"ဟဲ့...ဟဲ့....မဏိ...ဟိုမှာကြည့်စမ်း....တော်၀င်သျှားနင့်ဆီလာနေတယ်...."
တော်၀င်သျှားဆိုတဲ့နာမည်ကြားတာနှင့်မဏိကိုယ့်ကိုကိုယ်တောင်သတိမထားလိုက်ပဲလှမ်းကြည့်လိုက်မိတယ်....
"ကို့ကိုတော့မှတ်မိပါတယ်နော်..."
ကျွန်တော့်ကိုမျက်လုံး၀ိုင်းလေးတွေနှင့်စိုက်ကြည့်နေတဲ့သူမလေးကိုမေးလိုက်တယ်....
"ဟုတ်...မှတ်မိပါတယ်...."
"မင်းနာမည်လေးသိခွင့်ရှိမလား???"
"ဟိုလေ...."
"သူ့နာမည်ကမဏိစိမ့်တဲ့....ကျွန်မကတော့ပန်းမို့မို့....."
ပန်းလေးကတော့လေ...လုပ်ချလိုက်ပြန်ပြီ....ဘာလို့လျှောက်ပြောနေတာလဲမသိဘူး....ပန်းလေးကိုမျက်စောင်းတချက်ထိုးလိုက်မိတယ်....
"ဟုတ်ကဲ့....ကျွန်တော်ကတော့တော်၀င်သျှားပါ....သူကတော့ကျွန်တော့်သူငယ်ချင်းမိုးမခပါ....မဏိစိမ့်နှင့်မပန်းမို့မို့တို့နှင့်ခင်မင်လို့ရမလား???"
မဏိတော်၀င်သျှားကိုသာကြည့်နေမိတယ်....
"မဏိ....မေးနေတယ်လေ...."
မဏိကခါးကိုတို့ကာပြောလိုက်တယ်.....
"ဟုတ်...ရ..ရပါတယ်..."
"ကျေးဇူးပါ...မဏိ...."
သူတို့၂ယောက်ကမဏိတို့ထိုင်နေတဲ့ခုံတန်းရှည်မှာပဲ၀င်ထိုင်လိုက်တာကြောင့်မဏိရော၊ပန်းလေးပါမျက်လုံးပြူးသွားတော့တယ်....ပန်းလေးလည်းမထင်ထားတာကြောင့်မဏိကိုအံ့သြတဲ့မျက်လုံးတွေနှင့်ကြည့်နေခဲ့တယ်.....
တခန်းလုံးကလူတွေကတော့မဏိတို့ကိုသာစိတ်၀င်တစားကြည့်နေခဲ့တယ်....မဏိတော့ရှက်လွန်းလို့ဒီနေရာကနေထွက်သွားလိုက်ချင်တော့တယ်....ထိုအချိန်ဆရာမ၀င်လာတာကြောင့်မဏိစိတ်သက်သာရာရသွားတယ်....
နေ့လည်၁၁နာရီအရောက်မှာမဏိတို့အတန်းပြီးသွားတော့တယ်....
"မဏိ...ကန်တင်းမှာနေ့လည်စာအတူသွားစားကြမလား???"
"ဟုတ်...ရပါတယ်....မဏိတို့လည်းကန်တင်းသွားမှာလေ...."
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
မဏိတို့သူငယ်ချင်း၂ယောက်နှင့်သူတို့သူငယ်ချင်း၂ယောက်ကန်တင်းကိုအတူတူသွားကြတယ်....ဆိုင်ရောက်လို့ခုံမှာထိုင်တုန်းရှိသေး...အန်တီတို့ဆီကဖုန်း၀င်လာတယ်....
"မဏိ....နင့်အန်တီတွေဆီကမလား???"
"ဟုတ်တယ်....မဏိဖုန်းသွားပြောမလို့ခွင့်ပြုပါအုန်းနော်....."
မဏိကသူမဖုန်းလေးယူကာဆိုင်ထဲကနေခဏထွက်သွားတယ်....မဏိသူငယ်ချင်းပန်းလေးကတော့ထွက်ခွာသွားတဲ့သူမရဲ့နောက်ကျောကိုကြည့်ရင့်ခေါင်းခါယမ်းနေသည်ကိုကျွန်တော်မြင်လိုက်ရတာကြောင့်တခုခုထူးဆန်းနေသည်ကိုခံစားမိတယ်....
"ပန်းမို့မို့...."
"မမောဘူးလားရှင်....မဏိခေါ်သလိုပန်းလေးလို့ပဲခေါ်ပါ...."
"ဟုတ်ကဲ့ပါ....ပန်းလေးရဲ့သူငယ်ချင်းကသူ့အဒေါ်တွေကိုကြောက်ရတာလား???"
"ဟုတ်တယ်....မဏိကသိပ်သနားဖို့ကောင်းတယ်....သိပ်ချမ်းသာတဲ့မျိုးရိုးမှဆင်းသက်လာပေမဲ့လွတ်လပ်ခွင့်မရှိဘူးလေ....လှောင်အိမ်ထဲကဌက်ကလေးလိုပဲ...."
သူမသူငယ်ချင်းကမျက်နှာအတော်ပင်ပျက်ယွင်းသွားတယ်.....
"မဏိကိုကျောင်းထိဘယ်သူလိုက်ပို့လဲသိလား...ကိုတော်၀င်???"
"ကျွန်တော်ဘယ်သိပါ့မလဲ???"
"သူ့အဒေါ်၂ယောက်လိုက်ပို့ပေးတာ....အပြန်ကျရင်လည်းလာကြိုကြလိမ့်မယ်...."
"မဏိကအရွယ်ရောက်နေပြီကို...."
"ဟုတ်တယ်....တော်၀င်...မဏိကအရမ်းထိန်းချုပ်ခံနေရတာ...သူငယ်ချင်းဆိုလို့ပန်းလေးတယောက်ပဲရှိတာာ....အခုမှရှင်တို့၂ယောက်ထပ်တိုးလာတာပေါ့...."
"ဟုတ်လား???"
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
ပန်းလေးတော်၀င်နှင့်မဏိကိုအောင်သွယ်ပေးလိုက်ခြင်းဖြစ်တယ်...မဏိနှင့်တော်၀င်နှင့်ကသိပ်လိုက်ဖက်တာ....နင့်ကိုသာမာန်လူတွေလိုမျိုးအချစ်ဆိုတဲ့အရာကိုသိစေချင်တယ်....မဏိရယ်....
ထိုအချိန်မဏိဖုန်းပြောပြီးလို့ကျွန်တော်တို့ဆီပြန်ရောက်လာတယ်....
"မဏိပြန်လာပြီလား???"
"အင်း...ဗိုက်ဆာနေပြီ....စားရအောင်...."
ပါးဖောင်းဖောင်းလေးတွေနှင့်ထမင်းစားနေသည့်သူမလေးအလွန်ပင်ချစ်စရာကောင်းလွန်းနေတယ်....မဟာဆန်စွာလှပနေသည့်သူမအခုလိုကျတော့လည်းကလေးလေးတယောက်လို....
တော်၀င်သျှားကရယ်စရာဟာသတွေပြောနေတာကြောင့်မဏိနှင့်ပန်းလေးတို့မှာရယ်နေရတာပါးစပ်ပင်မစိရ....
"တော်၀င်ကဘယ်ဆိုးလို့လဲ....ခင်ဖို့ကောင်းသားပဲ....တော်၀င်လုပ်ငန်းစုရဲ့သခင်လေးဆိုတော့ပေါင်းသင်းရခက်မယ်ထင်ထားတာ....."
ပန်းလေးကတော်၀င်သျှားကိုရယ်မောရင်းပြောလိုက်တယ်.....
"မဟုတ်တာဗျာ...ကျွန်တော်လည်းခင်တတ်ပါတယ်..."
"တော်၀င်သျှားကခင်ဖို့ကောင်းတယ်ဆိုတော့ကျွန်တော်ကခင်ဖို့မကောင်းဘူးပေါ့....."
"ခင်ဖို့ကောင်းပါတယ်ရှင်...."
"ဟုတ်ပါတယ်....တော်၀င်သျှားရော၊မိုးမခရောခင်ဖို့ကောင်းပါတယ်...."
တချိန်လုံးငြိမ်နေတဲ့မဏိက၀င်ပြောလိုက်တယ်....မဏိစိမ့်၊တော်၀င်သျှား၊ပန်းမို့မို့၊မိုးမခတို့၄ယောက်အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့တယ်....
ကျောင်းဆင်းချိန်တွင်......
"မဏိ...နင့်အန်တီတွေကိုစောင့်ရမှာမလား???"
"ဟုတ်တယ်....နင်ပြန်နှင့်လေ...ပန်းလေး...ငါဒီမှာပဲစောင့်နေလိုက်မယ်....."
"ဘယ်ဟုတ်မလဲ....နင်တယောက်ထဲစိတ်မချပါဘူး...နင့်အန်တီတွေလာမှပြန်လိုက်မယ်....."
ကျွန်တော်မိုးမခကိုပန်းလေးကိုခေါ်ထုတ်သွားဖို့မျက်ရိပ်ပြလိုက်တယ်....မိုးမခကလည်းပါးနပ်သူပီပီချက်ချင်းသဘောပေါက်ကာပန်းလေးကိုခေါ်ထုတ်သွားဖို့လုပ်တော့တယ်......
"ပန်းလေး...ပြန်ကြမယ်လေ..."
မိုးမခဆိုသည့်လူပန်းရဲ့လက်ကိုအတင်းလာဆွဲခေါ်နေတယ်....
"ဘာလုပ်တာလဲ???မဏိ...."
"တော်၀င်သျှားတယောက်လုံးရှိတယ်....ထားခဲ့လိုက်...."
အင်အားချင်းကွာတဲ့အတွက်ပန်းလေးသူခေါ်ရာပါလာခဲ့တော့တယ်.....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-4 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰