ဟော....တွေ့ပါပြီ....ကေသီကယောကျ်ားလေး၃ယောက်နှင့်မူးရူးပြီးဖြစ်ပျက်နေလိုက်တာများမြင်လို့တောင်မကောင်းဘူး...ကေသီ့ကိုတွဲခေါ်လာပြီးကားနောက်ခန်းမှာထားလိုက်တယ်....
အရက်နံ့ကလည်းနံဟောင်နေတာပဲ...ကျွန်တော်ကအရက်ဆိုအနံတောင်မခံနိုင်ဘူး...အရက်နံရတာနှင့်အော့အန်တော့တာ....အရက်နှင့်ကျွန်တော်ကလုံး၀Allergyပဲ....
ကေသီဆိုတဲ့မိန်းကလေးကိုကျွန်တော်တော်တော်ကြည့်လို့မရပါ....လုံး၀စိတ်ပျက်နေပြီ....
ကျွန်တော်တံခါးသွားခေါက်တယ်....တံခါးခေါက်လိုက်တော့တေးသီလေးကအိပ်ချင်မူးတူးနှင့်ထွက်လာတယ်.....
"တေးသီ....မင်းအမကိုလာခေါ်ပါအုန်း...."
"ဟုတ်ကဲ့...ဦးပိုင်...."
တေးသီကသူ့အမကိုလာတွဲခေါ်တယ်.....
"မမကိုဘေးရန်မသီပဲပြန်ခေါ်လာပေးတာကျေးဇူးအများကြီးတင်တယ်နော်....ဦးပိုင်..."
"ရပါတယ်...."
ဒီနေ့ကတော့တော်တော်ပင်ပန်းတဲ့နေ့ပါ...ကေသီနှိပ်စက်တာကြောင့်မနက်၄နာရီကျော်မှအိပ်ယာ၀င်ရတော့တယ်....
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
မနက်၇နာရီကျော်မှာကျွန်တော်အိပ်ယာကမထချင်ထချင်နှင့်ထလိုက်တယ်....အိပ်ယာထပြီးမျက်နှာသစ်လိုက်တယ်....
မျက်နှာသစ်ပြီးသွားတော့ကော်ဖီဖျော်လိုက်ပြီးပေါက်မုန်တထုပ်ဖောက်ကာဘုရားကိုမနက်စာကပ်လိုက်တယ်....ပြီးတော့ဘုရားရှိခိုးလိုက်တယ်....
မနက်အိပ်ယာထတာနှင့်ဘုရားအရင်ရှိခိုးတတ်တာကျွန်တော့်ရဲ့အကျင့်....မေမေကငယ်ငယ်လေးကတည်းကျင့်ပေးထားတဲ့အကျင့်ကောင်းလေးပေါ့....
မနက်၆နာရီလောက်သီအိပ်ယာထပြီးတော့မနက်စာပြင်လိုက်တယ်....ပြီးတော့ဘုရားကိုဦးဦးဖျားဖျားဆွမ်းကပ်လိုက်ပြီးထမင်းဟင်းချက်ပြုတ်လိုက်တယ်.....
"တေးသီချို....မနက်စာရပြီလား???"
"ဟုတ်ကဲ့...အန်တီသက်....သမီးအန်တီသက်စားချင်တဲ့အုန်းနို့ခေါက်ဆွဲချက်ထားပါတယ်...."
"အေး...အေး...သွားပြင်လိုက်တော့....ငါဗိုက်ဆာနေပြီ...."
"ဟုတ်ကဲ့....အန်တီသက်...."
အန်တီသက်အတွက်အုန်းနို့ခေါက်ဆွဲထည့်ကာပွဲပြင်ပေးလိုက်တယ်....
မမကေသီကတော့မနိုးသေး...ညတုန်းကအိပ်ယာ၀င်တာနောက်ကျလို့လေ....
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
ဦးပိုင်ရောမနက်စာစားပြီးပြီလားမသိဘူး....မနက်စာစားဖို့သွားပေးအုန်းမှပါ....
ဦးပိုင်အတွက်လည်းအုန်းနို့ခေါက်ဆွဲပြင်ကာသွားပေးဖို့ခြံထဲဆင်းလာလိုက်တယ်.....
မနက်စာစားဖို့လုပ်နေစဥ်တံခါးခေါက်သံကိုကျွန်တော်ကြားလိုက်ရတယ်....
"ဘယ်သူလဲ..."
"ဦးပိုင်...သီပါ..."
"အော်...သီ...၀င်ခဲ့လေ...တံခါးဖွင့်ထားတယ်...."
"ဟုတ်...."
အရင်တုန်းကညစ်ပတ်နေခဲ့တဲ့အိမ်လေးကဦးပိုင်နေတော့သန့်ရှင်းသပ်ရပ်ပြီးချစ်စရာလေးအိမ်အဖြစ်သို့ပြောင်းလဲသွားတယ်....ဦးပိုင်ကအသန့်ကြိုက်တဲ့သူပါလားလို့သီတွေးလိုက်မိတယ်...
"ဦးပိုင်မနက်စာစားပြီးသွားပြီလား...."
"မစားရသေးပါဘူး...အခုပဲစားတော့မလို့...."
"အဲ့တာဆိုသီရောက်လာတာအချိန်မှီလေးဖြစ်သွားတာပေါ့...ဒီမှာ...ဦးပိုင်အတွက်အုန်းနို့ခေါက်ဆွဲထည့်လာတယ်...စားလိုက်အုန်းနော်...."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
တေးသီကကျွန်တော့်ကိုအုန်းနို့ခေါက်ဆွဲထည့်ထားတဲ့ပန်းကန်ပေးကာထွက်သွားတော့တယ်....
အုန်းနို့နံလေးကတော့သင်းနေတာပဲ....အရည်လေးတွေကပစ်တုန်ပြီးချိုစိမ့်နေတာ....ခေါက်ဆွဲသားလေးတွေကလည်းအိတုန်နေတာ....
ဒီကောင်းတဲ့အရသာရှိတဲ့အုန်းနို့ခေါက်ဆွဲကိုဆိုင်က၀ယ်လာတာတော့မဖြစ်နိုင်ဘူး....သေချာပေါက်ကိုတေးသီချက်ထားပဲဖြစ်ရမယ်.....
သူမကငယ်ငယ်လေးနှင့်ဒီလောက်အချက်အပြုတ်ကောင်းနေတာအံ့သြစရာတော့ကောင်းသား....
"တေးသီချို....ငါဗိုက်ဆာနေပြီ....မနက်စာပြင်ပေးတော့...."
နိုးလာတာနှင့်အမိန့်တွေပေးနေသည့်မမကေသီ....
"ဟုတ်ကဲ့....မမကေသီ..."
"သမီးလေး....နိုးလလာပြီလား....ညကကလပ်သွားထားတာပင်ပန်းနေရောပေါ့...အိပ်ရေး၀အောင်အိပ်တာမဟုတ်ဘူး...."
"သမီးနိုးသွားလို့ပါ....ပြီးတော့ဒီနေ့ကျောင်းသွားအပ်ရမှာလေ....အဲ့တာကြောင့်ပြန်မအိပ်တော့တာ...."
"မမကေသီ...ရပါပြီ..."
မမကေသီအတွက်ကော်ဖီနှင့်အုန်းနို့ခေါက်ဆွဲချပေးလိုက်တယ်....
"အွန်း...ရပြီ...နင်လုပ်စရာရှိတာသွားလုပ်တော့...."
"ဟုတ်ကဲ့...."
🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭🌭
မနက်စာစားပြီးတော့ပန်းကန်ဆေးရန်စံအိမ်ထဲသို့နောက်ဖေးပေါက်ကနေ၀င်လာလိုက်တယ်....
"တေးသီ....အုန်းနို့ခေါက်ဆွဲကတော်တော်ကောင်းတယ်နော်....တေးသီချက်ထားတာမလား...."
"ဟုတ်တယ်...ဒါပေမဲ့ဦးပိုင်ကဘယ်လိုသိတာလဲ???"
"သိတာပေါ့ဗျာ...ဆိုင်ကလက်ရာတွေကဒီလိုမှမဟုတ်တာ...လက်ရာဒီလောက်ကွာတာကို....တေးသီကလက်ရာတော်တော်ကောင်းတာပဲနော်...သင်တန်းတွေဘာတွေတက်ထားတာလား....."
"မဟုတ်ပါဘူး...သီရဲ့ဟင်းချက်လက်ရာကမွေးရာပါ ပါ....ဖေဖေကပြောတယ်...သီကဟင်းချက်လက်ရာကောင်းတာကမေမေဆီကအမွေရတာတဲ့...."
"အော်...ဒါဆိုသီကအန်တီသက်ဆီကအမွေရတာပေါ့...."
"အဟက်....မဟုတ်ပါဘူး...ဦးပိုင်ရဲ့....အန်တီသက်ကသီ့ရဲ့အမေရင်းမဟုတ်ပါဘူး....သီ့ရဲ့အမေရင်းကဆုံးသွားတာကြာပြီ...."
"အော်....sorryနော်...ဦးပိုင်မမေးသင့်တာကိုမေးလိုက်မိတယ်...."
"ဘာမှမဖြစ်ပါဘူး...ဦးပိုင်ရဲ့...အားလုံးကအတိတ်မှာပဲကျန်ခဲ့ပါပြီ...."
တေးသီလေးကအားမရှိစွာပြုံးပြတယ်....အဲ့တာကြောင့်မို့ကေသီတို့သားအမိကတေးသီလေးကိုဒီလိုဆက်ဆံနေတာကိုး....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-6 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰