heliရဲ့နှုတ်ခမ်းဖူးဖူးလေးကဒင်ဆမ်းလေးတွေကိုကိုက်ကာကိုက်ကာစားနေသည်ကအလွန်ပင်အသည်းယားဖို့ကောင်းတယ်.....ထိုနှုတ်ခမ်းပါးလေးကပေးခဲ့တဲ့အနမ်းချိုချိုလေးကိုပြန်ပြီးသတိရမိတယ်....မင်းအနမ်းကသိပ်ကိုချိုတယ်.....
ရုတ်တရတ်ရင်ခုန်သံတွေကကျယ်လောင်သထက်ကျယ်လောင်လာတယ်....uke...မင်းနှလုံးသားကပြောစကားတွေကိုလျစ်လျူရှုထားစမ်းပါ......
သူမလေးကမင်းကိုအကိုကြီးတယောက်လိုသဘောထားပြီးအားကိုးနေတာ....ဒီအကြောင်းတွေသာသိရင်သူမအ၀ေးကိုထွက်သွားလိမ့်မယ်....မင်းကိုအ၀ေးကနေပဲငေးကြည့်နေတော့မယ်....heliလေးရယ်....
မနက်စာစားပြီးတော့သူမနှင့်ကျွန်တော်စီစဥ်ထားတဲ့အတိုင်းကိုကိုနှင့်အမတို့အတွက်ရည်စူးကာမိဘမဲ့ကျောင်းကကလေးလေးတွေကိုသင်္ကန်းပိက္ခရာအစုံအလင်နှင့်ရှင်ပြုပေးခဲ့တယ်....ကလေးတွေခမျာရှင်ပြုပေးမဲ့သူမရှိရှာဘူးလေ.....
heliတို့ဘုရားသားတော်ဖြစ်သွားတဲ့မိဘမဲ့ကျောင်းကကိုရင်လေးတွေနှင့်ဆရာတော်သံဃာတော်ကြီးတွေကိုဆွမ်းကပ်လှူခဲ့တယ်.....heliတို့ဆွမ်းကပ်နေတုန်းသမီးလေးကတော့ကားပေါ်မှာအိပ်ပျော်နေလေတယ်.....ဆွမ်းကပ်နေတုန်းကားထဲကချစ်စဖွယ်သမီးလေးကိုheliလှမ်းကြည့်ရတာအမော.....
ဆွမ်းကပ်လှူပြီးတော့လှူဖွယ်ပစ္စည်းတွေကိုကျွန်တော်နှင့်heliကပ်လှူပူဇော်ခဲ့တယ်....ကိုကိုနှင့်အမရေ....ဒီကုသိုလ်အစုစုတို့ကိုထပ်တူရရှိပါစေ....ကျွန်တော်ကိုကိုတို့အတွက်ဆုတောင်းလိုက်မိတယ်....
အလှူကိစ္စပြီးသွားတော့အိမ်ကိုပဲတန်းပြန်လာခဲ့တယ်....သမီးလေးကတော့သူ့မားမားရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာတာ.....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ဒီနေ့heliအိမ်မှာပဲနားနေတယ်....ကိုukeကတာ့အလုပ်သွားတယ်....heliလည်းအားနေတာကြောင့်သူငယ်ချင်းမလေးမြနွယ်နှင့်မုန့်လုပ်စားမယ်လို့စိတ်ကူးရတာနှင့်မြနွယ်ကိုဖုန်းဆက်ခေါ်လိုက်တယ်.....
ဖုန်းဆက်တာ၁၅မိနစ်ပဲရှိသေး....မြနွယ်ကအပြေးရောက်လာတော့တယ်.....
"ဟဲ့...ဟဲ့...ဘယ်လိုဖြစ်လာတာလဲဟယ်....အလောတကြီးနှင့်...ဖြေးဖြေးလာတာမဟုတ်ဘူး...ကြီးကြီးထားရေ....အအေးဘူးလေးတဘူးယူလာခဲ့ပါအုန်း...."
"အေး...အေး...သမီးရေ..."
"ဆိုစမ်းပါအုန်း....ဒေါ်မြနွယ်....ဘယ်လိုဖြစ်လို့အမောတခေါပြေးလာာတလဲ???"
heliမြနွယ်ကိုမေးခွန်းထုတ်လိုက်တယ်....
"ငါကမီးမီးလေးကိုတွေ့ချင်လို့ပါဟ....ပြီးတော့အိမ်ကနေလည်းအမြန်ထွက်လာချင်နေတာ....နင်ဖုန်းဆက်တာနှင့်အတော်ဖြစ်သွားတယ်....နင့်ကိုအရမ်းကျေးဇူးတင်တယ်ဟာ...."
"ဟမ်....ဘာဖြစ်လို့လဲ???"
ထိုအချိန်ကြီးကြီးကcokeတဗူးလာချပေးတာနှင့်စကားစပြတ်သွားတယ်....မြနွယ်ကအအေးဘူးကိုဖောက်ကာသောက်လိုက်တယ်....
"ဆက်ပါအုန်း...ဘယ်လိုဖြစ်တာလဲ???နင်အန်တီတို့နှင့်ရန်ဖြစ်ထားလို့လား???"
"မဟုတ်ပါဘူးဟာ....ချက်ရင်းပြုတ်ရင်းမှဆက်ပြောရအောင်....အခုငါတို့ဘာလုပ်စားကြမလဲ???"
"ငါတော့မုန့်ဟင်းခါးချက်စားရင်ကောင်းမလားလို့...."
"ကောင်းတာပေါ့....နင့်လက်ရာကောင်းပြီးသား...ငါအကုန်စားတယ်...."
"အမလေး...မြှောက်နေပြန်ပြီ....အဲ့ဒါဆိုငါလိုအပ်တာတွေ၀ယ်ဖို့စာရင်းရေးလိုက်အုန်းမယ်...."
heliစာရင်းရေးပြီးကြီးကြီးထားကိုဈေးမှာလိုက်တယ်....
"သူငယ်ချင်း....ဈေးဖိုးကိုငါပေးလိုက်မယ်...."
"မလုပ်ပါနှင့်မြနွယ်ရယ်....ငါပဲပေးလိုက်မယ်...."
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
"နင်ကပြီးရင်အပင်ပန်းခံပြီးချက်ရပြုတ်ရအုန်းမှာ....ဈေးဖို့တော့ငါပေးလိုက်မယ်....နို့မို့ဆိုငါပြန်လိုက်မှာနော်...."
"အေးပါဟယ်....နင်ကလည်းစိတ်ချည်းပဲ..."
မြနွယ်ကကြီးကြီးကိုဈေးဖိုးထုတ်ပေးလိုက်တယ်......ကြီးကြီးထွက်သွားတော့heliနှင့်မြနွယ်မီးဖိုခန်းထဲမှာအလုပ်ရှုပ်နေတော့တယ်.....
"ဒီနေ့လေငါ့အဖေရဲ့သူငယ်ချင်းမိသားစုအိမ်လာလည်တယ်...."
မြနွယ်ကြက်သွန်ခွာရင်းစကားစလိုက်တယ်...
"ဖေဖေနှင့်မေမေကဘာမှကြိုမပြောထားတော့ငါလည်းဘယ်မှမသွားပဲအိမ်မှာပဲနေပြီးဧည့်သည်တွေကိုဧည့်ခံနေတာပေါ့....နောက်တော့မှသူတို့ကဘာလာလုပ်တာလဲသိလား???"
"ဘာလာလုပ်တာလဲ???"
"သားရေးသမီးရေးကိစ္စလာပြောကြတာ....ငါနှင့်ကိုလင်းနီကိုနေရာချထားပေးမလို့တဲ့...."
"အမယ်...ဒါဆိိုတို့အပျိုကြီးစွံတော့မှာပေါ့...."
"ငါတော့စိတ်မ၀င်စားပါဘူး...နင်ဖုန်းဆက်တာနှင့်ငါလည်းနင့်ဆီတန်းထွက်လာလိုက်တာ...."
"ဖြစ်ရလေ...မြနွယ်ရယ်...."
"ဖေဖေတို့ကဘာတွေလျှောက်စီစဥ်ထားလည်းမသိဘူး....အပျိုကြီးပဲလုပ်ပါ့မယ်လို့ဒီလောက်ပြောထားတဲ့ဟာကို....အပျိုကြီးဘ၀ကဘယ်လောက်လွတ်လပ်လိုက်လဲ...."
မြနွယ်နှင့်heliကလွတ်လွတ်လပ်လပ်နှင့်အေးဆေးပဲနေချင်ကြတာ....ဒါကြောင့်အပျိုကြီးလုပ်ဖို့၂ယောက်လုံးကတိပေးခဲ့ကြတယ်....အသက်ကြီးလာရင်အတူတူနေရင်းအဖော်လုပ်သွားမယ်လို့တောင်တိုင်ပင်ခဲ့ကြတာ....
ဒါပေမဲ့ကံကြမ္မာကကျီစယ်လိုက်တော့heliအခုဖြစ်သွားတာပဲ....မြနွယ်ကိုပေးထားတဲ့ကတိကိုဖျက်လိုက်သလိုဖြစ်တာကြောင့်မြနွယ်ကိုအားနာမိတယ်.....
"မြနွယ်ရယ်...ငါကတိမတည်နိုင်တဲ့အတွက်တောင်းပန်ပါတယ်...."
heliအရင်တုန်းကအကြောင်းတွေပြန်သတိရသွားကာစိတ်မကောင်းဖြစ်နေတာမြနွယ်နားလည်လိုက်တယ်....
"သူငယ်ချင်းရယ်....ငါစကားမှားသွားတယ်....စိတ်မကောင်းမဖြစ်ပါနှင့်...ကံကြမ္မာစေခိုင်းတဲ့အတိုင်းနင်လုပ်ခဲ့ရတာလေ...ငါနားလည်ပါတယ်...."
မြနွယ်ကheliလက်ကိုကိုင်ကာနှစ်သိမ့်ရှာတယ်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-11 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰