Chapter2
Viewers 2k

စနစ်: မင်းဘာပြောလိုက်တာ]


ဝမ်ကျစ်ချူး: "ငါပြောလိုက်တာ မင်းကနတ်သားလေးလို့"


[စနစ်: ငါတို့စစတွေ့ချင်းမှာတင် ငါမင်းအပေါ်မှာ အဲ့ဒီလောက်ကောင်းတဲ့အထင်ကြီးမှုဖြစ်စေမယ်လို့မထင်ထားမိဘူး။ ဒါဆို ငါ့နာမည်က နတ်သားလေး ပေါ့]


ဝမ်ကျစ်ချူး : ...


ဝမ်ကျစ်ချူးဟာ အဖြစ်မှန်ကိုလက်ခံလိုက်ရပြီးနောက်မှာ ဆိုဖာပေါ်မှာခဏလောက်ထိုင်လိုက်သည်။ ဒါပေမယ့်ကံကောင်းတာက သူ့မှာ အနည်းဆုံးတော့ နေစရာလေးရှိသေးသည်။


အခန်းကိုလိုက်ကြည့်ပြီးတဲ့နောက် ခွက်တွေနဲ့ပန်းကန်တွေရှုပ်နေတာကိုတွေ့တဲ့အခါ သူထပြီးတော့ အခန်းကိုသန့်ရှင်းရေးလုပ် ဖို့ကြိုးစားလိုက်သည်။ အဲ့လိုမှမဟုတ်ရင် သူ့မှာနေစရာတောင်ရှိမှာမဟုတ်ပေ။


ဝမ်ကျစ်ချူးဟာ အခန်းထဲမှာ သန့်ရှင်းရေးလုပ်ဖို့ပစ္စည်းတွေ့လိုတွေငြား လိုက်ရှာကြည့်လိုက်သော်လည်း အဆုံးမှာတော့ အိမ်သာ တစ်လုံးကိုသာတွေ့လိုက်သည်။


[စနစ် : ကောင်လေး မင်းဘာလုပ်မလို့လဲ]


ဝမ်ကျစ်ချူးဟာ အင်္ကျီလက်မောင်းကိုဆွဲတင်လိုက်ပြီး "သန့်ရှင်းရေးလုပ်မလို့"


[စနစ် : မင်းသာအခုချက်ချင်းဗီလိန်တာဝန်တစ်ခုကိုပြီးအောင်လုပ်မယ်ဆိုရင် ငါကူညီပေးလို့ရသည်]


ဝမ်ကျစ်ချူးဟာ အိမ်သာကိုကြည့်လိုက်ရင်း နှုတ်ခမ်းကိုတွန့်လိုက်သည်၊ နဲနဲလေးလှုပ်ရှားသွားသည်ဆိုတာသိသာပါသည်။ သူအိမ်အလုပ်ကို အရင်ကမလုပ်ဖူးဘူးဆိုတာမျိုးတော့မဟုတ်ဘူးဆိုပေမယ့် ဒီအိမ်ကတော့ အမှိုက်ပုံနဲ့ဘာမှမခြားနားပေ။


သူခဏလောက်တော့တွေးလိုက်ပြီး "ဘာတာဝန်လဲ"


[စနစ် : ဗီလိန်တာဝန်အမှတ်စဉ်-၁၊ အိမ်နီးချင်းရဲ့တံခါးရှေ့ကိုသွားပြီးအမှိုက်တွေကိုသွားပစ်ရမယ်။ တာဝန်ပြီးမြောက်သွားရင် ဗီလိန်တန်ဖိုးက ၁ ရာခိုင်နှုန်း တက်သွားလိမ့်မယ်။ ပြီးတော့ ဆုလာဘ်အနေနဲ့ သပ်ရပ်သန့်ရှင်းတဲ့အိမ်တစ်လုံးရမယ်]


ဝမ်ကျစ်ချူးမျက်နှာက မလှုပ်မရှားနိုင်ဖြစ်သွားသည်။


[စနစ် : ပထမဆုံးတာဝန်ကများသောအားဖြင့်တော့ ဦးစားပေးပြုမှုပေးခြင်းဖြစ်သည်။ တာဝန်ကရိုးရှင်းသည်။ အကယ်လို့ မင်းဘက်က ကျရှုံးခဲ့ရင်တောင်မှ ဘာပြစ်ဒဏ်မှသက်ရောက်မှာမဟုတ်ဘူး။ ငါမင်းကိုယုံကြည်သည် လူငယ်လေး]


ဒါပေမယ့် စနစ်စကားပြောပြီးပြီးချင်းပဲ ဝမ်ကျစ်ချူးဟာ အိမ်သာထဲမှာ သန့်ရှင်းရေးလုပ်နေတာတွေ့လိုက်ရသည်။


[စနစ် : ဟေ့ကောင်လေး မင်းဘာလုပ်နေတာလဲ]


ဝမ်ကျစ်ချူး : "အခုပဲ ငါချက်ချင်းအမှန်ကိုနားလည်သွားပြီ"


[စနစ် : ဘာအကြောင်းလဲ]


ဝမ်ကျစ်ချူး : "အခြားလူတွေအပေါ်အားကိုးတာက ကိုယ့်ကိုကိုယ်အားကိုးတာထက်ပိုဆိုးသည်ဆိုတာပဲ"


[စနစ် : ငါကတခြားလူတစ်ယောက်မဟုတ်ဘူး]


ဝမ်ကျစ်ချူး : "ငါအဲ့ဒီတာဝန်ကိုလုပ်မှာမဟုတ်ဘူး"


သူ့နှလုံးသားကိုဆုအဖြစ်ရခဲ့ပေမယ့် သူ့မှာကိုယ်ကျင့်တရားရှိနေတုန်းပဲ။ ပြီးတော့ သူ့မှာလုပ်ရဲတဲ့စိတ်လဲမရှိဘူး


နတ်သားလေးဟာ နဲနဲတော့နားမလည်သွားပုံနဲ့ [ဘာလို့လဲ]


ဝမ်ကျစ်ချူး : "ဘာဖြစ်လို့လဲဆိုတော့ ငါကကွန်မြူနစ်လူငယ်အဖွဲ့ရဲ့အဖွဲ့ဝင်ပဲကွ"


"..."


စနစ်ကလဲဘေးကနေ အရှုံးမပေးပဲ သွေးထိုးမြှောက်ပင့်နေသည် [မင်းမကြောက်နေပါဘူးကွာ]


ဝမ်ကျစ်ချူးဟာ အသင့်စားခေါက်ဆွဲခြောက်ထည့်ထားတဲ့ပုံးကို ကိုင်ထားတာကိုရပ်လိုက်သည်။


[စနစ် : မင်းမှာ နတ်သားလေးရှိနေတာပဲ၊ ဘာတွေကိုကြောက်နေတာလဲ။ တကယ်လို့ မင်းတာဝန်ကိုလုပ်နေတုန်း အိမ်နီးချင်း တွေ့လို့ မင်းကိုတိုက်ခိုက်ချင်လာရင်တောင်မှ ငါကူညီပေးမှာပေါ့]


ဝမ်ကျစ်ချူးဟာ အသင့်စားခေါက်ဆွဲခြောက်ပုံးကို အမှိုက်ပုံးထဲကိုထည့်လိုက်သည်။ ပြီးတော့ ဝတ်ကျေတမ်းကျေလေးပဲ မေး လိုက်သည်။ "ငါဘယ်လိုကူညီရမလဲ"


[စနစ် : ဒီကိုလာပါဦး]


ဝမ်ကျစ်ချူး : ...


မင်းမကူညီလဲ ကိစ္စတော့မရှိဘူး။


သူကနောက်ထပ်တခါထပ်ပြီး စနစ်ကို ပြင်းပြင်းထန်ထန်ငြင်းဆိုလိုက်သည်။


[စနစ် : ငါ့လက်ခံကောင်ကတော့ ခေါင်းမာပြီး တွန့်ဆုတ်တတ်တဲ့လူစားပဲ]


ဝမ်ကျစ်ချူး : "မင်းဘာလုပ်နေတာလဲ"


[စနစ် : လူသားတစ်ယောက်ကိုစူးစမ်းလေ့လာခြင်းဒိုင်ယာရီရေးနေတာလေ]


ဝမ်ကျစ်ချူး : "မင်းဘာလို့ဒီလိုရေးနေရတာလဲ"


[စနစ် : ရေးရတာပေါ့။ ဒါကလူသားတွေရဲ့အတွေးကို ပိုပြီးနားလည်နိုင်အောင်၊ စနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ တာဝန်ဝတ္တရား တွေကိုလည်း အမြင့်ဆုံးဖြစ်အောင်ကူညီပေးတာပဲ။ ဒါတွေအားလုံးဟာ ပြီးပြည့်စုံတဲ့စနစ်တစ်ခုဖြစ်လာစေဖို့ လိုအပ်တဲ့ အချက် တွေပဲ]


ဝမ်ကျစ်ချူး : "အိမ်စာတွေ"


[...]


ဝမ်ကျစ်ချူးဟာ အခန်းသန့်ရှင်းရေးလုပ်နေရင်း ခေါင်းငိုက်စိုက်ကျပြီး တိတ်တိတ်လေးထွက်သွားသည်။ ဒီကမ္ဘာကြီးပေါ်ကို ရောက်လာတာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား သူမသိတော့ဘူး။


"နတ်သားရေ"


[စနစ် : ငါရှိတယ်]


ဒါကြီးက သောက်ရမ်း ရင်းနှီးနေသလိုကြီး။


"ဒီကမ္ဘာကြီးထဲက ငါ့ရဲ့အဆုံးသတ်က လမ်းမပေါ်မှာပဲ အိပ်စက်သွားရတော့မှာလား"


[စနစ် : ၉၉.၉၉ ရာခိုင်နှုန်းလောက်သေချာတယ်]


ဒါကိုကြားပြီးတဲ့နောက်မှာတော့ ဝမ်ကျစ်ချူးဟာ စိတ်ဓာတ်ကျစွာနဲ့ပဲ သက်ပြင်းချလိုက်သည်။


[စနစ် : သက်ပြင်းမချပါနဲ့ဦး၊ မင်းမှာ အဲ့ဒီလိုမဖြစ်ဖို့ ၀.၀၁ ရာခိုင်နှုန်းလောက် ရှိသေတယ်]


လူတွေစိတ်ဓာတ်တွေကျနေတာတွေ့ပြီးတော့ စနစ်က ဖြောင်းဖျသည် : [ငါ့မှာတစ်ခါက ၀.၀၁ ရာခိုင်နှုန်းရဖူးတဲ့ Host တစ်ယောက်ရှိခဲ့ဖူးသည်]


နဂိုထဲကမဲမှောင်နေတဲ့ ဝမ်ကျစ်ချူးရဲ့မျက်လုံးတွေက အရောင်ချက်ချင်းတောက်သွားသည်။


"တကယ်လား?"

[စနစ် : ဒါပေါ့၊ သူလဲစိတ်ကျန်းမာရေးဆေးရုံမှာပုံမှန်လိုပဲ အဆုံးသတ်သွားသည်]


ဝမ်ကျစ်ချူး : "ဒါဆို သူအဆုံးမှာ သူဘာလုပ်ခဲ့လဲ"


[စနစ် : ထောင်ထဲမှာ]


ဝမ်ကျစ်ချူး : ...


"ဖြောင်းဖျပေးတာကျေးဇူးတင်တယ်" (ရွဲ့လျက်)


[စနစ် : ရပါတယ်]


အဲ့ဒီနောက်မှာ ဝမ်ကျစ်ချူးဟာ စနစ်နဲ့စကားတွေသိပ်မပြောတော့ဘူး၊ ပြီးတော့ အခန်းသန့်ရှင်းရေးကိုပဲ အာရုံစိုက်လုပ်နေခဲ့သည်။


အခန်းတစ်ခုနဲ့ရေချိုးခန်းကနေစရှင်းသည်။ ပြီးတာ့ ဧည့်ခန်းကိုဆက်ရှင်းသွားသည်။


ဝမ်ကျစ်ချူးဟာ ရေချိုးခန်းဗီဒိုထဲကနေ ရာဘာလက်အိတ်တစ်စုံကိုဆွဲထုတ်လိုက်သည်။ ပြီးတော့ ဧည့်ခန်းထဲက ကော်ဖီစားပွဲ ပေါ်မှာရှိတဲ့ ပုပ်သိုးနေတဲ့အစားအစာတွေနဲ့သစ်သီးတွေကို အမှိုက်ခြင်းထဲကို ပစ်ပြီး စတင်ရှင်းလင်းသည်။


သပ်ရပ်သန့်ရှင်းအောင်လုပ်ပြီးတဲ့နောက်မှာ သူဟာ သူ့ဘေးနားမှာရှိတဲ့ အမှိုက်ပုံကိုစတင်ရွှေ့သည်။ ငါ့ဟာ ရက်သတ္တပတ်ပေါင်း များစွာပုံနေတဲ့အမှိုက်ပုံကို စရှင်းဖို့ ကောက်ယူမယ့်အချိန်မှာပဲ တရှပ်ရှပ်အသံကိုကြားလိုက်ရသည်။


ဝမ်ကျစ်ချူးဟာ ခဏလောက် ခေါင်းကျိန်းသွားသည်။


နီးနီးကပ်ကပ်ကြည့်လိုက်တော့ အမဲရောင်အမှိုက်အိတ်ရဲ့အောက်ခြေက နဲနဲလေးလှုပ်နေတာကိုတွေ့လိုက်ရသည်။


သူတံတွေးကိုမြိုချပြီး သက်ပြင်းကြီးကြီးချလိုက်သည်။


ကုန်းကြည့်လိုက်ရင်း အမှိုက်အိတ်ကို ရုတ်တရက်ကောက်မလိုက်တဲ့အခါမှာတော့...ချက်ချင်းဆိုသလို ပိုးဟပ်အကောင်အုပ် လိုက်ဟာ ပျံထွက်သွားကြသည်။


ဝမ်ကျစ်ချူး : "အား..."


ကောင်လေးကခြေထောက်တွေကိုမြှောက်ရင်းထလိုက်သည်။ ပြီးတော့ သူနင်းတဲ့နေရာကို ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းတော့သည်။ လှုပ်ရှားမှုဟာတစ်ပြိုင်နက်တည်းဖြစ်ပြီး အော်နေရင်းကို နင်းနေတာပဲဖြစ်သည်။


စနစ်က ခဏလောက်တော့ ဒါဟာလူတွေရဲ့ ဘယ်လိုစိတ်ရှုပ်ထွေးခြင်းမျိုးဆိုတာလဲ သူမသိခဲ့ဘူး။ ဒါပေမယ့် လူသားစူးစမ်း လေ့လာရေးဒိုင်ယာရီထဲမှာတော့ တိတ်တဆိတ်လေးရေးမှတ်ထားလိုက်သည်။


ဝမ်ကျစ်ချူးဟာ ထိုသတ္တဝါများထံမှ သူဘယ်နှကြိမ် လွတ်မြောက်လာခဲ့လဲဆိုတာ မသိတော့ပေ။ သူ့သည် သူ့ခြေထောက်များပျောက်ဆုံးကုန်ကာ ဘဝတွင် ဒုက္ခပေါင်းစုံကြုံတွေလိုက်ရသကဲ့သို့ ထိုနေရာ၌ပင် ခြေစုံချကာ ရပ်နေခဲ့သည်။


[စနစ် : မင်းအခုဘာလုပ်နေတာလဲ]


ဝမ်ကျစ်ချူး ပြန်မမှတ်မိချင်တော့ဘူး။ "...တိရစ္ဆာန်သေးသေးလေးတွေကို မောင်းထုတ်နေတာ"


ဒါကိုကြားပြီးတဲ့နောက်မှာ စနစ်ကအံ့ဩသွားဟန်ဖြင့် : [အို...မူရင်းပိုင်ရှင်ကတော့ တော်တော်လေးသနားစရာကောင်းတဲ့လူပဲ။ အိမ်မှာဒီလိုတိရစ္ဆာန်သေးသေးလေးတွေကို ဂရုတစိုက်နဲ့မွေးထားမယ်လို့မထင်ထားမိခဲ့ဘူး]


ဝမ်ကျစ်ချူး : ...


[စနစ် : ဒါနဲ့မင်းဘာလို့သူတို့ကိုမောင်းထုတ်လိုက်ရတာလဲ]


ဝမ်ကျစ်ချူး : "ငါသူတို့ကိုမချစ်လို့"


[...]


စနစ်က ဒိုင်ယာရီထဲမှာ တွန့်ဆုတ်တတ်ခြင်းနောက်မှာ မချစ်မြတ်နိုးတတ်သော လို့ထပ်မှတ်ထားလိုက်သည်။


ဝမ်ကျစ်ချူးဟာပိုးဟပ်အနည်းငယ်ကိုရှင်းလင်းပြီးတဲ့နောက်မှာတော့ စိတ်ရောလူရောပင်ပန်းစွာနဲ့ဆိုဖာပေါ်မှာ လှဲချလိုက် သည်။


သူဟာမပျော်တော့ပါ။


ဝမ်ကျစ်ချူးဟာ လက်မြှောက်ရင်းနဲ့ ခေါင်းအုံးကိုဖက်ထားလိုက်သည်။ အမှတ်တမဲ့နဲ့မျက်လုံးတွေ ဝှေ့ယမ်းကြည့်မိလိုက်တဲ့အခါမှာ ဆိုဖာနဲ့ ခေါင်းအုံးများမူလထားတဲ့နေရာကြားမှာ အဟလေးတစ်ခုရှိနေတာကို တွေ့လိုက်ရသည်။


ခုနကတွေ့ခဲ့တဲ့ ပိုးဟပ်အုပ်ကို ပြန်တွေးမိရင်း တံတွေးမြိုချမိလိုက်သည်။


ငါထကြည့်လိုက်တဲ့အခါ အဟသေးသေးလေးကြားထဲမှာ လှီးဖြတ်ထားတဲ့ထောင့်စွန်းပါးပါးလေးတစ်ခုကိုတွေ့လိုက်သည်။


ဝမ်ကျစ်ချူးဟာ အဲ့ဒီနေရာမှာ အကြာကြီးထိုင်ပြီးကြည့်နေခဲ့သည်။ ဒီအခန်းထဲမှာ ထောင့်ကျဉ်းကျဉ်းလေးတောင်မှ အဲ့ထောင့်ရဲ့ နောက်ကွယ်မှာ အဆုံးအစမရှိဖြစ်နိုင်ခြေတွေအများကြီးရှိသည်။


[စနစ် : မင်းဘာလုပ်နေတာလဲ]


ဝမ်ကျစ်ချူး : "ငါရှာနေတာ"


[စနစ် : မင်းတို့လူသားတွေမှာ အကြားအမြင်ရှိတာလား]


ဝမ်ကျစ်ချူး : "မဟုတ်ပါဘူး။ ဒါပေမယ့် ငါထင်တာတော့စက္ကူအပိုင်းအစမဟုတ်လောက်ဘူးထင်သည်"


[စနစ် : အခြေခံအကြောင်းအရင်းကဘာလဲ]


ဝမ်ကျစ်ချူးကခပ်တည်တည်နဲ့ "ဆဌမအာရုံ"


[...]


ဝမ်ကျစ်ချူးဟာ ကော်ဖီစားပွဲပေါ်ကို ရာဘာလက်အိတ်တွေပြန်တင်ပြီးတဲ့နောက်မှာ ကိုရီးယားစတိုင်လ်ခုခံကာကွယ်ရေး ပုံစံကိုယူပြီးတော့ ကြောက်မက်ဖွယ်ရာအားအင်နဲ့ ထောင့်စွန်းလေးကိုဆွဲထုတ်လိုက်သည်။


ကောင်လေးဟာ အံ့ဩသွားတဲ့မျက်နှာအမူအရာနဲ့အတူ မျက်မှောင်ကြုံ့သွားသည်။


ဒီ အနီရောင်၊ ပါးလွှာပြီး ကြင်ကြင်နာနာပြုံးနေတဲ့မျက်နှာပုံရိုက်နှိပ်ထားတဲ့အရာ။


ရန်မင်ဘီ (တရုတ်ပြည်သူ့ငွေကြေး) လဲမဟုတ်ဘူး။


ဝမ်ကျစ်ချူးဟာ တစ်ရွက်မှမကျန်အောင် လက်နဲ့ချက်ချင်းဆွဲယူသိမ်းထားလိုက်သည်။


[စနစ် : မင်းဘာတွေ့ခဲ့တာလဲ]


ဝမ်ကျစ်ချူးကစိတ်ကြီးဝင်နေတဲ့အပြုံးနဲ့ "ငါရတနာကိုတွေ့ခဲ့တာ"


ပြောပြီးပြီးချင်းပဲ လက်ထဲမှာ ယွမ်တစ်ရာတန် ငွေစက္ကူကို ဖြည်လိုက်သည်။


စနစ်ကလဲ သူမြင်ခဲ့တဲ့အရာအပေါ်မှင်သက်မိသွားသည်။ [မင်းကံကောင်းတာပဲ။ ငါ့အတွက်တော့ နှစ်ခါလျှော့ချပစ်ဖို့ လုံလောက်တယ်]


ဝမ်ကျစ်ချူးကြည့်ရတာ ရှဉ့်တစ်ကောင် အစာစုဆောင်းနေတာနဲ့တူသည်။ ပြီးတော့ ကမန်းကတန်းပဲ ယွမ်တစ်ရာတန်ကို အိတ်ထဲကောက်ထည့်လိုက်သည်။

အားလုံးထုပ်ပိုးသိမ်းဆည်းပြီးတဲ့နောက်မှာတော့ ညနေခင်း ၇ နာရီတောင်ထိုးပြီးသွားပြီ ဖြစ်သည်။ ရေခဲသေတ္တာထဲတွင်လဲ ဘာမှမရှိပေ။ ဘယ်လိုချက်ပြုတ်ရမလဲ သူမသိပေမယ့် ခေါက်ဆွဲနဲနဲတော့ ပြုတ်လို့ရပါသေးသည်။


ငါကမီးဖိုချောင်ထဲသွားပြီးတော့ ရှာကြည့်ရင်းနဲ့ မဖွင့်ရသေးတဲ့ အမဲသားခေါက်ဆွဲပုံးကိုတွေ့လိုက်သည်။


ဝမ်ကျစ်ချူးဟာ ခေါက်ဆွဲတွေကို ရေနွေးနဲ့အရင်စိမ်ထားသည်။ အဲ့ဒီနောက်မှာတော့ မှတ်ဉာဏ်တွေဟာ ချက်ချင်းပြန်ပေါ်လာ သည်။


ဒီလိုအခြေအနေအချိန်အခါမျိုးဟာ အရင်သူ့ရဲ့ကမ္ဘာမှာဖြစ်ခဲ့တဲ့အချိန်အခါနဲ့ တူညီနေသည်။ သူတို့နှစ်ယောက်လုံးဟာ အထက် တန်းဒုတိယနှစ်ကျောင်းသားတွေပဲဖြစ်သလို သူငယ်ချင်းတွေလဲမရှိကြဘူး။ သူတို့ကို မြင်ရသည်ကလဲ ဒေါင့်မကျိုးသလို သူတို့တွေဟာလဲ သူများတွေရဲ့အမြင် စိတ်ထဲမှာရှိ မနေကြပေ။


မင်းဘယ်လိုပဲပြောနေပါစေ။ မင်း စာလုပ်ရဦးမယ်။


အဲ့ဒီနောက်မှာတော့ သူဟာတစ်ခုခုကိုသတိရသွားပုံနဲ့ သူတွေ့ခဲ့တဲ့ဖုန်းကိုထုတ်ကြည့်လိုက်ပြီး ရက်စွဲကိုကြည့်လိုက်သည်။ တနင်္လာနေ့ပဲ။


သူဟာ ကလေးဘဝထဲက ဆရာတွေကို ကြောက်ခဲ့ရသည်။ သူဆရာတစ်ယောက်နဲ့တွေ့တိုင်းမှာ အမြဲတမ်း စိတ်မသက်မသာ ဖြစ်ရသည်။ ကျောင်းပြေးဖို့နေနေသာသာ ကျောင်းတောင်တစ်ခါမှ နောက်မကျခဲ့ဖူးဘူး။


ဝမ်ကျစ်ချူးဟာ ခက်ခက်ခဲခဲရေရွတ်နေသည် "ကျောင်းကိုတစ်ရက်လောက်သွားရမှာ အဲ့လောက်ကြီးပြဿနာမဟုတ်သင့်ဘူး လေ"


[စနစ် : မင်းကျောင်းမသွားတာ တစ်ပတ်ရှိသွားပြီ]


ဝမ်ကျစ်ချူး : ...


အသင့်စားခေါက်ဆွဲကိုစားပြီး ထုပ်ပိုးပြီးနောက်မှာတော့ ဝမ်ကျစ်ချူးဟာ ကျောင်းလွယ်အိတ်ကိုပြင်လိုက်သည်။ ကျောင်း ဝတ်စုံကိုလျှော်ပြီးတော့ လသာဆောင်မှာ လှန်းလိုက်သည်။


နွေရာသီပဲ။ အဝတ်တွေဟာ တစ်ညထဲနဲ့ခြောက်သွားမှာပါ။


ရေချိုးပြီးတဲ့နောက်မှာတော့ ငါအိပ်ယာပေါ်မှာလှဲရင်း အိပ်ဖို့ပြင်နေသည်။


"နတ်သားလေးရေ"


[စနစ် : ငါဒီမှာရှိတယ်]


ဒီကမ္ဘာကြီးထဲမှာ ငါတစ်ယောက်ထဲဖြစ်နေပေမယ့် စနစ်ကငါ့ကိုအဖော်ပြုပေးနေရင်တော့ ငါ့အတွက် ပိုစိတ်သက်သာရာရသည်။


"ကောင်းသောညပါ"


---


နောက်တစ်နေ့မှာတော့ သူ့ဖုန်းထဲက နှိုးစက်မြည်သံကြောင့် ဝမ်ကျစ်ချူးဟာ အိပ်ယာကနိုးလာခဲ့သည်။ သူမနေ့ကအလုပ်ကြီး တစ်ခုလုပ်ရမယ်ဆိုတာကို မေ့နေပြီးတော့ အိပ်ယာထဲမှာ မထပဲနဲ့အချိန်အတော်ကြာအောင် လှဲလျောင်းနေသည်။


ကောင်လေးက ပျင်းတွဲတွဲနဲ့လှမ်းပြောသည် "နတ်သားလေးရေ"


"..."


ဘာအသံမှမကြားရဘူး။


ဝမ်ကျစ်ချူးကထပ်ခေါ်သည်။ "နတ်သားလေးရေ"


[စနစ် : မင်းဘာလုပ်နေတာလဲ]


ဝမ်ကျစ်ချူးက ရှက်ရှက်နဲ့နှုတ်ဆက်လိုက်သည်။ "မင်္ဂလာနံနက်ခင်းပါ"


ဝမ်ကျစ်ချူးဟာမျက်နှာလေးသစ်ပြီး ကျောင်းလွယ်အိတ်နဲ့ထွက်သွားခဲ့သည်။ ကျောင်းကိုဘတ်စ်ကားနဲ့သွားချင်ပေမယ့် သူ့မှာအကြွေမရှိတာမို့ ကိုယ်ပိုင်နံပါတ် ၁၁ ဘတ်စ်ကား (လမ်းလျှောက်ခြင်း) ကိုသာသုံးပြီးလာခဲ့ရသည်။


နွေရာသီရဲ့ နံနက်ခင်းက လေပြေအေးလေးတွေတိုက်ခတ်နေသည်။ နေ့လည်ခင်းလောက်တော့ နေမသာပေမယ့် ထောင့်တိုင်း ကိုတော့အလင်းပေးထားပါသည်။ လမ်းဟာလည်းပဲသစ်ရွက်လေးတွေနဲ့ပြည့်နေပြီးတော့ လေဟာလည်းပဲ လန်းဆန်းနေသည်။


ကျောင်းနားရောက်ခါနီးလာတဲ့အခါ၊ နေရာတစ်နေရာက ဝမ်ကျစ်ချူးရဲ့အမြင်အာရုံကိုဖမ်းစားထားသည်။


'သူဌေးကဆိုင်ရှေ့ကခုံမှာရပ်နေရင်းနဲ့ အော်ပြောနေသည် "ပေါက်စီရမယ်၊ ပူပူနွေးနွေးလေးနဲ့ အခုပဲပေါင်းထားတဲ့ပေါက်စီ ရမယ်"'


ဝမ်ကျစ်ချူးဟာ တံတွေးမြိုချမိရင်း အိတ်ထဲမှာရှိတဲ့ ယွမ်တစ်ရာတန်ကိုစမ်းလိုက်မိသည်။


[စနစ် : မင်းသုံးချင်ရင်သုံးလိုက်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနောက်ကျရင် တာဝန်တွေလုပ်ရင်း ဒီထက်ပိုရမှာပဲဟာ]


စိတ်ပျက်ဖို့ကောင်းတဲ့ တာဝန်တွေကိုတွေးနေရင်း ဝမ်ကျစ်ချူး တိုးတိုးပြောလိုက်သည် "ငါမလုပ်ဘူး"


[စနစ် : မင်းမသုံးဘူးဆိုရင် ငါအကုန်နှုတ်ပစ်လိုက်မှာ]


ဝမ်ကျစ်ချူးဟာ ဆုံးဖြတ်ချက်ချပြီးတော့ ပထမကြားခဲ့တဲ့နေရာမှာ ပေါက်စီကိုဝယ်ဖို့ပိုက်ဆံကိုထုတ်လိုက်သည်။


"ဟို...သူဌေးရေ ပေါက်စီ...ပေါက်စီတွေဘယ်လိုရောင်းသလဲဗျာ"


သူဌေးကပြုံးရင်းနဲ့ပြောလိုက်သည် "အသားနှစ်ပိုင်းပါတာနဲ့ အသီးအရွက်တစ်ပိုင်းပါတာ"


ဝမ်ကျစ်ချူးက လက်ကိုသုံးချောင်းထောင်ပြရင်းနဲ့ "ကျွန်တော် အသားပါတာနှစ်လုံးနဲ့ အသီးအရွက်ပါတာ တစ်လုံးလိုချင် ပါသည်"


ပေါက်စီတွေရသွားတဲ့အခါမှ သူစိတ်အေးသွားပြီး နဲနဲလမ်းလျှောက်လာခဲ့လိုက်သည်။


ဒီမကောင်းတဲ့အလေ့အကျင့်ကြီးကို သူမူလတန်းကျောင်းသားဘဝထဲက ရနေခဲ့တာဖြစ်သည်။ သူဘာလုပ်လုပ် အရာရာ သတိကြီးကြီး ထားပြီးလုပ်သည်၊ ပြီးတော့ လူတွေနဲ့စကားပြောဖို့ဆိုလဲ အချိန်အကြာကြီးစဉ်းစားနေလေ့ရှိသည်။ သူကျောင်းတွေလဲ တစ်ခါ တစ်လေပြောင်းလေ့ရှိသလို အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်တာမို့ အပေါင်းအသင်းလဲမရှိပေ။ အချိန်ကြာလာတာနှင့် အမျှ လူတွေနဲ့စကားပြောတဲ့အခါမှာ သူဟာစိတ်လှုပ်ရှားပြီးတော့ စကားတွေလဲထစ်လာသည်။


မင်းအလျင်လိုနေတဲ့အခါမျိုးမှသာ စကားကိုရှင်းရှင်းလင်းလင်းပြောနိုင်သည်။


[စနစ် : မင်းအခုပဲ ဘာကိုထစ်သွားတာလဲ]


ဝမ်ကျစ်ချူးဟာ အဖြူရောင်ပေါက်စီလုံးလုံးလေးတွေကိုကိုင်ထားရင်း "ငါလူတွေနဲ့စကားပြောရင်စိတ်လှုပ်ရှားတတ်သည်"


[စနစ် : ဒါဆိုမင်းငါနဲ့စကားပြောတာ ဘာလို့စိတ်မလှုပ်ရှားတာလဲ]


ဝမ်ကျစ်ချူး : "မင်းကလူမှမဟုတ်တာ"


[...]


ကောင်းရော။

ကျောင်းကရှေ့မှာသိပ်မဝေးတော့ဘူး။ အဲ့ဒါနဲ့ပဲ သူလဲကျောင်းမှာ မနက်ခင်းကိုယ်ပိုင်စာကြည့်ချိန်မတိုင်ခင်အထိ သိမ်းထားဖို့ ဆုံးဖြတ်လိုက်သည်။


ဒါပေမယ့် ခြေလှမ်းနဲနဲသိပ်မဝေးခင်မှာပဲ ငါ့ရှေ့မှာ စကားပြောနေကြတာကိုကြားလိုက်ရသည်။


"ချင်ကျားရှု့၊ ချင်ကျားရှု့"


"ချင်ကျားရှု့ ကဒီမှာ"


"ဘယ်မှာလဲ"


ဝမ်ကျစ်ချူးက ခဏတော့ တုံ့ဆိုင်းသွားသည်။ အဲဒီ 'ချင်ကျားရှု့' ဆိုတာ အဓိကဇာတ်ဆောင်ရဲ့နာမည်မဟုတ်လား။


ရှေ့မှာရှိတဲ့ကောင်မလေးက လက်ကိုမြှောက်လိုက်ပြီးတော့ သူမကိုရှာတွေ့သွားမှာကြောက်နေသလို ကြုံရာကျပန်းကို ညွှန်ပြ နေသည်။


ဝမ်ကျစ်ချူးက မိန်းကလေးအုပ်စုထဲမှာရောနှေပြီးတော့ နောက်ကနေတိတ်တဆိတ်လိုက်သွားခဲ့သည်။ သူမြင်လိုက်ရတာ ကတော့ လှလှပပတပ်ဆင်ထားတဲ့စက်ဘီးလေးကိုစီးပြီး ကျောင်းဝန်းထဲဝင်လာတဲ့ တောက်ပနေတဲ့မျက်ဝန်းတစ်စုံနဲ့ ဓားတစ်စင်းလိုမျိုး မျက်ခုံးတွေရှိတဲ့ ချောမောတဲ့ယောကျ်ားလေးတစ်ယောက် ဖြစ်သည်။


ဝမ်ကျစ်ချူးဘက်ကကြည့်ရင်တော့ အဲ့ဒီယောက်ျားလေးရဲ့မျက်နှာတစ်ခြမ်းကိုသာမြင်ရသည်။ ဘုရားရှင်ရဲ့လက်ရာလို့ခေါ်ရ လောက်တဲ့မျက်နှာနဲ့ယှဉ်လာရင်တောင်မှ ဝမ်ကျစ်ချူးဟာ ဒီဘက်အခြမ်းကို ပိုအလေးပေးမိသည်။


ဒါဟာအနာဂတ်မှာ သူဖျက်ဆီးရမယ့်အရာပဲ။


"တွေ့လား၊ တွေ့လား"


"သောက် မျက်နှာတစ်ဖက်ခြမ်းကိုတွေ့လား"


"မင်းဘယ်လိုခံစားရလဲ"


"ချောတာပဲ"


[စနစ် : မင်းမြင်လား၊ မင်းမြင်လိုက်လား]


ဝမ်ကျစ်ချူး : "... ငါမြင်လိုက်တယ်"


[စနစ် : မင်းဘယ်လိုခံစားရလဲ]


ဝမ်ကျစ်ချူး : "လက်သီးတစ်ချက်နဲ့တင် ငါနှစ်ယောက်စာသေသွားနိုင်တယ်"