"ဂျယ်ရမီ...ဂျယ်ရမီရေ..."
ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့cris...crisကကျွန်တော့်အချစ်ဆုံးသူငယ်ချင်းဖြစ်သလိုကျွန်တော်ယုံကြည်ရဆုံးလက်ထောက်ဆိုလည်းဟုတ်တယ်.....
"ဟင်...ရေချယ်...ရေချယ်မဟုတ်လား???"
"ဟေ့ကောင်...မင်းဘာတွေပြောနေတာလဲ???သူကရေချယ်မဟုတ်ပါဘူး...ကျူးလစ်ပါ...သူဒဏ်ရာရထားလို့ငါကူညီထားတာ..."
"အော်....ဟုတ်လား...တွေ့ရတာ၀မ်းသာပါတယ်...အချောလေး....ဦးရဲ့နာမည်ကcrisပါ..."
"ဟုတ်ကဲ့ပါ...ဦးcris..."
ဦးရဲ့သူငယ်ချင်းကကျူးလစ်ကိုဘာလို့ရေချယ်လို့ထင်နေရတာလဲ???ကျူးလစ်သိချင်မိတယ်....
"တိုင်းပြည်ထဲမှာရောအဆင်ပြေပြေရှိရဲ့လား???"
"အွန်း...အားလုံးအဆင်ပြေတယ်...ဟိုတနေ့တုန်းကတိုက်ပွဲမှာစေတန်တွေအထိနာသွားတဲ့ပုံပဲ...တိုင်းပြည်နားမှာအရိပ်ယောင်တောင်မတွေ့ရဘူး...."
"အွန်း...အဲ့တာဆိုကောင်းတာပေါ့...ဒီကောင်တွေကအတင့်ရဲနေတာ...မှတ်လောက်သားလောက်အောင်ပညာပေးထားမှတန်ကာကြမှာ...."
စေတန်ဆိုတဲ့နတ်ဆိုးတွေကကျွန်တော်တို့ရဲ့ရန်သူတွေပါ...သူတို့နှင့်ကျွန်တော်တို့vampireမျိုးနွယ်တွေကရန်ငြိုးမရှိပေမဲ့သူတို့ကကျွန်တော်တို့မျိုးနွယ်တွေကိုတွေ့တာနှင့်ဗိုလ်ကျအနိုင်ကျင့်နေကြတာ....
အဲ့လိုနိုင့်ထက်စီးနင်းလုပ်တာကျွန်တော်တို့ကလည်းဘယ်သီးခံနိုင်ပါ့မလဲ....အဲ့ကတည်းကသူတို့မျိုးနွယ်နှင့်ကျွန်တော်တို့မျိုးနွယ်မတည့်ကြတော့တာပဲ....ရန်ပွဲတွေလည်းမကြာမကြာဖြစ်တယ်...ရန်ကတော့သူတို့ဖက်ကပဲအရင်လာလာစကြတာ....
ခဏနေတော့Crisပြန်သွားတယ်....စေတန်တွေရဲ့သတင်းကိုထပ်စုံစမ်းဖို့အတွက်ပေါ့....
"ပေါက်စ...ရပြီ...စားတော့"
ဦးသူ့အစွမ်းနှင့်ဖန်ဆင်းလိုက်တော့အငွေ့တထောင်းထောင်းထနေတဲ့အသားကင်မွှေးမွှေးလေးကကျူးလစ်ရှေ့မှာပေါ်လာတယ်.....
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
"ဝါး...အရသာရှိမဲ့ပုံပဲ...အနံ့လေးကလည်းမွှေးနေတာပဲ....ကျေးဇူးပဲနော်....ဦး...."
ပေါက်စကအကင်ကိုယူကာအားရပါးရကိုစားနေတော့တာ....သူမရဲ့ပါးဖောင်းဖောင်းလေးကသိပ်ကိုချစ်ဖို့ကောင်းတာပဲ...ကိုက်စားပစ်ချင်စရာ....
"ဦး...စားအုန်းမလား???"
"မစားတော့ဘူး...ပေါက်စပဲစားတော့..."
"မီးကကျွေးတယ်နော်...ဦးဘာသာမစားတာနော်...."
"ဟုတ်ပါပြီ...."
"အ့....ပူလိုက်တာ...."
"ပေါက်စရယ်....မှုတ်ပြီးအေးဆေးမှစားပါ...ရော့...ဒီမှာရေလေးသောက်လိုက်အုန်း...."
ပေါက်စအတွက်ရေထည့်ပေးကာတိုက်လိုက်တယ်....
"ပူနေသေးလား....ပေါက်စလေး...."
"ဟွန့်အွန်း...မပူတော့ဘူး....ရေသောက်လိုက်တာပျောက်သွားပြီ...."
ပေါက်စကဖြူစင်တဲ့အပြုံးလေးနှင့်ပြုံးပြကာပြန်ပြီးဖြေတယ်....ပေါက်စလေးကအရမ်းကိုဖြူစင်ပြီးချစ်ဖို့ကောင်းလွန်းတယ်....
အသားကင်တွေကအရမ်းစားကောင်းတယ်....နူးနူးအိအိလေး....ကျူးလစ်တော့ဦးနှင့်တွေ့ရတာကံကောင်းတာပဲ....
"ပေါက်စ...မင်းကဘာလို့အိမ်ကထွက်ပြေးလာတာလဲ???"
"daddyကိုမကျေနပ်လို့...."
"ဘယ်လို???"
"daddyပေါ့...ကျူးလစ်မကြိုက်တဲ့သူနှင့်အတင်းလက်ထပ်ခိုင်းနေတာ...အဲ့တာနှင့်အိမ်ကထွက်ပြေးလာတာ...."
"အဟက်...ပေါက်စလေး...မင်းကအဆိုးလေးပဲ..."
"ဦးနော်...မီးကမဆိုးပါဘူး...."
"ဟုတ်ပါတယ်...ပေါက်စကလိမ္မာပြီးသား...."
ပေါက်စရဲ့ဆံပင်လေးတွေကိုပွတ်သပ်ပေးလိုက်တယ်....
"ဦး...မီးရေချိုးချင်တယ်...."
"ချိုးလေ...ပေါက်စလေး....ပေါက်စလေးအခန်းကရေချိုးခန်းမှာအကုန်အဆင်သင့်ပဲ...."
"မီးကအဲ့တာပြောချင်တာမဟုတ်ဘူး....ရေချိုးပြီးရင်ကျူးလစ်ကဘာ၀တ်ရမှာလဲ???၀တ်စရမှမရှိတာ...."
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
"ဦးမှာလည်းမိန်းကလေး၀တ်စုံမရှိဘူး...ပေါက်စရဲ့...ဒီလိုလုပ်...ဦးရဲ့အင်္ကျီလေးတွေပဲ၀တ်ထားလိုက်....မနက်ဖြန်မှပေါက်စအတွက်အ၀တ်အစားတွေဦးစီစဥ်ပေးမယ်...."
"အွန်း...အဲ့တာဆိုလည်းပြီးတာပဲ...."
ကျွန်တော်ချာတိတ်အတွက်ရှပ်အင်္ကျီလက်ရှည်ဖြူလေးနှင့်sizeအသေးဆုံးဂျင်းဘောင်းဘီရှည်လေးထုတ်ပေးထားလိုက်တယ်....
ပေါက်စလေးကကျွန်တော့်အင်္ကျီတွေ၀တ်လိုက်တော့ပွပွကြီးဖြစ်နေတယ်....ယောကျ်ားလေးရှပ်အင်္ကျီလေးနှင့်တောင်ချစ်စရာကောင်းနေတဲ့ပေါက်စလေး....
"ဦး...မီးနှင့်အရမ်းအကြီးနေတယ်..."
နှုတ်ခမ်းဆူကာပွစိပွစိနှင့်ပြောနေသည့်ပေါက်စလေး....
"ပေါက်စလေးရယ်....ဒီတညပဲသီးခံလိုက်ပါ...နောက်နေ့ကျမှဦးစီစဥ်ပေးမယ်....အခုဦးအရမ်းအိပ်ချင်နေပြီ...ပေါက်စရာ...."
ဦးကပြောရင်းသမ်းနေတော့တယ်....
"ပြီးရော....."
ခြေမျက်စိထိရှည်ကျနေတဲ့ဂျင်းဘောင်းဘီစကိုကျူးလစ်တက်နင်းမိပြီးဦးရဲ့ရင်ခွင်ထဲလဲကျသွားတယ်....ဦးရဲ့ရင်ခွင်ကအရမ်းနွေးထွေးလွန်းတယ်....
ကျူးလစ်ရင်တွေခုန်နေမိတယ်....တခါမှမခုန်ခဲ့ဖူးတဲ့နှလုံးသားကဦးနှင့်တွေ့မှခုန်ပေါက်နေတော့တယ်....
"ပေါက်စလေး...သတိထားမှပေါ့...လဲကျသွားရင်ဘယ်လိုလုပ်မလဲ???"
"ဟီး...ကျေးဇူးပဲ...ဦး...."
စပ်ဖြဲဖြဲလုပ်ပြနေတဲ့ပေါက်စလေး....ပေါက်စလေးမင်းကဘယ်လိုလေးလဲကွာ....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-3 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰