💔💔💔chapter-5💔💔💔
Viewers 97

​ ​​ဒေါက်​....ဒေါက်...​ဒေါက်...ဆိုတဲ့အသံကြောင့်ကျွန်တော်ကြားလိုက်ရတာကြောင့်အိပ်ရေးပျက်သွားတာပေါ့။

ဇိုင်း"အမေ...သားကိုဘာလို့နိုးနေတာလဲ....အစောကြီးရှိသေးတဲ့ဟာကို။"

ကျွန်တော်ပြောလိုက်တော့တံခါးခေါက်သံရပ်သွားတယ်....အဲ့တာနှင့်ကျွန်တော်ပြန်အိပ်လိုက်တော့တယ်။

ဇိုင်း"အာ...အား...အား...နာလိုက်တာ....အမေ...သားကိုဘာလို့နားရွက်လိမ်ဆွဲရတာလဲ???"

မဒီ"ဟဲ့....ငဇိုင်း...မျက်လုံးဖွင့်ပြီးသေချာကြည့်အုန်း....ဘယ်သူလဲလို့???"

ဇိုင်း"အွန်....ဒီဒီပါလား...စောစောစီးစီးဒီဒီရယ်....ဘာကိစ္စရှိလို့လဲ???ကိုအရမ်းအိပ်ချင်လို့ပြန်အိပ်လိုက်အုန်းမယ်နော်....ပြီးမှမင်းဆီလာခဲ့မယ်။"

မဒီ့ကိုသူပြောချင်တာတွေပြောပြီးတာနှင့်အိပ်ယာထဲပြန်ကွေးမလို့လုပ်တဲ့ဇိုင်း.....

မဒီ"ဟဲ့....ဇိုင်း....ဒီနေ့အောင်စာရင်းထွက်မှာလေ...နင်သွားမကြည့်တော့ဘူးလား???နင်မလိုက်ရင်ငါတ​ယောက်တည်းပဲသွား​တော့မယ်....နင်ကျန်ခဲ့လိုက်​တော့။"

ဇိုင်း"အယ်....ဟုတ်သားပဲ...​မေ့သွားတယ်....ခဏ​စောင့်​နော်...အ၀တ်အစားလဲလိုက်အုန်းမယ်။"

မဒီ"ဇိုင်း....နင်က​တော့အမြဲတမ်းအဲ့အတိုင်းပဲ....လူမများခင်သွားချင်ပါတယ်ဆို...နင်လုပ်တာနှင့်​နောက်ကျ​တော့မယ်...တကယ်ပါပဲ။"

ဇိုင်း"ကဲပါ....နှုတ်ခမ်းကြီးဆူမ​​နေပါနှင့်​တော့....​တော်ကြာအလှ​တွေပျက်သွားအုန်းမယ်။"

မဒီ့ရဲ့ပါးနှစ်ဖက်ကိုဆွဲပြီး​ပြောလိုက်တဲ့ဇိုင်း.....

မဒီ"ကဲပါ....ကိုယ်​တော်​ချောရယ်...လုပ်စရာရှိတာမြန်မြန်လုပ်ပါ....​နောက်ကျရင်မ​စောင့်​တော့ပဲသွားလိုက်​တော့မှာ။"


💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀


ဇိုင်း"ဟုတ်ပါပြီဗျာ...၃မိနစ်ပဲ​စောင့်...."

မဒီ့ကိုမျက်နှာ​ပြောင်ပြီး​ရေချိုးခန်းထဲ​ပြေး၀င်သွားသည့်ဇိုင်း.....

မဒီ့မျက်နှာကမဲ့လိုက်​ပေမဲ့စိတ်ထဲမှာ​တော့သူ့​ကြောင့်အခါခါ​ပြုံးမိ​နေ​တော့သည်....မဒီသူ့အိပ်ရာ​ပေါ်လှဲရင်းfbခဏသုံး​​နေလိုက်တယ်။

ဇိုင်း"မဒီ....ကိုတို့သွားရအောင်...."

မဒီ"အင်း...."

ကျွန်တော်နှင့်ဒီဒီ​အောင်စာရင်းအတူတူသွားကြည့်လိုက်ကြတယ်။

မဒီ"ဟယ်....ဇိုင်းငါ​အောင်တယ်...6Dနှင့်​အောင်တယ်သိလား???နင်​ရော..."

ဇိုင်း"ငါလား???ငါက...."

ဇိုင်းကညှိုးငယ်သည့်မျက်နှာ​လေးဖြစ်​​နေတာ​ကြောင့်မဒီအရမ်းစိတ်ပူသွား​တော့တယ်။

မဒီ"ဇိုင်း....နင်...."

မဒီ့ကိုသူကခေါင်းရမ်းပြတယ်....

မဒီ"ဘာမှမဖြစ်ပါဘူးဟာ....၀မ်းမနည်းပါနှင့်....ဒီနှစ်မအောင်တော့လည်းနောက်နှစ်ထပ်ကြိုးစားလို့ရတာပဲ....ကြိုးစားရင်နင်လည်းအောင်မှာပေါ့။"

ပြောရင်းမျက်ရည်အနည်းငယ်ဝဲလာသည့်ဒီဒီ့ကြောင့်ကျွန်တော်အနည်းငယ်ပြုံးမိသွားတော့တယ်....တကယ်တော့ကျွန်တော်၁၀တန်း5Dနှင့်အောင်ပါတယ်....သူမကိုစချင်လို့တမင်ဟန်ဆောင်နေလိုက်တာဖြစ်သည်....တကယ်လို့သာကျွန်တော်စာမေးပွဲရင်ကျွန်တော့်ထက်သူမကပိုပြီး၀မ်းနည်းမှာကျွန်တော်သိပါတယ်။

ဇိုင်း"စာမေးတော့ပြန်မဖြေချင်တော့ပါဘူးဟာ...."

မဒီ"ဘာဖြစ်လို့လဲ??ပြန်ဖြေရမှာပေါ့....ငါနင့်ကိုဂိုက်ပြန်လုပ်ပေးမှာပေါ့...။"

ဇိုင်း"ငါကပြန်ဖြေစရာမှာမလိုတာ....ဘာလို့လဲဆိုတော့ငါက5Dနှင့်အောင်တာလေ....ပြန်ဖြေချင်ရင်တောင်ဖြေလို့မရတော့ဘူး။"


💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀


ကျွန်တော်အဲ့လိုပြောလိုက်မှသူမမျက်နှာလေးမှာတောက်ပတဲ့အပြုံးလေးတွေကိုတွေ့ရတော့တယ်။

မဒီ"အော်!!!ကောင်စုတ်....နင်ကငါ့ကိုနောက်တယ်ပေါ့...ငါမှာတော့နင်စာမေးပွဲကျတယ်ထင်ပြီးစိတ်မကောင်းဖြစ်နေတာ....နင်သေပြီသာမှတ်။"

မဒီကပြောရင်းကျွန်တော့်ကိုလာရိုက်ပါလေရော....

ဇိုင်း"ဘာလို့ရိုက်တာလဲ...ဒီဒီရဲ့???နာလာပြီ။"

မဒီ"နာ​ပါ​လေ့​​စေ...."

ကျွန်​တော်လည်းအဲ့တာနှင့်ဒီဒီ့ဆီက​နေထွက်​ပြေး​တော့တာ​ပေါ့....အဲ့​တော့ဒီဒီက​လည်းကျွန်​တော့်​နောက်ကို​ပြေးလိုက်လာ​ရင်းခဲလုံးနှင့်တိုက်မိပြီး​ချော်လဲမလိုဖြစ်သွား​တော့တယ်။

ဇိုင်း"မဒီ....သတိထား...."

ကျွန်​တော်မဒီလဲကျမှာဆိုးလို့​ပြေးပြီးထိန်း​ပေးလိုက်တာမရည်ရွယ်ပဲသူမကိုဖက်မိသလိုဖြစ်သွား​​တော့တယ်.....

ဇိုင်း"အဆင်​ပြေရဲ့လား....ဘာဖြစ်သွား​သေးလဲ???ဒီဒီ"

မဒီ"ဘာမှမဖြစ်ပါဘူး....."

မဒီပြောရင်းသူ့ကိုမော့ကြည့်လိုက်တော့တယ်.....သူနှင့်မဒီကြည့်ချင်းဆုံသွားတော့ရန်ခုန်သံတွေဟာကျယ်လောင်လာတော့တယ်။

    မဒီသူ့ပုခုံးပေါ်လက်တင်ပြီးသူ့မျက်နှာနားဆီဖြေးဖြေးချင်းတိုးသွားပြီးစကားလေးတခွန်းပြောလိုက်မိတော့တယ်။

မဒီ"ဇိုင်း....ငါတော့နင့်ကိုချစ်မိနေပြီ....I love you so much!!!"

မဒီသူ့ကိုအဖြေပေးပြီးတာနှင့်kissပေးလိုက်တော့တယ်။

     ဒီလိုနှင့်ကျွန်တော်နှင့်မဒီတို့ချစ်သူတွေဖြစ်သွားခဲ့တာပေါ့.....အဲ့နေ့လေးကကျွန်တော်တို့အတွက်လုံး၀မေ့လို့မရတဲ့အမှတ်တရနေ့လေးဖြစ်ခဲ့တာပေါ့ဗျာ......


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-6 coming soon🫧🫧🫧🫧🫧


                  🍰🍰author-yoon mieno🍰🍰