💔💔💔chapter-3💔💔💔
Viewers 99

အိမ့်အိပ်နေတုန်းတယောက်ယောက်ကအိမ့်ကိုလည်ပင်းညှစ်နေသလိုခံစားရပြီးအသက်ရှုတွေကျပ်လာတယ်....အသက်ရှုကျပ်လာတာကြောင့်အိမ့်အိပ်နေရာကနေလန့်နိုးလာတော့တယ်။ကိုဇိုင်းကလည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့်အိမ့်သူ့အတွက်အနှောင့်အယှက်မဖြစ်ချင်တာနှင့်၀ရန်ဒါဖက်ထွက်လာပြီးလေ၀အောင်ရူနေလိုက်တယ်။

အိမ့်ခြံထဲကိုကြည့်နေတုန်းသတို့သမီး၀တ်စုံနှင့်မိန်းကလေးတယောက်ခြံထဲမှာလမ်းလျှောက်နေတာကိုရှင်းရှင်းလင်းလင်းကြီးမြင်လိုက်ရတယ်....အိမ့်ကြောက်စိတ်၀င်လာပြီးခြေဖျားလက်ဖျားတွေပါတုန်လာတယ်။

ကျွန်တော်အိပ်ပျော်နေတုန်းမဒီ့ကိုအိမ်မက်မက်နေတယ်။

ဇိုင်း"ချစ်....ချစ်ကိုဆီပြန်လာတာလား???"

ကျွန်တော့်ရှေ့မှာတွေ့နေရတဲ့မဒီကြောင့်ကျွန်တော်အရမ်းပဲပျော်သွားတော့တယ်....ကျွန်တော်သူမဆီချက်ချင်းပြေးသွားတယ်။ဒါပေမဲ့သူမကရုတ်တရတ်ကျွန်တော့်ရှေ့ကထွက်သွားပြီးပျောက်ကွယ်သွားတော့တယ်။

ဇိုင်း"မဒီ....မဒီ...မဒီ"

ကျွန်တော်အိမ်မက်ကနေလန့်နိုးလာခဲ့တယ်....ချွေးတွေလည်းထွက်နေခဲ့တယ်။ဘေးနားကိုကြည့်လိုက်တော့အိမ့်ကိုမတွေ့ဘူးလေ....၀ရန်ဒါကတံခါးပွင့်နေတာကိုတွေ့တော့၀ရန်ဒါမှာရှိနေတယ်လို့ကျွန်တော်သိလိုက်တယ်။ကျွန်တော်မဒီအကြောင်းကိုတွေးနေမိတော့တယ်။စိတ်တွေရှုပ်ထွေးလာလို့၀ရန်ဒါဖက်ကိုထွက်လာလိုက်တယ်။


💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀


၀ရန်ဒါမှာ​​သွေးမရှိတဲ့မျက်နှာနှင့်ရပ်​နေတဲ့မဒီကို​တွေ့လိုက်ရတယ်....

ဇိုင်း"အိမ့်...အိမ့်...အိမ့်။"

အိမ့်"ကို...ကိုဇိုင်း....ဟို...ဟိုမှာသတို့သမီး၀တ်စုံကြီးနှင့်မိန်းက​လေးတ​ယောက်...."

အိမ့်က​ပြောရင်းခြံထဲကိုလက်ညှိုးထိုးပြလိုက်တယ်။ကျွန်​တော်သူပြတဲ့​နေရာကိုကြည့်လိုက်​တော့သတို့သမီး၀တ်စုံနှင့်မိန်းက​​လေးကို​တွေ့လိုက်ရတယ်....ကြည့်​နေရင်းနှင့်ရုတ်တရတ်ဖက်ခနဲပျောက်သွားတယ်။ကျွန်တော်လည်းရုတ်တရတ်မို့အနည်းငယ်ထိတ်လန့်သွားတယ်။

အိမ့်"ကို...ကို...ကိုဇိုင်း....တွေ့ ....တွေ့လိုက်တယ်မလား???ရုတ်တရတ်ကြီးပျောက်သွားတယ်ဆိုတော့သ...သ...သရဲလားမသိဘူး???"

ဇိုင်း"အိမ့်ကလည်းကွာ....မဟုတ်တာတွေပြောတော့မယ်....အိမ့်အိပ်ချင်မူးတူးနှင့်မို့အမြင်မှားတာပါ။"

အိမ့်"မဟုတ်ဘူး....ကိုဇိုင်း..အိမ့်လေ...."

ဇိုင်း"အိမ့်အိပ်ရေးမ၀လို့ပါ....လာ...အိမ့်...ပြန်အိပ်ကြရအောင်။"

ကျွန်တော်အိမ့်ကိုချော့မြူပြီးအခန်းထဲပြန်ခေါ်သွားလိုက်တယ်။ကျွန်တော်သေချာပေါက်မြင်လိုက်တာပေါ့....ဒါပေမဲ့အိမ့်ကြောက်နေမှာဆိုးလို့တမင်လိမ်ပြောလိုက်ရတာ။အိမ့်ကကျွန်တော်ရှိလို့စိတ်ချလက်ချနှင့်အိပ်ပျော်သွားပေမဲ့ကျွန်တော်ကတော့အိပ်မပျော်တော့ဘူး....အခုမြင်ရတာနှင့်နေ့လည်တုန်းကအိမ့်ပြောတာတွေကိုပြန်စဥ်းစားရင်းသွေးရိုးသားရိုးမဟုတ်တော့ဘူးလို့ကျွန်တော်သိလာတယ်။


💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀


ဒီအိမ်မှာတခုခုများရှိနေတာလား???ဆိုတဲ့မေးခွန်းကိုပဲမေးနေမိတော့တယ်။ဒါပေမဲ့ညသန်းခေါင်ဆိုတော့ဒါမျိုးတွေတခါတလေတွေ့ရတတ်ပါတယ်....အိမ်မှာဘာမှမရှိပါဘူးလို့ကျွန်တော်တွေးလိုက်တယ်။

မနက်၆နာရီခွဲတွင်.......

အိမ့်တယောက်အိပ်ယာကနိုးလာပြီးခင်ပွန်းဖြစ်သူအတွက်မနက်ပြင်ရန်အောက်ထပ်ကမီးဖိုခန်းထဲဆင်းလာတော့သည်....မနက်စာအတွက်ကြက်ဥကိုကြော်လိုက်ပြီးထမင်းကြော်ရန်ပြင်နေချိန်တွင်"ပဲပြုတ်...ပဲပြုတ်"ဟုအသံကြားသည့်အတွက်ပဲပြုတ်၀ယ်ရန်ကြော်ထားသည့်ကြက်ဥကိုပန်းကန်ပြားထဲထည့်ကာမီးဖိုခန်းထဲ၀င်ထားခဲ့လေသည်။

ပဲပြုတ်၀ယ်ပြီးမီးဖိုခန်းထဲပြန်အလာကြော်ထားသည့်ကြက်ဥကြော်များမရှိတော့ပေ။ဟယ်....ငါကြော်ထားတဲ့ကြက်ဥတွေဘယ်ရောက်သွားတာလဲ???အိမ့်တယောက်အံ့သြစွာရေရွတ်လိုက်မိသည်။ပြီးတော့မှအိမ့်ရဲ့အကြည့်တို့ကပြတင်းပေါက်ဆီရောက်သွားတော့သည်.....ပြတင်းပေါက်ကနေအရိပ်တခုလှုပ်ရှားသွားတာကိုအိမ့်တွေ့လိုက်ရသည်။အိမ့်တံတွေးမြိုချကာပြတင်းပေါက်ကိုဆက်ကြည့်နေမိတယ်....ရုတ်တရတ်"ဝုန်း"ဆိုပြီးကြီးမားတဲ့ကြောင်လေးတကောင်မီးဖိုခန်းထဲခုန်၀င်လာတယ်။အော်....ကြောင်ပါလား???တကယ်ပါပဲ....အိမ့်လည်းအဲ့ကျမှပြုံးနိုင်တော့တယ်။အိမ့်ရဲ့ကြက်ဥကြော်တွေကုုလည်းသူပဲယူစားသွားတာဖြစ်မယ်....တော်တော်ဆိုတဲ့ကြောင်လေး။အိမ့်ကြောင်လေးကိုအပြင်ဖက်ပြန်လွှတ်ပေးဖို့အိမ်ရှေ့ကိုထွက်လာလိုက်တယ်.....အဲ့အချိန်မျက်လုံးထဲကနေသွေးတွေစီးကျနေပြီးနွမ်းဖက်နေတဲ့အဖြူရောင်မင်္ဂလာ၀တ်စုံနှင့်မဒီ့ဝိဥာည်ဟာအိမ့်ကိုစူးစိုက်ပြီးကြည့်နေတော့သည်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-4 coming soon🫧🫧🫧🫧🫧


🍰🍰author-yoon mieno🍰🍰