Chapter1
Viewers 839


"သေလိုက်လေ၊ ငါမင်းနဲ့ပိုက်ဆံနည်းနည်းအကြောင်းပြောနေတာ၊ မင်းပိုက်ဆံကို ဘယ်သူမှသောက်ဂရုမစိုက်ဘူး"

သူ့ရဲ့အရှေ့မှာရပ်နေတဲ့ လူကောင်ကြီးကြီးနဲ့လူက သူ့ထဲကလုယူသွားခဲ့တဲ့ ယွမ် သုံးဆယ်ကို ကျောင်းဝတ်စုံအိတ်ကပ်ထဲကို ထည့်ရင်း ပြောလိုက်တယ်။

'နှုတ်နဲ့ဘာမှမပြောပေမယ့် ခန္ဓာကိုယ်ကတော့ ရိုးသားမှုရှိပါစေ'

ဝမ်ကျစ်ချူးဟာ ခေါင်းလေးကိုပုရင်း နံရံထောင့်ထဲမှာ အပိတ်ခံထားရတယ်။ သူ့ဆီကနေ အလုခံလိုက်ရတဲ့ ယွမ် သုံးဆယ်အရွက် လေးတွေကို ကြည့်ရင်းနဲ့ပေါ့။ အဲ့ပိုက်ဆံကို သူ့ဝမ်းကွဲရဲ့မွေးနေ့လက်ဆောင်ဝယ်ဖို့အတွက် နှစ်ရက်လောက် နေ့လည်စာမစား ပဲနဲ့ စုထားခဲ့ရတာ။

လူကောင်ကြီးကြီးနဲ့လူရဲ့ဘေးက ခပ်ပိန်ပိန်နဲ့လူက သိပ်မကျေနပ်သေးတဲ့အကြည့်နဲ့ကြည့်တယ်

"သေစမ်းကွာ၊ မင်းဘာလို့ အဲ့ဒီလောက်ပိုက်ဆံနဲနဲလေးကို တောင်းတဲ့လူတွေကို ပေးရတာတုန်း"

ဝမ်ကျစ်ချူး : "ဟုတ်တယ်"

လူပိန်ကောင်က ကြမ်းတမ်းတဲ့အကြည့်နဲ့လှည့်ကြည့်တယ်

"မင်းဘာပြောလိုက်တာ?"

ဝမ်ကျစ်ချူးဟာ ကြောက်ကြောက်နဲ့ခေါင်းကိုယမ်းရင်းပြောလိုက်တယ်။

"ဘာမှမဟုတ်ပါဘူး"

လူကောင်ကြီးကြီးနဲ့လူက ဝမ်ကျစ်ချူးကို ခေါင်းအစခြေအဆုံးကြည့်လိုက်တယ်။ လက်မြှောက်ပြီးတော့ သူ့ပါးကိုရိုက်ရင်းနဲ့ ပြောတယ်။

"ဒီနေ့တော့ မင်းကံကောင်းသွားတယ်၊ နောက်တစ်ခါဆိုရင်တော့ ပိုက်ဆံများများပိုယူလာခဲ့ကွာ၊ မင်းသိလား?"

ဝမ်ကျစ်ချူးက သူ့ကျောင်းဝတ်စုံကို တင်းတင်းကျပ်ကျပ်ဆွဲလိုက်လို့ အဝတ်တွေတောင် တွန့်ခေါက်သွားတယ်။

'မင်းအပြုအမူတွေမှားနေတယ်၊ ဒါကျောင်းတွင်းအနိုင်ကျင့်မှုပဲဆိုတာသိရဲ့လား'

"မင်း...မင်း..." ငါ့နှလုံးသားကစိတ်လှုပ်ရှားစွာနဲ့ရင်ဘတ်ထဲမှာ တုန်ခါနေတယ်။

"မင်းငါဆရာနဲ့တိုင်ပြောမှာ မကြောက်ဘူးလား"

သူအဲ့ဒီလိုပြောလိုက်တာနဲ့တစ်ပြိုင်နက် သူ့ရှေ့မှာရှိတဲ့ နှစ်ယောက်က ရုတ်တရက် ဟာသတစ်ခုကြားလိုက်ရသလို တုံ့ပြန်ကြ တယ်။ ရယ်သံအကျယ်ကြီးတွေဟာ တိတ်ဆိတ်နေတဲ့ ပစ္စည်းထားတဲ့အခန်းထောင့်တိုင်းဆီကို ပျံ့သွားတယ်လို့တောင် ထင်ရတယ်။

လူကောင်ကြီးက သူ့မျက်နှာကြီးရှုံမတွခင်အထိရယ်နေတယ်။ "မင်းလား?"

လှောင်ပြောင်တဲ့မေးခွန်းတွေဟာ ဝမ်ကျစ်ချူးရဲ့ ကိုယ်ပိုင်သိက္ခာတွေကို ပြင်းပြင်းထန်ထန်ထိပါးလာတယ်။

သူဟာ အံကိုကြိတ်၊ ရင်ကိုကော့ပြီး ပြောလိုက်တယ်။ "ဟုတ်တယ်၊ ငါပဲ"

လူကောင်ကြီးကြီးနဲ့လူက လှောင်တယ်။ "မင်းလုပ်ရဲလား"

သူက ဝမ်ကျစ်ချူးရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို လုံးဝကိုအလေးမထားပုံပေါ်တယ်။ ပြီးတော့ ထပ်ပြီးလက်ကိုမြှောက်ရင်း ပါးကိုထပ် ရိုက်ရင်း စကားပြောတယ်။

အားတော့သိပ်မပါဘူး။ ဒါပေမယ့် လူရဲ့နားတွေနာလောက်အောင်အထိတော့ ပါးရိုက်တဲ့အသံဟာကျယ်လောင်နေတယ်။

"မနက်ဖြန်အချိန်ရှိပါသေးတယ်။ ငါ့ကို ယွမ် ငါးရာ ယူလာပေးဖို့ မမေ့နဲ့"

သူကအဲ့လိုပြောပြီးတော့ လူပိန်ကောင်နဲ့အတူတူ လှည့်ပြန်သွားဖို့လုပ်တယ်။

ဝမ်ကျစ်ချူးဟာ မတ်တပ်ထရပ်လိုက်တယ်။ လက်သီးကျစ်ကျစ်ဆုပ်ရင်း သူ့ရဲ့ရင်ဘက်လေးဟာ မြင့်ချည်နိမ့်ချည်ဖြစ်နေတယ်။

'တကယ်အနိုင်ကျင့်တာပဲ'

သူတို့တွေဟာ အသက်တူတူပါပဲ၊ သူတို့မှာမရှိတဲ့ဟာ သူ့မှာရှိနိုင်မလား?

ပါးစပ်ဟလိုက်တာနဲ့ ယွမ် ငါးရာပဲ။

သူဟာ နိမ့်ချတတ်ပြီး အားနည်းကြောက်တတ်တာသူသိတယ်။ ဒါပေမယ့် ယုန်တွေတောင်မှ အလျင်လိုနေပြီဆိုရင် ကိုက်တတ် ကြသေးတာပဲမဟုတ်လား။

ဝမ်ကျစ်ချူးဟာ သူ့ရဲ့ကုန်းနေတဲ့ခါးကို ပြန်ဆန့်လိုက်တယ်။ "ခဏနေဦး"

နွေရာသီရဲ့ပူလောင်မှုနဲ့အတူ လူကောင်ကြီးဟာ သူ့ကျောင်းအင်္ကျီအပေါ်ထပ်ကို ချွတ်လိုက်တယ်။ သူ့ရဲ့ကြီးမားတဲ့လက်မောင်း တွေကိုပြရင်းနဲ့... "မင်းဘာလုပ်နေတာလဲ"

ဝမ်ကျစ်ချူးကသတ္တိမွေးလိုက်တယ် 'ရှေ့မှာအနိမ်ဆုံးအတားအဆီးရှိရင် ခြေကိုမြှောက်ဖို့မမေ့ပါနဲ့'

"..."

လူကောင်ကြီး : "လောင်ကျစ် က မကန်းဘူး"

သူသိပ်ဂရုမစိုက်ခဲ့ပေမယ့် ဝမ်ကျစ်ချူးရဲ့စကားတွေက အခုအချိန်မှာတော့ လူတွေရဲ့စိတ်ထဲမှာ ကြာရှည်ကြောက်စိတ်ဝင်လာ စေခဲ့ပြီ။ လူပိန်ကောင်က အနားလာပြီးပြောလိုက်တယ်။ "သွားစို့၊ ငါတို့မနက်ဖြန် ဒုတိယအတန်းက ဝတုတ်ဆီမှာသွားလုကြ ရအောင်"

လူကောင်ကြီးက ရှုပ်ထွေးသွားပုံဖြင့် "ဘာလို့လဲ"

"မင်းတကယ် ဒီကောင်ဆရာနဲ့တိုင်ပြီး ငါတို့ကိုတရားစွဲမှာ မကြောက်ဘူးလား"

"ဒီကောင်လား" နောက်ထပ်လှောင်ပြောင်လိုက်တယ်။ "ဒီကောင်က ပေါက်ကရဗလုံးဗထွေးပြောနေတဲ့ ငကြောက်ကောင်၊ ဒီကောင့်ကို ဘယ်သူတွေကမှ သတ္တိရှိအောင်လုပ်ပေးနိုင်မယ်မထင်ဘူး"

လူနှစ်ယောက်ရဲ့ခြေသံတွေဟာ တဖြည်းဖြည်းဝေးကွာသွားတယ်။ ဒါပေမယ့် လှောင်ပြောင်ရယ်မောနေကြတဲ့ အသံတွေက တော့ ဝမ်ကျစ်ချူးရဲ့ခေါင်းထဲမှာ ထပ်တလဲလဲပေါ်နေဆဲပဲ။

အနိုင်ကျင့်မှုတွေမရှိတော့တဲ့ ပစ္စည်းထားတဲ့အခန်းလေးဟာ ကျောင်းဆင်းသွားတော့ ပိုတောင်တိတ်ဆိတ်လို့နေတယ်။

အချိန်ဘယ်လောက်ကြာအောင်ကုန်ဆုံးသွားမှန်းမသိ၊ ရုတ်တရက် အသံတိုးတိုးလေးတစ်ခုက တိတ်ဆိတ်ခြင်းကို ဖောက်ထွက် လို့လာတယ်။

"ငါ ငကြောက်ကောင်မဟုတ်ဘူး"

ဝမ်ကျစ်ချူးဟာ ကျောင်းဝန်းထဲကနေ စိတ်ဓာတ်ကျစွာနဲ့ထွက်လာခဲ့တယ်။ သူ့မိဘတွေ ကွယ်လွန်သွားကြပြီးနောက်ပိုင်းမှာ သူဟာ သူ့ဆွေမျိုးတွေရဲ့ မွေးစားခြင်းကိုခံရတယ်။ ဒါပေမယ့် ကြီးပြင်းလာရတဲ့ ဆယ်နှစ်အတောအတွင်းမှာတော့ သူဟာ ဘောလုံးတစ်လုံးလိုပဲ မလိုသူတွေရဲ့တွန်းထုတ်ကန်ထုတ်ခြင်းကိုခံရခဲ့တယ်။

ဆွေမျိုးတွေရဲ့ အပြစ်မြင်မှုတွေကိုသိနေရင်း သူဟာသူတစ်ပါးရဲ့အရိပ်အောက်မှာသာနေခဲ့ရတယ်။ ဒါကြောင့်မို့ သူ့အမျိုးတွေ စိတ်ကျေနပ်စေဖို့ သူဟာပြဿနာလဲမရှာရဲခဲ့ပါဘူး။ သူဟာအရာရာကိုသည်းခံစိတ်မွေးခဲ့သလို ငယ်စဉ်ကလေးဘဝထဲက ဘဝကို ဂရုတစိုက်နဲ့သတိကြီးကြီးထားပြီးနေခဲ့ရတယ်။

'ငါကအခု အန်တီရဲ့အိမ်မှာနေနေတယ်၊ သေချာတာပေါ့ ဒီနေ့ငါ့ဝမ်းကွဲမွေးနေ့ကို ငါသွားမျက်နှာပြရမယ်'

ဒါပေမယ့် အခုတော့ သူ့ဝမ်းကွဲအတွက် မွေးနေ့လက်ဆောင်ဝယ်ပေးမယ့်ပိုက်ဆံလေးကို အလုခံလိုက်ရပြီ။

ဝမ်ကျစ်ချူးဟာ ပူပင်သောကရောက်ရင်းလမ်းဆုံမှာရပ်နေတယ်။ ခဏလောက်တော့ အိမ်ကို ဘယ်လိုပြန်ရမှန်းမသိဘူး။

ကျယ်လောင်တဲ့အသံတစ်ခုကဘေးကနေပေါ်ထွက်လာတယ်။ မရင့်ကျက်သေးတဲ့အသံက အလွန်ရက်စက်တယ်။

"ဘာ သူကငါ့အမျိုးသမီးကို ငါမသိအောင် လိုက်နေတယ် ဟုတ်လား" "ငါဘာလုပ်သင့်လဲ ညီအစ်ကို"

"သူက ကျန်ကျားနင် ကိုစာလေးတောင်ပေးရဲခဲ့တာ၊ သွားစို့၊ ပြန်သွားပြီးတော့ သူ့ကိုတားကြရအောင်"

"ညီအစ်ကို သိပ်စိတ်မလှုပ်ရှားနဲ့ဦး"

မမျှော်လင့်စွာနဲ့ပဲ မူလတန်းကျောင်းသားကလက်ကိုမြှောက်ရင်းပြောလိုက်တယ် "မည်းနက်နေပြီပဲ"

"..."

ဝမ်ကျစ်ချူးဟာ ခေါင်းကိုဖြေးဖြေးချင်းလှည့်လိုက်တယ်။ မူလတန်းကျောင်းသားတွေရဲ့အချစ်နဲ့အမုန်းတွေကိုကြည့်ရင်းနဲ့ ခေါင်း ကိုခါနေမိတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ငါဟာအချစ်အတွက် တိုက်ခိုက်ဖို့သင်ယူခဲ့ပြီးပြီပဲ။

မထင်မှတ်စွာပဲ မူလတန်းကျောင်းသားနှစ်ယောက်ဟာ မည်းနက်သွားပြီးပြီးချင်း လမ်းကိုဖြတ်ကူးမလို့လုပ်နေတယ်။

ဝမ်ကျစ်ချူးဟာ မျက်မှောင်ကြုတ်လိုက်တယ်။ အလိုအလျောက်တုံ့ပြန်စွာနဲ့ ရှေ့ကိုထွက်ရင်းသူတို့ကိုတားမလို့လုပ်တယ်။

"မီးနီနေတယ်"

သူ့အသံကသိပ်မကျယ်ဘူး၊ တော်တော်လေးညှင်ညှင်သာသာဖျောင်းဖြတဲ့အသံပါ။

ဒါပေမယ့် ဖျောင်းဖြရင်းနဲ့တားမြစ်ခံလိုက်ရတဲ့အတွက် မူလတန်းကျောင်းသားနှစ်ယောက်က နဲနဲစိတ်တိုသွားတာသိသာပါ တယ်။

"ဘာသိလို့တုန်း"

ဝမ်ကျစ်ချူး ဖြေးဖြေးချင်းမေးခွန်းထုတ်လိုက်တယ်။

မူလတန်းကျောင်းသားတွေက ခေါ်တယ်။

"အစ်ကိုကြီး၊ သူရဲကောင်းတွေအကုန်လုံးက ကျဆုံးသွားတာများတယ်"

"..."

ဝမ်ကျစ်ချူး အာရုံမစိုက်ထားခင်လေးမှာ သူကအဲ့ဒီလိုပြောပြီး ရုတ်တရက် ဝမ်ကျစ်ချူးလက်ထဲကနေ လွတ်ထွက်သွားတယ်။

"ဟေး" သူကကြောက်လန့်တကြားလှည့်လာတယ်။ ဒါပေမယ့် တစ်ခြားမူလတန်းကျောင်းသားကလဲ အခွင့်အရေးကို အသုံးချပြီးတော့ လက်ထဲကနေထွက်ပြေးသွားတယ်။

"ပြန်လာခဲ့"

ဝမ်ကျစ်ချူးဟာ တော်တော်ကြာကြာ အလျင်စလိုဖြစ်သွားရတယ်။ အနီးဆုံးကလေးကိုပြန်ဆွဲဖို့လုပ်ပေမယ့် သူ့လက်က ကျောင်းသားတစ်ယောက်ရဲ့ အာထရာမန်းပုံရိုက်နှိပ်ထားတဲ့လွယ်အိတ်ကိုသာ ဆွဲမိသွားတယ်။

အမြင့်မှာချိတ်ဆွဲထားတဲ့အနီရောင်မီးဟာ တောက်ပနေတယ်။ ကားတွေဟာလည်း လမ်းမပေါ်မှာ အရှိန်ပြင်းပြင်းနဲ့မောင်းနှင် နေတယ်။ ပြီးတော့ လွယ်အိတ်နဲ့ကျောင်းသားတစ်ယောက်ဟာ ရုတ်တရက် ကားလမ်းဘေးကနေခုန်ထွက်လိုက်တော့ ကားသမားက ကြောင်အမ်းအမ်းဖြစ်သွားတယ်။

အဲ့ဒီလိုကျောင်းသားနှစ်ယောက်က လမ်းပေါ်မှာ ဟိုပြေးဒီပြေးဖြစ်နေကြတော့ ကြည့်နေကြတဲ့လူတွေဟာလဲ စိတ်ပူနေကြ၊ ခေါင်းနပန်းကြီးနေကြတယ်။ "ဘယ်...ဘယ်သူ့ကလေးတွေ လမ်းပေါ်တက်သွားကြတာလဲ"

လမ်းဘေးကလူတွေက အသံစူးစူးတစ်ခုထွက်ပေါ်လာတာကို သတိထားမိလိုက်ကြတယ်။ အဲ့ဒါက စူးရှတဲ့ဝီစီသံပဲ။

ကုန်တွေအပြည့်တင်ဆောင်လာတဲ့ ဗန်ကားဟာအရှိန်မထိန်းနိုင်ပဲကျောင်းသားနှစ်ယောက်ဆီကို လာနေတာငါတွေ့လိုက်တယ်။ သူတို့ကလမ်းပေါ်ရုတ်တရက်ခုန်တက်လိုက်တာမို့ ကားကဘရိတ်ဖမ်းဖို့အချိန်မမှီတော့ဘူး။

ဝမ်ကျစ်ချူးရဲ့မျက်ဝန်းတွေက ကျုံ့သွားတယ်။ ပြီးတော့ လူတွေရဲ့အော်ဟစ်သံ၊ လော်စပီကာသံတွေက သူ့ခေါင်းထဲမှာ ပေါက်ကွဲ ထွက်တော့မလိုပဲ။

'မဖြစ်ဘူး၊ မဖြစ်ဘူး'

'ဒီအခြေအနေကမကောင်းဘူး၊ ငါဟာ လမ်းပေါ်ရောက်နေတာ ကျောင်းသားတွေပဲလား ငါကိုယ်တိုင်ရောလား မသိတော့ဘူး'

ဒွိဟဖြစ်နေတဲ့အတွေးတွေဟာ သူ့နှလုံးသားထဲမှာပြည့်ကျပ်နေပြီးတော့ မီးနီရဲ့နံပါတ်တွေကလဲ ဆက်လက်ခုန်ပေါက်နေတယ်။ ဒါပေမယ့် ဒါဟာအရမ်းကြာတာပဲလို့ သူထင်နေတယ်။ နောက်ဆုံးအကြိမ်တွေးလိုက်ဖို့ ဘယ်လောက်ကြာသွားလဲဆိုတာ သူမသိ တော့ဘူး၊ ဒါနဲ့ပဲ သူဟာလေကိုခွင်းပြီးပြေးထွက်သွားတယ်။

လူငယ်လေးရဲ့မျက်နှာပြင်ပေါ်မှာ မီးနီအရောင်တွေရောင်ပြန်ဟပ်ရင်း။

"ကျောင်းသားလေး၊ ပြန်လာခဲ့၊ ပြန်လာခဲ့" လို့

နောက်မှာရှိတဲ့လူတစ်ယောက်ကအော်နေတယ်။ ဝမ်ကျစ်ချူးက ရှင်းရှင်းလင်းလင်းမကြားနိုင်ခဲ့ဘူး၊ လူငယ်လေးဟာ နေဝင် ဆည်းဆာကိုမျက်နှာမူရင်း သူရဲ့ဆံပင်တွေဟာလဲ ပြေးနေတုန်းလေအတိုးမှာ ဝဲနေကြတယ်။ သူဟာဆုံးဖြတ်ပြီးပြီ။

သူထင်ထားသလို သူ့ရဲ့ခြေထောက်တွေဟာ အားနည်းမနေဘူး။

ဒါပေမယ့် သူ့ကိုကြောက်လားလို့မေးရင်တော့။

ဝမ်ကျစ်ချူးကသေချာဖြေပါလိမ့်မယ်။ သူကသေရမှာကို ကြောက်တယ်။

ဒီလိုပြေးပုံအရ ဒါကသူ့ဘဝရဲ့သတ္တိတွေအားလုံးကို အသုံးချလိုက်ပြီဆိုတာတွက်လို့ရတယ်။

ကားတာယာနဲ့မြေကြီးနဲ့ပွတ်တိုက်တဲ့အသံတွေ၊ လူတွေကြောက်လန့်တကြားအော်ဟစ်သံတွေနဲ့ ငိုကြွေးနေတဲ့ ကလေးသံတွေ ကသိပ်မဝေးဘူး။

ဝမ်ကျစ်ချူးဟာ မြေကြီးပေါ်ကိုကျသွားပြီး ဘာကိုမှမကြားနိုင်တော့ဘူး။ သွေးတွေက လူငယ်လေးရဲ့အဖြူရောင်ကျောင်းအင်္ကျီ ပေါ်ကို ပွက်ထလာပြီးတော့ ပျံ့နှံ့သွားတယ်။ နောက်ဆုံးတော့ အဝတ်ပါးပါးလေးဟာ

သွေးအနီရောင်တွေကို မတားဆီးနိုင်တော့ ပဲ သွေးတွေက ကတ္တရာလမ်းမပေါ်ကိုကျရင်း အမဲရောင်ပြောင်းသွားတယ်။

ဝမ်ကျစ်ချူးရဲ့ခန္ဓာကိုယ်က နာကျင်ရင်းနဲ့ထုံကျဉ်ပြီးတော့ သူဟာလှုပ်လဲမလှုပ်ရှားနိုင် အော်လဲမအော်နိုင်တော့ပါဘူး၊ သူ့မျက်လုံး တွေဟာပွင့်နေပေမယ့် လုံးဝကိုမဲနက်နေခဲ့ပြီး သူလဲဘာမှကိုမမြင်ရနိုင်တော့ပါဘူး။

သူမြင်နိုင်မယ်ဆိုရင် သူ့ရဲ့ရှည်လျားတဲ့အတွေးတွေဟာ တကယ်တော့ တစ်စက္ကန့်မျှသာပဲဆိုတာ သူသိမှာပါ။

သူ့ကို သူရဲကောင်းလို့ သတ်မှတ်လို့ရနိုင်လား။

သူကပြောသွားတယ်။ သူက ငကြောက်မဟုတ်ဘူးတဲ့။

ကောင်လေးဟာ သူ့ရင်ဘတ်ထဲက လေဟာ နည်းသထက်နည်းလာတာကိုသာခံစားနေရတယ်။ အသက်ရှုထုတ်ဖို့ဟာ သေမလို နာကျင်ရတယ်။

အဆုံးမှာတော့ မကောင်းတဲ့စိတ်ဝိဉာဉ်ရဲ့နှိပ်စက်မှုဒဏ်ကို မခံစားနိုင်တဲ့အဆုံးမှာတော့ ကောင်လေးဟာ မျက်လုံးမှိတ်သွားခဲ့ပြီ။

ဝမ်ကျစ်ချူး, မင်းဟာအရမ်းသတ္တိရှိတာပဲ...

[ဒီနေ့ ကျွန်တော်တို့မြို့ရဲ့လမ်းမပေါ်မှာ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မူလတန်းကျောင်းသားနှစ်ယောက်ဟာ လုံခြုံမှုအတွက် သတိထားခြင်းမရှိပါပဲ မီးနီနေတဲ့အချိန်မှာ ဖြတ်ပြေးဖို့ကြိုးစားခဲ့ရင်း ယာဉ်တစ်စီးနှင့် တိုက်မိမလိုဖြစ်သွားခဲ့ရ ပါတယ်။ သူတို့ကို မတော်တဆဖြစ်ခါနီး တိုက်လုဆဲဆဲအခြေအနေမှာပဲ လမ်းဘေးမှာရှိတဲ့ အထက်တန်းကျောင်းသား တစ်ယောက်က ကယ်ဆယ်ပေးခဲ့ပါတယ်။]

[ဝမ်ကျစ်ချူး၊ အသက်ကယ်ပေးခဲ့တဲ့အထက်တန်းကျောင်းသားလေးကတော့ စိတ်မကောင်းစွာပဲ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။]

---

ဝမ်ကျစ်ချူး မျက်လုံးဖွင့်လိုက်တယ်။ သူ့အပေါ်မှာရှိတဲ့မျက်နှာကျက်ကို ကြည့်ရင်း မျက်တောင်နှစ်ခါတောင်ခတ်ယူရတယ်။

'ဒါ ကောင်းကင်ဘုံလား'

ကောင်းကင်ဘုံရဲ့ အလှဆင်ပုံကတော့သိပ်ကောင်းပုံမရဘူး။ နံရံတွေကကွာကျနေပြီ။

ရုတ်တရက်ပေါ်လာတဲ့ စက်ရုပ်အသံကိုခေါင်းထဲမှာကြားလိုက်ရတယ်။ "ဒါကောင်းကင်ဘုံမဟုတ်ဘူး"

ဝမ်ကျစ်ချူး ခန္ဓာကိုယ်က တုန့်နေရာကနေ ရုတ်တရက်လှုပ်ရှားဖို့ကြိုးစားလိုက်တယ်။

ငရဲဟာလည်းပဲ ကွန်ကရစ်တွေနဲ့ တန်ဆာဆင်တာပဲလား?

နေပါဦး၊ အဲဒါအဓိကမဟုတ်ဘူး။ အဓိကက သူလူတွေကိုကယ်ခဲ့လဲ ငရဲရောက်တာသွားပဲ။

[စနစ်: အဲ့ဒါလဲမဟုတ်ဘူး]

ဝမ်ကျစ်ချူးဟာ အိပ်ယာကနေကြောက်လန့်တကြားထရပ်လိုက်တယ်။ "ဘယ်...ဘယ်သူစကားပြောနေတာလဲ"

[စနစ်: ငါပဲ]

ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တယ်။ လူဆိုလို့ လူရဲ့တစ်ဝက်တောင်မရှိဘူး။

ဒါပေမယ့် မရှိတာလည်းကောင်းပါတယ်။ တကယ်ပြောရရင်လည်း လူရဲ့တစ်ဝက်ဆိုရင် သူသေအောင်ကြောက်မိမှာမို့လို့ပါပဲ။

ဝမ်ကျစ်ချူးဟာ ဝက်လေးတစ်ကောင်လိုပဲ အိပ်ယာပေါ်ကထ၊ ချွေးတွေထွက်ရင်းနဲ့ အခန်းထဲမှာ နောက်လူတစ်ယောက်ရှိမလား လို့ ကြောက်ကြောက်နဲ့လိုက်ရှာတယ်။

အိပ်ယာအောက်မှာတွေ၊ တံခါးနောက်မှာတွေ၊ ဘယ်မှာမှရှာမတွေ့တဲ့အဆုံး အမှိုက်ပုံးထဲတောင်သွားကြည့်သေးတယ်။

[စနစ်: ...]

တခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မရှာတွေ့တဲ့အခါမှ ဝမ်ကျစ်ချူးဟာ သက်ပြင်းချရင်း အိပ်ယာပေါ်ပြန်ထိုင်ချလိုက်တယ်။ ကြည့်ရတာ အာရုံချောက်ခြားနေတာပဲဖြစ်မယ်။

[စနစ်: အဲ့ဒါအကြားအာရုံခြောက်ခြားနေတာမဟုတ်ဘူး။ ငါစကားပြောနေတာ]

ဝမ်ကျစ်ချူးကခဏတော့တွေဝေသွားတယ်။ အဲ့ဒီနောက်မှာတော့ သူ့မျက်နှာအမူအယာဟာရုတ်တရက်ပြောင်းလဲသွားတယ်။

"ခေါင်းထိသွားတာ (ဂေါက်သီး)"

[စနစ်: မင်းပဲခေါင်းထိသွားတာ၊ ငါက စနစ်]

ကောင်လေးထပ်ပြီးမစော်ကားခင် စနစ်ဟာ သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။

[စနစ်: ငါကမင်းကိုဒီကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးထားတဲ့စနစ်ပါ။ မင်းက မူလကမ္ဘာမှာ သေဆုံးပြီးသွားပြီ။ မင်းကိုသနားညှာတာ လို့ ဘုရားရှင်က လုပ်ငန်းတာဝန်ကိုပြီးမြှောက်စေဖို့ရွေးချယ်ခဲ့တာ]

ထပ်ပြီးတော့အံ့ဩသွားပုံနဲ့ ဝမ်ကျစ်ချူးဟာ နားမလည်တဲ့အသံနဲ့ "ဘာတာဝန်လဲ"

[စနစ်: ဗီလိန်တာဝန်၊ မင်းကဒီကမ္ဘာကြီးရဲ့ ဗီလိန်လူဆိုးဖြစ်သွားပြီ။ မင်းလုပ်ရမှာက အဓိကလူကောင်းရဲ့လမ်းကိုပိတ်ဖို့ မြန်နိုင် သမျှမြန်အောင်ကြိုးစားရမယ်။ လူကောင်းရဲ့လမ်းမှာရှိတဲ့ ကျောက်တုံးကြီးတစ်တုံး၊ ဇာတ်လမ်းရဲ့တိုးတက်မှုအတွက် အတား အဆီး၊ နောက်ဆုံးမှာတော့ မင်းဟာ အဓိကလူကောင်းရဲ့ ချေဖျက်ခြင်းကိုခံစားရမယ်]

ဝမ်ကျစ်ချူးဟာ လက်ထောင်ရင်းကြားဝင်နှောင့်ယှက်လိုက်တယ်။ "ငါ့မှာ မေးစရာရှိတယ်"

[စနစ်: ဘာပြဿနာရှိလို့လဲ]

ဝမ်ကျစ်ချူးကြည့်ရတာ တည်တည်တံ့တံ့နဲ့မေးလိုက်တယ်။

"ဘုရားရှင်က ငါ့ကိုသနားတာသေချာတယ်မလား၊ မုန်းတာမဟုတ်ဘူးမလား"

[...]

[စနစ်: ဒါတွေကအရေးမကြီးပါဘူး။ အရေးအကြီးဆုံးအရာက မင်းဟာ ဗီလိန်လူဆိုးတာဝန်ကို ပြီးဆုံးအောင်လုပ်ရမယ်၊ ပြီးရင်တော့ အဆုံးသတ်ကိုလက်ခံပြီး လမ်းပေါ်မှာသွားအိပ်တော့]

ဝမ်ကျစ်ချူးဟာ သူ့အမေကငယ်ငယ်လေးတုန်းကမှာထားခဲ့တာ၊ သူဟာနူးညံ့တဲ့ကလေးဖြစ်လို့ လမ်းပေါ်မှာအိပ်လို့မရဘူး။

"ဒါ... ဒါဆိုရင် ငါဗီလိန်လူဆိုးတာဝန်မလုပ်တော့ဘူး"

[စနစ်: ဒါဆိုရင် မင်းဆီကနေပိုက်ဆံတွေနှုတ်လိုက်မယ် ပြီးရင် လမ်းပေါ်စောစောသွားအိပ်လိုက်တော့]

ဝမ်ကျစ်ချူး: ...

'ကြည့်ရတာတော့ ဘယ်လိုပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ငါလမ်းပေါ်မှာသွားအိပ်ရမှာပဲ'

စနစ်ရဲ့အသံတဖြည်းဖြည်းကျသွားတာနဲ့ သူ့နဲ့မဆိုင်တဲ့မှတ်ဉာဏ်တွေဟာ သူ့ရဲ့ခေါင်းထဲဝင်ရောက်လာခဲ့တယ်။

သူဟာ ဒီစာအုပ်ထဲမှာ သူရဲ့နာမည်ရော မျိုးရိုးနာမည်ပါတူတဲ့ ဗီလိန်ရဲ့နာမည်အတိုင်း ပြောင်းလိုက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျောင်းက သူကြိုက်နေတဲ့ ဘဲလေးကတဲ့ အစ်မက အဓိကလူကောင်း ချင်ကျားရှူ့ ကိုကြိုက်နေလို့ပဲ။ ပြီးတော့ သူနေ့တိုင်း လုပ်ရမှာလဲပဲ အဓိကဇာတ်လိုက်နဲ့ ပြိုင်ပြီး အစီအစဉ်တွေဆွဲ၊ အဓိကဇာတ်ဆောင်အပေါ်ကို ထောင်ချောက်တွေဆင်၊ လှည့်စား ဖို့ပါပဲ။

အစမှာတော့ ဗီလိန်ရဲ့မိသားစုဟာ ထီပေါက်ပြီးတော့ အထက်တန်းစားတွေဖြစ်နေကြတယ်။ ပြီးတော့ ငွေကြေးအမြောက် အမြားသုံးစွဲပြီးတော့ မြို့ထဲမှာရှိတဲ့ အကောင်းဆုံးအလယ်တန်းကျောင်းကိုတက်တယ်။ ဒါပေမယ့် မိသားစုကအထက်တန်း ဖြစ်တာနဲ့အမျှ ဗီလိန်ဟာလည်းပဲ တခြားသူတွေကို နှိမ်တယ်။ သူကိုယ်တိုင်တောင်စာသေချာမလုပ်ပဲနဲ့ စာလုပ်တဲ့ကျောင်း သားတွေကို နှိမ်တယ်။ သည်းခံနိုင်စွမ်းနည်းတယ်၊ စိတ်ထားညံ့ပြီး အပြစ်တင်စရာကောင်းတယ်။ အမြဲတမ်းပါးစပ်ကနေ ဒီစကားကိုပြောနေလေ့ရှိတယ်။

"ငါစာကောင်းကောင်းလုပ်တော့ရောဘာရမှာမို့လဲ၊ အနာဂတ်မှာ ငါ့အဖေအတွက်အလုပ်လုပ်မှာမဟုတ်ဘူး"

လူတွေရဲ့ မယုံသင်္ကာမှုဟာ အမြင့်ဆုံးရောက်လာတယ်ဆိုတာပြောလို့ရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့လဝက်လောက်ကပဲ ငါ့ရဲ့မိဘတွေဟာ လေယာဉ်ပျက်ကျတဲ့အထဲပါသွားတယ်။ ပိုက်ဆံအကုန်လုံးနီးပါးဟာလည်း အကြွေးပေးဖို့အတွက်သုံးလိုက်ရ တယ်။ ပြီးတော့ လက်ကျန်ပိုက်ဆံနည်းနည်းလေးဟာလေး လွန်ခဲ့တဲ့တပတ်ကပဲ အကုန်သုံးခဲ့ပြီးပြီ။

ဝမ်ကျစ်ချူးဟာ ထလိုက်ပြီးတော့ အိမ်ပတ်ပတ်လည်လမ်းလိုက်လျှောက်ကြည့်တယ်။ နားနေခန်းဟာ အမှိုက်တွေနဲ့ ပြည့်နေတာ ပဲ။ ပြီးတော့ အနံ့တထောင်းထောင်းထနေတဲ့ အသင့်စားခေါက်ဆွဲဘူးခွံ့တွေဟာလဲ ကော်ဖီစားပွဲပေါ်မှာ ရှိနေတယ်။

ဒီအချိန်မှာတော့ သူ့မှာ အကြွေစေ့တောင်မရှိတော့ဘူး။

စစချင်းနဲ့ လုံးဝပြိုလဲခြင်း

[စနစ်: ကောင်လေး၊ တာဝန်ကိုလက်ခံဖို့အဆင်သင့်ဖြစ်ပြီလား]

ဝမ်ကျစ်ချူးက သတိထားပြီးမေးလိုက်တယ်။ "ငါပြန်မဖြေလို့ရလား"

[စနစ်: မရဘူး၊ ငါမင်းကို ဒီအန္တရာယ်များတဲ့ အတွေးတွေကို အတက်နိုင်ဆုံးမြန်မြန်ပြန်ရုတ်သိမ်းဖို့ တိုက်တွန်းတယ်]

ဝမ်ကျစ်ချူးဟာ ဆိုဖာပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ထိုင်ချလိုက်တယ်။ သူ့ရဲ့လက်တွေကို ခိုင်မြဲစွာဆုပ်ကိုင်ထားရင်း သူ့ရဲ့ နှလုံးသားထဲက အခက်အခဲတွေဟာ အတိုင်းအဆမရှိ ကြီးထွားလာတယ်။ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ လူတစ်ယောက်အတွက်ဆို ကြောက်စရာပဲ။

"ဟူး..."

[စနစ်: မင်းဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့သက်ပြင်းတွေချနေရတာလဲ]

ဝမ်ကျစ်ချူး: ...

[စနစ်: တခြားစနစ်တွေရဲ့ host တွေက သူတို့ရဲ့ကိုယ်ပိုင်စနစ်တွေကို နာမည်ကောင်းကောင်းလေးတွေပေးတတ်ကြတယ်။ အခုကစပြီး အဲ့ဒီဂုဏ်ပြုမှုကို မင်းဆီကိုငါလက်လွှဲမယ်]

ဝမ်ကျစ်ချူး အဲ့ဒါကိုတွေးနေစရာတောင်မလိုဘူး "ဂေါက်သီး"

[စနစ်: မင်းကယဉ်ကျေးမှုရောရှိရဲ့လား]

အဲ့ဒီနောက်မှာတော့ စနစ်ဟာ စိတ်လျှော့သွားတယ်။

[စနစ်: ငါမင်းကို နောက်တစ်ကြိမ်အခွင့်အရေးပေးဖို့ ငါစေတနာရှိပါတယ်။ မင်းဒါကိုတန်ဖိုးထားလိမ့်မယ်လို့မျှော်လင့်တယ်]

ဝမ်ကျစ်ချူးက သဘောမပေါက်နိုင်သေးဘူး။ ပြီးတော့ တခြားတစ်ဖက်သားရဲ့ အတွေးကိုမေးတယ်။

"မင်းဘယ်လိုနာမည်မျိုးလိုချင်လဲ"

[စနစ်: နိုင်ငံခြားပုံစံမျိုးပေါ့။ ကြားလိုက်တဲ့လူတစ်ယောက်ဟာပါးစပ်ဖျားကနေ မသိမသာရေရွတ်လောက်ရတဲ့အထိ ဖြစ်နေ ရမယ်။ မင်းကလဲ ငါ့ကို အတိတ်မှာ စကားတွေအများကြီးပြောခဲ့ကြတဲ့ မိတ်ဆွေရင်းတစ်ယောက်လိုဆက်ဆံနိုင်တယ်။ ဒါတွေက မင်းငါ့ကိုနာမည်ပေးလို့ရမယ့် အချက်အလက်တွေ။ ဒါပေမယ့် အရေးကြီးတာက အဓိကရည်ရွယ်ချက်ကို မမေ့နဲ့၊ ဖက်ရှင်ကျရမယ်၊ လူတွေနဲ့ရင်းနှီးကျွမ်းဝင်မယ့်နာမည်မျိုးဖြစ်ရမယ်]

ဝမ်ကျစ်ချူးက ခဏလောက်တော့တိတ်ဆိတ်သွားတယ်။ အဲ့ဒီနောက်မှာတော့ ပါးစပ်ဖျားကနေ နာမည်တစ်လုံးထွက်ကျလာ တယ်။

"နတ်သားလေး".