"ရှင်မပြန်သေးဘူးလား???တော်၀င်သျှား...."
"ပြန်မှာပါ...ကို့ကိုတော်၀င်သျှားလို့ခေါ်တာမရှည်ဘူးလား....မဏိရဲ့...သျှားလို့ပဲခေါ်ပါ...."
"ဟုတ်ကဲ့....သျှားကမဏိကိုဘာပြောစရာရှိလို့လဲ???ပြောစရာရှိရင်မြန်မြန်ပြောလေ....အန်တီတို့လာတော့မယ်...."
"ကျွန်တော့်ကိုမဏိရဲ့ဖုန်းနံပတ်ပေးလို့ရမလား???"
"ရှင်....ဟုတ်...ရပါတယ်...."
သူ့ဖုန်းထဲကိုမဏိဖုန်းနံပတ်ရိုက်ထည့်ပေးလိုက်တယ်....ထိုအချိန်အန်တီတို့ကားကကျောင်း၀န်းထဲ၀င်လာတာကြောင့်မဏိမျက်လုံးတွေပြူးကျယ်သွားရတယ်....
"မဏိသွားပြီနော်...."
မဏိသျှားကိုကျောခိုင်းကာကားပေါ်ပြေးတက်ခဲ့တယ်....ကားမှန်ကတဆင့်သျှားကိုကြည့်နေမိတယ်....သူကမဏိကိုပြုံးကာပြန်ကြည့်နေတယ်လေ....
အိမ်ပြန်ရောက်တော့အ၀တ်အစားလဲရေမျိုးချိုးပြီးစာလုပ်နေလိုက်တယ်....စာလုပ်နေပေမဲ့မဏိစိတ်ထဲမှာသျှားရဲ့အကြည့်တွေ၊အပြုံးတွေကသာကြီးစိုးနေခဲ့တယ်....
အိမ်ကိုပြန်ရောက်တော့မဏိဆိုတဲ့ကောင်မလေးမသိအောင်ရိုက်လာတဲ့ပုံလေးကိုပြန်ကြည့်နေမိတယ်....သူမကကြည့်လေပိုပြီးချစ်စရာကောင်းလေပဲ....
ထို့နောက်ကျွန်တော့်ရဲ့ဒိုင်ယာရီစာအုပ်လေးဖွင့်ကာသူမနှင့်စတင်တွေ့ဆုံခဲ့ရက်စွဲလေးတပ်ကာသူမနှင့်ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတာကိုအသေးစိတ်ရေးလိုက်တယ်....
ကောင်မလေး...မင်းငါ့ဘ၀မှာပထမဆုံးစတင်ဖြစ်ပေါ်လာတဲ့အချစ်ပါ....
ညဖက်ရောက်တော့မဏိဖုန်းသုံးနေရင်းဖုန်း၀င်လာတယ်...နာမည်ကြည့်လိုက်တော့သျှား....
သျှားဖုန်းဆက်လာပါလား???သူဘာလို့ဖုန်းဆက်တာလဲ???မဏိစိတ်တွေလှုပ်ရှားနေခဲ့တယ်....၁၀တန်းအောင်စာရင်းသွားကြည့်တုန်းကတောင်ဒီလောက်ထိစိတ်မလှုပ်ရှားခဲ့ဖူးဘူး.....
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"hello!!!မဏိပြောနေပါတယ်...."
သူမလေးရဲ့အသံချိုချိုလေးကိုကြားလိုက်ရတာကြောင့်နှလုံးခုန်တာမြန်လာခဲ့တယ်....
"ကို...သျှားပါ..."
"ဟုတ်...."
"ဒီနေ့သင်လိုက်တဲ့သင်ခန်းစာတွေရှင်းပြပေးလို့ရမလား???ကိုနားမလည်လို့...."
"ဟုတ်....ရပါတယ်...."
ကျွန်တော်တမင်ပြောလိုက်ခြင်းပင်.....မအိပ်ခင်လေးသူမအသံလေးကြားချင်လို့ဖြစ်တယ်.....
မဏိသျှားနှင့်စာအကြောင်းပြောရင်းဟိုဟိုဒီဒီလျှောက်ပြောနေမိတာအချိန်အတော်ကြာသွားတယ်....
"သမီးမဏိမအိပ်သေးဘူးလား???မနက်ဖြန်ကျောင်းသွားရအုန်းမှာ....စောစောအိပ်လေ...."
"ဟုတ်ကဲ့....အန်တီ....ခဏနေအိပ်တော့မှာ...."
အန်တီလေးလှမ်းပြောလိုက်တော့မှမဏိဖုန်းပြောနေတာအတော်ကြာနေမှန်းသိတော့တယ်....
"သျှား...မဏိဖုန်းချလိုက်တော့မယ်နော်....အန်တီတို့ကအိပ်ခိုင်းနေပြီး...."
"အွန်း...မနက်ဖြန်ကျမှကျောင်းမှတွေ့မယ်နော်....မဏိ..."
"အွန်း...."
မဏိလည်းဖုန်းကိုဘေးမှာချကာအိပ်ယာ၀င်လိုက်တော့တယ်....မအိပ်ခင်သျှားအသံကြားရတော့တမျိုးပဲ...ရင်ခုန်မိသလိုလိုနှင့်....
မဏိအသံလေးကြားပြီးသွားတော့မှကျွန်တော်အိပ်ယာ၀င်ခဲ့တယ်....မဏိလေး....မင်းလေးအိမ်မက်လှလှမက်ပါစေကွာ.....
"ဟဲ့...သား....ဘယ်လိုစားနေတာလဲ....ဖြေးဖြေးစားစမ်းပါ....သီးကုန်တော့မှာပဲ...."
ပေါက်စီနှင့်ကော်ဖီကိုနောက်ကကျားလိုက်နေသလိုတရကြမ်းစားနေတဲ့သားဖြစ်သူတောင်၀င်သျှားကြောင့်ဒေါ်မြလေးစိတ်ပူနေရတယ်......
"သားကျောင်းနောက်ကျမှစိုးလို့အမေရေ....."
"အစောကြီးရှိပါသေးတယ်ကွယ်...."
"သားသွားတော့မယ်....အမေ...."
ကျန်နေသည့်ကော်ဖီကိုမော့ချကာထထွက်သွားသည့်သားဖြစ်သူကိုဒေါ်မြလေးတားချိန်တောင်မရတော့.....
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
အော်....ဒီကလေးနှင့်....ဘာတွေဖြစ်နေမှန်းကိုမသိဘူး....ပေါက်စီတလုံးပဲစားသွားတယ်..ကိတ်မုန့်တွေတောင်မစားသွားဘူး....ဗိုက်ရောပြည့်ရဲ့လားမသိဘူး....ကားကိုအရှိန်ပြင်းပြင်းနှင့်မောင်းကာထွက်သွားတဲ့သားဖြစ်သူကိုကြည့်ရင်းဒေါ်မြလေးခေါင်းကိုသာခါယမ်းနေလိုက်တယ်.....
ကျောင်းကိုတော့မိုးမခကအတန်းထဲရောက်နေပြီ....သူမနှင့်သူမသူငယ်ချင်းကတော့ရောက်မလာသေး.....ကျောင်းအပေါက်၀မှာသွားစောင့်ချင်ပေမဲ့လည်းသူ့အန်တီတွေကရှိသေးတော့သွားလို့မရ.....
"ဟေ့ကောင်....ငသျှား....မင်းဘာဖြစ်နေတာလဲ????အခန်း၀ကိုပဲတကြည့်ကြည့်နှင့်...."
မိုးမခကကျွန်တော့်ပုခုံးကိုပုတ်ကာပြောလိုက်တယ်....
"မဏိနှင့်ပန်းလေးတို့လည်းမလာကြသေးပါလား???"
"ငါ့နှယ်...ဘာများလဲလို့....အချိန်တန်ရင်ရောက်လာမှာပေါ့....တကယ်ပါပဲ....ဟော...ဟိုမှာလာကြပြီ...."
မိုးမခကအခန်း၀ကိုမေးငေါ့ပြလို့ကြည့်လိုက်တော့သူမနှင့်သူမသူငယ်ချင်းကအခန်းထဲသို့၀င်လာကြတယ်...သို့သော်သူမလမ်းလျှောက်တာမူမမှန်...တခုခုတော့ဖြစ်နေမှန်းကျွန်တော်သိလိုက်ပြီ.....
"မဏိ...ဘာဖြစ်လာတာလဲ???"
"မသိပါဘူး....သျှားရယ်....ကျောင်းထဲရောက်မှဖိနပ်ကဒေါင့်ကျိုးသွားတယ်...."
"ဟုတ်တယ်....တော်၀င်ရယ်....မဏိခမျာဖိနပ်ပျက်ကြီးနှင့်မနည်းလျှောက်လာရတာ...."
"ဟုတ်လား....အဲ့ဒါဆိုကျွန်တော်ဖိနပ်သွား၀ယ်ပေးမယ်....ခဏစောင့်နော်....."
မဏိတားချိန်တောင်မရလိုက်သျှားကတော့အခန်းထဲကနေတောင်ထွက်သွားခဲ့ပြီ....ထွက်သွားတဲ့သျှားရဲ့နောက်ကျောကိုသာတွေတွေလေးငေးကြည့်နေမိတယ်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-5 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰