🌹🌹🌹chapter-3🌹🌹🌹
Viewers 150

rubby"ဘယ်လို???ချစ်ကနိုင်ငံခြားမှာကျောင်းသွားတက်မလို့။ဟုတ်လား၊ချစ်။"

jenny"ဟုတ်တယ်၊ကို။နောက်တပတ်လောက်သွားဖို့စီစဥ်ထားတယ်။"

rubby"ချစ်ရယ်၊မသွားလို့မရဘူးလား။ချစ်ကကိုယ့်ကိုထားသွားတော့မှာလား။"

jenny"ချစ်လည်းကိုနှင့်ဘယ်ခွဲချင်ပါ့မလဲ၊ကိုရဲ့။ဒါပေမဲ့ချစ်ရဲ့အိမ်မက်အတွက်ကိုနှင့်ခဏတော့ခွဲရလိမ့်မယ်၊ကို။"

rubby"ချစ်ပညာသွားသင်မှာတနှစ်၊နှစ်နှစ်လည်းမဟုတ်ဘူး။အနည်းဆုံး၃နှစ်၊၄နှစ်လောက်တော့ကြာမှာ။ချစ်နှင့်အဲ့လောက်ကြီးမခွဲနိုင်ဘူး။ချစ်ကိုမသွားစေချင်ဘူး၊ချစ်ရယ်။"

jenny"ကိုရယ်၊ချစ်ကျောင်းပိတ်ရင်ပြန်လာမှာပေါ့။ချစ်ရဲ့အိမ်မက်တွေကိုမပိတ်ပင်ပါနှင့်ကိုရယ်။"

rubby"ချစ်ကိုကိုယ်နားလည်ပါတယ်။ဒါပေမဲ့......။"

jenny"တော်ပြီကို။ချစ်ကိုယ့်နှင့်စကားအချေအတင်ဆက်မဖြစ်ချင်တော့ဘူး။jennyကိုနိုင်ငံခြားမှာပညာသွားသင်ဖို့ခွင့်ပြုမလားဒါမှမဟုတ်jennyနှင့်လမ်းခွဲမလား၊ကိုရွေးလိုက်။"

jennyလေးကပြောရင်းကျွန်တော်ရှေ့ကနေလှည့်ထွက်သွားတယ်။

rubby"ချစ်လေး......ချစ်လေး။"

ကျွန်တော်ခေါ်ပေမဲ့jennyကကျွန်တော့်ကိုလှည့်မကြည့်ဘူး။ကျွန်တော်jennyလေးနောက်ကိုပြေးလိုက်တယ်။

rubby"ချစ်၊အဲ့လိုတော့မလုပ်ပါနှင့်။ချစ်နိုင်ငံခြားကိုပည်သွားသင်ချင်သွားသင်ပါ။ကိုယ်မတားတော့ပါဘူး။ကိုနှင့်လမ်းမခွဲပါနှင့်နော်။"

ကျွန်တော်jennyရဲ့လက်လေးကိုကိုင်ရင်းပြောလိုက်တယ်။

jenny"တကယ်လား၊ကို။ချစ်ရဲ့ဆန္ဒကို​ဖြည့်ဆည်း​ပေးတဲ့အတွက်​​ကျေးဇူးပဲ​နော်၊ကို။"

rubby"jenny​လေး​ပျော်​နေရင်ကိုပဲကိုယ်​ကျေနပ်ပါတယ်။"

jenny"အဲ့ဒါ​ကြောင့်ကို့ကိုချစ်​နေရတာ။"

jennyက​ပြောရင်းကျွန်​တော့်ကိုဖက်လိုက်တယ်။ကျွန်​တော်လည်းချစ်ရသူ​လေးရဲ့နဖူးကိုအမြတ်တနိုးနမ်းလိုက်တယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


rose​ကျောင်းပြီးသွား​တော့daddy's companyမှာအလုပ်၀င်လိုက်တယ်။တဖက်ကလည်းboxing ပြိုင်ပွဲ​တွေ၀င်​နေဆဲပဲ။ပြီး​တော့အားရင်အားသလိုroseရဲ့သူငယ်ချင်း​တွေနှင့်karaokeနှင့်clubအမြဲသွားတယ်။daddyက​တော့မကြိုက်​ပေမဲ့roseက​တော့အမြဲခိုးခိုးပြီးသွားတယ်။ဒီ​နေ့လည်းမြတ်သူတို့နှင့်clubသွားပြီးကဲလိုက်တာအရှိန်လွန်ပြီးအိမ်ပြန်​​တော်​တော်နောက်ကျသွားတယ်။roseအိမ်တံခါး​ဖြေး​ဖြေး​လေးဖွင့်ပြီးအိမ်ထဲ​ခြေသံလုံလုံနှင့်အိမ်ထဲ၀င်လာတယ်။အဲ့ဒီ့အချိန်မှာမီးကရုတ်တရတ်ပွင့်သွားတယ်။

rose"da....da...daddy၊မအိပ်​သေးဘူးလား။"

ဦးညိုလင်း"ငါ့ကို​ပြန်မ​မေးနှင့်rozella။အခုဘယ်ကပြန်လာတာလဲ။မြန်မြန်​ပြော​နော်။လိမ်ရင်အမူပိုကြီးသွားမယ်။"

rose"သမီးသူငယ်ချင်း​တွေနှင့်clubသွား......။"

ဦးညိုလင်း"ဘာ.....clubသွားတယ်၊ဟုတ်လား။မိန်းက​လေးတ​ယောက်clubကိုဘာကိစ္စသွားတာလဲ၊​ပြောစမ်းrosella။"

​ဒေါ်သက်ထား"ကဲပါ၊ကိုညိုရယ်။သမီးကိုဆူမ​နေပါနှင့်​တော့။သမီးကခဏခဏသွားတာလည်းမဟုတ်ပါဘူး။လူငယ်ဆို​တော့လည်း​ပျော်ချင်လို့တခါတ​လေသွားတာပါ။ညလည်း​တော်​တော်နက်​နေပြီ။သမီးလည်းအိပ်ချင်​နေ​​လောက်ပါပြီ။​ပြောစရာရှိတာမနက်ကျမှ​ပြောပါကိုညိုရယ်။"

အန်တီ​မေကဆိုဖာမှာထိုင်ရင်း​ပြောလိုက်တယ်။

ဦးညိုလင်း"မင်းအဲ့လိုကျပ်ကျပ်အလိုလိုက်။ကြာလာရင်သမီးကပျက်စီးသွားလိမ့်မယ်။မင်းအဲ့လိုအလိုလိုက်လို့သမီးကအခုရက်ပိုင်းkaraokeတို့clubတို့ခဏခဏခိုးခိုးသွားတာမင်းမသိဘူးမလား၊သက်။အခုကိစ္စကိုဒီတိုင်း​တော့​ကျော်မသွားနိုင်ဘူး။rosella၊ညည်းအတွက်အတွက်တခုခု​တော့စီစဥ်မှရ​တော့မယ်။​"

daddyက​ပြောရင်း​ခြေသံပြင်းပြင်းနှင့်အ​ပေါ်ထပ်တက်သွားတယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


​ဒေါ်သက်ထား"သမီးdaddy​ပြောတာလည်းမလွန်ဘူး၊သမီးရဲ့။သမီးပြန်လာတဲ့အချိန်လည်းကြည့်အုန်း၊ည၂နာရီရှိ​နေပြီ။ဘာလို့ဒီ​လောက်​နောက်ကျတာလဲ၊သမီးရဲ့။"

rose"သမီး၊ဒီ​နေ့အ​ပျော်လွန်ပြီးအရှိန်လွန်သွားလို့ပါ၊အန်တီ​မေရဲ့။"

​​ဒေါ်သက်ထား"သမီးက​​တော့ဖြစ်ရမယ်။​နောက်clubတို့karaokeတို့မသွားပါနှင့်​တော့သမီးရယ်။သမီးတခုခုဖြစ်သွားရင်အန်တီ​မေရင်ကျိုးမှာ၊သမီးရဲ့။"

rose"ဟုတ်ကဲ့ပါ၊အန်တီ​မေရဲ့။roseမသွား​တော့ဘူး​နော်။"

​​ဒေါ်သက်ထား"​အေးပါကွယ်၊​အေးပါ။သမီးပင်ပန်းလာတာဆို​တော့အိပ်ချင်​နေ​လောက်ပြီ​ပေါ့။သွားအိပ်​တော့​လေ၊သမီး။"

rose"ဟုတ်ကဲ့၊အန်တီ​မေ။"

roseအ​ပေါ်ထပ်တက်ပြီးအနားယူလိုက်တယ်။​တ​နေ့rose companyသွားတုန်းလမ်းမှာအနက်​ရောင်ကားတစ်စီးကroseကားကိုလာတိုက်တယ်။ဒီ​နေ့အ​ရေးကြီးတဲ့​အစည်းအ​ဝေးရှိတာ​ကြောင့်ကျွန်​တော်ကားအမြန်​မောင်းလာလိုက်တာအနီ​ရောင်ပြိုင်ကားတစီးကိုမ​တော်တဆတိုက်မိသွားတယ်။"ကျစ်...အ​ရေးကြီးတဲ့အစည်းအ​ဝေးရှိပါတယ်ဆိုမှပဲ။ဇယားကလာကပ်ပြန်ပြီ။"လို့ကျွန်​တော်စိတ်ညစ်ညစ်နှင့်​ပြောလိုက်တယ်။တဖက်လူကဆင်းလာပြီးroseကိုမ​တောင်းပန်တာ​ကြောင့်rose​ဒေါသထွက်သွားတယ်။ကား​ပေါ်ကဆင်းလာပြီးကားမှန်ကို​ခေါက်လိုက်တယ်။

rose"ဒီမှာ၊ကားကိုဘယ်လို​မောင်း​နေတာလဲ။ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းမသိရင်လည်းကားမ​မောင်းနှင့်​လေ။"

rubby"ဒီမှာ၊ငါ့မှာမင်းနှင့်စကား​ပြောဖို့အချိန်မရှိဘူး။​ရော့၊ဒီမှာ​လျှော်​ကြေး။​လျှော်​ကြေးယူပြီးသွား​တော့။"

တဖက်လူကroseကိုကားထဲက​နေပိုက်ဆံ​တွေပစ်ပေးရင်း​ပြောလိုက်တယ်။rose​အရမ်းဒေါသထွက်သွားတယ်။roseကိုဘယ်သူမှအဲ့လိုမ​ပြောသလို၊​ပြောလည်းမ​ပြောရဲဘူး။roseတဖက်လူ​ပေးတဲ့ပိုက်ဆံ​တွေကိုမျက်နှာတည့်တည့်ပစ်​ပေါက်ပြီးပြန်ပြီး​ပေးလိုက်တယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


rubby"ဒီမှာ၊မင်းဘာလုပ်တာလဲ။"

roseတဖက်လူရဲ့စကားကိုအဖက်မလုပ်ပဲroseရဲ့ကားဆီပြန်လာလိုက်တယ်။roseကားစက်နှိုးပြီးကားကို​နောက်ဆုတ်လိုက်တယ်။ပြီး​တော့အရှိန်ပြင်းပြင်းနှင့်တဖက်လူရဲ့ကားကို၀င်တိုက်လိုက်တယ်။ရုတ်တရတ်ဆန်လွန်းတဲ့မိန်းက​လေးရဲ့အပြုအမူကြောင့်ကျွန်​တော်အရမ်းအံ့သြသွားတယ်။ပြီး​တော့မှ​ဒေါသ​တွေအရမ်းထွက်လာတယ်။ကျွန်​တော်ကား​ပေါ်ကဆင်းလိုက်ပြီးမိန်းက​လေးရဲ့ကားဆီသွားလိုက်တယ်။

rubby"မင်းဒါဘာလုပ်တာလဲ။မင်းလုပ်တာငါ့ကားအ​ရှေ့ပိုင်းတခုလုံးရစရာကိုမရှိ​တော့ဘူး။မင်းကွာ.....မင်း....​တောက်!!!"

rose"sorry​နော်။တို့ရဲ့လက်​ချော်သွားလို့။​ရော့ဒီမှာတန်ရာတန်​ကြေး။"

roseပိုက်ဆံအိတ်ထဲကပိုက်ဆံ​တွေထုတ်လိုက်ပြီးကား​ပေါ်က​နေပစ်ချလိုက်တယ်။

rubby"မင်း....မင်း။"

rose"မှတ်ထား။rosellaဆိုတဲ့ငါ့ကိုဘယ်​တော့မှလာမ​ကျောနှင့်"

rose​ပြောပြီးတာနှင့်ကားမှန်တင်ပြီးအဲ့​နေရာက​နေထွက်လာလိုက်တယ်။roseကိုသက်သက်မဲ့လာပြီး​ကျောတဲ့လူကိုrose lessonပြန်​ပေးရမှ​ကျေနပ်နိုင်မယ်။မိန်းက​လေးပဲဖြစ်ဖြစ်​ယောင်္ကျား​လေးပဲဖြစ်ဖြစ်ဂရုကိုမစိုက်တာ။rose lesson​ပေးလိုက်တာဟိုလူ​တော့​တော်​တော်​ဒေါသထွက်သွားတယ်ထင်တယ်။မျက်နှာကိုနီရဲ​နေတာပဲ။သူ့ရဲ့​ဒေါသထွက်​နေတဲ့မျက်နှာကအရမ်း​ကျေနပ်ဖို့​ကောင်းတာပဲ။မှတ်ထား၊အဲ့ဒါrosellaကိုစိန်​ခေါ်တဲ့အတွက်တန်ရာတန်ကြေးပဲ။

ကျွန်​တော်ထွက်ခွာသွားတဲ့ကားကိုကြည့်ပြီးအရမ်းဒေါသထွက်​တာပဲ။ကျွန်​တော်​မြေပြင်​ပေါ်ပျံ့ကြဲ​နေတဲ့သူမ​ပိုက်ဆံ​တွေကိုကြည့်ပြီး​ဒေါသပိုထွက်လာတာ​ကြောင့်ပိုက်ဆံ​တွေကို​ခြေ​ထောက်နှင့်​ဘေးကိုကန်ထုတ်လိုက်တယ်။မိန်းက​လေး၊မင်းငါနှင့်ပြန်မဆုံ​စေနှင့်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-4coming soon🫧🫧🫧🫧🫧.


🍰🍰Author-yoon mieno🍰🍰