🌹🌹🌹chapter-4🌹🌹🌹
Viewers 155

roseကားကို၀ပ်လျှော့တခုမှာထားခဲ့ပြီးcompanyကိုtaxiနှင့်သွားလိုက်တယ်။companyရောက်တာနှင့်နောက်ကျလို့daddyဆီကအဆူခံလိုက်ရသေးတယ်။အဲ့ဒါဟိုလူကြောင့်ဖြစ်ရတာ....အဲ့လူနှင့်တွေတော်တော်ကံဆိုးတာပဲ။နောက်ထပ်အဲ့လူနှင့်ထပ်မတွေ့ရပါစေနှင့်။နောက်နေ့roseသူငယ်ချင်းတွေနှင့်hot potသွားစားကြတယ်။

rose"သူငယ်ချင်းတို့အ၀စားကြနော်....ငါဒီနေ့projectအောင်မြင်လို့daddyဆီကမုန့်ဖိုးအများကြီးရထားတယ်။"

မြတ်သူ"အေးပါကွာ....ငါတို့ကလည်းအပီကြိတ်မှာ။နော်....ဟျောင့်။"

ချမ်းမြေ့"ဒါပေါ့ကွ။"

rose"ပြည်ကြီးငါးတွေတောင်ကုန်သွားပြီ.....နင်တို့စားအုန်းမှာမလား။"

မြတ်သူ"အင်း....စားမယ်လေ။"

ချမ်းမြေ့"စားမှာပေါ့။"

rose"အဲ့ဒါဆိုငါသွားယူလိုက်အုန်းမယ်။"

roseပြည်ကြီးငါးယူဖို့အသားတွေထားတဲ့နေရာထွက်လာခဲ့တယ်။roseကိုကောင်မလေးတယောက်က၀င်တိုက်လိုက်တာcoffeeတွေroseအပေါ်မှောက်ကျသွားတယ်။coffeကပူနေတုန်းမို့roseရဲ့လက်တွေအပူလောင်သွားတယ်။

rose"တောက်!!!လမ်းကိုဘယ်လိုလျှောက်နေတာလဲ။ဒါကစားသောက်ဆိုင်.....နင်တို့ကျူတဲ့နေရာမဟုတ်ဘူး။"

roseစိတ်ဆိုးမာန်ဆိုးနှင့်ပြောလိုက်တယ်။

jennyလေးပြန်ရောက်လာလို့ကျွန်တော်jenny

လေးနှင့်"spicy"ဆိုတဲ့hot potဆိုင်မှာအတူတူစားကြတယ်.....ကားပေါ်ကဆင်းတော့jennyလေးကကျွန်တော့်ပါးလေးကိုဆွဲပြီးစလိုက်တယ်။ပြီး​တော့jenny​လေးကကျွန်​တော့်ကိုလျှာထုတ်ပြပြီးဆိုင်ထဲ​ပြေး၀င်သွား​တော့ကျွန်​တော်လည်းjenny​လေး​နောက်က​ပြေးလိုက်သွားလိုက်လေ။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


jenny​လေးကမထင်မှတ်ဘဲမိန်းက​လေးတ​ယောက်ကို၀င်တိုက်မိသွားတယ်။ကျွန်​တော်ဘယ်သူလဲလို့​သေချာကြည့်လိုက်မှကျွန်​တော့်ကားကိုတိုက်သွားတဲ့မိန်းက​လေးဖြစ်​နေတယ်​လေ။ကျစ်...မ​တွေ့နှင့်သူနှင့်မှလာ​တွေ့​နေပြန်ပြီ။

jenny"ဒီမှာ....မိန်းက​လေးမင်းစကား​ပြောတရိုင်းလှချည်လား။အစကမင်းကို​တောင်းပန်မလို့ပဲ....အခု​တော့sorryပဲ....မင်းကိုမ​တောင်းပန်နိုင်​တော့ဘူး။"

ဒီမိန်းက​လေးကroseရဲ့​ဒေါသကိုလာဆွ​နေတာပဲ။roseပဲဒီကိစ္စကိုဒီတိုင်း​တော့ဘယ်ကျော်သွားနိုင်မလဲ.....တခုခုလုပ်လိုက်ရမှ​ကျေနပ်နိုင်မယ်။အဲ့ဒီ့အချိန်waiterတ​ယောက်ကအ​အေးခွက်ယူလာတာroseမြင်လိုက်တယ်။rose waiterဆီကအ​အေးခွက်ကိုယူလိုက်ပြီးroseကိုရိုင်းတယ်လို့​ပြောတဲ့မိန်းက​​လေးကိုအ​အေးနှင့်ပတ်လိုက်တယ်။

ruby"မင်းဒါဘာလုပ်တာလဲ.....တော်​တော်ရိုင်းတာပဲ။"

rose"ရိုင်းတယ်...ရိုင်းတယ်။ရိုင်း​တော့ဘာလုပ်ချင်လဲ​ပြော။"

rubby"​တောက်!!!မင်းငါ့ချစ်သူကိုဒီလိုလုပ်စရာမလိုဘူး.... မင်းလုပ်တာများ​နေပြီ​​နော်။ပထမကငါ့ကားကိုဖျက်ဆီးတယ်.....အခုလည်းငါ့ချစ်သူကိုဒီလိုလုပ်ပြန်ပြီ။မင်းကိုမိန်းက​လေးမို့သည်းခံ​နေတာ​နော်။...ယောင်္ကျား​လေးသာဆိုမင်းမလွယ်ဘူး။"

ကျွန်​တော်​ပြောရင်း​ဒေါသထွက်လာတာ​ကြောင့်ကျွန်​တော့်ချစ်သူကိုအ​အေးနှင့်ပတ်တဲ့မိန်းက​လေးကိုတွန်းလိုက်တယ်။roseမထင်မှတ်ပဲတွန်းခံလိုက်ရတာ​ကြောင့်ကြမ်းပြင်​ပေါ်လဲသွားတယ်။

roseလဲသွားတာ​ကြောင့်မြတ်သူနှင့်ချမ်း​မြေ့roseကိုလာထူ​ပေးတယ်။

ချမ်း​မြေ့"မင်းကဘာမို့လို့ငါ့သူငယ်ချင်းကိုဒီလိုလုပ်ရတာလဲ။"

ချမ်း​​မြေ့က​ပြောရင်းroseကိုတွန်းလိုက်တဲ့သူကိုပြန်တွန်းလိုက်တယ်။

rose"ချမ်း​မြေ့၊....တော်​တော့။ငါ့ကိုနာ​အောင်တဲ့သူကိုငါပဲနာ​အောင်ပြန်လုပ်မယ်.....နင်​နောက်ဆုတ်​နေ။"

roseစကား​ကြောင့်ချမ်း​မြေ့က​နောက်ဆုတ်သွားတယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


roseအားပြင်းပြင်းနှင့်roseကိုတွန်းလိုက်တဲသူကိုပါးနှစ်ဖက်လုံးဘယ်ပြန်ညာပြန်ရိုက်လိုက်တယ်။တဖက်လူကလည်းroseကို​ဒေါသထွက်သွားပြီးလက်ပါ​တော့တယ်။roseလည်းဘယ်ခံမလဲ....သူ့ရဲ့လက်သီးကို​ရှောင်ပြီးလဲကျ​အောင်မျက်နှာတည့်တည့်ကိုအားပြင်းပြင်းနှင့်ထိုးလိုက်တယ်။ထိုလူလဲကျသွားတာနှင့်rose၅ချက်၆ချက်​လောက်မျက်နှာကိုအားပြင်းပြင်းနှင့်ဆင့်ထိုးလိုက်တယ်။

rose"​ဒါငါ့ကိုကိုယ်ထိလက်​ရောက်ကျူးလွန်ချင်တဲ့အတွက်ပဲ.....နောက်တခါငါနှင့်မ​တွေ့​စေနှင့်။​တွေ့လို့ရ​တော့ဒီထက်ပိုဆိုးမယ်မှတ်။လာ.....သူငယ်ချင်း၊​နောက်တဆိုင်​ပြောင်းစားကြမယ်။ဒီမှာမစားနှင့်​တော့.....ကျက်သ​ရေမရှိတဲ့မျက်နှာမြင်ပြီးအန်ချင်လာလို့။"

rose​ကောင်တာမှာပိုက်ဆံရှင်းလိုက်ပြီးသူငယ်ချင်း​တွေနှင့်​​နောက်ထပ်hot potဆိုင်ထွက်လာလိုက်တယ်။

jenny"ကို.....ကိုယ့်မှာ​သွေး​တွေအများကြီးပဲ။ဒုက္ခပါပဲ။လာ.....လာ.....လာ၊​ဆေးရုံသွားရ​အောင်.....ကို။"

jennyကိုကို့ကိုဆွဲထူလိုက်ပြီး​ကားဆီပြန်​ခေါ်လာလိုက်တယ်။ပြီး​တော့ဆေးရုံကိုတခါတည်းတန်း​မောင်းပြီးကိုကို့ကို​ဆေးခန်းပြလိုက်တယ်။doctorကအနာ​တွေကို​ဆေးထည့်​ပေးပြီး​တော့​ဆေး​ပေးလိုက်တယ်။​jennyကိုကို့ကိုအိမ်ပြန်လိုက်ပို့ပြီးမှအိမ်ပြန်လာလိုက်တယ်။


🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


ကျွန်​တော်ဒဏ်ရာ​တွေ​ကြောင့်အိမ်မှာတပတ်​လောက်နားလိုက်ရတယ်။ပြန်စဥ်းစားကြည့်လိုက်​တော့ဒီပြဿနာကျွန်​တော်မှားတာပါ......jenny​လေးကိုထိ​တော့ကျွန်​တော်လည်းပြန်ပြီးလက်ပါမိတယ်.....တကယ်ဆိုမိန်းက​လေးတ​ယောက်ကိုအခုလိုလက်မပါသင့်ဘူး။ကျွန်​တော်ကလည်းခက်သား.....jenny​လေးကိုထိရင်ဘယ်သူကိုပဲဖြစ်ဖြစ်သည်းမခံနိုင်တာကျွန်​တော့်ရဲ့အကျင့်လိုဖြစ်​နေပြီ။rose hot potဆိုင်ကကိစ္စနှင့်ပတ်သတ်ပြီးအစာမ​ကြေဘူး.....ရင်ထဲမှာတလိမ့်လိမ့်နှင့်​နေလို့ကိုမ​ကောင်းဘူး.....အဲ့တာနှင့်စိတ်​ပြောင်းသွား​အောင်hot potဆိုင်က​နေroseသူငယ်ချင်း​တွေနှင့်clubသွားလိုက်မိ​တော့တယ်.....ပြင်းရှရှအရက်​သောက်ပြီး​ဒေါသ​တွေ​ပျောက်သွား​အောင်သံဇာဥ်​နောက်စီး​မြောပြီးကလိုက်သည်။

roseတို့သူငယ်ချင်း၃​ယောက်မူမူးနှင့်clubထဲက​နေထွက်လာလိုက်တယ်......ပြီး​တော့roseဘာဆိုဘာမှမသိ​တော့ဘူး။ဘာ​တွေဖြစ်သွားလဲမသိ​တော့ဘူး။အွန်း.....အိပ်လို့​ကောင်းလိုက်တာ.....အိပ်​ရေးကို၀​နေတာပဲ။roseနိုးလာ​တော့​​ဘေးဘီကိုကြည့်လိုက်​တော့roseအခန်းဖြစ်​နေတယ်.....ညကroseအိမ်ကိုဘယ်လိုပြန်​ရောက်လာတာပါလိမ့်။အဲ့အချိန်အန်တီ​မေကတံခါးဖွင့်ပြီး၀င်လာတယ်။

​ဒေါ်သက်ထား"သမီး....သမီးdaddyသမီးကို​ခေါ်​နေတယ်။အန်တီ​မေအကြိမ်ကြိမ်​ပြောထားရဲ့သားနှင့်ဘာလို့night clubထပ်သွားတာလဲ....သမီးရယ်။ညတုန်းကnight club​ရှေ့မှာသမီးကိုတွေ့လို့သမီးအ​ဖေသမီးကိုပြန်​ခေါ်လာတယ်။သမီး​daddyတော်​တော်​ဒေါသထွက်​နေတယ်။အန်တီ​မေစိတ်ညစ်လိုက်တာသမီး​ရယ်။"

rose"daddy​တွေ့သွားတယ်....ဟုတ်လား....အန်တီ​မေ။"

အန်တီ​မေက​ခေါင်းငြိမ့်ပြတာ​ကြောင့်ဒီကိစ္စက​သေချာသွားပြီ​လေ။စိတ်ညစ်လိုက်တာ😔😔😔....daddyနှင့်မှတည့်တည့်တိုးရတယ်လို့။roseစိတ်ညစ်လာတာ​ကြောင့်သက်ပြင်းချလိုက်တယ်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-5coming soon🫧🫧🫧🫧🫧


🍰🍰 Author-yoon mieno🍰🍰