အိမ့်မနက်စာပြင်လို့ပြီးတော့ကိုဇိုင်းကအပေါ်ထပ်ကနေဆင်းလာတယ်။
အိမ့်"ကိုဇိုင်း....suitနှင့်ပါလား....companyသွားမလို့လား???"
ဇိုင်း"ဟုတ်တယ်....အိမ့်ရဲ့။"
အိမ့်"ကိုဇိုင်းရယ်....မနေ့ကမှမင်္ဂလာဆောင်ပြီးတဲ့ဟာကို....နည်းနည်းပါးပါးနားပါးအုန်းလား???"
ဇိုင်း"မနားတော့ပါဘူး....အိမ့်ရယ်....ဒီနေ့နိုင်ငံခြားက တင်သွင်းကုန်တွေရောက်မှာလေ....အဲ့တော့ကိုယ်ရှိနေမှဖြစ်မှာ။"
အိမ့်"အော်....အင်းပါ...အိမ့်ထမင်းကြော်ထည့်ပေးမယ်နော်။"
အိမ့်ကိုဇိုင်းအတွက်ထမင်းကြော်ထည့်ပေးလိုက်တယ်။
ဇိုင်း"အိမ့်ရော....company လိုက်ခဲ့အုန်းမလား???"
အိမ့်"ဟွန်း....မလိုက်ချင်ပါဘူး....အိမ်မှာပဲအေးဆေးမားချင်တယ်။"
ဇိုင်း"အင်းပါ....အိမ့်သဘော။"
အိမ့်"ဒါနှင့်ကိုဇိုင်း....ကိုဇိုင်းနှင့်မမဒီကဘယ်လိုဖြစ်ပြီးချစ်သူဖြစ်သွားတာလဲဟင်???အိမ့်ကိုပြောပြပါလား???"
အိမ့်စကားကြောင့်ကျွန်တော်ရေတောင်သီးသွားတယ်။
ဇိုင်း"နေပါအုန်း....အိမ့်ရဲ့...အိမ့်ကဘာလို့သိချင်တာလဲ???"
အိမ့်"ကိုဇိုင်းကလဲ....အိမ့်သိချင်လို့ပေါ့...ပြောပြနော်...."
အိမ့်မဒီမေဆိုတဲ့မိန်းကလေးအကြောင်းအရမ်းစိတ်၀င်စားတယ်....ဘာဖြစ်လို့လဲဆိုတော့သူကကိုဇိုင်းရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်ခဲ့လို့ပဲ။
ဇိုင်း"အင်းပါ...အဲ့လိုဆိုတော့လည်း...."
💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀
လွန်ခဲ့သည့်အတိတ်.....
ဇိုင်း"ဒီဒီ(မဒီမေ)ရေ...ဒီဒီ..ကျောင်းသွားမယ်လေ....အဆင်သင့်ဖြစ်ပြီလား???"
မဒီ"အေး...အေး...လာပြီ။"
ရှည်လျားနက်မှောင်သည့်ဆံနွယ်လေးတွေကျစ်ဆံမြီးလေးကျစ်ထားကာကျောင်းစ်ိမ်း၀တ်စုံကိုသပ်ရပ်စွာ၀တ်ထားသည့်ဒီဒီလေးကအရမ်းချစ်ဖို့ကောင်းလွန်းပါတယ်ဗျာ....သနပ်ခါးရနံ့လေးကလည်းသူမဆီကသင်းပျံ့စွာထွက်ပေါ်နေတယ်။သူမနှင့်ကျွန်တော်နှင့်ကအိမ်နီးနားချင်းတွေလေ....ငယ်သူငယ်ချင်းတွေလည်းဖြစ်တယ်။သူနှင့်ကျွန်တော်နှင့်ကတဦးအပေါ်တဦးအရမ်းသံယောဇာဥ်ရှိကြတယ်....၁၀ကျော်သက်အရွယ်ရောက်လာတော့ဖြူစင်တဲ့သံယောဇဥ်ကနေချစ်ခြင်းဆိုတဲ့ချစ်ခြင်းဆိုတဲ့ပန်းရောင်အဖြစ်ကိုပြောင်းလဲလာခဲ့တော့တယ်။
မဒီ"ဇိုင်း...သွားကြမယ်လေ..."
ဇိုင်း"သွားမယ်လေ....စက်ဘီးပေါ်တက်....သေချာကိုင်ထားနော်...ပြုတ်ကျအုန်းမယ်။"
မဒီ"ဇိုင်းရယ်....နင့်အဲ့စကားကိုနေတိုင်းပြောနေတာမမောဘူးလား???ပြောတဲ့သူမောလားမမောလားတော့မသိဘူး...မဒီကတော့နားတွေတော်တော်ထူပူနေပြီ။"
နှုတ်ခမ်းလေးစူကာငြီးငြူလိုက်တယ်။
ဇိုင်း"ထွက်ပြီနော်။"
ကျွန်တော်နှင့်သူမစက်ဘီးစီးရင်းကျောင်းကိုခရီးဆက်ခဲ့တာပေါ့.....အစတုန်းကတော့ကျွန်တော်တို့ကကျောင်းကိုကားနှင့်ပဲသွားလေ့ရှိခဲ့တာ...၈တန်းရောက်ကတည်းကျွန်တော်စက်ဘီးနှင့်ပဲကျောင်းသွားတော့တယ်....ဘာဖြစ်လို့လဲဆိုတော့ကားစီးရတာငြီးငွေ့လာလို့....သူများကျောင်းသားတွေလိုစက်ဘီးစီးချင်လာလို့ပဲပြောရမယ်။ကျွန်တော်စက်ဘီးနှင့်ကျောင်းသွားတော့မဒီကလည်းကျွန်တော့်စက်ဘီးနှင့်ပဲလိုက်တော့တယ်လေ။
💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀
ဇိုင်း"ဒီဒီလေး....ဒီဒီ။"
မဒီ"အော်...ဇိုင်း....ရောက်လာပြီလား???သွားကြမယ်လေ။"
ကျွန်တော်နှင့်မဒီကျောင်းပိတ်ရက်လေးရတုန်းလျှောက်လည်ရင်းမုန့်စားမလို့အပြင်သွားလိုက်တယ်။
ဇိုင်း"ဒီဒီ...ငါမင်းကိုပြောစရာရှိတယ်။"
မဒီ"အမလေးဟယ်!!!ပြောစရာရှိတာများပြောပေါ့...စကားပုလ္လင်ခံနေသေးတယ်။"
ကိတ်စားရင်းပြောလိုက်သည့်မဒီ....
ဇိုင်း"ငါဒီစကားကိုပြောသင့်မပြောသင့်အကြိမ်ကြိမ်စဥ်းစားပြီးမှပြောဖို့ဆုံးဖြတ်လိုက်တာ....စိတ်တော့မဆိုးနှင့်နော်....ငါမင်းကိုချစ်မိနေပြီ....ဒီဒီ။"
ကျွန်တော့်စကားကြောင့်သောက်နေသည့်ကော်ဖီသည်းသွားသည့်ဒီဒီ.....
ဇိုင်း"အံသြသွားတာလား...ဒီဒီ။"
မဒီ"မအံ့သြပဲနေမလား???သူပဲရုတ်တရတ်ကြီးဖွင့်ပြောလိုက်ပြီးတော့...."
ဇိုင်း"sorryပါဟာ....ဒါပေမဲ့ဖွင့်မပြောရင်နင်အခြားသူနောက်ပါသွားမှာဆိုးလို့....မင်းနားမှာဘဲလ်တွေကဒီလောက်ဝိုင်းဝိုင်းလည်နေတာ...ကိုယ်စိတ်မချပါဘူး။"
မဒီ"သူ့ကျတော့ကောင်မလေးတွေဝိုင်းဝိုင်းမလည်တာကျမလို့...."
ဇိုင်း"အဲ့တာတွေထားပါ...မင်းကိုယ့်အချစ်ကိုလက်ခံမှာလားဟင်။"
မဒီ"ဇိုင်းရယ်....ငါတို့ကအခုမှ၁၀တန်းပဲရှိသေးတယ်လေဟာ....ချစ်သူရည်းစားထားဖို့ငယ်ပါသေးတယ်....ပြီးတော့အခုချိန်ကပညာရေးကိုဦးစားပေးရမဲ့အချိန်လေ။"
ဇိုင်း"ဒါပေမဲ့...."
မဒီ"ငါနင့်ကိုအခုအဖြေမပေးဘူး....နင်ရော၊ငါရော၁၀တန်းအောင်တဲ့အချိန်ကျရင်ငါ့ကိုနောက်တခေါက်ထပ်ဖွင့်ပြောလေ....အဲ့ကျရင်ငါနင့်ကိုအဖြေပြန်ပေးမယ်....နင်စိတ်မပြောင်းခဲ့ရင်ပေါ့။"
ဇိုင်း"ငါကဘာလို့စိတ်ပြောင်းရမှာလဲ....မင်းစကားကိုသာမှတ်ထားနော်။"
မဒီ"တို့စကားတခွန်းကို၂ခါမပြောတတ်တာမင်းသိပါတယ်....ရှည်ရှည်ဝေးဝေးတော့မပြောတော့ပါဘူး။"
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-5 coming soon🫧🫧🫧🫧🫧
🍰🍰author-yoon mieno🍰🍰