🦇🦇🦇chapter-4🦊🦊🦊
Viewers 165

"ဦး...ဦးရဲ့ဥယျာဥ်မှာပန်းပင်လေးတွေလည်းသိပ်မရှိဘူးနော်...."


"မရှိဘူးလေ....ဦးတို့ကသီးပင်စားပင်တွေပဲစိုက်တာ...."


"မီးကပန်းပင်လေးတွေကြည့်ချင်တာကို....ဦးဆီမှာဘာပန်းပင်မှာလဲမရှိဘူး...ဟွန့်...."


"အဲ့တာဆိုပေါက်စကဘာပန်းပင်လေးတွေကြည့်ချင်တာလဲပြော...."


"ကျူးလစ်ပန်းတွေ....daddyကပြောဖူးတယ်....မီးကကျူးလစ်ပန်းလေးတွေလိုချစ်စရာကောင်းလို့ကျူးလစ်လို့နာမည်ပေးထားတာတဲ့....ဒါပေမဲ့မီးကျူးလစ်ပန်းလေးတွေကိုမမြင်ဖူးဘူး....."


"okလေ...ပေါက်စလေးကျူးလစ်ပန်းလေးတွေမြင်ဖူးစေရမယ်...."


ဦးကလက်ဖျောက်တချက်တီးလိုက်တာနှင့်စံအိမ်ကြီးရဲ့ပတ်ပတ်လည်မှာလှပနေမဲ့ပန်းရောင်ကျူးလစ်ပန်းတွေနှင့်ပြည့်နှက်သွားတော့တယ်.....


"ဝါး...လှလိုက်တာ....ကျူးလစ်ပန်းလေးတွေဒီလောက်လှမှန်းမထင်ထားခဲ့ဘူး...."


ပေါက်စလေးကကျူးလစ်ပန်းလေးတွေကိုကြည့်ကာကလေးတယောက်လိုပြုံးပျော်နေခဲ့တယ်....


ပေါက်စလေး...မင်းdaddyကမင်းကိုနာမည်ပေးတာသိပ်တော်တယ်....မင်းကကျူးလစ်ပန်းလေးတွေလိုသိပ်ချစ်ဖို့ကောင်းတယ်....ပြီးတော့ကျူးလစ်ပန်းလေးတွေလိုမင်းကအရမ်းဖြူစင်တာပဲကွာ....


ထိုအချိန်မှာနှလုံးသားကတဒုတ်ဒုတ်နှင့်ခုန်သွားတော့တယ်....နှစ်ပေါင်းများစွာကြာမှကျွန်တော့်နှလုံးသားကအခုမှလှုပ်ရှားတော့တယ်....အဲ့တာကလည်းကျွန်တော့်ထက်အများကြီးငယ်တဲ့မြေခွေးပေါက်စနှင့်မှ....


လှပတဲ့ကျူးလစ်ပန်းလေးတွေကိုကျူးလစ်ခူးလိုက်ပြီးပန်းအိုးလေးတအိုးမှာထိုးထားလိုက်တယ်...ကျူးလစ်ပန်းလေးတွေကတကယ်လှတဲ့ပန်းလေးတွေပါ...ကျူးလစ်အရမ်းသဘောကျတာပဲ....


🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸


နေထွက်တော့မှာမို့ကျူးလစ်အိပ်ယာ၀င်လိုက်တယ်....ကျူးလစ်တို့မျိုးနွယ်စုတွေကလူသားမျိုးနွယ်တွေနှင့်မဆုံမိစေရန်မနက်ဖက်မှအိပ်ယာ၀င်ကြပြီးညဖက်မှသာအပြင်ထွက်ကြတယ်....


     ဒီနေ့ဦးကအလုပ်ကိစ္စနှင့်အိမ်ကနေခဏထွက်သွားတယ်....ဘာကိစ္စလဲတော့သေသေချာချာမပြောပြသွားဘူး....ဦးမရှိတော့ကျူးလစ်ပျင်းပျင်းလာတာနှင့်ဒီနားတဝိုက်လျှောက်သွားဖို့ဦးရဲ့စံအိမ်ကြီးဆီက​နေထွက်လာခဲ့တယ်....


ဦးတို့​နေတဲ့​​တိုင်းပြည်ကြီးကအပင်​လေး​တွေစိမ်းစိုပြီးသာယာလှပ​နေ​တော့တယ်....ညအခါဖြစ်တာ​ကြောင့်​ကောင်းကင်ကြီးမှလမင်းကြီးကထိန်ထိန်သာ​နေကာကြယ်​လေး​တွေကလည်းတလက်လက်နှင့်​တောက်ပ​နေခဲ့တယ်....


    တလက်လက်​တောက်ပ​နေတဲ့​ကောင်းကင်ကြီးကိုကျူးလစ်​ငေးကြည့်​နေမိတယ်....​ကောင်းကင်ကြီးကဒီ​လောက်လှလိမ့်မယ်မှန်းကျူးလစ်မထင်ထားခဲ့ဘူး....


ဒီ​နေ့က​ရေချယ်ရဲ့နှစ်ပတ်လည်​နေ့....ကျွန်​တော်သူမကြိုက်တဲ့လီလီပန်း​လေး​တွေယူကာသူမရှိရာသို့ရောက်လာခဲ့တယ်.....


   သစ်ရွက်​​ခြောက်လေး​တွေကသူမရဲ့အုတ်ဂူ​လေးမှာ​ကြွေကျ​နေခဲ့တယ်...ထိုသစ်ရွက်များကိုကျွန်​တော်ဖယ်ရှားလိုက်တယ်....


"သူငယ်ချင်းရေချယ်...ငါလာတယ်....မင်းကြိုက်တဲ့လီလီပန်းလေးတွေကိုယူလာပေးတယ်...."


သူမအုတ်ဂူလေးမှာလီလီပန်းလေးတွေတင်ပေးလိုက်တယ်....


"ရေချယ်...ကိုမင်းနှင့်တူတဲ့ကောင်မလေးတယောက်ကိုတွေ့ခဲ့တယ်....သူ့နာမည်ကကျူးလစ်တဲ့....သူကမင်းလိုပဲချစ်စရာကောင်းတယ်...."


ကျွန်တော်ရေချယ်အုတ်ဂူဘေးနားထိုင်ကာကျူးလစ်ဆိုတဲ့ပေါက်စလေးအကြောင်းပြောပြနေမိတယ်.....


  🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸


"သူကမင်းနှင့်ရုပ်ချင်းသာဆင်တာ...မင်းလိုတော့မတည်ငြိမ်မရင့်ကျက်ဘူး....ကလေးလေးလိုအရမ်းဆိုးတာ....ငါသူ့ကိုစိတ်၀င်စားနေမိပြီထင်တယ်....ရေချယ်....မင်းရော...အဆင်ပြေရဲ့လား...ရေချယ်???ဘာလို့အစောကြီးထွက်သွားရတာလဲကွာ...."


ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးသွားသည့်သူငယ်ချင်းဖြစ်သူကိုကျွန်တော်အရမ်းသနားမိတယ်....ရေချယ်နှင့်ကျွန်တော်နှင့်ကငယ်သူငယ်ချင်းတွေ...


     ရေချယ်နှင့်ကျွန်တော်နှင့်ကသူငယ်ချင်းတွေဆိုပေမဲ့သူငယ်ချင်းတွေထက်ပိုတဲ့သံယောဇဥ်တွေရှိခဲ့တယ်....ရေချယ်ကကျွန်တော်အကြောင်းအကုန်သိသလိုကျွန်တော်လည်းရေချယ်အကြောင်းအကုန်သိတယ်....


သူမကကျွန်တော့်နားမှာအမြဲတမ်းရှိနေပေးခဲ့ပြီးနားလည်မူအပြည့်ရှိပေးခဲ့တယ်....ဒါပေမဲ့ကျွန်​တော့်နှလုံးသားကသူမအတွက်တခါမှမခုန်ခဲ့ဖူးတဲ့အတွက်ချစ်သူအဆင့်ထိမရောက်ခဲ့ကြဘူး...


    ရေချယ်နှင့်နှစ်ပေါင်းများစွာအတူရှိခဲ့ပေမဲ့နှလုံးသားကတခါမှမလှုပ်ရှားခဲ့ဘူး....ကျူးလစ်ဆိုတဲ့မြေခွေးပေါက်စလေးနှင့်နှလုံးသားကခဏခဏခုန်ပေါက်လှုပ်နေမိတယ်.....


ကျွန်တော်ရေချယ်ကိုတွေ့ပြီးအပြန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရင်ထဲမှာမီးတောင်ပေါက်ကွဲသွားသလိုပူလောင်သွားတယ်.....


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-5 coming soon🫧🫧🫧🫧🫧


            🍰🍰authoress-yoon mieno🍰🍰