ကျွန်တော့်နာမည်ကဇိုင်း....ကျွန်တော့်မှာအရမ်းချစ်ရတဲ့ချစ်သူတယောက်ရှိတယ်....သူ့နာမည်ကမဒီမေတဲ့....သူမလေးကကျွန်တော့်ရဲ့အချစ်ဦးဖြစ်သလိုငယ်ချစ်ဆိုလည်းမမှားပါဘူးဗျာ။ဒီနေ့ကျွန်တော်နှင့်သူမရဲ့လက်ထပ်ပွဲနေ့လေးလေ....ကျွန်တော်အရမ်းပဲပျော်နေခဲ့တာပေါ့။ကျွန်တော်ကမင်္ဂလာပွဲအတွက်စီစဥ်စရာရှိတာစီစဥ်ရအောင်ခန်းမဆီကြိုလာလိုက်တယ်။မင်္ဂလာပွဲအတွက်စီစဥ်စရာရှိတာစီစဥ်ပြီးကျွန်တော့်ရဲ့သတို့သမီးလေးကိုမျှော်နေမိတယ်။မင်္ဂလာချိန်နီးလာပေမဲ့မဒီကမရောက်လာသေးဘူးလေ....ကျွန်တော်ဖုန်းဆက်တော့လည်းမကိုင်ဘူး....ကျွန်တော်စောင့်နေပေမဲ့မင်္ဂလာချိန်တ၀က်ကျော်တဲ့အချိန်ထိရောက်မလာခဲ့ဘူး။
အဲ့အချိန်ကျွန်တော့်ဆီဖုန်း၀င်လာခဲ့တယ်....ဘယ်သူလဲလို့ကြည့်လိုက်တော့မဒီ့ရဲ့အဖေဖြစ်နေတယ်လေ။ကြားလိုက်ရတဲ့သတင်းကြောင့်ကျွန်တော်လက်တွေတဆတ်ဆတ်တုန်လာပြီးကိုင်ထားတဲ့ဖုန်းလွှတ်ကျသွားတော့တယ်။မဒီက car accidentဖြစ်လို့ဆေးရုံတင်ထားရတယ်.....ကျွန်တော်ခန်းမဆီကနေချက်ချင်းဆေးရုံဆီလိုက်သွားလိုက်တယ်။ဆေးရုံရောက်တော့အဖြူရောင်စလေးနှင့်အုပ်ထားတဲ့မဒီရဲ့အလောင်းကိုပဲတွေ့ရတော့တယ်။ကျွန်တော်အရမ်းပဲစိတ်ထိခိုက်ပြီးမျက်နှာဖြူဖျော့လာကာမေ့လဲသွားတော့တယ်။
အဲ့အချိန်ကစပြီးကျွန်တော်နှင့်သူမကြားမှာသေခြင်းတရားဆိုတဲ့အရာကခွဲခွာသွားခဲ့တော့တယ်....ကျွန်တော်အရမ်းပဲခံစားခဲ့ရတာ....ထမင်းမစားပဲအရက်တွေပဲစွတ်သောက်နေတဲ့ရက်တွေမှအများကြီးပါပဲဗျာ....ကျွန်တော့်မှာသူမရှိတော့တဲ့နေ့ကစပြီးဘာမှအဓိပ္ပာယ်မရှိတော့သလိုခံစားရတယ်....အရာရာဟာမှောင်မိုက်နေပြီးအလင်းရောင်မဲ့နေသလိုခံစားရတယ်။
💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀
ကျွန်တော့်ရဲ့အခုလိုဖြစ်နေတဲပုံစံကြောင့်မေမေလည်းစိတ်ထိခိုက်လာပြီးနှလုံးရောဂါတောင်စွဲသွားတဲ့အထိပဲ....နှလုံးရောဂါကြောင့်မေမေဆေးရုံတောင်တင်လိုက်ရတယ်လေ။အဲ့အချိန်ကစပြီးကျွန်တော်လည်းမေမေကျန်းမာရေးပြန်ကောင်းလာအောင်လို့ကျွန်တော်အရင်တိုင်းပဲပြန်နေခဲ့ရတာပေါ့။လူကတော့အရင်တိုင်းပြန်ဖြစ်ပေမဲ့ဒဏ်ရာရနေတဲ့နှလုံးသားကတော့မပြောင်းလဲပါဘူးဗျာ။နေ့တိုင်းသူ့ကိုသတိရနေတဲ့စိတ်ကိုမပြောင်းလဲနိုင်ခဲ့ဘူး။
ကျွန်တော်တယောက်တည်းဒဏ်ရာတွေအပြည့်နှင့်ခံစားနေရတာကိုမေမေနှင့်ဖေဖေကမကြည့်ရက်လို့ကျွန်တော့်အတွက်သတို့သမီးအသစ်ရှာပေးတယ်လေ....ကျွန်တော်ကတော့စိတ်မ၀င်စားပါဘူး....ဒါပေမဲ့ဖေဖေနှင့်မေမေစိတ်ချမ်းသာအောင်ကျွန်တော်မေမေတို့သဘောတူထားတဲ့အိမ့်ကြာဖြူဆိုတဲ့မိန်းကလေးနှင့်လက်ထပ်လိုက်တော့တယ်။ကျွန်တော့်နှလုံးသားထဲမှာရှိတဲ့နေရာကိုတော့သူကိုမပေးနိုင်သေးပါဘူးဗျာ.....ကျွန်တော့်နှလုံးသားထဲမှာမဒီမေဆိုတဲ့သူမပဲရှိတယ်။
ကျွန်တော်နှင့်အိမ့်တို့လက်ထပ်ပြီးတော့သူ့မိဘတွေလက်ဖွဲ့ထားတဲ့အိမ်ကိုပြောင်းလာကြတယ်။အိမ့်တယောက်တံခါးဖွင့်မလို့အိမ်တံခါးကြီးကိုကိုင်လိုက်ပေမဲ့ရုတ်တရတ်တံခါးကြီးကဂျိန်းကနဲပွင့်ထွက်လာတယ်.....အိမ့်လည်းရုတ်တရတ်မို့ကြောက်ပြီးဇိုင်းရှိတဲ့ဂိုထောင်ဖက်ပြန်လာလိုက်တယ်။ကျွန်တော်ကားဂိုထောင်မှာကားထိုးပြီးဂိုထောင်ထဲကထွက်လာတုန်းအိမ့်ကစိုးရိမ်တဲ့မျက်နှာနှင့်ကျွန်တော့်ဆီပြေးလာတယ်။
💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀
ဇိုင်း"အိမ့်....ဘာဖြစ်လို့လဲ???"
အိမ့်"ဟို...ဟို..ဟိုလေ...အိမ်တံခါးကြီးကအိမ့်လည်းမဖွင့်ပဲရုတ်တရတ်ကြီးပွင့်လာတယ်။"
ဇိုင်း"ဘယ်လို???အိမ်တံခါးပွင့်လာတယ်ဟုတ်လား???ဟာ!!!အဲ့တာဆိုအလုပ်သမားတွေသေချာသော့မခတ်သွားဘူးထင်တယ်.....အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲမသိဘူးကွာ။"
အိမ့်"အဲ့လိုမဟုတ်ဘူး....ကိုဇိုင်း....အိမ်တံခါးကြီးကအိမ့်လာမှဂျိန်းကနဲပွင့်သွားတာ....ကြောက်စရာကြီး။"
ဇိုင်း"အိမ့်ရယ်....အလုပ်သမားတွေကတံခါးသေချာမပိတ်ခဲ့ဘူးလေ....အဲ့တော့လေတိုက်လို့ပွင့်သွားတာနေမှာပေါ့။မကြောက်ပါနှင့်....လာအိမ်ထဲသွားကြမယ်နော်။"
အိမ့်"ဟုတ်...ဟုတ်ကဲ့။"
အိမ့်တယောက်ကြောက်နေပေမဲ့ခင်ပွန်းဖြစ်သူလည်းရှိနေတာကြောင့်အနည်းငယ်တော့ထိတ်လန့်မူတွေလျှော့သွားတယ်။
အိမ့်နှင့်ဇိုင်းတို့ဇနီးမောင်နှံ၂ယောက်ပစ္စည်းတွေနေရာချပြီးတော့အိမ့်ကညစာအတွက်ချက်ပြုတ်နေပြီးဇိုင်းကတော့ရေချိုးနေတယ်လေ။အိမ့်ဟင်းချက်ဖို့၀က်သားအစိမ်းပန်းကန်ကိုယူလိုက်တဲ့အချိန်မှာပန်းကန်ကဘေဇင်ထဲမှောက်ကျသွားတယ်။အိမ့်တယောက်"အော်!!!ငါကလည်းဟယ်....ဒါလေးတောင်သေချာမယူနိုင်ဘူး...."လို့ကိုယ့်ကိုကိုယ်အပြစ်လိုက်တယ်။ပြုတ်ကျသွားတဲ့၀က်သားတွေကိုပြန်ကောက်မလို့ကြည့်လိုက်တော့၀က်သားထဲကနေသွေးတွေအများကြီးထွက်လာပြီးအသားထဲကနေလောက်တွေတဖွားဖွားထွက်လာတော့တယ်။
အိမ့်လည်းကြောက်အားလန့်အားနှင့်"အား"လို့အကျယ်ကြီးအော်လိုက်တော့တယ်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-2 coming soon🫧🫧🫧🫧🫧
🍰🍰author-yoon mieno🍰🍰