ဒီနေ့ကကျွန်တော်ကေသီတို့အိမ်မှာအလုပ်စဆင်းတယ်....ကျွန်တော်ခြံထဲ၀င်၀င်ချင်းမှာဖြူစင်တဲ့မျက်နှာလေးနှင့်ချစ်စရာကောင်းနေသည့်ကောင်မလေးကိုမြင်လိုက်ရတယ်....ထိုကောင်မလေးကခြံထဲရှိပန်းပင်လေးတွေကိုရေလောင်းနေခဲ့တယ်....
ထိုကောင်မလေးကကေသီများဖြစ်နေမလားလို့ကျွန်တော်တွေးလိုက်မိတယ်......
"ဒီမှာ...ဒီမှာ..."
"ရှင်...."
သူမကကျွန်တော်ဖက်လှည့်လိုက်တော့ရေပိုက်ကရေတွေကကျွန်တော့်ကိုအကုန်စိုသွားတော့တယ်....
"ဟိတ်...မင်းဘယ်လိုလုပ်လိုက်တာလဲ...အကုန်စိုကုန်ပြီ...."
"တောင်းပန်ပါတယ်ရှင့်...သီမတွေ့လိုက်လို့ပါ...သီဘာလုပ်ပေးရမလဲဟင်...."
သူမကမျက်နှာငယ်လေးနှင့်တောင်းပန်တယ်....
"ရပါတယ်...ခဏနေခြောက်သွားမှာပဲ...ကျွန်တော်ကဦးလေးမြတ်ခန့်ထားတဲ့driverအသစ်ပါ....ရတုပိုင်လို့ခေါ်ပါတယ်...."
"အာ...ဟုတ်...တွေ့ရတာ၀မ်းသာပါတယ်...သီ့နာမည်ကတေးသီချိုပါရှင့်...."
"အာ...ဟုတ်ကဲ့..."
ဒါဆိုဒီကောင်မလေးကကေသီမဟုတ်ဘူးပေါ့....ကေသီညီမဖြစ်မယ်....
"တေးသီချို...နင်အဲ့မှာဘာလုပ်နေတာလဲ???ဒီကိုမြန်မြန်လာခဲ့..."
"ဟုတ်ကဲ့...မမကေသီ...."
ကေသီဆိုတဲ့မိန်းကလေးကိုကျွန်တော်မသိမသာကြည့်ရင်းအကဲခတ်မိတယ်....ရုပ်ရည်လေးကတော့သာမာန်မင်းသမီးထိုင်ငိုသွားလောက်တယ်...ဒါပေမဲ့သူ့မျက်နှာမှာမာန်မာန၊ထောင်လွှားမူတွေကြောင့်ခက်ထန်နေခဲ့တယ်....
"ငါဒီနေ့မုန့်ဟင်းခါးစားမယ်လို့ပြောထားတယ်မလား...."
"ဟုတ်ကဲ့...သီ၀ယ်ပေးထားပါတယ်...."
"ဟဲ့...ဒီလောက်ကြာနေပြီ...ငါကအေးအေးကြီးစားရမှာမလား...ဒီလောက်တောင်မသိဘူးလား???"
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
ပြောရင်းနှင့်ကေသီကတေးသီချိုဆိုတဲ့ကောင်းမလေးရဲ့ခေါင်းကိုခေါက်လိုက်တယ်....
"ဟုတ်...ဟုတ်ကဲ့...မမကေသီ...သီအခုပဲသွားနွှေးလိုက်ပါတယ်...."
တေးသီချိုကကေသီ့ကိုခွန်းတုံ့ပြန်တောင်မပြောရဲပေ...ကြောက်ကြောက်ရွံရွံနှင့်မီးဖိုခန်းထဲပြေး၀င်သွားတယ်....
ဘာလဲဟ...ကေသီကိုသူမကဘာလို့ကြောက်နေရတာလဲ...ညီအမတွေအချင်းချင်းဒီလောက်ကြောက်စရာလိုလို့လား???
"ဟိုအကောင်...နင်ကဘယ်သူလဲ...ဘာကိစ္စရှိလို့ငါ့ခြံထဲရောက်နေတာလဲ???"
ကေသီကကျွန်တော့်ကိုခါးထောက်ကာလှမ်းမေးနေတယ်....
"ကျွန်တော်ကဦးလေးမြတ်အသစ်ခန့်ထားတဲ့driverပါ..."
ကေသီကတော်တော်ရိုင်းတာပဲ...သူ့ထက်အသက်ကြီးတဲ့ကျွန်တော်ကိုနင်တွေငါတွေနှင့်ပြောနေတာ....
"အော်...driverဆိုလည်းdriverအလုပ်လုပ်တော့လေ...ငါ့ကားမှာဖုန်တွေတက်နေတာမမြင်ဘူးလား...အခုချက်ချင်းပြောင်နေအောင်သုတ်ထား...ငါအပြင်သွားစရာရှိတယ်...."
"ဟုတ်ကဲ့ပါ...မမလေး..."
အမိန့်တွေပေးပြီးအိမ်ထဲ၀င်သွားသည့်ကေသီ....ဒီလိုမိန်းကလေးမျိုးကိုကျွန်တော်သဘောမကျတာတော့အမှန်....
သူမခိုင်းသွားသည့်အတိုင်းကားကိုရေဆေးပြီးသေချာသုတ်ပေးလိုက်တယ်....
"မောင်ရတုတောင်ရောက်နေပြီကိုး...."
အသံလာရာကိုလှည့်ကြည့်လိုက်တော့ဦးလေးမြတ်ပါ....
"ဟုတ်ကဲ့...ဦးလေး..."
"အေး...အေး...ဦးကမနက်ဖြန်ကျရင်သင်္ဘောပြန်တက်ရတော့ရမှာ....ဦးမရှိတုန်းအိမ်ကိုသေချာစောင့်ရှောက်ပေးပါကွယ်....."
"ဟုတ်ကဲ့ပါ...ဦးလေး..."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
"Daddy...ဒီမှာဘာလုပ်နေတာလဲ???နေတွေပူနေတယ်လေ...သမီးနှင့်မနက်စာအတူတူစားရအောင်...."
"အေးပါကွယ်...အေးပါ..."
ကေသီကဦးလေးမြတ်ကိုမနက်စာစားဖို့ဆိုပြီးအိမ်ထဲကိုပြန်ခေါ်သွားတယ်....ကေသီမျက်နှာကပြုံးလို့ရွှင်လို့...စောနကနှင့်တခြားစီပါ...
တော်တော်လည်းအပြောင်းလဲမြန်ပါလားလို့ကျွန်တော်တွေးလိုက်မိတယ်....
ခဏအကြာမှာဈေးခြင်းတောင်းတခုနှင့်တေးသီချိုကအိမ်ထဲကနေပြာပြာနှင့်ထွက်သွားတယ်....နာရီ၀က်လောက်ကြာတော့သူမဈေးခြင်းတောင်းကြီးကိုမနိုင်တနိုင်သယ်ကာအပြေးပြန်လာတယ်....
"မမလေးတေးသီ...ပေး...ပေး...ကျွန်တော့်ကိုပေး..."
ဈေးခြင်းတောင်းအလေးကြီးကိုမနိုင်တနိုင်နှင့်သယ်လာတဲ့သူမကိုမကြည့်ရက်တာကြောင့်ကူသယ်ပေးလိုက််တယ်....
"ကျေးဇူးပါ...ဦးရတု...."
"ရပါတယ်...ကျွန်တော်လိုက်ပို့ပေးမယ်..."
"ဟုတ်ကဲ့...."
ကျွန်တော်သူမ၀ယ်လာတဲ့ဈေးခြင်းတောင်းကိုမီးဖိုခန်းထဲထိလိုက်ပို့လိုက်တယ်.....
"မိတေးသီ...ဈေးသွားတာကြာလိုက်တာ...နင့်အဖေမသိအောင်မြန်မြန်ပြန်လာဖို့ပြောထားတယ်မလား???ဘာလဲနင့်အဖေရှိလို့အာခံချင်နေတာလား???"
ပြောရင်းဆိုရင်းဦးလေးမြတ်ရဲ့ဇနီးဖြစ်သည့်ဒေါ်သက်နှင်းကတေးသီချိုရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်တယ်....
"သီအမြန်ဆုံးပြန်လာတာပါ...အန်တီသက်...မမကေသီစားချင်တဲ့ပုစွန်ထုတ်ရှာ၀ယ်နေရလို့ပါ...."
"ပြောလိုက်ရင်တော့...ဆင်ခြေချည်းပဲ...သွား...အခုပဲသွားချက်ပြုတ်ချေ...."
ကျွန်တော်လည်းမသိမသာအိမ်ထဲကနေပြန်ထွက်လာလိုက်တယ်....ဒီကောင်မလေးကိုကေသီတို့သားအမိကနိုင်စားကြတယ်...သူမကလည်းဘာလို့ငြိမ်ခံနေရတာလဲ???
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-3 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰