"မဏိရယ်....ဖြေးဖြေးလျှောက်စမ်းပါ...ချော်တွေလည်းလဲကုန်တော့မှာပဲ....မိန်းမရယ်..."
ပန်းလေးစကားကြားမှမဏိလည်းသတိ၀င်ကာလမ်းလျှောက်နေတာရပ်လိုက်ပြီးပန်းလေးလက်တွေကိုလည်းလွှတ်လိုက်တယ်.....
"Sorryပဲ...ပန်းလေး...ငါအရမ်းရှက်သွားလို့...."
"အေးလေ...ရှက်လည်းရှက်ချင်စရာပဲ...နင်ကရွှေမင်းသားလေးရဲ့ရင်ခွင်ထဲရောက်သွားတာကိုး...."
"ပန်းလေးနော်....မစနှင့်တော့...ဒီမှာလူကညစ်နေရတဲ့ကြားထဲ....ဒါနှင့်နင်ဒီကိစ္စကိုလျှို့၀ှက်ထားနော်....အန်တီငယ်နှင့်အန်တီလေးတို့သာသိသွားရင်မိုးမီးလောင်သွားလိမ့်မယ်...."
"အေးပါဟယ်...ငါသိပါတယ်....ဒါနှင့်ငါနင့်ကိုသူ့အကြောင်းပြောပြရအုန်းမယ်...."
"ဘယ်သူကိုပြောတာလဲ???"
"နင့်ကို၀င်တိုက်မိတဲ့ကောင်လေးလေ....ငါသူ့ကိုသိတယ်....သူနာမည်ကတော်၀င်သျှားတဲ့...သူကနာမည်ကြီးတော်၀င်လုပ်ငန်းစုရဲ့တဦးတည်းသောအမွေဆက်ခံသူသခင်လေးလေ...."
"အွန်း..."
မဏိထိုတခွန်းသာဆိုပြီးပန်းလေးပြောနေတာကိုသာနားထောင်နေမိတယ်....
"သူတို့မိသားစုကချမ်းသာတယ်ဆိုထက်ကိုအများပြီးချမ်းသာတယ်....တော်၀င်သျှားကတဦးတည်းသောသားဆိုတော့လိုတိုင်းရနေတဲ့လိုတရသခင်လေးပေါ့....သူ့ဘေးကသူကသူ့အချစ်ဆုံးသူငယ်ချင်းမိုးမခတဲ့....တော်၀င်သျှားတို့လောက်မချမ်းသာပေမဲ့သူလည်းခေသူတော့မဟုတ်ဘူး.....သူ့ချမ်းသာမူကလည်းမြန်မာတနိုင်ငံလုံးတောင်၀ယ်လို့ရတယ်...."
"ဟုတ်လား....ဒါနှင့်နေပါအုန်း...နင်ကဘာလို့အဲ့၂ယောက်အကြောင်းကိုဒီလောက်သိနေရတာလဲ???"
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
"အော်....မဏိရယ်...ဒါအင်တာနက်ခေတ်လေ....နာမည်ကြီးလုပ်ငန်းစုရဲ့မိသားစုအကြောင်းတွေသိဖို့ကမခက်ပါဘူး....ပြီးတော့ငါဖေဖေနှင့်သူတို့ဖေဖေတွေကလုပ်ငန်းပါတနာတွေလည်း....ငါ့ဖေဖေလုပ်တဲ့dinnerပွဲတခုကိုသူတို့မိသားစုနှစ်စုလာဖူးလို့ငါတောင်သူတို့ကိုတခါပဲတွေ့ဖူးတာ...."
တော်၀င်သျှားတဲ့လား....တော်၀င်သျှားဆိုတဲ့နာမည်ကိုစိတ်ထဲကရွတ်လိုက်မိတာနှင့်ရန်ခုန်သံတွေမြန်ဆန်လာခဲ့တယ်...."တော်၀င်သျှား"အဲ့နာမည်လေးကမဏိနှလုံးသားထဲမှာစွဲထင်နေတယ်.....
"ကဲပါ...ပန်းလေးရယ်...ထားလိုက်ပါတော့...ဒါမတော်တဆဖြစ်သွားတာပါ....နင်ပြောတာတွေဆက်နားထောင်ရင်ငါတို့အတန်းနောက်ကျတော့မယ်....လာ...အတန်းသွားရှာကြရအောင်...."
မဏိတို့ကlaw majorယူထားတာဖြစ်တယ်....ထို့ကြောင့်ဥပဒေ majorဆောင်ဆီသွားပြီးအခန်းနံပတ်၁၀၂ကိုလိုက်ရှာနေကြတယ်....
"မဏိ...ဟိုမှာ၁၀၂..."
ပန်လေးကအခန်းနံပတ်ကိုမေးငေါ့ကာမဏိကိုပြလိုက်တယ်....
"အေး...ဟုတ်တယ်...ဒါငါတို့အခန်းပဲ၀င်ကြအောင်...."
မဏိနှင့်ပန်းလေးအခန်းထဲသို့၀င်လိုက်တာနှင့်ပုရိသယောကျ်ားတွေရဲ့အကြည့်တွေသာမကပျိုမဒိီတွေရဲ့အကြည့်တွေကပါမဏိတို့သူငယ်ချင်း၂ယောက်ဆီကျရောက်ခဲ့တယ်....
"Wow!!!ချောလိုက်တာကွာ...."
"အလှပဂေးလေးတွေ..."
"သူငယ်ချင်း၂ယောက်လုံးကြွေရုပ်လေးတွေလိုအရမ်းလှတယ်က်ကွာ...."
စတဲ့တီးတိုးတီးတိုးစကားသံတွေနှင့်အတူတခန်းလုံးရဲ့အကြည့်တွေကမဏိနှင့်ပန်းလေးဆီမှာသာ.....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
မဏိရော၊ချစ်သူငယ်ချင်းမလေးပန်းလေးပါမျက်နှာလေးတွေနီမြန်းနေခဲ့တယ်.....အားလုံးရဲ့အကြည့်တွေကရှောင်ချင်တာကြောင့်မဏိတို့သူငယ်ချင်း၂ယောက်နောက်ဆုံးခုံမှာ၀င်ထိုင်လိုက်တယ်....
စာမသင်သေးသော်လည်းသူငယ်ချင်း၂ယောက်စာအုပ်ကိုယ်စီထုတ်ကာဟိုလှန်ဒီလှန်လုပ်နေလိုက်တယ်.....မဏိတို့သူငယ်ချင်း၂ယောက်လုံးခေါင်းမမော့ရဲ...မော့ရင်အားလုံးရဲ့အကြည့်တွေနှင့်ရင်ဆိုင်ရမှာကြောက်လို့ပင်...
"သျှား...ငါတို့တက်ရမဲ့အခန်းကဘယ်လောက်...."
ဥပဒေဆောင်ရှေ့ရောက်မှမိုးမခကကျွန်တော့်ကိုအခန်းနံပတ်မေးတော့တယ်....
"မိုးမခရာ...မင်းကိုယ်တက်ရမဲ့အခန်းနံပတ်တောင်မသိဘူးလား??"
"မသိတာမဟုတ်ဘူး...မှတ်ကိုမထားတာ...ကို့သားကြီးတယောက်လုံးပါနေတာအလုပ်ရှုပ်ခံပြီးဘာလို့မှတ်ထားရမှာလဲ???"
ပြောပြောဆိုဆိုနှင့်မိုးမခကကျွန်တော့်ပုခုံးပေါ်လာတင်ကာဆရာကြီးစတိုင်ဖမ်းနေတယ်လေ.....မိုးမခကိုအမြင်ကပ်ကပ်နှင့်ကျွန်တော့်တံထောင်နှင့်နောက်ပြန်တွပ်လိုက်တယ်....
"မင်းတော့ငါလုပ်ရင်နာတော့မှာ...."
"ဟိုးထား....ဆရာ...မင်းကောင်မလေးအကြောင်းမသိချင်တော့ဘူးပေါ့...."
ထိုကျမှမိုးမခကိုသျှားမျက်နှာချိုပြန်သွေးရတော့တယ်....
"အေးပါကွာ...မင်းစိတ်ချည်းပဲ....အခန်းနံပတ်က၁၀၂...လာ...မြန်မြန်သွားရအောင်....မင်းလုပ်တာနှင့်ပထမဆုံးကျောင်းတက်ရက်မှာအတန်းနောက်ကျတော့မှာ...."
မိုးမခနှင့်ကျွန်တော်အခန်းနံပတ်၁၀၂ကိုလိုက်ရှာလိုက်တယ်....ဟော....တွေ့ပါပြီ...အခန်းနံပတ်၁၀၂....ကျွန်တော်အခန်းထဲ၀င်မလို့လုပ်ပေမဲ့မိုးမခကကျွန်တော့်လက်ကိုလှမ်းဆွဲထားတယ်....
"ဟေ့ကောင်...ဟိုမှာကြည့်စမ်း....ဘယ်သူလဲလို့...."
မိုးမခပြတဲ့နေရာကိုကြည့်လိုက်တော့ကျွန်တော့်နှလုံးသားကိုခြွေယူသွားသည့်သူမ...သူမလေးကခေါင်းငုံ့ကာစာအုပ်ကိုကြည့်နေတယ်.....
ဒါဆိုသူမနှင့်ကျွန်တော်majorတူတာပေါ့...ပျော်ရွှင်မူတို့ကအတိုင်းထက်အလွန်....ဘာမှစဥ်းစားမနေတော့ပဲသူမဆီကိုသာတန်းသွားလိုက်တယ်....
"ဟာ!!!ဟေ့ကောင်သျှား....နေအုန်းလေကွာ...ငါ့စောင့်ပါအုန်း...."
မိုးမခပြောနေသည်ကိုပြန်မပြောနားမထောင်ပဲသူမဆီသာဆက်သွားနေလိုက်တယ်.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-3 coming🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰