🌹🌹🌹chapter-5🌹🌹🌹
Viewers 157

ဦးညိုလင်း"ညတုန်းကclubမှာတော်တော်ပျော်ခဲ့ရဲ့လား.....rosella။"

rose"daddyကလည်း...."

ဦးညိုလင်း"မိန်းကလေးဖြစ်ပြီးညဖက်ကြီအသိစိတ်ပျောက်အောင်မူးနေရအောင်နင့်ကိုနင်ဘာထင်နေလဲ....rosella။"

rose"ဘာမှမထင်ပါဘူး.....daddyသမီးလို့ပဲကိုယ့်ကိုထင်တာပါ။"

ဦးညိုလင်း"နင့်ကိုဒီမှာထားလို့မရတော့ဘူး....နင်မနက်ဖြန်ပဲနင့်အဒေါ်တွေရှိတဲ့ပြင်ဦးလွင်မှာသွားနေရမယ်။"

rose"ဟာ!!!daddyကလည်းတီလေးငယ်တို့ကရွာလေးမှာစိုက်ပျိုးရေးလုပ်တာလေ.....အဲ့မှာဘာမှလည်းမရှိဘူး

....ပျင်းစရာကြီး.....မသွားချင်ပါဘူး.....daddyရယ်။"

ဒေါ်သက်ထား"ကိုညိုရယ်.....ကလေးကမသွားချင်တာကိုဘာလို့သွားခိုင်းတာလဲ.....ကလေးတခါတလေမှားတာကိုခွင့်လွှတ်ပေးလိုက်ပါ....သမီးကိုသက်ဆုံးမလိုက်ပါမယ်။ကိုကလူကြီးပဲကို....ကလေးကိုခွင့်လွှတ်ပေးလိုက်ပါ။"

ဦးညိုလင်း"တော်.....တော်...သက်။မင်းရဲ့ဓာတ်ပြားဟောင်းတွေထပ်မဖွင့်နှင့်တော့.....rosellaမနက်ဖြန်နင့်အဒေါ်တွေဆီသွားရမယ်....ဒါပဲ။ဒီအကြောင်းကိုဘယ်သူမှဘာမှထပ်ပြောတာမကြားချင်တော့ဘူး။"

daddyပြောပြီးတာနှင့်companyထွက်သွားတယ်။

ဒေါ်သက်ထား"သမီး...ဘာမှစိတ်မပူနှင့်နော်....အန်တီမေသမီးdaddyကိုရအောင်ပြောပေးမယ်....သမီးdaddyကစိတ်ဆိုးနေတုန်းမို့လို့ပါ။"

rose"တော်ပါပြီ....အန်တီမေရယ်။daddyကိုမပြောပါနှင့်တော့.....ဒါကသမီးနှင့်daddyရဲ့ကိစ္စပါ.....အန်တီမေကြားညှပ်နေလိမ့်မယ်။"

roseပြောပြီးတော့မနက်စာစားဖို့ထမင်းစားခန်းထဲထွက်လာလိုက်တယ်။

အတွင်းရေးမှူး"boss.....ဒါကprojectအသစ်ပါ။"

ruby"အော်.....ထားခဲ့လိုက်လေ။"

ဒီလမှာကျွန်တော်တို့companyရဲ့ထုတ်ကုန်အသစ်ထုတ်ဖို့စီစဥ်ထားတယ်။ကျွန်တော့်companyကsnackတွေမျိုးစုံထုတ်လုပ်တဲ့companyလေ.....snackတွေထုတ်တယ်ဆိုပေမဲ့ကျွန်တော်companyကနိုင်ငံခြားအဆင့်မှီqualityတွေပဲထုတ်လုပ်တယ်....ပြည်တွင်းမှာသာမကပြည်ပကိုပါတင်သွင်းတယ်။


   đŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽ


       á€Ąá€á€Żá€œá€Šá€şá€¸strewberryယိုနှင့်ပျားရည်သုံးပြီးကိတ်မုန့်တို့၊ကွတ်ကီးတို့ထပ်ပြီးထုတ်ဖို့ရှိတယ်.....အဲ့ကိစ္စနှင့်ကျွန်တော်မေမြို့ကိုခရီးထွက်ရအုန်းမယ်.....ကျွန်တော်projectစဖို့မေမြို့ကိုခရီးဆက်ခဲ့တယ်။မေမြို့ရောက်တော့strewberryစိုက်ပျိုးရေးနှင့်ပျားမွေးမြူရေးလုပ်ဖို့မြေကွက်ကျယ်ကျယ်လိုက်ရှာတယ်.....ကျွန်တော်မြေကွက်တွေလိုက်ကြည့်ရင်း"စိမ်းလန်း"ဆိုတဲ့ရွာလေးကိုသဘောကျတာကြောင့်အဲ့မှာပဲကျွန်တော့်လုပ်ငန်းအခြေချဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီရွာလေးကစိုက်ပျိုးလေးအဓိကလုပ်တဲ့ရွာလေးဖြစ်ပြီးအရမ်းလည်းအေးချမ်းတယ်။ရွာသားတွေကလည်းသဘောကောင်းပြီ၊စိတ်ထားဖြူစင်ကြတယ်။ရာသီဥတုလေးကလည်းကောင်းသလိုအေးချမ်းပြီးသာယာတာကြောင့်ကျွန်တော်ဒီကိုလာရင်တည်းဖို့မြေ၅ဧကအပြင်ရွာထဲမှာအိမ်တောင်ထပ်ဝယ်လိုက်တယ်။

    ကျွန်တော်လုပ်ငန်းစဖို့ခြံတွေရှင်း၊နေရာချစရာရှိတာတွေချနေတာနှင့်အလုပ်တွေရှုပ်နေတယ်.....ပြီးတော့ကျွန်တော့်ရဲ့အိမ်ကိုလည်းစိတ်ကြိုက်ပြန်ပြင်လိုက်တယ်။ပြင်ဦးလွင်ရောက်ကတည်းကနားရတယ်လို့မရှိပါဘူးဗျာ။daddyကြောင့်roseဒီနေ့ပြင်ဦးလွင်ရောက်လာတယ်.....daddyကroseလျှောက်သွားမှာဆိုးလို့ကားတောင်မပေးလိုက်ဘူး.....ကိုယ့်ကားရှိနေရဲ့သားနှင့်ပြင်ဦးလွင်ကိုexpress carနှင့်လာရတယ်.....ကိုယ့်အပြစ်နှင့်ကိုဆိုတော့လည်းခံလိုက်အုန်းပေါ့....roseရာ။


   đŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽđŸŽ


       roseကားဂိတ်မှာတီလေးတို့လာတာစောင့်နေတယ်။daddyရဲ့ညီမနှစ်ယောက်ဖြစ်တဲ့တီလေးငယ်ဥမ္မာနှင့်တီလေးမာလာကပြင်ဦးလွင်"စိမ်းလန်း"ဆိုတဲ့ရွာလေးမှာနေတယ်။တီလေးတို့နှစ်ယောက်လုံးကအပျိုကြီးတွေလေ.....တီလေးတို့ကမေမြို့မှာစိုက်ပျိုးရေးလုပ်ကြတယ်။တီလေးတို့ကအဓိကစတော်ယ်ရီနှင့်macadamia(ချောကလက်သီးorမက္ကဒေးမီးယားသီး)စိုက်တယ်။ပြီးတော့အန်တီလေးတို့ကstrewberry၊ပိန္နဲ၊သရက်ပင်တွေလည်းစိုက်ထားသေးတယ်။အန်တီတို့ရဲ့ခြံကြီးကအကျယ်ကြီးပဲ။၉ဧက၁၀ဧကလောက်ရှိမယ်လို့roseထင်တယ်.....ခြံကြီးထဲမှာပန်းပင်တွေ၊သစ်ပင်တွေဆိုတာအစုံပဲ။roseငယ်ငယ်တုန်းကအန်တီတို့ရဲ့ခြံထဲမှာမျောက်ရှုံးအောက်ဆော့ခဲ့တာမှတ်မိသေးတယ်။

rose"တီ​လေး....တီ​လေးငယ်!!!သမီးဒီမှာ။"

တီလေးငယ်"အမ​လေး....ငါ့တူမ​လေးကမ​တွေ့ရတာကြာလို့ပိုပြီး​တောင်​ချောလာ​သေးတယ်။"

တီ​လေး"ဟုတ်ပါ့....ငါ့တူမ​လေးကငါ့​သွေးပါလို့ကြီးလာ​​လေပို​ချောလာ​လေပဲ။"

rose"ဒါ​ပေါ့....တီ​လေးနှင့်တီ​လေးငယ်တို့ရဲ့တူမဆို​မှတော့​ချောပြီးသား​ပေါ့။"

တီ​​လေးငယ်"​အေးပါ၊....အေးပါ။ငါ့တူမ​​လေးကစကားတတ်လိုက်တာ....အဲ့တာ​ကြောင့်တီ​လေးကချစ်​နေတာ။"

တီ​လေးကroseရဲ့ပါး​လေးကိုဆွဲရင်း​ပြောလိုက်တယ်။

      ​တီ​လေးတို့ခြံထဲ​ရောက်တာနှင့်ပန်းရနံ့​လေး​တွေက​မွှေးကြိုင်​နေတာပဲ.....လေ​အေး​လေး​တွေကညင်ညင်သာသာroseရဲ့မျက်နှာကိုတိုက်ခတ်လာတယ်.....လေ​လေး​အရမ်းfreshဖြစ်တာပဲ။မြို့နှင့်များတခြားဆီပဲ....မြို့မှာဆိုဒီလိုလက်ဆတ်တဲ့​လေမျိုးမရဘူး။


  🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


တီ​လေး"ကဲ....ပြောပါအုန်း....ညည်းဘာလုပ်လို့ညည်းdaddyကဒီကိုပို့လိုက်တာလဲ။"

rose"သမီးclubခိုးသွားတာdaddyမိသွားလို့အန်တီ​လေးရဲ့။"

တီ​လေး"ညည်းက​တော့ဖြစ်ရမယ်....clubကို​နောက်မသွားနှင့်​​​တော့နှင့်​နော်....သမီး။တီ​လေးတို့လည်းအဲ့​နေရာ​တွေသွားတာမကြိုက်ဘူး။"

rose"ဟုတ်ကဲ့....တီ​လေး။"

တီ​လေးငယ်"သမီး....မနက်စာစားပြီးပြီလား။"

rose"မစားရ​သေးဘူး....တီ​လေး။တီ​လေးတို့ဆီ​ရောက်မှအ၀စားမယ်ဆိုပြီး​​လမ်းမှာမစားလာဘူး။"

တီ​​လေး"ဟုတ်လား.....အဲ့ဒါဆိုတီ​လေးတို့သမီးကြိုက်တဲ့ရှမ်း​ခေါက်ဆွဲသွားစားကြမယ်.....စားမယ်မလား။"

rose"စားမှာ​ပေါ့....တီ​လေးရဲ့....ဗိုက်ဆာ​နေပြီ။"

    roseတို့တူရီး၃​ယောက်ရှမ်း​ခေါက်ဆွဲစားဖို့ရွာထဲထွက်လာခဲ့တယ်။

တီ​လေး"သမီးကရှမ်း​ခေါက်ဆွဲအစီးစားမှာမလား။"

roseတီ​လေးကိုခေါင်းငြိမ့်ပြလိုက်တယ်။

တီ​လေး"မြမြ​ရေ....ရှမ်း​ခေါက်ဆွဲအစီးနှစ်ပွဲ၊အဖွဲတပွဲ။မြန်မြန်​လေးလုပ်​ပေး​​​နော်။"

မြမြ"ဟုတ်ကဲ့....အန်တီ။rose​လေးလည်းပါလာတာလား.....အ​ဒေါ်​တွေဆီအလည်ရောက်လာတယ်​ပေါ့။"

rose"ဟုတ်တယ်....မကြီး​ရေ။မ​ရောက်တာကြာလို့အ​ဒေါ်​တွေမျက်နှာ​မေ့သွားမှာဆိုးလို့လာကြည့်တာ။"

မြမြ"roseက​တော့ငယ်ငယ်တုန်းကအတိုင်းပဲ.....အတတ်​လေး။"

မကြီးမြမြကroseကိုပြုံးရင်း​ပြောလိုက်တယ်။

ဆိုင်လေးကသပ်ရပ်ပြီးသန့်ရှင်း​တဲ့အပြင်အရသာကလညိး​ကောင်း​တော့roseပြင်ဦးလွင်လာလည်ရင်ဒီဆိုင်ရှမ်း​ခေါက်ဆွဲစား​နေကြ....အရသာကအရင်တိုင်းပဲအရမ်းစားလို့​ကောင်းတာပဲ။

rose"မကြီး....roseကို​အစီး​နောက်တပွဲ​ပေးပါအုန်း....မကြီးက​တော့မကြီးအ​မေလက်ရာအတိုင်းပဲ.....အရသာကရှယ်ပဲ။မကြီးအ​မေဆိုမှသတိရတယ်....အန်တီကြီး​ရော​နေ​ကောင်းရဲ့လား။"

မြမြ"​​​ကောင်းတယ်.....rose​​လေးရဲ့....အ​မေကအသက်ကြီးပြီဆို​တော့အိမ်မှာပဲဘုရား၊တရားလုပ်ပြီး​အေးချမ်း​နေတယ်​လေ။"

rose"ဟုတ်လား....ကောင်းတာ​ပေါ့.....မကြီးရယ်။"

မြမြ"rose​လေး.....ဒီမှာrose​လေးမှာထားတာရပြီ။"

rose"ဟုတ်ကဲ့....မကြီး။"

roseမကြီးဆီကရှမ်း​ခေါက်ဆွဲပန်းကန်ယူပြီးထပ်စားလိုက်တယ်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-6coming soon🫧🫧🫧🫧🫧


                     đŸ°đŸ°Author-yoon mieno🍰🍰