အ၀တ်အစားလဲနေတုန်းအောက်ထပ်ကအိမ့်ရဲ့အော်သံကြားလိုက်ရတာမို့ကျွန်တော်အောက်ထပ့်ကိုအမြန်ပြေးဆင်းလာလိုက်တယ်။မီးဖိုခန်းထဲမှာမျက်လုံးအုပ်ပြီးတခုခုကိုလန့်နေတဲ့အိမ့်ကိုတွေ့လိုက်ရတယ်။
ဇိုင်း"အိမ့်....ဘာဖြစ်လို့လဲ???ဘာဖြစ်တာလဲ???"
အိမ့်ကဘေဇင်ထဲလက်ညှိုးထိုးပြလို့ကြည့်လိုက်တော့၀က်သားကနေသွေးလေးအနည်းငယ်ထွက်နေတာကလွဲရင်ကျန်တာဘာမှထူးဆန်းတာမတွေ့ရဘူး။
ဇိုင်း"ဘာမှမရှိပါဘူး....အိမ့်ရဲ့....ဘာဖြစ်လို့လဲ???"
ခင်ပွန်းဖြစ်သူစကားကြောင့်အိမ့်အံ့သြသွားပြီးဘေဇင်ဖက်ကိုမျက်လုံးဖွင့်ပြီးကြည့်လိုက်တော့တယ်။ဒါပေမဲ့စေနတုန်းကလိုသွေးတွေနှင့်လောက်တွေမရှိတော့ပဲပုံမှန်အတိုင်းဖြစ်နေတဲ့၀က်သားတွေကိုပဲတွေ့လိုက်ရတယ်။
အိမ့်"စောနတုန်းက၀က်သားထဲကနေသွေးတွေအများကြီးထွက်လာပြီးလောက်တွေလည်းအများကြီးထွက်လာတာကိုအိမ့်မြင်လိုက်တယ်။"
ဇိုင်း"ဘယ်မှာအိမ့်....ကျွန်တော်တော့မတွေ့ပါဘူး။"
အိမ့်"အိမ့်လည်းအဲ့ဒါအံ့သြနေတာ....ဘယ်လိုဖြစ်လို့ပုံမှန်းတိုင်းပြန်ဖြစ်သွားတာလဲမသိဘူး။"
ဇိုင်း"အိမ့်ရယ်....မင်းအမြင်မှားတာဖြစ်မှာပေါ့။"
အိမ့်"ဒါပေမဲ့အိမ့်တကယ်မြင်လိုက်တာ။"
💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀
ဇိုင်း"ဟုတ်ပါပြီ....အဲ့ဒါဆိုကျွန်တော်အိမ့်အတွက်ဘာလုပ်ပေးရမလဲ???"
အိမ့်"အိမ့်လေဒီ၀က်သားတွေကိုမချက်ချင်တော့ဘူး....စားဖို့လည်းမသတီတော့ဘူး....အိမ့်တို့အပြင်ကပဲမှာစားကြရအောင်နော်။"
ဇိုင်း"အင်း....အဲ့တာဆိုလည်းကျွန်တော်အပြင်ကပဲမှာလိုက်မယ်နော်....အိမ့်ဘာစားချင်လဲ။"
အိမ့်"မာလာရှမ်းကောစားချင်တယ်....အိမ့်အတွက်အဲ့တာမှာလိုက်နော်။"
ဇိုင်း"အင်း....ကျွန်တော်မှာလိုက်မယ်။အိမ့်ရေသွားချိုးတော့လေ.....အိမ့်လည်းပင်ပန်းနေရောပေါ့....ရေချိုးပြီးနားတော့လေ။"
အိမ့်"ဟုတ်..."
အိမ့်တယောက်ရေချိုးဖို့အပေါ်ထပ်တက်သွားတော့တယ်။ဇိုင်းကတော့အောက်ထပ်ကဧည့်ခန်းမှာcompany စာရင်းတွေလုပ်နေခဲ့တယ်။ဇိုင်းစာရင်းတွေလုပ်နေတုန်းသူ့ရဲ့နားလေးထဲကိုလေလေးရုတ်တရတ်၀င်လာတယ်။ဇိုင်း"ချစ်ကလည်းကိုအလုပ်လုပ်နေတာကိုစနေပြန်ပြီ။"လို့ပြုံးပြီးပြောလိုက်တယ်။ပြီးတော့မှဇိုင်းပြန်ပြီးအတွေးတခုပေါ်လာတယ်။"အော်....မဒီမှမရှိတော့တာ....ငါတော့မဒီ့ကိုအရမ်းသတိရနေလို့ဖြစ်မယ်။"လို့ဇိုင်းတွေးရင်းသက်ပြင်းချလိုက်တော့တယ်။
မဒီကျွန်တော့်နားမှာရှိတုန်းကအမြဲလိုလိုကျွန်တော့်နားကိုလေလေးတွေမှုတ်ကာအမြဲစနောက်ခဲ့တယ်လေ.....အခုလည်းကျွန်တော့်နားထဲလေလေးတိုးဝှေ့သွားတာကိုသူမစနောက်နေတယ်ပဲထင်နေမိတယ်။ပြန်တွေးလိုက်တိုင်းသူမဆုံးသွားတာကမနေ့တနေ့ကလိုပါပဲ....ကျွန်တော်သူမအကြောင်းပြန်တွေးရင်းသူမကိုအရမ်းသတိရတာပဲ။တကယ်တော့ဇိုင်းကိုကျီဆယ်နေတာလေညှင်းလေးတွေမဟုတ်ပဲမဒီကိုယ်တိုင်ပဲဆိုတာမဒီ့ရဲ့ဝိဥာည်ပဲသိတယ်လေ။
💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀
အိမ့်ရေချိုးနေရင်းတယောက်ယောက်ကသူ့ကိုစောင့်ကြည့်နေသလိုမျိုးခံစားနေရတယ်....ဒါပေမဲ့စိတ်ထင်တာလို့ပဲတွေးပြီးလုပ်စရာရှိတာပဲဆက်လုပ်နေလိုက်တယ်။အိမ့်အင်္ကျီထုတ်ရင်းမထင်မှတ်ပဲalbum တခုပိုတိုက်မိသွားတယ်။အဲ့အချိန်ဖိုင်တခုယူဖို့ဇိုင်းကလည်းအခန်းထဲ၀င်လာတယ်။
အိမ့်"ကိုဇိုင်း....ဒီဓာတ်ပုံထဲကလူကဘယ်သူလဲဟင်???မဟုတ်မှလွဲရော...."
ဇိုင်း"ဟုတ်တယ်...အိမ့်...သူကကျွန်တော်ပြောပြောနေတဲ့ကျွန်တော့်ရဲ့ဆုံးသွားတဲ့ချစ်သူလေ။"
အိမ့်"အော်....သူလား???"
အိမ့်ဓာတ်ပုံထဲကမဒီမေဆိုတဲ့မိန်းကလေးကိုသေချာထပ်ကြည့်လိုက်တယ်.....သူမကအသားဖြူပြီးတကယ်ချစ်စရာကောင်းတဲ့ကောင်မလေးပါ....ဒါပေမဲ့သူမကဓာတ်ပုံထဲမှာတောက်ပတဲ့အပြုံးလေးနှင့်ပြုံးနေပေမဲ့မျက်လုံးနေအိမ့်ကိုစိုက်ကြည့်နေသလိုခံစားရတယ်။အိမ့်လည်းပဲစိတ်ထင်တာလားမသိပေမဲ့ကြောက်စိတ်က၀င်လာတာကြောင့်အိမ့်ဇိုင်းကိုalbum ပြန်ပေးလိုက်တယ်။နောက်ဆုံးတော့ကိုဇိုင်းနှလုံးသားကိုအပိုင်သိမ်းထားတဲ့မိန်းကလေးကိုမြင်ဖူးသွားပြီပေါ့။ပိုဇိုင်းကအိမ့်နှင့်တွေ့တိုင်းမကြာမကြာသူ့အကြောင်းပြောပြတတ်တယ်လေ....ဒါပေမဲ့အိမ့်ကကိုဇိုင်းကိုချစ်မိနေတဲ့တော့မျက်လုံးစုံမှိတ်ပြီးကိုဇိုင်းနှင့်လက်ထပ်ခဲ့တာ....သူ့အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့အခုအိမ့်နှင့်အတူရှိနေရင်အိမ့်ကျေနပ်ပါတယ်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-3 coming soon🫧🫧🫧🫧🫧
🍰🍰author-yoon mieno🍰🍰