ကားထဲမှာသမီးလေးရဲ့အသံလေးတွေနှင့်ပြည့်နှက်နေတယ်....သမီးလေးက၀၀ကစ်ကစ်လေးနှင့်သိပ်ချစ်ဖို့ကောင်းတာ....ပါးလေးတွေကဖောင်းဖောင်းအိအိလေးဖြစ်နေပြီးအညိုရောင်မျက်လုံးတွေကအရောင်လဲ့နေတာ.....အသားအရည်လေးကစိုပြေပြီးဖွေးနုနေတာ....သမီးလေးကသိပ်ကိုချစ်စရာကောင်းနေတော့heliနှင့်ကျွန်တော်ကရင်နင့်အောင်ကိုချစ်နေရတာပေါ့ဗျာ....
heliတို့အရင်ဆုံးရွှေတိဂုံဘုရားသွားဖူးကြတယ်....ကိုကကားပေါ်ကဆင်းတာနှင့်သမီးလေးကိုသူပဲချီတယ်...heliပင်ပန်းမှာစိုးလို့တဲ့.....သူကအကိုကြီးတယောက်လိုheliကိုပါဂရုစိုက်စောင့်ရှောက်ပေးတယ်....
ဒါပေမဲ့heliသူ့ဆီကအဲ့ထက်ပိုတဲ့အချစ်မျိုးကိုတောင့်တမိတယ်....
heliတို့၃ယောက်ကမသိတဲ့ကြည့်ရင်တော့အားကျစရာကောင်းတဲ့မိသားစုလေးပေါ့....ဒါပေမဲ့၀မ်းနည်းစရာကောင်းတာကအစစ်အမှန်မဟုတ်ခဲ့ဘူး.....တနေ့ကျရင်သူရော၊သမီးလေးရောheliဆီကထွက်သွားကြမှာ....
heliအဲ့အချိန်ကြီးကိုမရောက်ချင်ဘူး...ဖြစ်နိုင်ရင်သမီးလေးရော၊ကိုukeပါheliအနားမှာရှိနေကြတဲ့အချိန်လေးကိုရပ်တန့်ထားချင်မိတယ်.....
"heli....heli...."
"ရှင်!!!"
ကိုuke heliကိုခေါ်လိုက်မှအတွေးလွန်နေတာတွေရပ်တန့်သွားတော့တယ်....
"ကိုယ်တို့အလှည့်ရောက်ပြီ....ဓာတ်လှေကားပေါ်တက်ရအောင်...."
"ဟုတ်...."
heliတို့ဘုရားရင်ပြင်ပေါ်တက်လာကြတယ်....heliတို့မနက်စာတောင်မစားပဲစောစောထွက်ခဲ့တာကြောင့်ရင်ပြင်ပေါ်မှာဘုရားဖူးတွေသိပ်တော့မရောက်ကြသေး....
မနက်အစောပိုင်းဖြစ်နေ၍လေလေးတွေတဖျက်ဖျက်တိုက်ခတ်မူကြောင့်ရတနာမြတ်သုံးပါးကိုအမွှေးတိုင်ပူဇော်နေတဲ့heliရဲ့ဆံစလေးတွေကပါးပြင်ဖြူဖြုလေးပေါ်၀ဲကျနေတော့တယ်....သူမရဲ့မျက်နှာထက်မှာအေးချမ်းမူအရိပ်တွေကအပြည့်....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
heliနှင့်ကိုukeအချိန်အတော်ကြာဘုရား၀တ်ပြုလိုက်တယ်....ဘုရားရိပ်၊တရားရိပ်လောက်အေးချမ်းတဲ့အရိပ်လောကမှာမရှိဆိုတဲ့စကားအတိုင်းပင်....ဘုရား၀တ်ပြုနေချိန်စိတ်တို့ကတည်ငြိမ်လာပြီးအေးချမ်းမူကိုခေါ်ဆောင်လာပေးတယ်.....
သမီးလေးကလည်းငယ်သေးပေမဲ့လည်းရတနာမြတ်၃ပါးကိုကြည်ညိုသက်၀င်သည့်အလားheliတို့ဘုရားရှိခိုးနေတာကိုအနှောင့်အယှက်မပေးပဲတိတ်ဆိတ်စွာထိုင်နေတယ်.....
ဘုရား၀တ်ပြုပြီးတော့ဂေါပကတွေထံမှာကွယ်လွန်သူမမနှင့်ခဲအိုတို့နာမည်နှင့်စေတီတော်မြတ်ကြီးရဲ့၀ေယျာ၀စ္စအတွက်၁၀သိန်းလှူဒါန်းခဲ့တယ်.....
အခုကိုukeနှင့်heliတို့ပြုခဲ့တဲ့ကုသိုလ်တွေကိုမမနှင့်ခဲအိုတို့ကောင်းရာသုဂတိကိုသာရောက်ရှိပါစေလို့heliစိတ်ထဲကနေဆုတောင်းနေမိတယ်.....
ဘုရားဖူးကုသိုလ်ယူပြီးတော့ဆာနေသည့်ဗိုက်တွေကိုဖြည့်တင်းရန်ဆိုင်တဆိုင်မှာမနက်စာ၀င်စားလိုက်တယ်....သမီးလေးကိုလည်းမနက်စာကျွေးရင်းပေါ့...သမီးလေးကဗိုက်ဆာနေလို့ထင်ပါရဲ့ကားပေါ်မှာကတည်းကဂျီကျနေတာ....
သမီးလေးကိုအပြင်စာတွေမကျွေးရဲသေး....သမီးလေးကအရမ်းနုငယ်သေးတယ်လေ.....ဆရာ၀န်ညွှန်ကြားထားတဲ့အာဟာရနို့မှုန့်နှင့်အာဟာရမှုန့်ကိုသာကျွေးတယ်....
"heli...မင်းဘာစားမလဲ???"
"အဆင်ပြေတာသာမှာလိုက်...အကို...heliကအစာဂျီးမများဘူး...."
heliလေးကသမီးကိုမနက်စာကျွေးနေတာကြောင့်menuကိုတောင်လှည့်မကြည့်အား....
ကျွန်တော့်အတွက်ရှမ်းခေါက်ဆွဲနှင့်ကော်ဖီတခွက်မှာလိုက်ပြီးသူမအတွက်ဒင်ဆမ်းပေါင်းနှင့်လက်ဖက်ရည်ချီုဆိမ့်မှာလိုက်တယ်.....သူမဒင်ဆမ်းဆိုသိပ်ကြိုက်တာ....ပြီးတော့လက်ဖက်ရည်ဆိုချိုစိမ့်ပဲသောက်တတ်တာကျွန်တော်သိပါတယ်.....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
သမီးလေးကသူ့မားမားကျွေးနေသည့်မနက်စာကိုစားနေလိုက်တာများပါးလေးတွေဖောင်းပြည့်နေသည့်အထိစားနေလိုက်တာများ....ဘယ်လိုကြည့်ကြည့်ချစ်စရာကောင်းနေသည့်ကျွန်တော့်သမီးငယ်လေးကိုအချစ်တွေသာပိုလို့တိုးနေရတော့တယ်....
"မီးမီးလေး....စားကောင်းလား???"
သမီးလေးကကျွန်တော့်စကားကိုနားလည်သည့်အလားတခစ်ခစ်နှင့်ပြန်ရယ်ပြတယ်....
ခဏကြာတော့waiterကောင်လေးကကျွန်တော်မှာထားတာတွေလာချပေးတယ်....
"heli....မှာထားတွေရောက်ပြီ..."
"နောက်မှပဲစားလိုက်မယ်....ကိုuke....သမီးလေးဗိုက်ပြည့်အောင်အရင်ကျွေးချင်လို့...."
"အွန်း....heliသဘော...."
ကျွန်တော်ရှမ်းခေါက်ဆွဲပန်းကန်ကိုရှေ့သို့ယူကာစားလိုက်တယ်....အစားသာစားနေပေမဲ့မျက်လုံးကတော့သူမဆီမှာ.....heliဘယ်တော့စားမလဲလို့စောင့်ကြည့်နေပေမဲ့ရှမ်းခေါက်ဆွဲတပွဲသာကုန်သွားတယ်....သူမကတော့အခုထိမစားသေး.....
ကျစ်....heliကဘာလို့အခုထိမစားသေးတာလဲ???ဒင်ဆမ်းတွေကအေးသွားရင်စားကောင်းတော့မှာမဟုတ်ဘူး....သူ့သမီးကိုသာဂရုတစိုက်ကျွေးနေသည့်heliကိုကြည့်ရင်းခေါင်းခါယမ်းလိုက်မိတယ်.....
သူမစားဖို့ထက်သမီးစားဖို့ကပိုအရေးကြီးသည့်သူမစိတ်ကိုလည်းကျွန်တော်ကောင်းကောင်းကြီးသိနေတာပေါ့....
အဲ့တာကြောင့်စိတ်မြန်လက်မြန်ရှိတဲ့ကျွန်တော်ဒင်ဆမ်းတခုယူလိုက်ပြီးသူမကိုခွံကျွေးဖို့လုပ်လိုက်တယ်....heliကကျွန်တော့်ကိုကြောင်အမ်းအမ်းလေးနှင့်ပြန်ကြည့်နေတယ်....
"ပါးစပ်ဟလေ....heli...မင်းဗိုက်ဆာနေမှာဆိုးလို့...."
heliသူခွံကျွေးတဲ့ဒင်းဆမ်းကိုငြင်းနိုင်ခြင်းမရှိပဲနှလုံးသားအလိုကျစားလိုက်မိတယ်....သူကheliကိုဒင်ဆမ်းတွေဆက်ပြီးခွံကျွေးနေခဲ့တယ်....
သူခွံကျွေးတဲ့ဒင်ဆမ်းတွေမို့လားမသိ....heliအတွက်တော့ပိုပြီးအရသာတွေရှိတယ်....ရှင်ရယ်....ကျွန်မရှင်မရှိပဲမနေနိုင်အောင်ထိမလုပ်ပါနှင့်ရှင်.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-10 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰