွန်းပါ...နင်တို့အဆင်ပြေတာငါအရမ်း၀မ်းသာပါတယ်...ငါတခုတော့ပြောချင်တယ်....ငါစသလိုပြောနေပေမဲ့နင်တို့ကိုမိသားစုအစစ်ဖြစ်စေချင်တယ်....နင့်ကိုတခုလပ်ဆိုတဲ့နာမည်မရစေဘူး....သူငယ်ချင်းရယ်..."
"ဒါကတော့ဘယ်တတ်နိုင်ပါ့မလဲဟာ...ငါရွေးထားတဲ့လမ်းပဲ....သမီးလေးအတွက်ဆိုရင်တခုလပ်ဆိုတဲ့နာမည်ရလည်းငါကျေနပ်တယ်...ငါဂရုမစိုက်ဘူး...မြနွယ်...."
မြနွယ်heliကိုကြည့်ရင်းသက်ပြင်းသာချနေတော့တယ်....သူငယ်ချင်းမလေးhelinaကိုသာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးပိုင်ဆိုင်စေချင်တာမြနွယ်ရဲ့စေတနာပါ.....
ထိုအချိန်မှာheliရဲ့ဖုန်းကိုကိုukeဖုန်းဆက်လာတယ်....
"hello...heli..."
"ပြောလေ...ကိုuke..."
"ကိုမတွေ့ရတာကြာတဲ့သူငယ်ချင်းတွေနှင့်သွားတွေ့မလို့....အဲ့တာကိုအပြန်နည်းနည်းနောက်ကျမယ်....heli...ဒါပေမဲ့အရမ်းတော့နောက်မကျပါဘူး....တယောက်တည်းဖြစ်ရဲ့လား....heli..."
"ရပါတယ်...ကိုuke...မြနွယ်လည်းရောက်နေတယ်....သူငယ်ချင်းတွေနှင့်အေးဆေးတွေ့ပါ...."
"အင်း...ဒါပဲနော်...heli..."
"ဟဲ့...သူကဘာတဲ့လည်း...."
ဖုန်းချသွားတာနှင့်မြနွယ်ကချက်ချင်းမေးလိုက်တယ်....
"သူကနည်းနည်းနောက်ကျမယ်တဲ့....ငါတို့သူငယ်ချင်းအေးဆေးတွေ့လို့ရတာပေါ့...နင်ညစာစားပြီးမှပြန်ရမယ်နော်...."
"ဒါပေါ့...အစားကလူတိုင်းနှင့်တည့်တယ်...."
မြနွယ်ကရွှတ်ရွှတ်နောက်နောက်ပြောလိုက်တယ်....
"ဟုတ်ပါပြီရှင်...ဘာစားချင်လဲ...မြနွယ်???ငါကြီးကြီးထားကိုချက်ခိုင်းလိုက်မယ်...."
"၀က်သားဟင်းနှင့်ပုဇွန်ထုပ်စားချင်တယ်...."
"အေး...အေး...ငါကြီးကြီးကိုပြောလိုက်တယ်...."
heliတို့သူငယ်ချင်း၂ယောက်ပြောမကုန်နိုင်တဲ့စကားတွေပြောနေကြတာအချိန်တွေကုန်လို့ကုန်သွားပင်မိသအောင်ထိပါ.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-7 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰