ဒီနေ့ဦးလေးမြတ်သင်္ဘောပြန်တက်သွားတယ်....အဲ့တော့အိမ်မှာတေးသီတို့သားအမိ၃ယောက်ပဲကျန်ခဲ့တော့တယ်.....
"တေးသီချို...ဒီအ၀တ်တွေလျှော်ထား...လက်နှင့်ပဲလျှော်နော်...စက်နှင့်မလျှော်နှင့်...ငါ့အ၀တ်တွေကဈေးကြီးတယ်...."
"ဟုတ်ကဲ့...မမ..."
သီမမကေသီပြောတဲ့အတိုင်းများပြားလှတဲ့အ၀တ်တွေကိုလက်နှင့်သေချာလျှော်ပေးလိုက်တယ်....နာရီပေါင်းများစွာလျှော်ပြီးသွားမှအ၀တ်လျှော်တာပြီးသွားတယ်....
အ၀တ်လျှော်ပုံးကြီးကိုမနိုင်မနင်းသယ်ကာခြံထဲမှာလှမ်းဖို့ထွက်လာလိုက်တယ်....
ကျွန်တော်ခြံထဲမှာကားမှန်တွေဖုန်သုတ်နေတုန်းတေးသီကအ၀တ်လျှော်ပုံးအကြီးကြီးကိုသယ်ကာထွက်လာတာကိုမြင်လိုက်ရတယ်....
ဒီကောင်မလေးတော့အ၀တ်လျှော်ပုံးကြီးမနိုင်မနင်းနှင့်သယ်လာပါလား...ဒုက္ခပါပဲ...ချော်တွေလဲကုန်အုန်းမယ်...သွားကူသယ်ပေးမှဖြစ်မှာပါလေ....
ကျွန်တော့်အတွေးတွေတောင်မဆုံးသေး....တေးသီချော်လဲပြီးအ၀တ်လျှော်ပုံးကြီးကအောက်သို့ပြုတ်ကျသွားတယ်....
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
ထိုမြင်ကွင်းကြောင့်ကျွန်တော်စိတ်ပူသွားပြီးသူမအနားအပြေးရောက်သွားတယ်.....
"မမလေးတေးသီ...ဘာဖြစ်သွားသေးလဲ...."
"ရပါတယ်...ဦးပိုင်....သီဘာမှမဖြစ်ပါဘူး...."
ဘာမှမဖြစ်ဘူးသာပြောသာသူမလက်နုနုလေးကနီရဲပြီးအရေခွံလှန်နေတယ်....
"တေးသီချို...နင်ဘယ်လိုလုပ်တာလဲ???"
ထိုအချိန်ကေသီကဒေါနှင့်မောနှင့်တေးသီနားရောက်လာတယ်....
"ကြည့်စမ်း...နင်လုပ်တာငါ့အင်္ကျီတွေပေကျံနေပြီ...တောက်...."
ကေသီကစကားနှင့်တင်မပြီးပဲတေးသီကိုဖြောင်းခနဲပါးရိုက်ချလိုက်တယ်....
"မမလေး...တေးသီက..."
ကျွန်တော်တေးသီဖက်ကလိုက်ပြောပေးဖို့လုပ်ပေမဲ့ကေသီကလက်ကာလိုက်တယ်....
"တိတ်စမ်း...အစေခံကောင်...နင်နှင့်ဘာမှမဆိုင်ဘူး...ကိုယ့်နေရာကိုယ်နေ...."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
ရင့်သီးတဲ့ကေသီစကားကြောင့်ကျွန်တော်အံကိုတင်းတင်းကြိတ်လိုက်မိတယ်....စိတ်ကိုလည်းတော်တော်ထိန်းရတယ်....
"တေးသီချို!!!နင်ငါ့အ၀တ်အစားတွေတခုမကျန်အစကပြန်လျှော်....မပြီးမချင်းနေ့လည်စာမစားရဘူးမှတ်...."
"ဟုတ်ကဲ့ပါ...မမ..."
တေးသီကိုကြည့်ပြီးကျွန်တော်အားမလိုအားမရဖြစ်မိတယ်....လူလူချင်းအတူတူကိုဒီလောက်ကြောက်စရာလိုလို့လားကွာ...
တေးသီလေးကပါးပေါ်ကနာကျင်မူတွေဂမစိုက်နိုင်ပဲပြုတ်ကျသွားတဲ့အ၀တ်အစားတွေကိုပုံးထဲပြန်ကောက်ထည့်နေတယ်....
"မမလေးတေးသီ..."
"ဦးပိုင်ရယ်...သီ့ကိုတေးသီလို့ပဲပါ...ဦးပိုင်ကသီ့ထက်ကြီးတာကိုမမလေးလို့မခေါ်ပါနှင့်လား...."
"အွန်း...အဲ့တာဆိုတေးသီလို့ပဲခေါ်မယ်နော်..."
"ဟုတ်..."
"တေးသီ...ဒဏ်ရာတွေဆေးသွားထည့်လိုက်ပါလား...ကျွန်တော်အ၀တ်တွေလျှော်ပေးထားမယ်လေ..."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
"မလုပ်ပါနှင့်...ဦးပိုင်ရယ်...အားနာစရာကြီး..."
"ဦးပိုင်ကဒီအိမ်ကအလုပ်သမားပဲ...အားမနာပါနှင့်..."
"သီပဲလျှော်ပါ့မယ်...ဦးပိုင်ကအ၀တ်အစားတွေကူလှမ်းပေးပေါ့...."
"တေးသီတယောက်တည်းဖြစ်ပါ့မလား???"
"ဖြစ်ပါတယ်...ဦးပိုင်ရဲ့...သီလုပ်နေကြပါ..."
ကျွန်တော်သူမကိုသနားမိသွားတယ်....ဒီကလေးလေးကဖြူစင်ပြီးသနားဖို့လည်းကောင်းတယ်....မင်းမှာဘယ်လိုအကြောင်းတွေရှိနေလို့အခုလိုအနိုင်ခံနေရတာလဲကွာ....
ကျွန်တော်ခြံထဲကအမှိုက်တွေရှင်းပြီးသူမအ၀တ်လျှော်နေတာစောင့်လိုက်တယ်....ခဏနေတော့အ၀တ်လျှော်ပုံးကြီးကိုမနိုင့်တနိုင်သယ်ကာတေးသီထွက်လာတယ်....
ကျွန်တော်ကူသယ်ပေးလိုက်ပြီးအ၀တ်တွေလှမ်းပေးလိုပ်တယ်....
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
"ဦးပိုင်...ကျေးဇူးပဲနော်...ဦးပိုင်ကြောင့်သီသက်သာသွားပြီ...."
သူမလေးကအဖြူစင်ဆုံးအပြုံးလေးနှင့်ကျွန်တော့်ကိုပြုံးပြရင်းကျေးဇူးတင်စကားဆိုနေတယ်....
"ရပါတယ်....ဒါဦးပိုင်ရဲ့အလုပ်ပဲကို...."
"ဦးပိုင်ဗိုက်ဆာနေပြီလား...ထမင်းအတူတူစားရအောင်လေ...."
"ရပါတယ်ဗျာ...ဦးပိုင်နောက်မှအေးဆေးစားလိုက်မယ်....တေးသီလေးပဲအရင်စားလိုက်ပါ...."
"သီကတယောက်တည်းစားရမှာပျင်းနေတာ....ဦးပိုင်နှင့်အတူစားရတော့သီအဖော်မမဲ့တော့ဘူးပေါ့...."
"ဒါပေမဲ့...."
"လာပါ...ဦးရဲ့...အတူတူစားကြမယ်...."
တေးသီကကျွန်တော့်လက်ကိုဆွဲကာအိမ်ထဲကိုခေါ်သွားတယ်.....
"တေးသီချို...."
"ရှင်...အန်တီသက်..."
"ငါတို့သားအမိshoppingထွက်ရင်းညစာကိုအပြင်မှာပဲစားခဲ့လိုက်တော့မယ်....ငါတို့အတွက်ညစာမချက်ထားနှင့်တော့...."
"ဟုတ်ကဲ့...အန်တီသက်...."
အန်တီသက်နှင့်မမကေသီကအပြင်ထွက်သွားတော့တယ်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-4 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰