🌹🌹🌹chapter-6🌹🌹🌹
Viewers 149

       roseတီ​လေးတို့နှင့်မနက်စာစားပြီး​တော့အိမ်ပြန်လာခဲ့လိုက်တယ်​လေ။အိပ်​ရေးမ၀တာ​ကြောင့်အိပ်ယာထဲ၀င်ပြီးတခါတည်းတန်းအိပ်လိုက်တယ်။အွန့်....ဝါး....ဘယ်နှနာရီ​တောင်ရှိသွားပြီလဲ။roseအိပ်ချင်မူးတူးနှင့်ဖုန်းယူပြီးနာရီကြည့်လိုက်တယ်။၃နာရီ​တောင်​ကျော်​နေပြီပဲ.....အဲ့တာ​ကြောင့်ဗိုက်ဆာ​နေတာကိုး။rose​တွေးလိုက်ရင်း​နေ့လည်စာစားဖို့အိပ်ယာကထလိုက်တယ်။

rose"တီ​လေး.....တီ​လေး။"

အန်တီ​လေး"သမီး​တောင်နိုးလာပြီလား။"

rose"ဟုတ်ကဲ့....တီ​လေး....တီ​လေးငယ်ကိုမ​တွေ့ပါလား....တီ​လေးငယ်ရော။"

အန်တီ​လေး"သမီးတီ​​လေးငယ်ကခြံခဏသွားတယ်....သမီးကြည့်ရတာဗိုက်ဆာ​နေပြီထင်တယ်။ထမင်းစားခန်းထဲမှာသမီးကြိုက်တဲ့ပြည်ကြီးငါးနှင့်၀က်ပုန်းရည်ကြီးဟင်းချက်ထားတယ်....ထမင်းလည်းခူးပေးထားတယ်....အဆင်သင့်စားယုံပဲ။"

rose"အဲ့တာ​ကြောင့်တီ​လေးကိုချစ်​နေရတာ။"

roseအန်တီ​လေးကိုဖက်ပြီးပါး​လေးကိုနမ်းလိုက်တယ်။

        roseထမင်းစားခန်းထဲမှာတီ​လေးပြင်​ပေးထားတဲ့ထမင်းစားလိုက်တယ်.....ဗိုက်​ဆာဆာနှင့်နှစ်ပန်းကန်စားလိုက်​တော့ဗိုက်ကိုတင်း​နေတာပဲ။အခုချိန်​နေလည်း​စောင်း​နေပြီဆို​တော့စက်ဘီးစီးရင်းတီ​လေး​ငယ်နောက်လိုက်သွားရင်​ကောင်းမယ်။

rose"တီ​လေး....roseတီ​လေးငယ်နောက်လိုက်သွားလိုက်အုန်းမယ်...စက်ဘီးစီးရင်းနှင့်။"

တီ​လေး"သွား​လေ....သမီး။သမီးတီ​လေးငယ်နှင့်အတူတူပြန်ခဲ့​နော်....တ​ယောက်တည်း​လျှောက်မသွား​နေနှင်အုန်း။"

rose"ဟုတ်ကဲ့....တီ​လေး။စက်ဘီးကဂို​ဒေါင်မှာပဲမလား....အန်တီလေး။"

အန်တီ​လေး"ဟုတ်တယ်....သမီး....လမ်းမှာဂရုစိုက်​နော်။"

rose"ဟုတ်ကဲ့.....တီ​လေး။"


  🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


        roseစက်ဘီးစီးရင်းရွာထဲထွက်လာခဲ့တယ်။roseစိမ်းလန်း​နေတဲ့သစ်ပင်၊ပန်းပင်​တွေကို​ငေးကြည့်​နေမိတယ်။roseအ​ငေးလွန်ရင်း​ရှေ့မှလာ​နေတဲ့ကားကိုမမြင်လိုက်ဘူး။​ရှေ့မှာကားကြီး......တိုက်​တော့မှာပဲ.....roseလန့်ပြီး​ဘေးဖက်ကို​ရှောင်လိုက်​တော့အရှိန်မထိန်းနိုင်​တော့ပဲroseစက်ဘီး​မှောက်သွားတယ်။အာ.....နာလိုက်တာ....rose​ခြေ​တောက်ကိုစက်ဘီးပိသွားတာ​ကြောင့်အရမ်းနာသွားတယ်။

ကျွန်​တော်ခြံထဲကပြန်အလာမှာ​စက်ဘီးစီးလာတဲ့မိန်းက​လေးတ​ယောက်နှင့်တိုက်မိမလိုဖြစ်သွားတာ​ကြောင်းကား​ပေါ်ကဆင်းပြီးမိန်းက​လေးကိုဆင်းကြည့်လိုက်တယ်။

ruby"မိန်းက​လေးဘာဖြစ်သွား​သေးလဲ....မင်းပါလား။တိုက်ဆိုင်လိုက်တာ။"

      ကျွန်​တော်နှင့်​တွေ့တိုင်းပြဿနာတခုမဟုတ်တခုရှာတတ်သည့်မိန်းက​လေးဖြစ်တာ​ကြောင့်ကျွန်​တော်အံ့သြသွားတယ်။roseတဖက်က​ကောင်​လေးစကားကြား​လို့​မော့ကြည့်လိုက်တာ​စေတန်ဖြစ်​နေတယ်​လေ......စေတန်ဆိုတာသူနှင့်​တွေ့တိုင်းကံဆိုးလို့သူကိုနတ်ဆိုးလို့roseနာမည်​ပေးထားခြင်းဖြစ်တယ်။rose​ပေးတဲ့နာမည်နှင့်သူနှင့်ကတကယ်ပိုလိုက်ဖက်တယ်.....သူနှင့်​တွေ့တိုင်းကံဆိုး​နေတာပဲ.....အခုလည်း​သူ​ကြောင့်စက်ဘီး​မှောက်ပြန်ပြီ......ရန်ကုန်မှာဆုံတာအားမရလို​မေမြို့မှာပါလာဆုံပြန်ပြီ......သူနှင့်roseလည်းဘယ်ဘ၀က​ရေစက်ဆိုး​ကြောင့်လာလာဆုံ​​နေရတာလည်းမသိဘူး။rose​တွေးရင်းသက်ပြင်းရှည်ကြီးချလိုက်တယ်။

rose"ရှင်ပဲလား.....ဘာဖြစ်လို့roseရှိတဲ့​​နေရာတိုင်းမှာ​ရှင်ရှိ​နေတာလဲ။.....ဒေါသထွက်လိုက်တာ။"

ruby"ကဲပါ....အဲ့ဒါ​တွေ​ပြောမ​နေနှင့်​တော့။ငါစက်ဘီးဖယ်​ပေးမယ်။"

ကျွန်​တော်​ပြောရင်းသူမ​ပေါ်ကစက်ဘီးကိုဖယ်လိုက်တယ်။


    🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


ruby"ထနိုင်ရဲ့လား.....ကျွန်​တော်ထူ​ပေးမယ်​​လေ။"

rose"ရတယ်....မထူ​ပေးနှင့်....ကိုယ့်ဘာသာထနိုင်တယ်။"

rose​ပြောရင်းအမြန်ထလိုက်တယ်.....ဒဏ်ရာရထားတဲ့ညာဖက်​ခြေ​ထောက်ကို​ထောက်လိုက်မိ​တော့အရမ်းနာပြီး​စေတန်ရဲ့ရင်ခွင်ထဲလဲကျသွားတယ်။

rose"ဘာလုပ်တာလဲ.....လွှတ်.....လွှတ်။"

rose​စေတန်ရဲ့ရင်ခွင်ထဲက​နေအတင်းရုန်းထွက်လိုက်တယ်။

ruby"မလွှတ်​ပေးပါဘူး.....လွှတ်​ပေးလိုက်ရင်​ချော်လဲပြီးမင်းဒဏ်ရာပိုဆိုးသွားမှာ​ပေါ့။"

ကျွန်​တော်​ပြောရင်းသူမကို​ပွေ့ချီလိုက်တယ်။

rose"ရှင်ဘာလုပ်တာလဲ....လွှတ်​ပေးလို့​ပြော​နေတာမကြာဘူးလား.....ကျွန်မအသားကိုမထိနှင့်မကြိုက်ဘူး။လွှတ်....လွှတ်ပါ။"

ruby"ချာတိတ်ရာ.....ခဏ​​လောက်တိတ်နေ​ပေးပါ။မင်းကို​စေတနာနှင့်အိမ်ပြန်လိုက်ပို့ပေးမလို့ပါ....မင်းကိုအသားယူချင်လို့မဟုတ်ပါဘူး။"

rose"လိုက်မပို့နှင့်....ရှင်လိုက်ပို့တာမလိုချင်ဘူး....ရှင်နှင့်မပတ်သတ်ချင်ဘူး။သွား.....သွား....အ​ဝေးကိုထွက်သွား။"

rose​စေတန်ရဲ့လက်ထဲက​နေအတင်းရုန်းထွက်​ပေမဲ့​စေတန်ကroseကိုမလွတ်​ပေးဘူး.....roseအရမ်း​ဒေါသထွက်တာပဲ။ကျွန်​တော်ချာတိတ်ကိုကား​ပေါ်တင်ပြီး​တော့သူမရဲ့စက်ဘီးကိုကား​​နောက်ခန်းထဲထည့်လိုက်တယ်။

ruby"ကဲ.....ချာတိတ်....မင်းအိမ်ဘယ်မှာလဲ....ငါလိုက်ပို့​ပေးမယ်။"

rose"မသိဘူး။"

ချာတိတ်က​​လက်ပိုက်ပြီးကျွန်​တော်နှင့်ဆန့်ကျင်ဖက်ကိုမျက်နှာလွှဲသွားတယ်။


  🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


ruby"မင်းမသိဘူးဆို​တော့ငါကဘယ်​မောင်းရမှာလဲ....ဘာလဲ.....မင်းကိုငါ့အိမ်​ခေါ်သွားရမှာလား။"

ကျွန်​တော့်စကား​ကြောင့်ချာတိတ်ကကျွန်​တော့်ကိုမျက်​စောင်းထိုးလိုက်တယ်။

rose"​ရှေ့​ရောက်ရင်ညာချိုး၊ပြီးရင်ညာထပ်​ကွေ့။​​ရှေ့နည်းနည်း​ဆက်​မောင်းရင်roseအိမ်​ရောက်ပြီ။"

ချာတိတ်ကကျွန်​တော့်ကို​​လေသံမာမာနှင့်​ပြောလိုက်​ပေမဲ့ကျွန်​တော်ချာတိတ်ကိုကြည့်ပြီးစိတ်မဆိုးပဲသ​ဘောကျ​တောင်ပိုကျသွားတယ်။ချာတိတ်ကိုကြည့်ရတာလိုချင်တာမရလို့စိတ်ဆိုး​နေတဲ့baby​လေးတ​ယောက်လိုပဲ....ချာတိတ်ကိုသ​ဘောကျတာ​ကြောင့်ကျွန်​တော်ပြုံးလိုက်မိတယ်။

        ကျွန်​တော်ချာတိတ်ကိုအိမ်ပို့ရင်းကျွန်တော်အံ့သြသွားတယ်။တိုက်ဆိုင်လိုက်တာ....သူမအိမ်ကငါ့အိမ်ရဲ့​​မျက်နှာချင်းဆိုင်မှာတဲ့.....ချာတိတ်...မင်းနှင့်ငါနှင့်​ရေစက်ကလည်း​တော်​တော်ပါတာပဲ။

rose"တီ​လေး​ရေ......တီ​​လေး။"

အန်တီ​လေး"လာပြီ....သမီး​ရေ။"

အန်တီ​​​လေး"သမီးတီလေးငယ်ဆီသွားမယ်ဆိုပြီး...ဘယ်လိုဖြစ်တာလဲ....သူက​ရောဘယ်လဲ....သမီးသူငယ်ချင်းလား။"

rose"မဟုတ်ပါဘူး....အန်တီ​လေးရယ်....သူ​ကြောင့်သမီးစက်ဘီး​မှောက်သွားလို့အိမ်ပြန်လိုက်ပို့​ပေးတာ....တီ​လေး.....သမီးကိုတွဲ​ပေးအုန်း....ခြေ​တောက်နာ​နေတယ်။"

တီ​လေး"​အေး....​အေး....​အေး။"

ruby"ကျွန်​​တော်တောင်းပန်ပါတယ်​....​ဒေါ်​လေး။တခုခုလိုအပ်တာရှိရင်​ပြော​နော်......​ဒေါ်​လေး။ကျွန်​တော်က​​​ဒေါ်​လေးတို့​ရှေ့ခြံမှာ​နေပါတယ်....ကျွန်​တော်လိုအပ်တာမှန်သမျှကူညီ​ပေးပါ့မယ်။"

rose"ရှင်ကူညီစရာမလိုပါဘူး.....ကျွန်မတို့ကရှင့်အကူအညီမလိုအပ်ဘူး။"

တီ​လေး"သမီး...အဲ့လိုမ​ပြောရဘူး​လေကွယ်.....အန်တီ့တူမ​လေးအစားအန်တီ​တောင်းပန်ပါတယ်ကွယ်.....။အခုလိုအိမ်ပြန်လိုက်ပို့​ပေးတဲ့အတွက်လည်း​ကျေးဇူးတင်ပါတယ်။"

ruby"ရပါတယ်....​​ဒေါ်​လေးရဲ့။ကျွန်​တော့်​လုပ်သင့်တာပါ။"

rose"တီ​လေး....အိမ်ထဲသွားရ​အောင်....roseနားချင်​နေပြီ။"

rose​စေတန်ကိုမမြင်ချင်​တော့တာ​ကြောင့်စကားစဖြတ်၀င်လိုက်ပြီးတီ​လေးနှင့်အိမ်ထဲ၀င်သွားလိုက်တယ်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-7 coming soon🫧🫧🫧🫧🫧.


                    🍰🍰 Author-yoon mieno🍰🍰