တန်ဖိုးရှိတဲ့ကျောက်မြတ်ရတနာတွေနှင့်လှပတင့်တယ်နေသည့်ရတနာစံအိမ်ကြီးတခုတွင်.....
"ကျူးလစ်...daddyစကားနားထောင်စမ်း...."
"ကျူးလစ်လက်မထပ်ချင်ပါဘူးဆို....ကျူးလစ်မကြိုက်တာကိုdaddyကဘာလို့အတင်းစီစဥ်နေတာလဲ....သမီးစိတ်ညစ်လာပြီ...."
"daddyကသမီးကောင်းဖို့အတွက်စီစဥ်နေတာ....သမီးရေမွန်နှင့်လက်ကိုလက်ထပ်ရမယ်...ဒါပဲ...."
ကျူးလစ်ကိုအမိန့်ဆန်ဆန်ပြောကာထွက်သွားတဲ့သူကကျူးလစ်ရဲ့ချစ်ရပါသောdaddy Jane(ဂျိမ်း)....daddyကအမြီးကိုးချောင်းမြေခွေးတွေရဲ့အရှင်သခင်မို့လားမသိ...စကားပြောတာအာဏာရှင်ဆန်တယ်....
ကျူးလစ်ကလည်းdaddyရဲ့အဲ့လိုအာဏာသံပါတဲ့စကားတွေကိုသဘောမကျပါ...သူများတွေများတဦးတည်းသမီးလေးဆိုအလိုလိုက်ခံရပြီးအချစ်ခံရတာ....
ကျူးလစ်ကတော့တခြားစီပါ....mommyမရှိတော့တဲ့နောက်မှာစည်းကမ်းကြီးတဲ့daddyလက်ထဲမှာပဲကျူးလစ်ကြီးပြင်းခဲ့ရတယ်....daddyကကျူးလစ်ကိုတခါမှအလိုလိုက်တယ်ဆိုတာမရှိဘူး....အမြဲတမ်းစည်းကမ်းနှင့်ပဲနေခဲ့ရတာ....
အခုလည်းကြည့်အုန်း....ကျူးလစ်တခါမှမမြင်ဖူးတဲ့ရေမွန်ဆိုတဲ့မြေခွေးအစုတ်ပလုတ်နှင့်ပေးစားအုန်းမယ်....ကျူးလစ်သူ့ကိုလက်မထပ်ကိုချင်တာကြောင့်အိမ်ကနေထွက်ပြေးလာလိုက်တယ်.....
အိမ်ကနေထွက်ပြေးလာတုန်းမိုးတွေရုတ်တရတ်ရွာလာတာကြောင့်ကျူးလစ်မြေခွေးပုံပြောင်းလိုက်ပြီးမိုးခိုလို့ရမဲ့နေရာဆီအမြန်ပြေးလိုက်တယ်....
ညအချိန်ဖြစ်တာကြောင့်ကျူးလစ်သစ်ကိုင်းတခုကို၀င်တိုက်မိပြီးခြေချော်ကာချောက်ကမ်းခါးထဲသို့ပြုတ်ကျသွားတယ်.....
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
အောက်သို့လှိမ့်ကျသွားစဥ်ကျူးလစ်ရဲ့ခေါင်းနှင့်ကျောက်တုံးတခုနှင့်ဆောင့်မိသွားကာသတိလစ်မေ့မြောသွားတယ်....

သူ့နာမည်ကဂျယ်ရမီ....vampireတို့ရဲ့အရှင်သခင်....ဘယ်သူမှမော့မကြည့်ရဲတဲ့အထိအာဏာအရှိန်အဝါကြီးမားသူတယောက်....
ထိုသို့အရှိန်အဝါကြီးမားတဲ့ဘုရင်တပါးမှာမိဖုရားမရှိသေး....သူ့ရဲ့singalသက်တမ်းမှာနှစ်ပေါင်း၅၀၀ပင်ရှိခဲ့ပြီ....သူ့နှလုံးသားကိုအပိုင်သိမ်းနိုင်တဲ့မိန်းကလေးမပေါ်လာသေးပေ....သူပတ်သတ်ဖူးတဲ့မိန်းကလေးဆိုလို့ရေချယ်ဆိုတဲ့ကောင်မလေးတယောက်သာရှိခဲ့တယ်......
ကျွန်တော်ဒီနေ့တောထဲမှာဒဏ်ရာနေတဲ့မြေခွေးဖြူလေးတွေ့လိုက်ရတယ်....မြေခွေးဖြူလေးကိုကျွန်တော်သနားသွားတာကြောင့်အိမ်ကိုခေါ်လာပြီးဆေးကုပေးလိုက်တယ်....
အား...ကျွတ်...ကျွတ်...နာလိုက်တာ....ကျူးလစ်သတိရတာနှင့်ခေါင်းကတဆစ်ဆစ်နာကျင်တာမူကိုခံစားလိုက်ရတယ်....
"သတိရလာပြီလား???"
အသံလာရာကြည့်လိုက်တော့ကျူးလစ်ထက်အသက်ကြီးတဲ့ပုံပေါ်တဲ့လူကြီးတယောက်....သူ့ကvampireတယောက်ဆိုတာကျူးလစ်ကြည့်လိုက်တာနှင့်သိပါတယ်....
အသက်ကြီးပေမဲ့လည်းအရမ်းချောမောပြီးနုပျိုနေဆဲ...ကျူးလစ်ဦးကိုငေးကြည့်နေမိတယ်....
"ဟိတ်...ပေါက်စလေး...ဘာတွေငေးနေတာလဲ???"
"မငေးပါဘူး...ဦးနာမည်ကဘယ်လိုခေါ်လဲဟင်..."
"ဂျယ်ရမီ...."
ဦးကခပ်တိုတိုသာပြန်ဖြေတယ်....
"ကျွန်မနာမည်ကကျူးလစ်ပါ...ကျူးလစ်ကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်....ဦး..."
"ရပါတယ်...မင်းဒဏ်ရာရောသက်သာရဲ့လား???"
"သက်သာပါတယ်...."
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
"မင်းအိမ်ဘယ်မှာလဲ...လိုက်ပို့ပေးမယ်လေ..."
"မပြန်ချင်ပါဘူး....အိမ်မှာမနေချင်လို့ထွက်ပြေးလာတာပါဆို...."
"ဟင်...အဲ့တာဆိုမင်းကအခုဘယ်သွားပြီးဘယ်မှာနေမှာလဲ???"
"ဘယ်မှမသွားတော့ဘူး...ဒီမှာပဲနေမှာ...ကျူးလစ်ကိုဦးခေါ်လာခဲ့တာလေ...ဦးတာ၀န်ယူရမှာပေါ့...."
"ဟာ!!!"
စကားသွက်တဲ့ပေါက်စလေးကြောင့်ကျွန်တော်ဘာပြန်ပြောရမလဲတောင်မသိတော့ဘူး....ဘယ်တတ်နိုင်မလဲကျွန်တော်ကခေါ်လာမိတာကိုး...ခံလိုက်အုန်းပေါ့ကွာ...ဂျယ်ရမီ...
ကျုးလစ်ဘယ်သွားရမလဲမသိတာနှင့်ဦးရဲ့အိမ်မှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်....ပြီးတော့ဦးရဲ့အနားမှာနေချင်မိတာလည်းပါတာပေါ့....ဘာလို့လဲဆိုဦးကိုစိတ်၀င်စားမိလို့ပဲ....
"ဦး...မီးဗိုက်ဆာတယ်...."
"ဗိုက်ဆာရင်ပန်းသီးစားလေ..."
"ဦးအိမ်မှာအသားကင်မရှိဘူးလား..."
"ဟ...vampireအိမ်မှာဘယ်လိုလို့အသားရှိမှာလဲ...အိမ်မှာအသီးအရွက်၊အသီးအနှံနှင့်သွေးပုလင်းတွေပဲရှိတယ်..."
ကျွန်တော်တို့vampireတွေကအသားစားလေ့မရှိကြဘူး...လိုအပ်တဲ့သွေးသောက်ပြီးအသီးအရွက်နှင့်အသီးတွေသာစားကြတာ....
"ဟွန့်...အသားကင်ပဲစားချင်တာပါဆို...."
ပေါက်စကနှုတ်ခမ်းလေးဆူကာဆိုးနွဲ့နေတော့တယ်....
"အေးပါကွာ...ချာတိတ်စားချင်တဲ့အသားကင်ခဏနေလုပ်ပေးမယ်.....အခုတော့အဆာပြေပန်းသီးလေးစားလိုက်...လိမ္မာတယ်နော်..."
"တကယ်နော်...."
"တကယ်....ကတိပေးတယ်...."
အဲ့ကျမှပေါက်စကပန်းသီးစားတော့တယ်...ဘယ်လိုပေါက်စလေးမှန်းကိုမသိဘူး...တကယ့်အဆိုးလေး...
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-2 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰