ကျောက်ဘီလူး၂ကောင်ကပေါက်စရဲ့လက်ကိုဆွဲထားကာတနေရာကိုဆွဲခေါ်သွားနေတယ်....
"ဟေ့ကောင်တွေလွှတ်လိုက်စမ်း...."
"ဦး....မီးကိုကယ်ပါအုန်း...."
ပေါက်စကမျက်ရည်လေးတွေနှင့်ကျွန်တော့်ကိုလှမ်းပြောနေတယ်....ကျွန်တော်ရင်တွေဗလောင်ဆူသွားတော့တယ်....
"အရှင်...."
ကျောက်ဘီလူးတွေကဦးကိုတွေ့တာနှင့်ကျူးလစ်ကိုလွှတ်ပေးလိုက်ပြီးဒူးထောက်ကာအရိုအသေပေးတော့တယ်...ကျူးလစ်ဦးဆီပြေးသွားလိုက်ပြီးဦးရဲ့နောက်မှာပုန်းနေမိတယ်....
"ပေါက်စလေး...ဘာမှမကြောက်နှင့်...ဦးရှိတယ်...."
"ဟုတ်...."
"နေစမ်းပါအုန်း...မင်းတို့ကငါနယ်ထဲပြီးရမ်းကားရဲပေါ့....တောက်!!!"
"ခွင့်လွှတ်ပါ...အရှင်...ကျွန်တော်တို့မှားသွားပါတယ်...."
"ဒီတခေါက်တော့ခွင့်လွှတ်ပေးလိုက်မယ်....နောက်တခါဆိုရင်တော့မင်းတို့ရဲ့အရှင်ကိုတိုင်ပြီးအပြစ်ကြီးကြီးပေးခိုင်းမယ်...သွား...အခုထွက်သွား..."
ဦးရဲ့စူးရှပြတ်သားတဲ့အဆုံးမှာကျောက်ဘီလူး၂ကောင်ထွက်ပြေးသွားလိုက်တာများအရိပ်တောင်မမြင်ရတော့ပေ.....
"ပေါက်စ....မင်းရဲ့လက်လေးတွေနီရဲနေပါလား.....တောက်...ဒီကျောက်ဘီလူးတွေကတော့ကွာ...."
ပေါက်စလက်လေးတွေကနီပြီးဖောင်းယောင်နေတယ်....သူမလက်ကလေးကိုကြည့်ပြီးကျွန်တော်ရင်ထဲမကောင်းဖြစ်သွားရတယ်....
"ရပါတယ်...ဦးရဲ့...ပေါက်ပြဲသွားတာမှမဟုတ်တာ...."
"ဒါနှင့်နေပါအုန်း....ပေါက်စကအိမ်မှာမနေပဲဘာဖြစ်လို့ဒီကိုရောက်နေတာလဲ???ဦးအိမ်မှာပဲနေဖို့မှာခဲ့တယ်မလား..."
"ဟိုလေ...ဟို..."
"ကျူးလစ်...."
ဦးရဲ့အသံခက်ထန်နေတာကြောင့်ကျူးလစ်အနည်းငယ်လန့်သွားခဲ့ရတယ်....
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
"ဦးကမီးကိုစံအိမ်ကြီးမှာတယောက်ထဲထားခဲ့တာကိုး....အဲ့တာကြောင့်မီးကပျင်းတာနှင့်အပြင်ထွက်မိတာပေါ့...မီးအခုလိုဖြစ်ရတာဦးကြောင့်ပဲ...."
ပေါက်စစိတ်ကောက်ကာခြေဆောင့်ပြီးထွက်သွားခဲ့တယ်....တကယ်ပါပဲ...သူကပဲအပြစ်လုပ်သေးတယ်...ပြီးတော့သူပဲပြန်ပြီးစိတ်ကောက်သေးတယ်....
တကယ်တတ်လည်းတတ်နိုင်တဲ့ပေါက်စန...
"ကဲပါ...ပေါက်စရယ်...စိတ်မကောက်နေပါနှင့်...ဦးမှားသွားတယ်....တောင်းပန်တယ်နော်..."
"ပြီးရော...အပြောအဆိုလေးတွေသတိထားပါ...ဦးကိုသိပ်ကြည့်ရတာမဟုတ်ဘူး...."
"ဟုတ်ပါပြီဗျာ...ကျွန်တော်မျိုးနောက်ဆိုဆင်ခြင်ပါ့မယ်....ရပြီလား..."
"အွန်း..."
အဲ့ကျမှစိတ်ကောက်ပြေသွားသည့်ပေါက်စ...တကယ့်ဟာလေး...တခြားသူတွေဆိုကျွန်တော့်ကိုမော်တောင်ကြည့်ရဲကြတာမဟုတ်ဘူး....ဒီပေါက်စနှင့်ကျမှကျွန်တော်ပြန်ပြီးငေါက်ခံနေရတယ်....
"ဒီနေ့လသာနေတာပဲ...ငယ်ငယ်တုန်းကအကြောင်းတွေကိုတောင်ပြန်ပြီးသတိရတယ်..."
"ဘာအကြောင်းလဲ...ဦး...မီးကိုလည်းပြောပြပါလား???"
"ဦးငယ်ငယ်တုန်းကဆိုရင်အခုလိုလသာတဲ့ညတွေမှာdaddy၊mommyတို့နှင့်တိမ်တွေကြားထဲမှာဆော့ကစားနေကြ...ပေါက်စလေးရဲ့...."
"ဟုတ်လား...ပျော်ဖို့ကောင်းမှာပဲနော်...မီးကတော့မပျံနိုင်တော့တိမ်လှလှလေးတွေကိုအမြဲတမ်းအဝေးကနေပဲငေးကြည့်နေရတာ....တခါမှအနီးကပ်မကြည့်ဖူးဘူး...."
"ပေါက်စလေးကတိမ်လေးတွေကိုအနီးကပ်ကြည့်ချင့်လား???"
"ကြည့်ခွင့်ရမယ်ဆိုကြည့်ချင်တာပေါ့...ဦးရဲ့..."
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
ဦးကကျူးလစ်ရဲ့ခေါင်းလေးကိုအသာပုတ်လိုက်တာရုတ်တရတ်ဆိုသလိုချစ်စရာကောင်းတဲ့လင်းနို့ဖြူလေးအဖြစ်ပြောင်းသွားတယ်....
"ဝါး...ဦးမီးလေပေါ်ပျံနိုင်နေပြီ..."
ပေါက်စလေးကကျွန်တော့်နားမှာပျော်ရွှင်စွာပျံဝဲနေတယ်....
"သဘောကျလား...ပေါက်စလေး???"
"အွန်း..အွန်း...လွတ်လပ်မူရဲ့အရသာကိုအပြည့်အဝခံစားနေရတယ်....ဦးရယ်...."
သူမလေးကကောင်းကင်ပေါ်ပျံတက်သွားတော့တယ်....ကျွန်တော်လည်းပုံစံပြောင်းပြီးသူမနောက်လိုက်သွားရတော့တယ်....
ပေါက်စကတိမ်တွေကြားထဲမှာပျံသန်းနေရင်းဆော့ကစားနေတော့တယ်....
"ဦး...တိမ်လေးတွေကအရမ်းလှတာပဲ...ပြီးတော့အရမ်းနူးညံနေတာပဲ...."
ပေါက်စတိမ်လေးတွေသဘောကျစွာထိကိုင်နေတယ်...တိမ်လေးတွေလိုပဲမင်းလေးရဲ့အသားအရည်လေးကလည်းနူးညံတာမင်းမသိဘူးမလား...ပေါက်စလေးရဲ့....
ပေါက်စလေးကတိမ်အချို့ကိုယူကာကျွန်တော့်ကိုပစ်ကာစလိုက်တယ်....
"ပေါက်စလေး....မင်းကဦးကိုစိန်ခေါ်တယ်ပေါ့....တွေ့ကြပြီပေါ့...ပေါက်စလေးရယ်..."
ဘေးကတိမ်လေးတွေကိုယူပြီးပေါက်စလှမ်းပစ်လိုက်တယ်....သူမကလျှင်မြန်စွာရှောင်လိုက်တယ်...
"ရှက်ပါတယ်...ထိအောင်လည်းမပစ်နိုင်ဘူး...ဗြဲ..."
သူမကလျှာလေးထုတ်ကာပြောင်ပြနေတယ်...တကယ်အသည်းယားဖို့ကောင်းတဲ့ပေါက်စလေး...ကိုက်စားချင်စရာကောင်းနေတာ...
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-6 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰