🧸🧸🧸chapter-8🧸🧸🧸
Viewers 434

သမီး​ဘေးကheliကိုမားမားလို့ခေါ်​​နေပြီဖြစ်တာ​ကြောင့်ကိုukeကလည်းသမီး​လေးရဲ့"ပါးပါး"ဆိုတဲ့​ခေါ်သံကိုသူအရမ်းကြားချင်တာ....


သမီး​လေးကိုပါးပါးလို့​​ခေါ်တတ်အောင်သင်​နေ​လေရဲ့....သို့​သော်သမီး​လေးကမားမားလို့သာပြန်​ခေါ်ခဲ့တယ်....သူနှင့်သမီး​လေးကိုကြည့်​နေမိပြီးheliပြုံး​သာပြုံးနေမိ​တော့တယ်.....


ဒါ​ပေမဲ့ကိုukeကလက်မ​လျှော့ခဲ့....သူ့ရဲ့ဇွဲ​ကောင်းမူ​ကြောင့်၃ရက်အကြာသမီး​လေးကမပီပကာပီကလာနှင့်"ပါး...ပါး"လို့​ခေါ်တတ်ခဲ့တယ်....


"ဒါမှပါးပါးရဲ့သမီး...."


သူသမီး​လေးကို​ကောက်ချီရင်းသမီး​လေးရဲ့ပါး​ဖောင်း​ဖောင်း​လေးကိုရှိုက်ကာနမ်းလိုက်တယ်....သူတို့သားအဖ၂​ယောက်ကသိပ်ကိုချစ်ဖို့​​ကောင်း​နေ​တော့တယ်....အခုဆိုသမီးကheliကိုမားမားကို​ခေါ်တတ်​နေပြီးကိုukeကို​တော့ပါးပါးလို့​ခေါ်တတ်​​နေပြီ...သိပ်ကိုချစ်ဖို့​ကောင်းတဲ့က​လေး​လေးပါ.....


သမီး​လေးကheliနှင့်ကိုukeကိုအ​ဝေးမထွက်သွားနိုင်​အောင်​သံ​ယောဇဥ်ဆိုတဲ့သော့​လေးနှင့်ခပ်ထားနေသလိုပင်....


အ​ပေါ်ထပ်မှာ​ရေချိုးပြီးအ၀တ်အစားလဲ​နေတုန်းသမီး​လေးရဲ့ငိုသံကကြားလိုက်တာ​ကြောင့်heliအခန်းထဲက​နေ​ပြေးထွက်လာလိုက်တယ်....​ရေချိုးပြီးတာမကြာ​သေးတဲ့အတွက်​ခြေ​တောက်မှာ​ရေ​လေး​တွေကျန်​နေတာ​ကြောင့်​ကြွေပြား​​ပေါ်ခြေ​ချော်သွားကာ​လှေကား​ပေါ်က​နေ​ချောကျသွားတယ်.....


"Heli....သတိထား...."


သူမပြုတ်ကျသွားတာကိုမြင်တာနှင့်ချက်ချင်း​ပြေးသွားပြီးဖမ်းလိုက်​ပေမဲ့heliကကျွန်​တော်​ပေါ်လဲကျလာ​တာ​ကြောင့်နှစ်​ယောက်သားကြမ်းပြင်​ပေါ်လဲကျသွား​တော့တယ်....


🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻


Heli​လှေကား​အောက်မှာရှိ​နေတဲ့ကိုukeရင်ခွင်​ပေါ်လဲကျသွားကာသူ့နှုတ်ခမ်းတစုံကိုမ​တော်တဆထိကပ်နမ်းလိုက်မိတယ်....


စက္ကန့်အနည်းငယ်ကြာသွား​ပေမဲ့လည်းသူ​ရော၊heliပါထိကပ်ထားတဲ့နှုတ်ခမ်းသား​တွေကိုမရုတ်သိမ်းမိ....ရင်ခုန်သံ​တွေဟာလည်း၀ုန်းတိုင်းကြဲသွား​တော့တယ်....


"အား!!!"


Heli​နောက်မှသတိပြန်၀င်သွားပြီးရှက်ရှက်နှင့်​အော်လိုက်မိပြီးအ​ပေါ်ထပ်သို့​​ပြေးတက်သွား​တော့တယ်....


မျက်နှာ​လေး​ထက်ကပါးမို့မို့​လေးတွေနီမြန်းတဲ့အထိရှက်​သွေးဖြာကာအ​​ပေါ်ထပ်သို့​ပြေးတက်သွားသည့်​ကောင်မ​လေး​ကြောင့်ရင်​တွေခုန်လွန်းမကခုန်လာကာအသဲ​တွေယား​နေ​တော့၏....


​ကောင်မ​လေး...မင်းကဘယ်လိုမျိုးလဲကွာ???


သူမကအရှက်သည်းကာအ​ပေါ်ထပ်သို့တက်သွားတာ​ကြောင့်ငို​နေသည့်သမီး​လေးကိုကျွန်​တော်သာအငိုတိတ်​အောင်​ချော့သိပ်လိုက်​တော့တယ်....


သမီး​လေးကအခုဆိုကျွန်​တော့်ကိုပါးပါးနှင့်​ခေါ်တတ်​နေပြီဖြစ်တာ​ကြောင့်ချစ်ကြိုး​လေး​တွေနှင့်ပိုပိုပြီးရစ်ပတ်​နေသလိုပင်.....


အခုဆိုသမီး​လေးက၂နှစ်​တောင်​ကျော်ရှိ​နေပြီ....လမ်းလဲ​ကောင်း​ကောင်း​လျှောက်တက်​နေပြီဖြစ်သလိုစကား​လေး​တွေလည်းတီတီတာတာနှင့်တစ်ခွန်းစ၊နှစ်ခွန်းစ​ပြော​နေပြီဖြစ်တယ်....


ဒီ​နေ့ကကိုကိုနှင့်မမတို့ဆုံးတာ၁နှစ်ပြည့်တဲ့​နေ့​လေးပင်....စ​နေ​နေ့ဖြစ်တာ​ကြောင့်နှစ်​ယောက်လုံးရဲ့အားပ်ရက်ဖြစ်တာ​ကြောင့်သမီး​လေးနှင့်အတူဘုရားသွားရင်းကုသိုလ်​ကောင်းမူလုပ်​ပေးဖို့စီစဥ်ထားတယ်......


🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻


Heliအ၀တ်အစားလဲပြီး​အောက်ဆင်းလာ​တော့ဗမာ၀တ်စုံကိုသပ်ရပ်စွာ၀တ်ဆင်ထားတဲ့ကိုukeကသမီး​လေးနှင့်အတူ​ဆော့​ပေး​နေတယ်....ခါတိုင်းလိုအ​နောက်တိုင်း၀တ်စုံနှင့်မဟုတ်ပဲရှပ်အင်္ကျီနှင့်ပုဆိုး​လေး၀တ်ဆင်ထားသည့်သူကသိပ်ကို​ချော​မော​နေတယ်....


ကိုuke....ရှင်ကဗမာ၀တ်စုံနှင့်လည်းလိုက်ဖက်​နေတာပဲ....


သူမ​လေးကအခါတိုင်းလိုဗမာ၀တ်စုံ​လေးနှင့်သိပ်ကိုလှပ​နေခဲ့တယ်...နီလာ​ရောင်၀တ်စုံ​လေးချပ်ရပ်စွာ၀တ်ဆင်ထားသည့်heli​လေးကကျွန်​တော့်နှလုံးသားကိုညှို့ယူအပိုင်သိမ်း​နေသလိုပင်.....


"ကိုuke...သွားကြမယ်​လေ...."


Heliကို​ ကိုukeငေးကြည့်​နေသဖြင့်ရှက်ရှက်နှင့်အသံမြှင့်ကာ​သူ့ကိုပြောလိုက်တယ်....


"အွန်း...လာ...မီးမီး...သွားကြရ​အောင်...."


သူခိုးလူမိသွားသလိုဖြစ်သွားတာ​ကြောင့်ကျွန်​တော်ရှက်ရှက်နှင့်ကားဆီကို​သုတ်သုတ်နှင့်ထွက်လာခဲ့လိုက်တယ်....


ရှက်သွားသည့်ကိုukeကိုအ​နောက်က​နေကြည့်ရင်းheliပြုံးရယ်လိုက်ရင်းသူ့အ​နောက်ကိုလိုက်လာခဲ့လိုက်တယ်....


ဒီလိုကျ​တော့ရှင်ကရှက်တက်သားပဲ...ကိုukeရယ်...ဒီအချိန်ဆိုရှင်ကသမီး​လေးနှင့်သိပ်မကွာသလိုပဲ....


Heliကား​ပေါ်တက်လိုက်ကာခါးပတ်ပတ်လိုက်တယ်....ထိုအချိန်ထိသူကheliကိုသမီး​လေးမ​ပေးခဲ့....


"ကိုuke...."


Heliလက်​လေးနှစ်ဖက်​ရှေ့ဆန့်​ပေးကာသမီး​လေးကို​တောင်းလိုက်​ပေမဲ့ကိုukeက​ကြောင်အန်းအန်း​လေးနှင့်ပြန်ကြည့်​နေတယ်....


"ဘာလုပ်​နေတာလဲ???heliကိုသမီး​လေး​ပေး​လေ...သမီး​လေးနှင့်ရှင်ဘယ်လိုကား​မောင်းမှာတုန်း...."


အဲ့ကျမှသူကheliဆီသမီး​လေးကိုလှမ်း​ပေးလိုက်တယ်....ဒီလူဘာ​တွေဖြစ်​နေပါလိမ့်....


ကျွန်​တော့်ရင်ခုန်သံ​တွေကိုသူမမမြင်​အောင်ဖုန်း​နေရတာနှင့်သမီး​လေးကို​ပေးဖို့ပင်​မေ့သွားခဲ့တယ်.....


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-9 coming soon🫧🫧🫧🫧🫧


🍰🍰authoress-yoon mieno🍰🍰