"မေမေရယ်...ကျွန်တော်လက်မထပ်ချင်သေးတာပါဘူး...."
ရတုပိုင်တယောက်မေအေဖြစ်သူဒေါ်စိမ်းမြကမိန်းမပေးစားနေသဖြင့်စိတ်ညစ်နေရတယ်....
"ဟဲ့...လက်မထပ်ချင်လို့ရမလား....မင်းအသက်ကဖြင့်၄၀နားနီးနေပြီ...."
"မေမေ....အဲ့တာတော့များသွားပြီ...သားကအခုမှ၃၃နှစ်ပဲရှိပါသေးတယ်ဗျာ....၄၀ပြည့်ဖို့၇နှစ်တောင်လိုသေးတာကို...."
"ဘာပဲဖြစ်ဖြစ်...၃၀ကျော်တာနှင့်၄၀နားနီးနေပြီပဲ...ဘယ့်နှယ်အသက်ကဖြင့်၃၀ကျော်နေပြီအခုထိရည်းစားရှိတယ်လို့အသံတောင်မကြားရဘူး...မင်းကလေအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးသာဖြစ်နေတာ...အချစ်ကိစ္စမှာတော့အဖြစ်ကိုမရှိဘူး...မင်းသူငယ်ချင်းတွေတောင်အားလုံးအိမ်ထောင်ကျလို့သားသမီးတွေတောင်ရှိနေပြီ....မင်းဘာအသုံးကျလဲ...ပြောစမ်းအုန်း...လူပျိုကြီးရဲ့???"
မာတာမိခင်ပြောမှပဲကျွန်တော်ကလုံး၀သုံးစားမရတဲ့သူဖြစ်လို့...တစိတ်ရှိဒီလူပျိုကြီးဆိုတာကိုပဲခလုတ်လာတိုက်နေတော့တာပဲ....
"မေမေပေးစားတဲ့သူကိုလည်းကြည့်အုန်း....ကျွန်တော့်ထက်၁၀နှစ်ကျော်တောင်ငယ်သေးတယ်....ကျွန်တော်ကကလေးသာသာလိုလူမျိုးနှင့်လက်ထပ်ပြီးကလေးထိန်းရမှာလား???"
ကျွန်တော့်စကားအဆုံးမှာမာတာမိခင်ရဲ့ခပ်ပြင်းပြင်းရိုက်ချက်ကကျောပြင်ပေါ်ကျရောက်လာခဲ့တယ်....
"အာ့...မေမေ...နာတယ်လို့...မေမေတို့ကကျွန်တော်ငယ်ငယ်တုန်းကအတိုင်းပဲလက်မြန်ချက်....မေမေ့လက်စနှင့်ဆိုအိုလံပစ်ပြိုင်ပွဲမှာရွှေတံဆိပ်တောင်ရနိုင်တယ်....သိလား..."
"တော်!!!တိတ်...အပိုတွေပြောမနေနှင့်...ငါကဒါဆိုဒါမှကြိုက်တယ်ဆိုတာသိတယ်မလား....ရတုပိုင်...."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
"ဟုတ်ပါပြီ....မေမေ့စကားနားထောင်ပါ့မယ်...ဒါပေမဲ့သားလက်ထပ်ရမဲ့မိန်းကလေးကိုတော့လေ့လာအုန်းမယ်...သူကတကယ်ကောင်းတဲ့မိန်းကလေးဆိုရင်သားမေမေစီစဥ်တာလက်ခံမယ်...."
"အေးပါ...ဒါတော့သားသဘော...ကိုယ်တဘ၀လုံးလက်တွဲသွားမဲ့သူရဲ့အကြောင်းကိုသေချာသိထားဖို့လိုတာပေါ့...."
"သားကိုကေသီရဲ့အိမ်လိပ်စာပေးပါ...မေမေ...သားသူတို့အိမ်မှာသွားနေပြီးအချိန်ယူပြီးလေ့လာလိုက်မလို့...."
"ကောင်းသားပဲ...သားကဦးလေးမြတ်တို့အိမ်မှာသွားနေတော့ပိုပြီးကေသီအကြောင်းသိရတာပေါ့...မေမေဦးလေးမြတ်ဖုန်းဆက်ထားလိုက်မယ်....."
"မဆက်နှင့်မေမေ...သားသူတို့အိမ်သွားမှာသူတို့လုံး၀မသိစေနှင့်...သားကသူ့တို့အိမ်မှအလုပ်သမားယောင်ဟန်ဆောင်ပြီးသူတို့စိတ်ရင်းမှန်ကိုသိရအောင်လေ့လာမှာ..."
"သားရယ်...ဖြစ်ပါ့မလား???"
"ဖြစ်တာပေါ့...မေမေရဲ့...သားကအပေါ်ယံရွှေမှုန်ကြဲထားတဲ့အတုအယောင်တွေကိုအလိုမရှိဘူး...ရုပ်ရည်အလှထက်စိတ်ထားအလှကိုပိုပြီးနှစ်သက်လို့ပါ...သားလက်ထပ်မဲ့မိန်းကလေးကလည်းစိတ်ထားလှသူပဲဖြစ်ရမယ်....အဲ့လိုမှမဟုတ်ရင်သားမလက်ထပ်နိုင်ဘူး...မေမေ...."
"အွန်း...အမေလည်းအဲ့လိုပါပဲ...စိတ်ထားလှတဲ့ချွေးမလေးပဲလိုချင်တယ်....အပေါ်ယံရွှေမှုန်ကြဲထားပြီးအတွင်းစိတ်ကပုပ်နေတဲ့သူကိုချွေးမ မတော်နိုင်ဘူး....သားစိတ်ကြိုက်စီစဥ်ပါ...အမေ၀င်မပါတော့ဘူး..."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
"ဟုတ်ကဲ့...သားအဆင်ပြေသလိုစီစဥ်လိုက်ပါမယ်...."
ကေသီ...ကေသီ...မင်းကဘယ်လိုမိန်းကလေးမျိုးလဲဆိုတာငါသိချင်တယ်...မင်းသာစိတ်ထားလှတဲ့သူဆိုရင်ငါမင်းကိုလက်ထပ်မှာပါ...အဲ့လိုမှမဟုတ်ရင်ငါမင်းကိုငြင်းရလိမ့်မယ်....
ကေသီတို့အိမ်ကdriverတယောက်ခေါ်နေတာသိရတော့ကျွန်တော်ကေသီတို့အိမ်မှာdriver၀င်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်....
"မောင်ရင့်ရဲ့ကားမောင်းသက်တမ်းကဘယ်လောက်ရှိပြီလဲ???"
မျက်နှာမှာတည်ငြိမ်မူအပြည့်နှင့်မေးနေသူကားကေသီရဲ့ဖခင်ဖြစ်သူဦးလေးမြတ်....အသက်၅၁ရှိနေပြီဖြစ်ပေမဲ့လည်းနုပျိုခန့်ညားနေဆဲ....လူကြီးလူကောင်းတယောက်ဆိုတာမျက်နှာပေါ်မှာပေါ်လွင်နေတယ်....
"ကျွန်တော်အသက်၂၀တည်းကကားမောင်းလာတာဆိုတော့၁၀နှစ်လောက်တော့ရှိပြီထင်တယ်...."
"အဲ့တာဆိုကားမောင်းအတော်ကျွမ်းကျင်နေမှာပဲ..."
"ဟုတ်ကဲ့ဗျ....ကျွန်တော်ကားမောင်းတတ်ရုံတင်မကပါဘူး...ကားလည်းပျက်ရင်လည်းပြင်တတ်ပါတယ်....minor caseဆိုရင်ပေါ့...."
"အေး...အေး...ဦးလေးတော့သဘောကျတယ်ကွာ...ဦးအလုပ်ကလည်းသင်္ဘောသားဆိုတော့အိမ်မှာအမြဲရှိနေတာမဟုတ်ဘူးကွ...မောင်ရင်ကကားလည်းပြင်တတ်တယ်ဆိုတော့ဦးကစိတ်ချရတာပေါ့....မင်းမနက်ဖြန်ကစပြီးအလုပ်ဆင်းတော့....ဒီမှာပဲနေ၊ဒီမှာပဲစားပေါ့ကွာ....မိသားစု၀င်တွေလိုပေါ့...."
"ဟုတ်ကဲ့....ကျေးဇူးတင်ပါတယ်...ဦးလေး...."
ဦးလေးမြတ်ကတော်တော်သဘောကောင်းတဲ့သူပါလားလို့ကျွန်တော်တွေးလိုက်မိတယ်....
"မင်းရဲ့အဓိကတာ၀န်ကတော့ဦးလေးရဲ့သမီးငယ်ကိုကျောင်းပို့ကျောင်းကြိုလုပ်ပေးဖို့ပဲ....ကျန်တဲ့အချိန်တွေကတော့သမီးကြီးနှင့်ဦးဇနီးတို့သွားချင်တဲ့နေရာကိုလိုက်ပို့ပေးလိုက်ပေါ့...."
"ဟုတ်ကဲ့ပါ...ဦးလေး...."
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-2 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰