"ဦးပိုင်...ကြက်သားဟင်းလေးစား...သီချက်ထားတာမြည်းကြည့်...."
တေးသီကကျွန်တော့်ပန်းကန်ထဲကြက်သားဟင်းထည့်ပေးတယ်....
"ကျေးဇူးပဲနော်...တေးသီ...."
"ရပါတယ်...ဦးပိုင်ရဲ့...အားမနာပါနှင့်..."
ကျွန်တော်ကြက်သားဟင်းကိုဖဲ့ပြီးမြည်းကြည့်လိုက်တယ်...
အွန်း...အရသာတော်တော်ရှိတာပဲ...အစပ်အဟပ်ကိုတည့်နေတာ...ဒီလောက်ကောင်းတဲ့လက်ရာတခါမှမစားဖူးဘူး....
သားအမိ၂ယောက်အလုပ်ကိစ္စတွေနှင့်ပြေးလွှားနေကြတာအပြင်စာပဲဖြစ်သလို၀ယ်စားကြတာပဲများတယ်....အခုလိုအရသာရှိတဲ့အိမ်ထမင်းမျိုးကိုအခုမှစားဖူးတော့တယ်....
"ဘယ်ဆိုးလို့လဲ...တေးသီလက်ရာတော်တော်ကောင်းတာပဲ...ကြယ်ငါးပွင့်စားဖိုမှူးအဆင့်လောက်ရှိတယ်...."
"ဦးပိုင်ကတော့သီ့ကိုမြှောက်နေပြီ...စားကောင်းရင်များများစားနော်..."
"အွန်း..."
ပုံမှန်ဆိုအစားနည်းတဲ့ကျွန်တောိထမင်းပန်းကန်ကိုခဏလေးနှင့်ကုန်သွားတော့တယ်....
"တေးသီ...ဦးပိုင်ပန်းကန်တွေဆေးပေးမယ်...တေးသီလက်ကဒဏ်ရာတွေဆေးထည့်လိုက်အုန်း...."
"ဟုတ်ကဲ့...ဦးပိုင်...ကျေးဇူးပဲနော်..."
"မလိုပါဘူး...တေးသီရယ်..."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
ဘ၀မှာတခါမှမရခဲ့ဖူးတဲ့ဂရုစိုက်မူတွေကိုဦးပိုင်ဆီကရလိုက်တော့ရင်ထဲမှာနွေးထွေးသွားသလိုခံစားရတယ်....ဦးပိုင်ကတစိမ်းဆိုပေမဲ့သီ့ကိုကြင်နာတယ်....
အန်တီသက်နှင့်မမကေသီသာသီ့အပေါ်ရက်စက်ကြတာ...
အလုပ်တွေပြီးသွားတော့ကျွန်တော့်အတွက်ပေးထားတဲ့ခြံထဲကတိုက်ပုသေးသေးလေးမှာတနေ့ကုန်ပင်ပန်းထားသမျှအတွက်အနားယူလိုက်တယ်....
ထိုအချိန်မာတာမိခင်ထံမှဖုန်း၀င်လာတယ်.....
"ဟဲလို...မေမေ..."
"သားလေး...အဆင်ပြေရဲ့လား..."
"ပြေပါတယ်...မေမေရဲ့...ပင်ပန်းတာလေးတခုပါပဲ...."
"ဒါနှင့်ကေသီလေးကဘယ်လိုလဲ...မေမေ့ကိုသူ့အကြောင်းပြောပြအုန်းလေ...."
"မေမေ...သားကေသီ့ကိုလုံး၀လက်ထပ်မနိုင်ဘူးနော်....ကေသီ့ကိုလက်ထပ်မဲ့အစားသားရာသက်ပန်ပဲဘုန်းကြီး၀တ်လိုက်တော့မှာ...."
"အလိုလေး...ကေသီကဘာဖြစ်နေလို့လဲ???"
"ကေသီကမောက်မာပြီးရိုင်းစိုင်းတယ်....မေမေ...အကြင်တရားဆိုတဲ့စကားလုံးတောင်ပေါင်းတတ်ရဲ့လားမသိဘူး...."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
ကျွန်တော်မေမေ့ကိုကေသီ့အကြောင်းတွေကိုမခြွင်းမချန်အကုန်ပြန်ပြောပြလိုက်တယ်....
"အော်...ရုပ်ကလေးကတော့ဘိုမအရုပ်လေးလိုချစ်စရလေး...စိတ်ဓါတ်ကတော့မကောင်းပါလား...."
"ဟုတ်တယ်...မေမေရေ..."
"အေးပါ...အမေကလည်းအဲ့လိုမိန်းကလေးမျိုးနှင့်ငါ့သားကိုသဘောမတူနိုင်ပါဘူး...သားပြန်လာချင်ပြန်လာတော့လေ..."
"သားမပြန်လာချင်သေးဘူး...မေမေ..."
"ဘာလဲ...ကေသီညီမတေးသီချိုကြောင့်မလား...."
အမေကတော့အမေပါပဲ...ကျွန်တော်စိတ်ထဲကအတွေးကိုတန်းဖတ်နိုင်တယ်....
"ဟုတ်...."
"အင်းပါ...သားသဘော..."
"မေမေဆေးသောက်ပြီးသွားပြီလား...."
မေမေကနှလုံးရောဂါရှိတာကြောင့်ဆေးသောက်ဖို့မေ့သွားမှာစိုးရိမ်တာ၍မေးလိုက်တယ်....
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
"သောက်ပြီးပါပြီ...သားရဲ့...အမေခဏနေအိပ်တော့မှာ..."
"အဲ့တာဆိုမေမေနားတော့လေ...သားဖုန်းချလိုက်တော့မယ်...."
"အေး...အေး..သား..."
ကျွန်တော်ဖုန်းချပြီးအိပ်တော့မလို့လုပ်လိုက်ပေမဲ့တံခါးခေါက်သံကြားလိုက်ရတယ်....
"ဘယ်သူလဲ???"
"ငါ...တံခါးဖွင့်...အစေခံကောင်...."
ဒါကေသီအသံပါ...လွဲစရာမရှိ....
"မမလေး...ဘာကိစ္စရှိလို့လဲ???"
ကျွန်တော်တံခါးဖွင့်ကာမေးလိုက်တယ်....
"ငါclubသွားမလို့လိုက်ပို့ပေးစမ်း...."
"ဗျာ...အခုလား..."
အချိန်ကည၁၁နာရီကျော်နေပြီ...
"ဟုတ်တယ်...."
ကျွန်တော်လည်းမတတ်နိုင်ပဲလိုက်ပို့ရတော့တာပေါ့...ကေသီ၀တ်ထားတာကအတိုအပြတ်တွေဖြတ်တာကြောင့်သူမအလှတွေအားလုံးပေါ်လွင်နေတယ်....ယောကျ်ားလေးတွေယစ်မူးသွားလောက်ပေမဲ့အဲ့ထဲမှာရတိုပိုင်ဆိုတဲ့ကျွန်တော်တော့မပါခဲ့ဘူး.....
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
ဒီလိုပေါ့ပျက်ပျက်မိန်းကလေးမျိုးကကျွန်တော့်မျက်လုံးထဲဘယ်တော့မှ၀င်မှာမဟုတ်ဘူး....
"အစေခံကောင်....ငါ့ကို၃နာရီလောက်clubထဲလာခေါ်...ကြားလား...."
"ဟုတ်ကဲ့...မမလေး..."
ကေသီကခေါင်းမော့ရင်ကော့ကာclubထဲ၀င်သွားတယ်....ကျွန်တော်ကတော့ကားထဲမှာကေသီကိုစောင့်ရင်းအချိန်ကုန်နေလိုက်တယ်....
အချိန်တွေကကုန်ခဲလိုက်တာ....စောင့်ရတာစိတ်မရှည်လိုက်တာကွာ....စိတ်အလိုမကျမူတွေကြောင့်ဒေါသတွေကထွက်နေတော့တယ်....
နောက်ဆုံးတော့စောင့်မျှော်နေရတဲ့၃နာရီထိုးသွားခဲ့ပြီ....ကေသီကိုသွားခေါ်ရန်clubထဲသို့၀င်သွားလိုက်တယ်....
မြူးကြွနေတဲ့သံဇဥ်အောက်မှာလူငယ်တွေပျော်ရွှင်စွာကခုန်နေတယ်...ထိုလူငယ်တွေကြားမှာကေသီကိုလိုက်ရှာနေမိတယ်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Chapter-5 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰