"ပေါက်စဖြေးဖြေးသွားလေ....ဦးကိုစောင့်အုန်းလေ..."
ပေါက်စလေးကတိမ်တွေကြားထဲကိုပျံသန်းနေရင်းဆော့ကစားနေသည်ကားကလေးလေးတယောက်လိုပင်....
"ဦးကလည်းနှေးလိုက်တာ....မြန်မြန်လာလေ...."
"အွန်း..."
သူမလေးနှင့်အတူတိမ်တွေကြားထဲမှာအတူကစားနေတာငယ်ငယ်တုန်းအချိန်တွေပြန်ရောက်သွားသလိုခံစားရတယ်....ဘ၀မှာပထမဆုံးအချိန်mommyတို့နှင့်အတူရှိတုန်းကလိုပျော်ရွှင်ခဲ့ရသလိုမျိုးခံစားချက်တွေရခဲ့တယ်....
"ဦး...မီးမောနေပြီ...ခဏနားရအောင်..."
"အွန်း...ဦးတို့ခဏနားရင်းလမင်းကြီးရဲ့အလှကိုကြည့်ကြတာပေါ့...."
"အွန်း...အွန်း..."
"ပေါက်စလေး...ထိုင်လေ..."
ဦးကတိမ်လေးတွေ☁️☁️☁️ပေါ်မှာထိုင်ရင်းကျူးလစ်ကိုထိုင်ဖို့ခေါ်နေတယ်....
"ထိုင်လို့ရလို့လား...တော်ကြာအောက်ပြုတ်သွားအုန်းမယ်...."
"တိမ်လေးတွေကသိပ်သည်းဆရှိပါတယ်....ပေါက်စရဲ့...ပြီးတော့ဦးတို့ကလည်းအလေးချိန်မှသိပ်မရှိတာ..."
(စာရေးသူ၏အတွေးသက်သက်သာဖြစ်၍အမှားပါရင်သီးခံပြီးဖတ်ရှုပေးပါရန်.....)
"ဟုတ်လို့လား???"
သူမလေးကမယုံသင်္ကာနှင့်မျက်ခုံး၂ခုတွန့်ကွေးကာကျွန်တော့်ကိုကြည့်နေတယ်....
"ပေါက်စလေးကဦးကိုမယုံဘူးလား???"
"ယုံတယ်...ယုံတယ်..."
ကျူးလစ်ဦးရဲ့ဘေးမှာမရဲတရဲလေး၀င်ထိုင်လိုက်တယ်....ဦးပြောသလိုတိမ်လေးတွေမှာသိပ်သည်းစရှိနေသည့်အတွက်ကျူးလစ်ထင်သလိုအောက်ကိုပြုတ်မကျသွားခဲ့....
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
တိမ်လေးပေါ်မှာထိုင်ရတာနူးညံအိစက်နေရောပဲ....တခါမှဒီလောက်နူးညံ့တဲ့အထိအတွေ့ကိုမခံစားဖူးဘူး...ကျူးလစ်တိမ်လေးတွေနှင့်ထိတွေ့ရတာအရမ်းသဘောကျတယ်....
ထိုအချိန်မှာကောင်းကင်ထက်မှာကြယ်လေးတွေကြွေသွားတယ်....
"ဦးကြယ်ကြွေသွားပြီး....မြန်မြန်ဆုတောင်း...ကြွယ်ကြွေတာမြင်ရခဲတယ်...ဆုတောင်းအရမ်းပြည့်တယ်...."
ပေါက်စလေးကမျက်လုံးလေးမှိတ်ပြီးဆုတောင်းနေခဲ့တယ်....ကျွန်တော်လည်းမျက်လုံးမှိတ်ကာဆုတခုတောင်းလိုက်မိတယ်.....
*ပေါက်စလေးနေ့တိုင်းပျော်ရွှင်ပြီးကျန်းမာဖို့ဆုတောင်းပါတယ်....*
ကျွန်တော်ဆုတောင်းမိတာကသူမလေးအတွက်သာ....
"ဦး...ဘာဆုတောင်းလိုက်တာလဲ???"
"secret...ထုတ်ပြောရင်ဆုတောင်းမပြည့်တတ်ဘူးလေ....ပေါက်စလေးရဲ့....ပေါက်စလေးရော...ဘာဆုတောင်းလိုက်လဲ???"
"ဦးပဲပြောတော့ထုတ်ပြောရင်ဆုတောင်းမပြည့်တတ်ဘူးဆို....မီးထုတ်ပြောလိုက်ရင်မီးဆုတောင်းတွေဘယ်ပြည့်တော့မှာလဲ???"
"ဟုတ်ပါပြီ...ပေါက်စရဲ့ဆုတောင်းကိုရင်ထဲမှာပဲသိမ်းထားလိုက်နော်.....ပေါက်စလေး"
ဦးကကျူးလစ်ရဲ့ဆံပင်လေးကိုလက်ကလေးနှင့်ထိုးဖွကျီစယ်နေတယ်....
ဦးကကျူးလစ်ရဲ့ဆုတောင်းကဘာလဲလို့မေးတယ်နော်...ကျူးလစ်ရဲ့တခုတည်းသောဆုတောင်းကဦးဘေးမှာကျူးလစ်တသက်လုံးရှိခွင့်ရဖို့ပဲ...ဦးနှင့်အတူရှိနေရရင်ကျူးလစ်ပျော်တယ်...ကျူးလစ်ရဲ့တစ်ဘ၀လုံးကိုဦးနှင့်အတူကုန်ဆုံးသွားချင်တယ်..ဦးရယ်...
ဆွဲဆောင်မူအပြည့်ရှိနေတဲ့ဦးရဲ့မျက်နှာကိုငေးကြည့်ရင်းရင်ထဲမှာစကားတွေအများကြီးပြောမိနေတယ်.....
🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸🩸
ကျွန်တော်အပြင်ကခဏသွားပြီးပြန်လာတဲ့အချိန်မှာပေါ့ဗျာ...ပေါက်စအိမ်မှာမွှေထားတယ်....
အိမ်ထဲကို၀င်လိုက်တဲ့အချိန်မှာစိုရွဲနေတဲ့ဆပ်ပြာရည်တွေကြောင့်ကျွန်တော်ချော်လဲသွားတယ်....
"အားလားလား...သေပါပြီဗျာ...ကျွတ်...ကျွတ်..."
"ဦး...ဘာဖြစ်သွားသေးလဲ...အရမ်းနာသွားတာလား???"
သူမကကျွန်တော်နားအပြေးရောက်လာတယ်....
"ပေါက်စရာ...မင်းဘာတွေလုပ်ထားတာလဲ....တအိမ်လုံးလဲ...ဆပ်ပြာရည်တွေချည်းပဲ..."
"မီးကသန့်ရှင်းရေးလုပ်ပေးနေတာလေ...ကြမ်းပြင်တွေကဖုန်တွေတက်နေလို့...."
"အမလေး...ပေါက်စရယ်...ကြမ်းပြင်ကိုဆပ်ပြာနှင့်သန့်ရှင်းရေးလုပ်ရတယ်လို့မင်းကိုဘယ်သူကသင်လိုက်တာလဲကွာ...."
"မီးလည်းမသိဘူးလေ...ဆပ်ပြာနှင့်တိုက်ရင်ပိုပြောင်တယ်ထင်လို့စေတနာနှင့်သန့်ရှင်းရေးလုပ်ပေးနေတာ......"
သူမကမျက်နှာငယ်နှင့်ပြောနေတော့ဆူချင်တဲ့စိတ်တောင်ဘယ်ပျောက်သွားလည်းမသိတော့ဘူး....
"အေးပါ...ပေါက်စရယ်...ပေါက်စစေတနာနှင့်လုပ်ပေးတယ်ဆိုတာဦးသိပါတယ်...ဒါပေမဲ့နောက်ဆိုပေါက်စအိမ်အလုပ်တွေမလုပ်နှင့်တော့နော်...ဦးပဲလုပ်လိုက်မယ်...."
"ဒါပေမဲ့မီးကဦးကိုကူညီပေးချင်တဲ့ဟာကို...."
"ဦးစကားနားမထောင်ဘူးလား...ပေါက်စလေး..."
"အွန်း...နားထောင်မယ်...ဒါပေမဲ့ဒီဟာတွေကိုဘယ်လိုလုပ်ရမလဲ???"
ပေါက်စကကြမ်းပြင်ပေါ်မှာရှိတဲ့ဆပ်ပြာရည်တွေကိုလက်ညှိုးထိုးပြတယ်....
"ရတယ်...ဦးတာ၀န်ထားလိုက်...."
ဦးကလက်ဖျောက်တချက်တီးလိုက်တာနှင့်ကြမ်းပြင်ပေါ်ကဆပ်ပြာရည်တွေပျောက်သွားပြီးသန့်ရှင်းတောက်ပြောင်နေတဲ့ကြမ်းပြင်ကြီးသာကျန်တော့တယ်....
"ဦးရေသွားချိုးလိုက်အုန်းမယ်နော်...ပေါက်စ..."
"ဟုတ်...."
အမွှေစိန်လေးကြောင့်အင်္ကျီတွေစိုသွားတာကြောင့်မတတ်နိုင်ပဲရေထပ်ချိုးလိုက်ရတော့တယ်....ပေါက်စကတကယ့်အဆိုးလေး....တွေးရင်းနှင့်ချစ်စရာကောင်းတဲ့သူမလေးကိုအသည်းတွေယားကာချစ်စိတ်တွေပိုနေရတော့တယ်.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-7 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰