💔💔💔chapter-6💔💔💔
Viewers 96

အိမ့်"ကိုတို့ရဲ့ချစ်ဇာတ်လမ်း​လေးကကြည်နူးဖို့​ကောင်းတယ်​​နော်....."

ဇိုင်း"အွန်း....ဟုတ်တယ်....သူနှင့်အတူ​နေတိုင်းအရာရာကနတ်သမီးပုံပြင်ထဲ​ရောက်သွားသလိုခံစားရတယ်.....ဒါ​ပေမဲ့ဒါ​တွေကအတိတ်မှာကျန်ခဲ့ပြီးပြီပဲ...ဒီဒီလည်းမရှိ​တော့ဘူး​လေ....ကဲ...အိမ့်ကျွန်​တော်သွား​တော့မယ်​​နော်...အချိန်လည်းလင့်​နေပြီ။"

အိမ့်"ဟုတ်....​နေ့လည်ကျရင်အိမ့်​​နေ့လည်စာလာပို့​ပေးမယ်​နော်....."

ဇိုင်း"ရပါတယ်....အိမ့်ရဲ့....ကျွန်​တော်အပြင်ကပဲ၀ယ်စားလိုက်မယ်​လေ...အိမ့်အလုပ်ပို​​နေပါအုန်းမယ်...."

အိမ့်"ဘာလို့လဲ???အိမ့်လည်းအလုပ်အား​နေတဲ့ဟာကို....ပြီး​တော့အပြင်စာ​တွေကကျန်းမာ​ရေးနှင့်မညီညွတ်ဘူး​လေ....များများစားရင်ကျန်းမာ​ရေးထိခိုက်လိမ့်မယ်။"

ဇိုင်း"အိမ့်သ​ဘော....လာရင်သတိထားပြီးလာ​နော်....ကား​မောင်းတာအရမ်းအန္တရာယ်များတယ်။"

အိမ့်"ဟုတ်....."

ကိုဇိုင်းအလုပ်သွား​​တော့အိမ့်​ဈေးသွားပြီး​နေ့လည်စာနှင့်ညစာအတွက်တခါတည်းချက်စရာရှိတာချက်ပြုတ်​လိုက်​တော့တယ်။

"တီ....တီ.....တီ"ဆိုတဲ့ကားဟွန်းတီးသံ​ကြောင့်အိမ့်ခြံထဲဆင်းပြီးတံခါးဖွင့်​ပေးလိုက်တယ်။

အိမ့်"ဟယ်....သူငယ်ချင်းတို့ဘယ်လိုရောက်လာကြတာလဲ???"

မြစိမ်း"သတို့သမီးအသစ်စက်စက်လေးဆီကကျွန်မတို့ကအတွေ့အကြုံလာပြီးနားထောင်တာပေါ့....နော်...မိုး..."

မိုး"ဟုတ်တာပေါ့ရှင်....."

အိမ့်"မိန်းမတွေ....ရောက်တာနှင့်စနေကြပြန်ပြီ....လာ...လာ...အထဲ၀င်ကြ...နေတွေအရမ်းပူနေတယ်။"

မိုး"ငါတို့ကစလိုက်တာပါဟာ....နင်​​ပျော်​အောင်လို့...."

မြစိမ်း"​ဟုတ်တယ်ဟ....ဒါနှင့်နင့်ချစ်ချစ်ကြီးနှင့်​ရောအဆင်​ပြေရဲ့လား???"


💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀


အိမ့်"​ပြေပါတယ်ဟာ....သူကငါ့ကိုဂရုစိုက်ပါတယ်....ဒါ​ပေမဲ့သူငါ့ကိုတာ၀န်အရ​စောင့်​ရှောက်​ပေး​နေသလိုမျိုးခံစားရတယ်....သူ့ရင်ထဲကမပါသလိုပဲ...."

မြစိမ်း"​အော်...ဒါ​တော့အိမ့်ရယ်....ကိုဇိုင်းကသူချစ်ရတဲ့​ကောင်မ​လေးကဆုံးသွားတာကြာမှမကြာ​သေးပဲကိုး....အချိန်​တော့ယူရအုန်းမှာ​ပေါ့....နင်ကနားလည်​ပေးလိုက်ပါ....​သေ​သောသူကြာရင်​မေ့ဆိုသလိုကြာလာရင်​ကိုဇိုင်းလည်း​မေ့သွားမှာ​ပေါ့.....နင်ကိုဇိုင်းအချစ်ကိုတ​နေ့ကျရင်ပိုင်ဆိုင်မှာပါဟာ။"

မိုး"ဟုတ်တယ်....အိမ့်ငါလည်းတနေ့ကျရင်ကိုဇိုင်းအချစ်ကိုနင်ပိုင်ဆိုင်ရလိမ့်မယ်လို့ယုံကြည်တယ်။"

အိမ့်"အေးပါဟာ.....ကျေးဇူးပါပဲ....ငါ့မှာနင်တို့ပဲရှိတယ်။"

အဲ့အချိန်အိမ်ပေါ်ထပ်ကနေ"ဝုန်း"ဆိုပြီးအသံကျယ်ကြီးတခုထွက်လာတယ်.....

မိုး"ဟဲ့....ဘာအသံကြီးလဲ???"

အိမ့်"မသိ....."

အိမ့်စကားမဆုံးခင်"ဝုန်း"ဆိုပြီးနောက်ထပ်အသံတခုထပ်ထွက်လာတယ်။

မြစိမ်း"အသံကအပေါ်ထပ်ကလာတာပဲ....မြန်မြန်သွားကြည့်ရအောင်...."

အိမ့်တို့၃ယောက်အပေါ်ထပ်အမြန်တက်သွားပြီးသွားကြည့်လိုက်တယ်....အိမ့်တို့အခန်းထဲကမီးအိမ်နှင့်အလှပန်းအိုးထဲကအစိတ်စိတိအမြွှာမြွှာကွဲနေတာတွေ့လိုက်ရတယ်....


💀💀💀💀💀💀💀💀💀💀💀💀💀💀💀💀


မိုး"ဟယ်....ဘယ်လိုဖြစ်တာလဲ???မီးအိမ်ရောပန်းအိုးပါအစိတ်စိတ်အမြွှာမြွှာကွဲ​နေပါလား???ဘယ်သူလုပ်သွားတာလဲ???"

မြစိမ််း"​အေးဟယ်...​​နေ့ခင်း​ကြောင်​တောင်သူခိုး၀င်ရတယ်လို့...."

အိမ့်"သူခိုး၀င်တာဟုတ်ရဲ့လား???လိုက်ရှာကြရ​အောင်....ဒီ​လောက်အချိန်တိုတို​လေးနှင့်​တော့မြန်မြန်ထွက်သွားနိုင်မှာမဟုတ်ဘူး....တနေရာရာမှာပုန်းနေလောက်တယ်....."

မိုး"အေး....ဖြစ်နိုင်လောက်တယ်....ရှာကြရအောင်...."

အိမ့်"မိုး.....နင်လှေကားနားမှာခဏစောင့်နေလိုက်....သူခိုးကငါတို့အခန်းတွေထဲရှာနေတုန်းထွက်ပြေးသွားမှာဆိုးလို့....လှေကားကနေဆိုတော့အပေါ်ရော၊အောက်ရောမြင်နေရတယ်။"

မိုး"အေး...အေး....စိမ်း....အိမ့်ကိုကူရှာပေးလိုက်အုန်းနော်...."

မြစိမ်း"အေးပါ...."

မိုး"သတိလည်းထားကြအုန်းနော်....တော်ကြာသူခိုးကရန်မူနေအုန်းမယ်...."

စိမ်းမြ၊အိမ့်"အေး....အေး...."

အဲ့တာနှင့်မိုးကလှေကားနားမှာ​စောင့်နေခဲ့ပြီးမြစိမ်းနှင့်အိမ့်ကသူခိုးလိုက်ရှာ​နေလိုက်တာ​ပေါ့......

အိမ့်"စိမ်း....ငါအခန်းထဲတချက်သွားကြည့်လိုက်အုန်းမယ်​နော်....နင်ကဟိုဖက်ကအခန်းလွတ်ထဲသွားကြည့်​ပေး​နော်..."

စိမ်းမြ"​အေး..."

အိမ့်လည်းအခန်းထဲ၀င်ပြီး​နေရာအနှံ့မှာသူခိုးကိုလိုက်ရှာ​နေလိုက်မိ​တော့သည်.....

အိမ့်"သူခိုးလည်းမ​တွေ့ပါလား???​​နေရာလည်းစုံ​နေပြီ....ကြည့်ရတာ​ကြောင်ပဲ၀င်​ဆော့သွားတာလားမသိဘူး???"

အိမ့်​ပြောရင်းမှန်တင်ခုံကမှန်ဆီကြည့်​ရောက်သွားတယ်....မှန်မှာ"ထွက်သွား....ထွက်သွား...မောင့်ဘေးကထွက်သွား......"ဆိုပြီးသွေးတွေနှင့်မှန်ပေါ်မှာရေးထားတာတွေ့လိုက်ရတယ်.....အိမ့်ကြောက်ပြီးခြေဖျားလက်ဖျားတွေအေးစက်လာပြီးအသံတောင်မထွက်နိုင်တော့ပေ....အိမ့်လည်းကြောက်ကြောက်နှင့်အခန်းထဲထွက်မလို့မှန်ရှေ့ကနေတံခါးဖက်ကိုမျက်နှာလှည့်လိုက်တဲ့အချိန်မှာရှေ့ကိုပြူးထွက်နေသည့်မျက်လုံးကနေသွေးတွေစီးကျကာနွမ်းဖက်နေသည့်သတို့သမီး၀တ်စုံကို၀တ်ဆင်ထားသည့်မိန်းကလေးကိုအနီးကပ်တွေ့လိုက်ရတော့သည်။

အိမ့်လည်းကြောက်စရာကောင်းလွန်းသည့်မိန်းကလေးမျက်နှာကိုမြင်ပြီးစက္ကန့်ပိုင်းအတွင်းလောကကြီးတခုလုံးကအမှောင်ဖုံးသွားတော့တယ်......


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


chapter-7 coming soon🫧🫧🫧🫧🫧


🍰🍰author-yoon mieno🍰🍰