မဏိရဲ့နာမည်ကမဏိစိမ့်....မဏိရဲ့ဖေဖေနှင့်မေမေကတော့နိုင်ငံခြားမှာ....မဏိကတော့မေမေ့ညီမ၂ယောက်ဖြစ်တဲ့အဒေါ်အပျိုကြီးတွေနှင့်သာမြန်မာမှာနိုင်ငံပဲနေခဲ့တယ်....၁၀တန်းအောင်တော့မေမေတို့ကသူတို့နေတဲ့တရုတ်နိုင်ငံကိုလှမ်းခေါ်ခဲ့ပေမဲ့လည်းမဏိကတော့မလိုက်သွားခဲ့ဘူး....
အန်တီလေးနှင့်အန်တီငယ်တို့နှင့်ပဲဆက်နေပြီးတက္ကသိုလ်ဆက်တက်ခဲ့တယ်....မဏိအရွယ်ရောက်ကတည်းကအဒေါ်တွေနှင့်မိဘတွေဆီကကြားရတဲ့စကားတခွန်းက"သမီး....သမီးဘယ်ယောကျ်ားလေးမှမပတ်သတ်ရဘူးနော်....သမီးပညာစုံရင်လက်ထပ်ရမဲ့သူရှိတယ်..."ပဲဖြစ်တယ်....
ထိုစကားကိုငယ်စဥ်ကတည်းမဏိနားထဲမှာမရေမတွက်နိုင်အောင်ကြားခဲ့ရတယ်.....မဏိငယ်စဥ်ကတည်းကဘယ်သွားသွားအဒေါ်၂ယောက်ကပါနေတာကြောင့်သူများတွေလိုယောကျ်ားသူငယ်ချင်းထားခွင့်မရှိခဲ့....ပန်းမို့မို့ဆိုတဲ့သူငယ်ချင်းမလေးတယောက်သာရှိခဲ့တယ်....
တခါတလေကျရင်မဏိစိတ်ညစ်မိတယ်....မဏိကအချစ်တောင်ရှာခွင့်မရှိတော့ပဲမိဘတွေစီစဥ်ထားတဲ့လူတယောက်နှင့်တနေ့နေ့မှာလက်ထပ်ရမှာလေ....မဏိအနာဂတ်ကတော့ဘယ်လိုတွေဖြစ်လာမယ်မှန်းမသိ....
ဒီနေ့ကမဏိကျောင်းစတက်မဲ့နေ့လေးလေ....မဏိစိတ်ကြိုက်ချုပ်ထားတဲ့ခဲနုရောင်ဗမာ၀မ်းဆက်လေးကိုဗီဒိုထဲကထုတ်ကာ၀တ်လိုက်တယ်....
မဏိကိုအန်တီလေးနှင့်အန်တီငယ်တို့ကမိတ်ကပ်လိမ်းခွင့်ပိတ်ထားတာကြောင့်မဏိမျက်နှာမှာမိတ်ကပ်အစားသနပ်ခါးဖွေးဖွေးလေးသာနေရာယူထားတယ်.....
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
မဏိကျောင်းကိုတယောက်တည်းလွတ်လွတ်လပ်လပ်သွားခဲ့ရခြင်းမဟုတ်....အန်တီလေးနှင့်အန်တီငယ်တို့လိုက်ပို့ပေးခဲ့ခြင်းပင်....ကျောင်းဆင်းရင်လည်းလာကြိုကြမှာဖြစ်တယ်....
မဏိကျောင်းရောက်တော့ချစ်လှစွာသောသူငယ်ချင်းပန်းမို့မို့ကအပြုံးများနှင့်ကြိုဆိုနေခဲ့တယ်....
"ချစ်သူငယ်ချင်းလေး....ရောက်လာပြီလား???"
"အွန်း....ပန်းလေး...ငါတို့အခန်းသွားရှာရအောင်..."
"ok!!!"
ပန်းလေးကလက်မနှင့်လက်ညှိုး၀ိုင်းပြကာပြောင်ချော်ချော်လုပ်ပြတယ်....ပန်းလေးနှင့်စကားပြောနေတာကြောင့်ရှေ့ကလူကိုသတိမထားလိုက်ပဲ၀င်တိုက်မိတယ်....
မဏိလဲမကျသွားအောင်တဖက်လူကခါးလေးကိုဖက်ကာထိန်းထားပေးတယ်....မဏိမော့ကြည့်လိုက်တော့ခပ်ချောချောလေးကောင်လေးတယောက်နှင့်သူ့ဘေးမှာလည်းသူ့လိုကောင်ချောလေးတယောက်....ညှို့အားပြင်းတဲ့မျက်၀န်းတစုံကမဏိနှလုံးသားကိုအပိုင်သိမ်းနေသလိုပင်....
သေချာကြည့်လိုက်မှတစိမ်းယောကျ်ားတယောက်ရဲရင်ခွင်ရောက်နေမှန်းသိလိုက်တာကြောင့်အမြန်ရုန်းထွက်လိုက်တယ်....
"တောင်းပန်ပါတယ်ရှင့်...."
မဏိထိုတခွန်းသာပြန်ပြောခဲ့ပြီးကြောင်အမ်းအမ်းရပ်ကြည့်နေတဲ့ပန်းလေးရဲ့လက်ကိုဆွဲကာထိုကောင်လေး၂ယောက်ရှေ့ကပြေးထွက်လာလိုက်တယ်....
တော်၀င်သျှားတယောက်သူ့ကို၀င်တိုက်ကာထွက်ပြေးသွားတဲ့သူမလေးကြောင့်အသည်းတွေအလွန်ယားကာကျန်နေခဲ့ရတယ်....
ပထမဆုံးရင်ခွင်ထဲရောက်ရှိလာတဲ့သူမလေးကကျွန်တော့်နှလုံးသားကိုခြွေယူသွားခဲ့တယ်....တခေါက်ခွက်ထိအောငွရှည်လျားနေသည့်မဟူရာရောင်ဆံနွယ်လေးတွေနှင့်အလွန်ပင်ချစ်စရာကောင်းလွန်းနေသည့်ကောင်မလေး...
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
ထိုဆံပင်ရှည်လေးတွေနှင့်ခဲရောင်ဗမာ၀တ်စုံလေးကအလွန်ပင်လိုက်ဖက်လွန်းနေတယ်....သူမနားကပြင်းရှရှရေမွှေးနံ့အစားသနပ်ခါးမွှေးမွှေးကိုသာရရှိခဲ့တယ်....
ကောင်မလေးရယ်....မင်းဘယ်သူမှန်းမသိပေမဲ့ကို့နှလုံးသားထဲမှာစွဲထင်နေပြီ....မင်းနာမည်တောင်မသိလိုက်ရပါလား....ကောင်မလေးရယ်???
"တော်၀င်...တော်၀င်....ဟဲ့ကောင်...တော်၀င်သျှား!!!"
သူငယ်ချင်းဖြစ်တဲ့မိုးမခအသံကြားမှအသိတို့ပြန်၀င်လာတယ်.....
"ဘာလဲကွာ....တိုးတိုးပြောစမ်းပါ...ငါနားကန်းနေတာမဟုတ်ဘူး...."
"မသိပါဘူးကွာ....ငုတ်တုတ်ကြီးများသေသွားတာလို့ခေါ်ကြည့်တာ...."
"မင်းတော့ငါလုပ်ရင်နာတော့မှာ...."
"ဒါနှင့်မင်းရင်ခွင်ထဲရောက်လာတဲ့ကောင်မလေးကိုကြွေသွားတာလား???"
"ဟုတ်တယ်....သူမပုံရိပ်တွေကငါ့နှလုံးသားထဲစွဲထင်နေပြီကွာ...."
"ဟင်!!!"
သူငယ်ချင်းဖြစ်သူထံကကြားလိုက်တဲ့စကားကြောင့်မိုးမခတယောက်အလွန်အံ့သြသွားတယ်....သူငယ်ချင်းဖြစ်သူတော်၀င်သျှားထံမှမိန်းကလေးတယောက်အကြောင်းပြောတာတခါမှမရှိခဲ့.....ကြိကြိတက်ချမ်းသာတဲ့မျိုးရိုးကဆင်းလာတဲ့သူဖြစ်သလိုရုပ်ရည်ကလည်းအလွန်ချောမောသူမို့stateကျောင်းကတည်းကပင်လာကြိုက်သည့်မိန်းကလေးတိုင်းကိုခွာချနေသည့်အချေတော်မင်းသား.....သူစကားပြောသည့်မိန်းကလေးဆိုလို့ငယ်ငယ်ကတည်းကသိခဲ့တဲ့ညီမလေးလိုရော၊သူငယ်ချင်းလိုပါခင်မင်ရတဲ့ချစ်စန်းငယ်တယောက်သာရှိခဲ့တယ်....
"ဟေ့ကောင်....တော်၀င်...မင်းတကယ်ကြီးပြောနေတာလား???"
"ဟုတ်တယ်....မင်းငါ့အဲ့ကောင်မလေးအကြောင်းစုံစမ်းပေးစမ်းပါ...."
"အေးပါကွာ....ငါ့တာ၀န်ထား...."
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-2 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰