"ဟေ့ကောင်...သားကြီး...မတွေ့ရတာကြာရောပေါ့...."
"ဟုတ်ပါ့ကွာ....ပြန်တွေ့ရတော့လည်းမင်္ဂလာဆောင်မှာ..."
ကျွန်တော့်ကိုမြင်တာနှင့်တယောက်တပေါက်နှင့်လှမ်းစလိုက်တဲ့လင်းနီနှင့်မဟာ....သူတို့ကကျွန်တော်တို့ရဲ့ငယ်သူငယ်ချင်းတွေလေ....ကျွန်တော်ကနေဒါရောက်သွားတော့မှကွဲသွားကြတာ....
"မင်းတို့ကလည်းကွာ...."
"အိမ်ထောင်ရှင်ကြီး....ချစ်ဇနီးလေးနှင့်အဆင်ပြေရဲ့လား???"
"ငါတို့ကအဲ့လိုမဟုတ်ပါဘူးကွာ....အမည်ခံသက်သက်ပါပဲ...."
"ဟင်!!!"
လင်းနီရော၊မဟာပါအံ့သြတကြီးဖြစ်သွားတယ်....
"ဟုတ်တယ်....ငါတို့ကအခန်းခွဲပြီးအိပ်ကြတာ..."
"မင်းတို့ကမမိုက်ပါဘူးကွာ...."
"အေးလေ...၂ယောက်လုံးဒီလောက်လိုက်ဖက်နေတဲ့ဟာကို....မင်းဖက်ကသူ့အချစ်ရအောင်ကြိုးစားသင့်တယ်...."
"ငါသူ့ကိုညီမလေးတယောက်လိုပဲမြင်တယ်....ငါသူ့ကိုမချစ်ဘူး...သူငယ်ချင်း...."
"အေးပါ....မင်းသဘောပဲ...အခုတော့ငါတို့သူငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင်သောက်စားကြရအောင်...."
လင်းနီတို့နှင့်မတွေ့ရတာကြာပြီမို့စကားတွေအများကြီးပြောဖြစ်ကြတယ်....လင်းနီနှင့်မဟာကလူလွတ်တွေဖြစ်တာကြောင့်၀ိုင်တွေစိတ်ကြိုက်မှာကာသောက်နေကြပေမဲ့ကျွန်တော်ကတော့အာစွတ်ရုံသာသောက်ခဲ့တယ်....
အိမ်မှာသမီးလေးနှင့်သူမလေးရှိနေသေးတယ်မလား...ညလည်းအရမ်းမမှောင်ခင်သူငယ်ချင်းတွေနှင့်စကားစဖြတ်ကာအိမ်သို့အမြန်ပြန်လာလိုက်တယ်....
အိမ်ရောက်တော့heliကဧည့်ခန်းထဲမှာကျွန်တော့်ကိုစောင့်နေခဲ့တယ်....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
"ရှင်ပြန်လာပြီလား???"
"အင်း....သမီးလေးရော...."
"သမီးလေးကအိပ်နေပြီ....ရှင်ညစာစားအုန်းမှာလား???မစားရသေးရင်heliပြင်ပေးမယ်လေ....."
"စားခဲ့ပြီးပြီ...heli...ကျေးဇူးပဲ...မင်းရောစားပြီးပြီမလား..."
"စားပြီးပြီ...မြနွယ်နှင့်အတူစားလိုက်တာ...."
"သမီးလေးကိုဒီညခေါ်သိပ်လိုက်မယ်....မင်းအေးဆေးအိပ်လိုက်နော်...heli..."
"ကျေးဇူးပဲ...ကိုuke...."
သူ့လက်ထဲသမီးလေးကိုထည့်ပေးခဲ့ကာအနားယူလိုက်တယ်....
သမီးလေးကတဖြေးဖြေးအရွယ်ရောက်လာကာအခုဆိုလမ်းတောင်လျှောက်တတ်နေပြီ....အသံလေးတွေလည်း"အူး..အူး...ဝါး...ဝါး"နှင့်ထွက်တတ်နေပြီ....
သမီးလေးလမ်းလျှောက်တဲ့နေ့ကheliနှင့်ကိုukeသိပ်ကိုပျော်နေမိတယ်....ကိုukeကတော့သမီးလေးလမ်းလျှောက်နေတာကိုကင်မရာတလုံးနှင့်မှတ်တမ်းတင်နေရတာအမော....အိမ်မှာလည်းသမီးလေးangelaရဲ့ဓာတ်ပုံတွေကအပြည့်.....
သမီးလေးကြီးပြင်းလာတာနှင့်အတူ၃ယောက်သားသံယောဇဥ်တွေလည်းတစတစနှင့်ရစ်ပစ်တွယ်ငြိလာတာတော့အမှန်....
"ကိုuke...ရှင်ဘာတွေလုပ်နေတာလဲ???"
အားလပ်ရက်ရတာနှင့်ခြံထဲမှာအလုပ်ရှုပ်နေသည့်သူ....
"ပန်းပင်တွေစိုက်မလို့လေ....သမီးလေးကြီးလာရင်ပန်းလှလှလေးတွေပန်ဖို့အတွက်ပေါ့....."
"အင်း...သမီးလေးသာပန်းလှလှလေးတွေပန်ရင်သိပ်ကိုလှမှာ...."
"ဟုတ်ပါ့..."
heliနှင့်ကိုukeအနာဂတ်မှာသိပ်လှနေမဲ့သမီးလေးကိုမြင်ယောင်လိုက်မိရင်းပြိုင်တူပြုံးလိုက်မိတယ်.....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
"heliလည်းကူစိုက်ပေးမယ်လေ....."
heliလည်းမနေနိုင်တော့တာနှင့်သူ့ဘေးမှာထိုင်လိုက်ပြီးပန်းပင်လေးတွေကူစိုက်ပေးလိုက်တယ်....
နေကပူလာတာကြောင့်အပင်စိုက်တာရပ်လိုက်ပြီးအိမ်ထဲကိုပြန်၀င်လာလိုက်တယ်.....ခဏနားပြီးတော့heliတို့၂ယောက်ရေမိုးချိုးလိုက်ကာအနားယူနေလိုက်သည်....
သမီးလေးနိုးလာပြီမို့heliအာဟာရမှုန့်လေးဖျော်ကာကျွေးနေလိုက်တယ်....
"မား...မား..."
သမီးလေးကတခစ်ခစ်ရယ်ကာheliကိုမားမားလို့မပီကလာ၊ပီကလာနှင့်ပထမဆုံးခေါ်လိုက်တယ်....ဒီစကားသံလေးကသမီးဆီကပထမဆုံးထွက်လာတဲ့စကားသံလေးပင်....
"သမီးလေး...မားမားကိုမားလို့ခေါ်လိုက်တာလား???"
"မား...မား...."
သမီးလေးကheliကိုမားမားလို့ထပ်ခေါ်လိုက်တာကြောင့်လေထဲမြှောက်သွားမတတ်ရင်ထဲမှာအပျော်လုံးဆို့သွားတယ်....
"ကိုuke...သမီးလေးကheliကိုမားမားလို့ခေါ်နေတယ်...."
သူမစကားသံကြောင့်ကျွန်တော်သူမတို့ဆီအပြေးလေးသွားလိုက်မိတယ်....
"တကယ်လား...heli..."
"ဟုတ်တယ်...သမီးလေးပါးပါးကိုပြန်ပြောပြလိုက်ပါအုန်း...."
"မား...မား..."
သမီးလေးကမပီကလာ၊ပီကလာနှင့်ပြောနေသည့်စကားသံလေးကကျွန်တော့်ရင်ထဲလှိုင်းတခုဖြတ်သွားသလိုပင်....အရမ်းချစ်စရာကောင်းအသံလေးကရင်ထဲ၊နှလုံးသားထဲကိုစွဲသွားတော့တယ်....
မထင်မှတ်ထားပဲheliရော၊ကိုukeပါသမီးလေးပဲပါးတဖက်ဆီကိုပြိုင်တူနမ််းရှိုက်လိုက်မိတော့တယ်....ကိုukeရဲ့မျက်နှာချောချောကြီးကိုအနီးကပ်မြင်လိုက်ရတာကြောင့်အမျိုးအမည်မသိတဲ့ခံစားချက်တခုကနှလုံးသားထဲဖြတ်စီးသွားတော့တယ်....
heliရဲ့နှုတ်ခမ်းဖူးလေးကသမီးလေးရဲ့ပါးလေးကိုနမ်းရှိုက်နေတာကြောင့်နှုတ်ခမ်းသားဖူးဖူးရဲရဲလေးကကျွန်တော့်နှလုံးသားလေးကိုကိုင်စောင့်နေသလိုလှုပ်ရှားသွားစေတယ်.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-8 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰