"ဦး...ဘယ်သွားမလို့လဲ???"
"ဥယျာဥ်ထဲသွားမလို့...."
"ဦးမှာဥယျာဥ်ရှိတာလား??? မီးလည်းလိုက်ချင်တယ်...မီးစိမ်းစိုနေတဲ့အပင်လေးလှလှတွေလေးတွေကိုကြည့်ချင်လို့...."
"ပေါက်စကဘာလိုက်လုပ်မှာလဲ...အိမ်မှာပဲနားနားနေနေ နေစမ်းပါ....ပေါက်စရာ...."
"မီးလည်းလိုက်ချင်ပါတယ်ဆို...မလိုက်ခိုင်းရင်ဦးကိုစိတ်ကောက်မှာနော်...."
ပေါက်စကခြေဆောင့်ကာဆူပုပ်ပုပ်လေးနှင့်ပြောတယ်...ဒီကောင်မလေးကတော့တကယ့်ဟာလေး....
"အေးပါ...လိုက်ချင်လည်းလိုက်ခဲ့...."
"တကယ်နော်...."
"အွန်း..."
ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ်....
"ဟေး...."
မတတ်နိုင်ပဲပေါက်စကိုဥယျာဥ်ဆီခေါ်လာခဲ့လိုက်တယ်....ထိုဥယျာဥ်လေးကကျွန်တော်ဝါသနာအရစိုက်ထားတဲ့အပင်လေးတွေနှင့်လှပနေတဲ့နေရာလေးတခု....ကျွန်တော်ကအပင်လေးတွေစိုက်ရတာဝါသနာပါတယ်....အဲ့တာကြောင့်လည်းဒီဥယျာဥ်လေးဖြစ်လာတာပေါ့....
အားလပ်တဲ့အချိန်ကျရင်ဒီဥယျာဥ်လေးထဲမှာပန်းချီလာဆွဲဖြစ်တယ်....တိတ်ဆိတ်တဲ့ဒီဥယျာဥ်လေးထဲမှာပန်းချီဆွဲနေရရင်စိတ်ညစ်စရာတွေ၊စိတ်ဖိစီးတာတွေအားလုံးပျောက်သွားတော့တယ်....
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
ကျွန်တော့်ဥယျာဥ်ထဲကအပင်လေးတွေကိုစောင့်ရှောက်ပေးတဲ့vampireကောင်လေးတွေကိုအပင်သစ်တွေထပ်စိုက်ထားဖို့မှာနေခဲ့တယ်....ထိုအချိန်မှာပေါက်စကတော့ကျွန်တော့်အနားမှာမနေပဲဥယျာဥ်ထဲမှာပတ်ကြည့်ကာအလုပ်ရှုပ်နေလေရဲ့....
"ပေါက်စ....လျှောက်မသွားနှင့်နော်....ဒီနားမှာပဲနေ....."
"ဟုတ်ကဲ့ပါ...ဦး...ဦးလုပ်စရာရှိတာလုပ်..."
ဦးရဲ့ဥယျာဥ်မှာပန်းပင်လေးတွေအနည်းငယ်သာရှိပြီးသီးပင်စားပင်တွေသာများတယ်.....ဦးကအပင်လေးတွေကိုသေချာပြုစုပျိုးထောင်ထားပုံပေါ်တယ်....အပင်တွေအားလုံးကကျန်းမာသန်စွမ်းပြီးအရွက်ကလေးတွေဆိုစိမ်းစိုနေတာ....
ညနေစောင်းနေ၀င်ချိန်ဖြစ်တာကြောင့်လတ်ဆတ်အေးမြတဲ့လေလေးတွေကအပင်လေးတွေကြားကနေဖြတ်ကာတိုက်ခတ်နေတယ်....
ကျူးလစ်အစိမ်းရောင်စပျစ်သီးလေးတွေသီးနေတဲ့စပျစ်ပင်ကြီးတွေ့တော့မျက်လုံးတွေ၀င်းလက်သွားတယ်....စပျစ်တခိုင်ခူးလိုက်ပြီးစားလိုက်တယ်....
အွန်း...အရသာကိုရှိလိုက်တာ...ချိုနေတာပဲ....ကျူးလစ်ဦးရဲ့ဥယျာဥ်ထဲကလတ်လတ်ဆတ်ဆတ်အသီးတွေကိုခူးစားနေတာအတော်သဘောတွေ့နေတယ်....
ကျူးလစ်အပင်လေးတွေကြားလျှောက်သွားနေရင်းထောပတ်ပင်ကြီးတပင်ကိုတွေ့တယ်....ထောပတ်သီးလေးတွေကစိမ်းစိုပြီးပြည့်ပြည့်ဖောင်းဖောင်းလေးတွေဖြစ်နေတာကြောင့်ကျူးလစ်ရဲ့စားချင်စိတ်ကိုဆွဲဆောင်နေသလိုပင်....
အဲ့တာနှင့်ကျူးလစ်သစ်ပင်ပေါ်တက်လိုက်ပြီး၀င်းမဲ့နေတဲ့ထောပတ်သီးလေးကိုခူးလိုက်တယ်....အသီးကိုခူးချင်စိတ်နှင့်အပင်ပေါ်တက်လာပေမဲ့အဆင်းကျတော့ကျူးလစ်ပြန်မဆင်းတတ်တော့....
အောက်ကိုငုံကြည့်လိုက်တော့အလွန်မြင့်နေတာကြောင့်ကျူးလစ်ကြောက်စိတ်တို့ကြီးစိုးသွားတော့တယ်....
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
"ဦးရေ...ဦး...မီးကိုကယ်ပါအုန်း...."
ပေါက်စရဲ့အသံကိုကြားလိုက်ရတာကြောင့်လုပ်လက်စအလုပ်တွေထားခဲ့ပြီးသူမကိုလိုက်ရှာရတော့တယ်....
"ပေါက်စ...မင်းဘယ်မှာလဲ???ကျူးလစ်ရေ....ပေါက်စလေး..."
"ဦး...မီးအပင်ပေါ်မှာ..."
ပေါက်စအသံကြားလို့မော့ကြည့်လိုက်တော့သူမကထောပတ်ပင်ပေါ်မှာ....
"ပေါက်စ....မင်းအဲ့အပေါ်ဘာတက်လုပ်နေတာလဲ???အခုချက်ချင်းဆင်းခဲ့...."
"မီးမှမဆင်းတတ်တာ...မီးကြောက်တယ်...."
ပြောရင်းငိုနေသည့်ပေါက်စ....ကျစ်...ဒီပေါက်စနှင့်တော့တကယ်ခက်ပြီ....
"ပေါက်စလေး....မကြောက်နှင့်...ဖြေးဖြေးချင်းဆင်းခဲ့....ဦးရှိတယ်...."
"မီးပြုတ်မှာကြောက်တယ်...ဦး..."
"ဦးဖမ်းပေးထားမယ်....ပေါက်စသာသတိထားပြီးဆင်းခဲ့...."
ပေါက်စသစ်ပင်ပေါ်ကနေဖြေးဖြေးချင်းဆင်းလာပေမဲ့ခြေချော်ပြီးသစ်ပင်ပေါ်ကပြုတ်ကျပါလေရော....ကျွန်တော်သူမကိုအောက်ကနေဆီးဖမ်းထားလိုက်တယ်....
"အား!!!"
ပေါက်စကကြောက်အားလန့်အားနှင့်ကျွန်တော့်ကိုအရင်းတွယ်ကပ်ဖက်ထားတယ်.....
"ပေါက်စ....မျက်လုံးဖွင့်ကြည့်ပါအုန်း....မင်းဘာမှမဖြစ်ပါဘူး...."
ဦးအသံကြားမှမျက်လုံးဖွင့်ကြည့်လိုက်တော့ကျူးလစ်ကိုဦးကပွေ့ချီထားတယ်....ပြီးတော့ကျူးလစ်ရဲ့လက်တွေကဦးကိုတင်းတင်းကြပ်ကြပ်ဖက်ထားနေမိတယ်....
ကျူးလစ်ရှက်ပြီးမျက်နှာလေးတွေနီမြန်းသွားတော့တယ်....ရင်တွေကလည်းခုန်နေတာတဒုန်းဒုန်းပဲ....
"ကျေးဇူးတင်ပါတယ်....ဦး..."
ကျူးလစ်ဦးလက်ပေါ်ကနေဆင်းလိုက်တယ်....
"ပေါက်စ....မင်းအဲ့သစ်ပင်ပေါ်ဘာတက်လုပ်တာလဲ???"
"မီးထောပတ်သီးစားချင်လို့တက်ခူးတာပါ...ဦး..."
"အဲ့တာဦးကိုပြောရောပေါ့...ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ...မှောင်လည်းမှောင်နေပြီ...."
"ဦးကမီးကိုပဲ....ဆူနေတာ...."
ပေါက်စနှုတ်ခမ်းလေးဆူကာပြန်ပြောနေတယ်....
"ပေါက်စ...မင်းကတကယ်ကလေးဆိုးလေးပဲ...."
သူမရဲ့ပါးလေးကိုဖွဖွလေးညှစ်လိုက်တယ်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-4 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰